part. 14

23.1K 2.8K 12
                                    

"ရှစ်စွမ်း ဂိုဏ်ပေါင်းစုံပြိုင်ပွဲဆိုတာ ဘာကိုပြောတာလဲဟင်? "

" ဂိုဏ်းပေါင်းစုံပြိုင်ပွဲဆိုတာ ရှစ်စွမ်းတို့ဂိုဏ်းက အရမ်းတော်တဲ့တပည့်တွေနဲ့ တခြားဂိုဏ်းက အရမ်းတော်တဲ့တပည့်တွေ သိုင်းပညာဖလှယ်ကြတာကိုပြောတာ ။ အဲ့ဒီပြိုင်ပွဲမှာ ရှစ်စွမ်းဂိုဏ်းကတပည့်တွေပထမရရင် ရှစ်စွမ်းတို့ဂိုဏ်းကပိုဂုဏ်တက်တာပေါ့ ''

" ဒါဆို ကျွန်တော်လည်းဝင်ပြိုင်ချင်တယ် ''

ရှောင်ကျန့်က ခဏလောက်စဉ်းစားလိုက်တယ် ။ မူလဇာတ်ကြောင်းမှာတော့ ဇာတ်လိုက်က ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာဗိုလ်စွဲပြီး အားလုံးရဲ့စိတ်ဝင်စားမှု့ကိုရရှိခဲ့တယ် ။ အဲ့ဒီအချိန်ကစပြီး ဇာတ်လိုက်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးဖြစ်လာခဲ့ပြီး ပြိင်ဘက်ဂိုဏ်းတွေရဲ့လုပ်ကြံတာကိုလည်း မကြာခဏခံလာရတော့တယ် ။

အမှန်တော့သူ့တပည့်ဖြစ်သူအတွက် စိုးရိမ်တာကြောင့် မပြိုင်ခိုင်းဖို့ဆုံးဖြတ်ထားပေမဲ့လည်း သူ့ကိုမျှော်လင့်ချက်တွေပြည့်နေတဲ့ မျက်ဝန်းလေးတွေနဲ့ကြည့်နေတာကို ဘယ်လိုလုပ်ရိုက်ချိုးရက်ပါ့မလဲ ။ သူ့နှလုံးသားလေးက ဒါတွေကိုမခံစားနိုင်ဘူး ။ သူရဲ့အသည်းကသေးသေးလေး ။ ပြီးတော့ ဇာတ်လိုက်ကဒီပြိုင်ပွဲကြောင့်ပဲ မိန်းမပျိုလေးတွေစီက အထင်ကြီးလေးစားချစ်ခင်မှု့တွေကို ရရှိခဲ့တာမလား ။

ရှောင်ကျန့်က သက်ပြင်းချလိုက်တယ် ။ တကယ်လို့ဇာတ်လိုက်တစ်ခုခုဖြစ်ရင် သူကာကွယ်ပေးလို့ရတာပဲ ။ ကြီးမားတဲ့ပြသာနာတွေတော့ ရှိမယ်မထင်ဘူး ။ မသကာ သူသေရုံပဲပေါ့ ။ ဇာတ်လိုက်ကတော့ အသက်ရှင်နိုင်ပါတယ် ။

" ကောင်းပြီလေ ဝမ်လေးကပြိုင်ချင်တယ်ဆိုတော့လည်း ရှစ်စွမ်းကခွင့်ပြုပေးတာပေါ့ ။ ဒါ​ပေမဲ့ အန္တာရယ်ရှိတယ်ဆိုတာနဲ့ ချက်ခြင်းအရုံးပေးရမယ်နော် ''

" ဟုတ်ကဲ့ ''

သွက်သွက်လက်လက်နဲ့ပြန်ဖြေလာတာကို ကြည့်ချင်းအားဖြင့် ဘယ်လောက်အထိစိတ်ဓာတ်တွေ တက်ကြွနေလဲဆိုတာသိနိုင်တယ် ။ ဟူး ! သူကတော့ အလုပ်တွေရှုပ်တော့မှာပဲ ။ သူက ဒီကမ္ဘာထဲကိုပါဝင်လာတဲ့အတွက် ဇာတ်ကွက်တွေက နည်းနည်းတော့ပြောင်းလဲသွားနိုင်တယ်မလား ။ သူ့တပည့်လေး သွေးစုပ်ပိုးကောင်နဲ့တိုက်ခိုက်ခံရတာပဲကြည့်လေ ။ ပြိုင်ပွဲမှာသူ့တပည့်လေး ဘာမှကြီးကြီးမားမားမထိခိုက်စေဖို့အတွက် မျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုတယ်။..

OH MY GOD ! I'M IN NOVEL  [ Completed ] Where stories live. Discover now