ဝမ်လျိုအန်းက အပုန်းကောင်းနေတဲ့ကလေးငယ်ကြောင့် ဒေါ်သတကြီးသောင်းကြမ်းနေတယ် ။ ကလေးငယ်ရဲ့သတင်းပျောက်နေတာ ဒီရက်နဲ့ဆိုနှစ်လပြည့်ပြီ ။ ကလေးငယ်ထွက်လာဖို့ နည်းလမ်းမျိုးစုံကိုသုံးခဲ့ပေမဲ့ ဘယ်တစ်ခုမှအသုံးမဝင် ။ သူလုပ်မှာတွေကိုကြိုသိနေတဲ့အလား အစဖျောက်ဖျောက်သွားတယ် ။
" ကျောက်ဖေးရန်ကို ငါ့စီခေါ်လာခဲ့ ''
ကျန့်ကျန့်လေး မင်း ဒီအကိုလက်ထဲက ပြေးလို့လွတ်မယ်လို့ထင်နေတာလား ?။ ကိုယ် မင်းကိုရှာမရရင် ရှာနိုင်သေးတဲ့လူရှိနေတာပဲ ။ မင်းက သူ့ကိုယုံကြည်တယ်မလား ? ။ အဟက်! မင်းကိုပြန်ရဖို့ ဒီလိုလုပ်ရုံပဲရှိတော့တယ် ။
" ဝမ်လျိုအန်း မင်းဘာလိုချင်ပြန်ပြီလဲ !! ။ ငါ မင်းပြောသမျှ အကုန်လုပ်ပေးထားတယ်လေ ။ အခုထိမပြီးနိုင်သေးဘူးလား! ! ''
" ရှောင်ကျန့်ကို ငါ့စီပါအောင်ခေါ်ခဲ့ ။ သူက မင်းကိုယုံနေမှတော့ မင်းသွားရှာသင့်တာပေါ့ မဟုတ်ဘူးလား?? ''
" သူ့ကိုလွှတ်ပေးလို့မရဘူးလား ? ။ သူက မင်းကိုဘာလုပ်နေလို့ ဒီလောက်အထိ သူ့ဘဝကိုလိုက်ဖျက်စီးနေတာလဲ? "
" မင်းအပူမပါဘူး ။ မင်းက ငါ့အမိန့်ကိုနာခံဖို့ပဲ ပြန်ပြောခွင့်မရှိဘူး ''
" ဝမ်လျိုအန်း !! ''
" မင်းညီမရဲ့အသက်က ငါ့လက်ထဲမှာရှိတယ်ဆိုတာကိုမမေ့နဲ့ ။ ဒေါ်သထွက်အောင်လာမလုပ်နဲ့ ။ အချိန်မရွေး မင်းတို့ကိုသတ်ပစ်လို့ရတယ် ''
ကျောက်ဖေးရန်က သူရဲ့ဒေါ်သတွေကို မနည်းပြန်မျိုချလိုက်ရတယ် ။ အမှန်တွေဖြစ်နေတဲ့အတံက် သူဘာမှမလုပ်နိုင်ဘူး ။ သူတို့မောင်နှမနှစ်ယောက်ရဲ့အသက်က ဝမ်လျိုအန်းရဲ့လက်ထဲမှာ ။ ဘာတက်နိုင်မှာလဲ ? ။ ရှောင်ကျန့်အကြောင်းတွေးမိတော့ စိတ်မကောင်းဖြစ်မိတယ် ။ ရှောင်ကျန့်ကို သူကပါလှည့်စားရအုံးမှာလား ? ။ သူ့ကိုအထင်သေးသွားမှာသိပေမဲ့ မလုပ်လို့ကလည်းမဖြစ် ။
ကျောက်ဖေးရန်က မိစ္ဆာတိုင်းပြည်ကနေထွက်လာပြီး ရှောင်ကျန့်ကိုနေရာအနံ့လိုက်ရှာခဲ့တယ် ။ အဝေးတစ်နေရာကနေ လှမ်းမြင်နေရတဲ့ပုံရိပ်လေးတစ်ခု ။ ရင်နီးနေတဲ့အတွက် အဲ့ဒီအနားကိုသွားပြီး အတည်ပြုလိုက်တယ် ။ တစ်ဖက်လူက ရုပ်ဖျက်ထားတဲ့ ရှောင်ကျန့်မှန်းသိတာနဲ့ စိတ်သက်သာရာရသွားသလို တစ်ချိန်တည်းမှာပဲ ရင်ဘတ်တွေတင်းကြပ်လာသည် ။
YOU ARE READING
OH MY GOD ! I'M IN NOVEL [ Completed ]
FanfictionStart Date - 12 Nov 2019 End Date - 5 May 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]