part. 1

90K 4.3K 233
                                    

[ A/N ~ ကိုယ်ပြောချင်တာကတော့ တော်တော်များများဒီလိုပုံစံလေးတွေဖတ်ဖူးမယ်ထင်တာပဲ ။ ကိုယ်လည်းသဘောကျလို့ ​ရေးဖြစ်သွားတာ ။ ]

သူ့နာမည်ကရှောင်ကျန့် ဆရာဝန်တစ်ယောက်ပေါ့ ။ အသက်နှစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးပြီဖြစ်ကာ ရည်စားဆိုလို့ ကျောင်းသားဘဝတုန်းက ထားခဲ့တဲ့မိန်မိန်ဆိုတဲ့ ​ကောင်မလေးတစ်ယောက်သာရှိတယ် ။ လူတိုင်းက သူ့ကို သဘောကောင်းတဲ့လူလို့သတ်မှတ်ကြတယ် ။ ကူညီတက်ပြီး အားနာတက်တဲ့ သူ့ရဲ့အကျင့်ကြောင့် တော်တော်များများက ဒါကိုအခွင့်အရေးလည်း ယူတက်ကြတယ် ။ သူကလည်း ငြိမ်ခံနေခဲ့တာကို ။

လက်ရှိမှာရည်စားမရှိတာက သူ့ကိုကြိုက်မဲ့လူ မရှိလို့မဟုတ်ဘူး ။ သူကိုယ်တိုင်ကိုက ရည်းစားထားရမှာကို စိတ်ကုန်သွားတာ ။ မိန်းကလေးတွေက ဇီဇာကြောင်လွန်းတယ် ။ အရင်သူရည်းစားဖြစ်တဲ့ မိန်မိန်ကလည်း သူ့ကို စိတ်ပျက်လွန်းတာကြောင့် လမ်းခွဲသွားခဲ့တာ ။ ​ရှောင်ကျန့်က အခုအချိန်အထိ သူမက သူ့ကို ဘာလို့စိတ်ပျက်သွားမှန်း နားမလည်သေးချေ ။ ဘာလို့လဲ ? သူမစိတ်ပျက်အောင် သူလည်း ဘာမှမလုပ်မိခဲ့ပါဘူး ။ အချိန်မပေးနိုင်တာလေးပဲ ရှိခဲ့တာ ။

ရှောင်ကျန့်က သူမနဲ့ပျက်သွားတော့ သုံးနာရီကြီးများတောင် အသည်းကွဲခဲ့ရတယ် ။ အဲ့ဒီနောက်ကစပြီးတော့ ရည်းစားမထားခဲ့တာ အခုအချိန်အထိပဲ ။ သူ့မှာ ညီမလေးလေးတစ်ယောက်လည်း ရှိသေးတယ် ။ သူ့ညီမလေးနာမည်က ​ရှောင်ပိုင်ယွမ် ။ မတည့်အတူနေလေးပေါ့ ။ ငယ်ငယ်လေးထဲက မိဘတွေမရှိတော့တာမို့ သူကပဲစောင့်ရှောက်လာခဲ့တာ ။

သူညီမလေးက အရမ်းကိုမှချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့မိန်းကလေး ။ ဒါတွေက ​ရှောင်ကျန့်ရဲ့အထင်တွေသက်သက်ပဲ ။ သူ့ညီမလေးရဲ့အခန်းထက​နေ ​ကောင်လေးချင်းနမ်းနေတဲ့mangaစာအုပ်ကို ရှာမတွေ့ခင်အထိပေါ့ ။ ​ရှောင်ကျန့်မြင်မြင်ချင်း စာအုပ်တောင်ပြုတ်ကျသွားတယ် ။ ဘုရားရေ ! ငါရဲ့ချစ်ဖို့ကောင်းတဲ့ညီမလေးက ဒါတွေကိုဘယ်ကနေရတာလဲ ? ။

သူ့ညီမလေးအိမ်ပြန်လာတဲ့အချိန်မှာ သူမေးဖို့ကြိုးစားခဲ့တယ် ။ စပ်ဖြီးဖြီးရုပ်လေးနဲ့ သူ့ကိုကြည့်ပြီး ​ပြောလာတဲ့စကားလေးက ​သွေးတက်ချင်စရာလေး ။ ဘာတဲ့ ? ကိုကိုကလည်း ညီမလေးက သူတို့ကိုသဘောကျပါတဲ့ ။ မေးမိတဲ့သူ့ပါးစပ်ကိုသာ နာနာပိတ်ရိုက်ချင်လိုက်တော့တယ် ။

OH MY GOD ! I'M IN NOVEL  [ Completed ] Where stories live. Discover now