part. 45

19.5K 2.3K 41
                                    

ဝမ်လျိုအန်းက ကလေးငယ်မရှိတော့ဘူးဆိုတာအာရုံခံမိတာနဲ့ နောက်ကိုချက်ခြင်းပြန်လှည့်လာတယ် ။ ကလေးငယ်ကိုစိတ်မချတာမို့ အခန်းထဲမှာအစီအရင်ချထားခဲ့တာ မှန်သွားတယ်ဆိုရမယ် ။ ကလေးငယ်အခန်းထဲမှာမရှိတော့တာနဲ့ အစီအရင်ကအသက်ဝင်လာပြီး သူ့ကိုသတိပေးလို့နေတယ် ။

လက်အောက်ငယ်သားတွေက ဒေါ်သတကြီးလှည့်ပြန်သွားတဲ့ သူတို့အရှင်ကိုနားမလည်နိုင်ဖြစ်နေတယ် ။ ဘယ်အရာက အရှင့်ကို ဒီလိုမျိုးဖြစ်စေခဲ့တာလဲ ? ။ ​ကျောက်ဖေးရန်ကတော့ မ​ကောင်းတာဖြစ်တော့မယ်လို့ ကြိုခံစားနေရတယ် ။ ဝမ်လျိုအန်းကို ဒီလိုပုံစံမျိုးဖြစ်စေနိုင်တာ ရှောင်ကျန့်တစ်ယောက်ပဲရှိတယ် ။ ​ရှောင်ကျန့်တစ်ခုခုဖြစ်နေတာများလား ? ။

တစ်ဖက်မှာတော့ကျောက်ဖေးရာက အစောင့်တွေကိုလှည့်ဖျားပြီး ​ရှောင်ကျန့်ကို အောင်မြင်စွာခေါ်ထုတ်နိုင်ခဲ့တယ် ။ ဒါပေမဲ့မိစ္ဆာနန်းတော်ရဲ့အပြင်ဘက်အထိ ထွက်ပြေးနိုင်ဖို့ဆိုတာ လွယ်လွယ်နဲ့မရနိုင်ဘူး ။

" ရှောင်ကျန့် ငါတို့ဒီတိုင်းဆိုရင်အဆင်မပြေလောက်ဘူး ။ အန္တာရယ်ရှိတဲ့လမ်းကို ​ရွေးမှဖြစ်မယ် ''

" မင်းအဆင်ပြေသလိုလုပ်လိုက်ပါ ။ ငါတို့ပြန်မိသွားလို့မဖြစ်ဘူး ''

ရှောင်ကျန့်ရဲ့ကြောက်လန့်နေတဲ့ပုံကိုကြည့်ပြီး ကျောက်ဖေးရာက အဲ့ဒီယာကျာ်းရဲ့ရက်စက်မှု့ကို အံ့သြမိတယ် ။ အရင်တုန်းကဆို ရှောင်ကျန့်ကအပူအပင်မရှိ အမြဲရယ်မောနေခဲ့တာ ။ အခုတော့....

တစ်စုံတစ်ယောက်က သူမတို့နောက်ကနေ လိုက်လာတယ်ဆိုတာခံစားမိတာနဲ့ ကြက်သီးတွေထလာသည် ။ မဟုတ်မှလွဲရော အဲ့ဒီယောကျာ်းရိပ်မိသွားတာလား? ။

" ရှောင်ကျန့် သူလာနေပြီ ''

"............''

" နင်ပြေးတော့ ။ ငါ သူ့ကို အချိန်ဆွဲထားပေးမယ် ''

" ဟင့်အင်း!! မင်းပါ ငါနဲ့လိုက်ခဲ့ ။ သူက မင်းကိုသတ်ပစ်လိမ့်မယ် ။ ငါ သူ့အကြောင်းကိုသိတယ် ''

" နင်ပြေးပါတော့ဟာ မဟုတ်ရင်နှစ်ယောက်လုံး ပြန်မိသွားလိမ့်မယ် ။ ငါ့ကိုအားနာတယ်ဆိုရင် သူ့လက်ထဲကလွှတ်အောင်ပြေး ''.

OH MY GOD ! I'M IN NOVEL  [ Completed ] Where stories live. Discover now