Part 35

2.7K 166 23
                                    

Unicode ::

'ကျင်းဘုရင်မင်းမြတ်ကအခစား၀င်ကြောင်းပါအရှင်....'

'၀င်စေ'

'အရှင်မင်းကြီးကိုဂါရ၀ပြုပါတယ်'

'အရေးကြီးခွင်ကျယ်တွေနှုတ်ဆက်စရာမလိုပါဘူး။ ယောက်ဖတော်.... ယောက္ခမနဲ့ဆွေတော်တွေကောမာကြရဲ့လား'

'အားလုံးကျန်းမာကြောင်းပါအရှင်'

'ဒါနဲ့....ဒီထိယောက်ဖတော်ကိုယ်တိုင်လာရင်းကိစ္စက....'

ညီလာခံနန်းဆောင်ဆီ၀င်လာသော်ငြားကျင်းဘုရင်ထန်ကျားဟုန်ကအခြားသူများမကြားစေလိုသည့်အလားမျက်နှာရိပ်ပြတော့ အင်ပါယာမင်းကအစေခံအားလုံးကိုထွက်သွားစေသည်။ ( အမှုထမ်းတွေအားလုံးကညီလာခံပြီးလို့ပြန်ကုန်ကြပါပြီ။ အင်ပါယာမင်းက Yubin နဲ့စကားတချို့ပြောနေသေးလို့) ထန်ကျားဟုန် ကစကားမစလာသေးပဲ Yubin ကိုစူးစမ်းသလိုကြည့်နေပြန်တော့

'ယောက်ဖတော်ပြောချင်တာပြောလို့ရပါတယ်။ဒါကိုယ်တော့်အကိုတော်ပါ'

'ဒီလိုပါအရှင်....တလီ ပြည်ကစုန့် တပ်မကြီးက မကြာမီမှာ ရှီးကျိုးပြည်ကို
တဟန့် တောလမ်းမှစစ်ချီလာမည်ဆိုတဲ့သတင်းရလို့ပါ'

Xiao Zhan ကစကားလုံးတချို့ကိုသိသိသာသာဆိုလိုချင်သလိုကြည့်လိုက်တော့ထန်ကျားဟုန်ကအလျင်အမြန်

'ဒီလိုပါအရှင်....ဒီကိစ္စကိုကျွန်ုပ်စုန့်တို့ဆီလွှတ်ထားသည့်သူလျှို များထံမှအကြောင်းကြားစာရောက်လို့အလျင်အရှင့်ဆီလာရောက်လျှောက်ထားခြင်းပါ'

'ar...ဟုတ်ပါပြီ။ ဒါဆိုငါကိုယ်တော် စစ်သည်အမှုထမ်းများနဲ့တိုင်ပင်ပြီးယောက်ဖတော် ကိုအကြောင်းပြန်လိုက်ပါမယ်။ ခရီးပန်းလာတယ်ဆိုတော့အလျင်အနားယူပါဦး'

'ကျေးဇူးကြီးမြတ်လှကြောင်းပါအရှင်'

ထန်ကျားဟုန်ထွက်သွားပြီးနောက်သူစဥ်းစားမိသည်။ ကျင်းဘုရင်ကသူ့အပေါ်တကယ်ကောသစ္စာခံရဲ့လား။ ညီလာခံတွက် တလီ သို့စစ်ချီရန်အမိန့်ချပြီးဖြစ်သော်လဲ ထန်ကျားဟုန်ကသူလဲစုန့်တို့ဆီသူလျှိုလွှတ်ထားသည်တဲ့လား... ဒါဆိုရှီးကျိုးမှာကောကျင်းပြည်ကသူလျှိုတွေရှိနေလေလား....အစတည်းကကျေကျေနပ်နပ်နဲ့စစ်မတိုက်ပဲလိလိမ္မာမ္မာလက်အောက်ခံတိုင်းပြည်အဖြစ်နေခဲ့သည်ကိုသူသံသယရှိခဲ့ခြင်းဖြစ်သည်။ အင်ပါယာမင်းက Yubin ကိုစကားတစ်ချို့မှာကြားလိုက်လေသည်။ များမကြာမီ Zhu Zanjin တယောက်၀င်လာ၍

My Dearest Emperor { Uni+ Zawgyi}Where stories live. Discover now