Unicode :::
'ကိုကို.....ဘယ်တွေလျှောက်သွား
နေတာလဲ။ ကျွန်တော့်ကို
ရူးသွားစေချင်တာလား''မဟုတ်ပါဘူးကလေးရယ်...'
Xiao Zhan သည်ကိုကို့ကိုရင်ခွင်ထဲတင်းကျပ်စွာထွေးပွေ့ထားမိသည်။ Yibo လဲ ကလေးရင်ခွင်ထဲခေါင်းလေးတိုး၀င်ကာအသံတိတ်ငိုနေမိသည်။ ခွဲခွါရတာ ၃ ရက်တောင်ရှိပြီကိုး။ သူတို့ နှစ်ဦး၏မေတ္တာမှာတစ်စက္ကန့်လောက်မှခွဲမနေနိုင်တဲ့ ချစ်ငှက်တွေပမာခိုင်မြဲလျက်ရှိနေသဖြင့်။
'ကိုကို့ကိုအရမ်းလွမ်းနေတာ....'
Yibo'......'
Zhan Zhan ကငိုသံကြီးနဲ့ပြောပြန်တော့ Yibo မျက်၀န်းအစုံမှငွေဖြူရောင်ပုလဲဥများရစ်သီကာတဖွဲဖွဲကျလာလေသည်။ Xiao Zhan ကလည်းရင်ခွင်ထဲကကိုကို့ ကိုလွတ်ထွက်သွားမည်စိုးသည့်အလားဖက်တွယ်ထားလေသည်။
သူတို့ ၂ ဦးသားခဏတာလောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားချိန်တွင်တော့ Zhou Cheng တယောက်ပါးစပ်အဟောင်းသားဖြင့်ထိုစုံတွဲအားကြည့်နေမိသည်။"အင်ပါယာမင်းကြီးကအမတ်မင်းကိုခေါ်တာကိုကိုတဲ့လား။ အင်ပါယာမင်းကအစတည်းကဖော်ရွေကြင်နာတတ်ပြီးအဆင့်အတန်းမခွဲခြားတတ်လို့အဲ့လိုခေါ်တာထားပါ။ အမတ်မင်းကကောဘယ်လိုသတ္တိမျိုးနဲ့ကိုယ့်အရှင်သခင်ကိုကလေးလို့ခေါ်ရတာ။ ပြီးတော့ဘုရင်ကြီးကလဲကျေနပ်နေတာကြီးက???"
Yibo မှခဏကြာမှသူတို့အားမလှုပ်မယှက်တအံ့တသြကြည့်နေသော Zhou Cheng ကိုသတိရသွားကာ၊ အတင်းဖက်တွယ်ထားသောအင်ပါယာမင်း၏လက်ထဲမှရုန်းထွက်လိုက်သည်။ ထို့နောက်သူကဖရိုဖရဲဖြစ်သွားသော အ၀တ်များကိုလက်ဖြင့်ခါကာဆွဲချလိုက်သည်။ Zhan Zhan ၏အကြည့်များမှာသူ့ဆီမှအတင်းရုန်းထွက်သွားသောကိုကို့ဆီတွင်သာယခုထိရှိနေသေးလေသည်။ (ယူတို့နော်ကိုယ့် Zhou Cheng လေးရှေ့မှာကို ro နေကြတာ)
'အရှင်မင်းကြီး....ဒီအတောအတွင်း
နယ်စားလေးကပဲဆရာ့ကိုအများကြီးအကူအညီပေးခဲ့တာပါ။ နယ်စားလေးကိုကျွန်တော်အထူး
ကျေးဇူးတင်ပါတယ်။''မဟုတ်တာ... ရပါတယ်အမတ်မင်း'
Xiao Zhan '.......'
YOU ARE READING
My Dearest Emperor { Uni+ Zawgyi}