ရှောင်ကျန့်က သူရဲ့လိမ္မာတဲ့တပည့်လေးကြောင့် စားဝတ်နေရေးအလွန်အဆင်ပြေနေတယ် ။ ရေချိုးမယ်ဆိုလည်း ရေတွေကအဆင်သင့် ။ ဒီလောက်ထိလိမ္မာတဲ့ကလေးကို သူကမချစ်စရာလား ။ ဒါပေမဲ့သူရဲ့တပည့်လေးကတော့ သူမချစ်တော့မှာကို အမြဲစိုးရိမ်နေတဲ့ပုံပဲ ။ မရဲတရဲလေးနဲ့ သူ့ကိုစကားပြောရှာတာ ။ ဟူး ! ငယ်ငယ်လေးတည်းက အနားမှာဘယ်သူမှရှိမနေခဲ့တာ့ အားငယ်နေရှာပဲ ။
အဲ့ဒါကြောင့်ဟောဒီကရှစ်စွမ်းက မင်းကိုအများကြီးချစ်ပေးမယ် ။ ရှစ်စွမ်းရဲ့ကလေးလေးကို ဘယ်သူမှအနိုင်မကျင့်ရဲစေရဘူး ။ အခုတော့ သူ့ရဲ့ကလေးလေးဆိုတဲ့ တပည့်လေးက ဘယ်နားရောက်နေမှန်းမသိတာမို့ လိုက်ရှာနေရတယ် ။ ခက်တာက ဒီတောင်မှာလူဆိုလို့ သူတို့နှစ်ယောက်ပဲရှိတာ ။ သူက ဘယ်သူကိုသွားမေးရမှာလဲ ? ။
အာ ! ဇာတ်လိုက်က နှင်းတောထဲမကြာခဏသွားပြီး သစ်သီးတွေခိုးစားလေ့ရှိတယ်လို့ စာအုပ်ထဲမှာ သူဖတ်ရခဲ့ရတာပဲ ။ ကြည့်ရတာ နှင်းသီးတွေ သွားခူးစားနေတာပဲနေမှာ ။ သူအဲ့ဒီကိုရောက်တော့ မြင်လိုက်ရတာက သူရဲ့တပည့်လေးက ကောင်မလေးတစ်ယောက်နဲ့ စကားတွေပြောနေတယ် ။ မျက်နှာလေးမှာလည်း အပြုံးတွေနဲ့ ။
ဟူး! သူရဲ့တပည့်လေးက အီစီကလီလုပ်တက်နေပြီပဲ ။ ရှောင်ကျန့်က ဝမ်းနည်းမှု့ကြီးကို ရုတ်တရက်ခံစားလိုက်ရတယ် ။ ဘယ်လိုပြောရမလဲ ? ကိုယ်ရဲ့သားလေးက အချိန်တန်မိန်းမယူတော့မှာမို့ ဖခင်တစ်ယောက်ရဲ့ပူဆွေးမှု့လိုပေါ့ ။ သူရဲ့တပည့်လေးက အနာဂတ်မှာ အမျိုးသမီးပေါင်းများစွာ ရှိလာမှာကိုမြင်ယောင်ပြီး ငိုချင်လာတယ် ။
သူကတော့ တစ်ယောက်မပြောနဲ့ မဆိုရင် ယင်မတောင်မှ အရင်ရှောင်ကျန့်အနားမှာ ရှိခဲ့တာမဟုတ်ဘူး ။ မဖြစ်သေးပါဘူး ! သူလည်း တစ်ယောက်လောက်တော့ ရှာထားသင့်တယ် ။ သူ့တပည့်လေးလက်ထပ်ရင် အမေဖြစ်သူနေရာ လွှတ်နေရင်ဒုက္ခ ။ ရှောင်ကျန့်က ရှေ့ရေးအတွက် တွေးပူနေသလောက် သူရဲ့တပည့်လေးဖြစ်တဲ့ ဝမ်ရီပေါ်ကတော့ ရှစ်စွမ်းဖြစ်သူစားဖို့ဆိုပြီး နှင်းသီးတွေအားရပါးရခူးနေတယ် ။
နှင်းသီးတွေက သိပ်စားလို့ကောင်းတာ ။ ရှစ်စွမ်ကြိုက်မှာသေချာတယ် ။ ဝမ်ရီပေါ်က ရှစ်စွမ်းဖြစ်သူအတွက်ခူးပေးနေတုန်း အနားကိုရောက်လာတဲ့ သူနဲ့ရွယ်တူ ကောင်မလေးတစ်ယောင်ကြောင့် မျက်ခုံးလေးတွေတွန့်ချိုးသွားတယ် ။ ထူးဆန်းတယ် ! အဲ့ဒီတစ်ယောက်က ဘယ်ကနေရောက်လာတာလဲ ? ။
ВЫ ЧИТАЕТЕ
OH MY GOD ! I'M IN NOVEL [ Completed ]
ФанфикStart Date - 12 Nov 2019 End Date - 5 May 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]