သူရဲ့မျက်လုံးတွေကို အားယူပြီးကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရတဲ့လူက မျက်ရည်အရွဲသားနဲ့ကြည့်နေတဲ့ သူ့ရဲ့ရှစ်စွမ်းပဲ ။ မှားများမြင်နေမိနေတာလားလို့တောင် ကိုယ့်ကိုထင်မိသွားတယ် ။ ရှစ်စွမ်းကဘယ်တုန်းက သူ့ကို ဂရုစိုက်ခဲ့လို့လဲ ? အမြဲနှိပ်စက်နေတာလေ ။ ကြည့်ရတာသေခါနီးလို့ ထင်ယောင်ထင်မှားတွေ မြင်နေတာပဲဖြစ်လိမ့်မယ် ။ ဒါပေမဲ့သူ့ကိုတင်းကြပ်နေအောင်ဖက်ပြီး ငိုနေတဲ့ရှစ်စွမ်းကြောင့် ထင်ယောင်ထင်မှားမဟုတ်တာသိလိုက်တယ် ။
" ရှစ် ရှစ်စွမ်းလား ? ''
" ငါ့ကလေးလေး အဟင့်! ငါ့ကလေးလေး သနားပါတယ် အဟင့်! "
" ကျွန်တော် ဘာမှမဖြစ်ပါဘူး ။ မငိုပါနဲ့ ရှစ်စွမ်း ''
" အဟင့် ! ငါ... ငါက မင်းသေသွားပြီထင်နေတာ ။ မတွေ့လိုက်ရတော့ဘူးထင်နေတာ ''
ရှောင်ကျန့်က နှင်းတောထဲရောက်တော့ မြင်လိုက်ရတာက နှင်းတွေနဲ့ဖုံးနေကာ ကွေးကွေးလေးဖြစ်နေတဲ့ ကလေးတစ်ယောက်ပဲ ။ ကလေးရဲ့တစ်ကိုယ်လုံးက ရေခဲပမာအေးစက်နေပြီး အသက်ရှုသံတွေကလည်း မတည်ငြိမ်တော့ ။ သေပြီအထင်နဲ့ သူထိတ်လန့်သွားတယ် ။ အခုမှတွေ့တုန်းပဲရှိသေးတာလေ ! သေတော့မလို့လား ? ။ သူ နှုတ်တောင်မဆက်ရသေးဘူး ။
မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ သူရဲ့အပေါ်ဝတ်ရုံကြီးကိုခြုံပေးလိုက်ပြီး နွေးနွေးထွေးထွေးဖြစ်အောင် ပတ်ထားပေးလိုက်တယ် ။ အဲ့ဒီနောက်ပွေ့ချီပြီး သူ့ရဲ့တောင်ကိုပြန်ခေါ်လာခဲ့တယ် ။ ခက်တာက အရင်ရှောင်ကျန့်က တစ်ယောက်တည်းနေတာမို့ သူရဲ့ဝေယာဝိစ္စတွေကို လုပ်ကိုင်ပေးမဲ့လူက ဇာတ်လိုက်အပြင် ဘယ်သူမှမရှိဘူး ။ အဲ့ဒါကြောင့်ဇာတ်လိုက်ကို သူကိုယ်တိုင်ပဲပြုစုစောင့်ရှောက်ရတော့မယ် ။
ဇာတ်လိုက်ရဲ့မျက်နှာကိုထိကြည့်လိုက်တော့ အိစက်နူးညံ့နေတဲ့ အသားအရေလေးတွေကြောင့် စိတ်မထိန်းနိုင်ပဲ ဆွဲညစ်မိသွားတယ် ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးလေးကို အရင်ရှောင်ကျန့်က ဘာလို့များနှိပ်စက်ခဲ့ပါလိမ့် ။ သူသာဆိုရင် လက်ထဲကမချချီထားပြီး အလိုလိုက်ပစ်မှာ ။ ဟူး! အခုဘာလုပ်ရမှာလဲ ? ။ ဒီကမ္ဘာက သူနဲ့ရင်းနှီးနေတာမဟုတ်ဘူး ။ ပြီးတော့ဘာမှလည်း သိတာမဟုတ်ဘူး ။ အသတ်ခံရရင် နောက်တစ်ကြိမ်က ထပ်သေရအုံးမယ် ။

YOU ARE READING
OH MY GOD ! I'M IN NOVEL [ Completed ]
FanfictionStart Date - 12 Nov 2019 End Date - 5 May 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]