ရှောင်ကျန့်က အခုတစ်လော အကိုတစ်ရဲ့ထူးဆန်းနေတဲ့ အမူအရာတွေကို အမြဲသတိထားမိတယ် ။ အကိုတစ်က မကြာခဏဂိုဏ်းက ထွက်ထွက်သွားလေ့ရှိပြီး သူမေးရင်လည်း သေချာတဲ့အကြောင်းပြချက်မပေး ။ အနမ်းတွေနဲ့ မေးခွန်းတွေကိုပိတ်တယ် ။ နောက်ဆုံးတော့လည်း သူအဲ့ဒီလိုမေးလိုက်တိုင်း အိပ်ယာထဲမှာပဲ အချိန်ကုန်သွားတောမို့ မမေးဖြစ်တော့ ။ ဒါပေမဲ့အကိုတစ်က သူ့ကို တစ်ခုခုလျို့ဝှက်ထားတာတော့ သေချာတယ် ။
အကိုတစ်နဲ့ချစ်သူတွေဖြစ်တာ အချိန်တွေကြာလာပေမဲ့ အကိုတစ်ကို သူဒီနေ့အထိနားမလည်နိုင်သေးဘူး ။ တစ်ခါတစ်လေ အကိုတစ်က အရမ်းထူးဆန်းလွန်းတယ် ။ အကိုတစ်က အရမ်းအစွန်းရောက်ပြီး အတ္တကြီးတယ်လို့ ခံစားမိခဲ့တာကြာပြီ ။
အကိုတစ်က သူ့ကို သူစိမ်းတွေနဲ့ ရင်းရင်းနီးနီးပြောဆိုနေတာကို မကြိုက်ဘူး ။ အထူးသဖြင့် ဂူဟွားနန်းတော်က ကျောက်ဖေးရန်ဆိုတဲ့လူနဲ့ ။ အရင်တစ်ခေါက်က သူ အဲ့ဒီလူနဲ့စကားပြောနေတုန်းမှာပဲ အကိုတစ်ရောက်ချလာတယ် ။ သူ့ရဲ့လက်မောင်းကို အကြမ်းပတမ်းကိုင်လို့ဆွဲထုတ်သွားပြီး တစ်ညလုံးအနားမပေးပဲ ဆက်ဆံခဲ့တယ် ။
အဲ့ဒီတုန်းက အကိုတစ်ရဲ့အမူအရာတွေကိုမြင်ပြီး သူကြောက်လန့်နေခဲ့တာ ။ ဒါပေမဲ့အကိုတစ်က သဝန်တိုတယ်လို့ပြောလာတာမို့ အဲ့ဒီအကြောင်းကိုမေ့ထားလိုက်ပြီး ကျောက်ဖေးရန်နဲ့ ဝေးဝေးနေခဲ့တယ် ။ အကိုတစ်စိတ်ဆင်းရဲမှာကို သူမလိုချင်ဘူး ။
ဒါပေမဲ့အခုတလော ဂိုဏ်းထဲမှာအကိုတစ်နဲ့ ကျောက်ဖေးရာဆိုတဲ့ မိန်းကလေးရဲ့သတင်းတွေက ပြန့်နံ့နေတယ် ။ အကိုတစ်က အဲ့ဒီမိန်းကလေးကို ပိုးပန်းနေတယ်တဲ့လေ ။ အကိုတစ်နဲ့သူ ချစ်သူတွေဖြစ်နေတာကို လူအနည်းငယ်သာသိတာမို့ အဲ့ဒီအကြောင်းအရာတွေကို တော်တော်များများက အမှန်ထင်နေကြသည် ။
ဂူဟွာနန်းတော်ရဲ့အရှင်က သူရဲ့သားနဲ့သမီးကို သူတို့ဂိုဏ်းကို ဘာရည်ရွယ်ချက်နဲ့ပို့ထားမှန်းမသိပေမဲ့ ကြာလာတော့ ရှောင်ကျန့်က သူတို့ကိုပြန်စေချင်လာတယ် ။ ကောလဟာလတွေကို သူနားမထောင်ချင်တော့ဘူး ။
YOU ARE READING
OH MY GOD ! I'M IN NOVEL [ Completed ]
FanfictionStart Date - 12 Nov 2019 End Date - 5 May 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]