part. 22

20.6K 2.7K 85
                                    

သူ့မိဘတွေကို ရှစ်စွမ်းကတကယ်ပဲသတ်သွားခဲ့တာလား ? ။ သူဘာလုပ်သင့်သလဲ ? ။ လက်စားပြန်ချေရမှာလား ? ။ ဟင့်အင်း! သူမလုပ်နိုင်ဘူး ။ သူလုံးဝမလုပ်နိုင်ဘူး ။ ရှစ်စွမ်းက ရှစ်စွမ်းက သူ့ဘဝကြီး ။ ရှစ်စွမ်းက သူ့ကိုသိ​နေရဲ့သားနဲ့ ဘာလို့မသတ်ခဲ့ရတာလဲ ? ။ ရှစ်စွမ်းက ဘာကိုလိုချင်တာလဲ ? ။ ရှစ်စွမ်းက သူ့ကိုအရမ်းမုန်းနေတာလား ?။

သူ့အဖေက ရှစ်စွမ်းရဲ့ဆရာနဲ့ဂိုဏ်းတစ်ခုလုံးကို သတ်ခဲ့တဲ့လူဆိုတော့ သူ့ကိုကျိန်းသေပေါက်မုန်းနေမှာ ။ ဒါဆိုရင်ဒီနှစ်တွေထဲ သူကိုဂရုစိုက်ပေးခဲ့တာတွေက ဟန်ဆောင်နေတာတွေလား? ။ သူ့ကိုမုန်းလွန်းလို့ ဂရုစိုက်ခဲ့တာလား? ။ သူကရော ? ဟင့်အင်း !! ရှစ်စွမ်းကိုလုံးဝမမုန်းနိုင်ဘူး ။ ရှစ်စွမ်းမရှိဘဲသူမနေနိုင်ဘူး ။ ရှစ်စွမ်းကို သူအရမ်းချစ်တယ် ။ ပြီးတော့အဲ့အရာတွေကလည်း သူနဲ့ပတ်သတ်နေတာမှမဟုတ်တာ ။

မိဘဆိုတဲ့လူတွေကို သူမြင်တောင်မမြင်ဖူးဘူးလေ ။ မသိချင်ယောင်ဆောင်နေရမယ် ။ ဟုတ်တယ် ဒီကိစ္စတွေကိုသူလုံးဝမသိခဲ့ဘူး ။ တကယ်လို့ ရှစ်စွမ်းရဲ့ဂရုစိုက်မှု့တွေက ဟန်ဆောင်မှု့တွေဆိုရင်တောင်မှ သူကသာယာနေအုံးမှာပဲ ။ ဝမ်ရီပေါ်က ကိုယ့်ကိုပြန်ညာနေလိုက်တယ် ။

အဲ့ဒီအချိန်မှာပဲ သူတစ်ခါမှမမြင်ဖူး၊ မတွေ့ဖူးတဲ့ပုံရိပ်တွေက အာရုံထဲဆက်တိုက်ပေါ်လာခဲ့သည် ။ အထူးသဖြင့်လူတစ်ယောက်ရဲ့ပုံရိပ် ။ အဲ့ဒီလူရဲ့လက်တွေနဲ့ခြေထောက်တွေက သံကြိုးတွေနဲ့ချည်နှောင်ခံထားရတယ် ။ ကိုယ်ပေါ်မှာလည်း အဖြူရောင်အဝတ်ပါးပါးလေး တစ်ထည်ကလွဲပြီးဘာမှမရှိ ။ လစ်ဟနေတဲ့ရင်ဘတ်တွေ ၊ လည်ပင်းတွေ ၊ ​ပေါင်သွယ်သွယ်လေးတွေမှာ ကိုက်ရာတွေ ၊ နီရဲနေတဲ့အမှတ်တွေနဲ့ပြည့်နှက်လို့နေတယ် ။

ဒီပုံရိပ်တွေကဘာတွေလဲ ? ။ သူနဲ့ဘာပတ်သတ်နေလို့ ပေါ်လာရတာလဲ ? ။ နောက်တော့သူ့ရှေ့ကမြင်ကွင်းက ထပ်မံပြောင်းလဲသွားတယ် ။ အဲလူကမီးပင်လယ်ထဲခုန်ချပြီး သတ်သေဖို့ကြိုးစားပြန်တယ် ။ အဲ့ဒီလူကိုသူမသိပေမဲ့  သူ့ရင်ဘတ်တွေက အရမ်းနာကျင်နေတယ် ။ အဲ့ဒီလူရဲ့မျက်နှာကိုလည်း သူမမြင်နိုင် ။ ​နောက်ထပ်သူ့မြင်ကွင်းထဲ ​ပေါ်လာတဲ့လူတစ်ယောက် ။ ကြက်သွေးရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကြောက်ဖို့ကောင်းတဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်လို့နေတယ် ။

OH MY GOD ! I'M IN NOVEL  [ Completed ] Where stories live. Discover now