part. 27

19.8K 2.5K 25
                                    

ဝမ်ရီပေါ်က ရှစ်စွမ်းဖြစ်သူကိုလိုက်ရှာရင်း ရန်သုတွကိုလည်း သတိထားတိုက်ခိုက်နေရတယ် ။ ရှစ်စွမ်းရဲ့အရိပ်အယောင်ကိုမမြင်ရတော့မှ အသက်ရှူချောင်သွားခဲ့တာ ။ သူ့လိုကျင့်ကြံဆင့်နိမ့်တဲ့လူက သူ့ထက်ကျင့်ကြံဆင့်အများကြီးပိုမြင့်တဲ့လူကို စိုးရိမ်နေတယ်ဆိုတာသိသွားကြည့် အူလိုက်သည်းလိုက်ရယ်ကြမဲ့ဖြစ်ခြင်း ။ ဒါပေမဲ့သူကတော့ ဂရုမစိုက်ပါဘူး ။

" ဟိုမှာ ဝမ်ရီပေါ်ဆိုတဲ့လူ !! ''

တစ်စုံတစ်ယောက်က သူ့နာမည်ကိုအော်ပြီး သတိပေးလိုက်တဲ့အခါမှာတော့ အားလုံးရဲ့အာရုံက သူ့စီကိုရောက်လာတယ် ။ ဝမ်ရီပေါ်က ဒီအခြေအနေက ပြေးလို့မလွှတ်မှန်းသိတာကြောင့် အစွမ်းကုန်တိုက်ခိုက်လို့နေတယ် ။

" မင်းတို့တွေ ဂိုဏ်းချုပ်ဝမ်ကိုထိန်းထားကြ ။ ငါ အဲ့ဒီကောင်လေးကို သွားဖြေရှင်းလိုက်မယ် ''

သွေးပုလဲဂိုဏ်းကဂိုဏ်းချုပ်က သူ့ဂိုဏ်းသားတွေကို သတ်ပစ်နေတဲ့ကောင်လေးကို မုန်းတီးစွာကြည့်ရင်းဆိုလိုက်တယ် ။

" ကောင်လေး ရတနာပစ္စည်းကို ထုတ်ပေးစမ်း!! ''

" ခင်များလို ဂိုဏ်းအကြီးကြီးတစ်ခုကို အုပ်ချုပ်တဲ့လူတစ်ယောက်က ကျွန်တော်လိုဘာမှမဟုတ်တဲ့လူစီက ဓားပြလာတိုက်နေတာလား ? ''

" ရှည်ရှည်ဝေးဝေးတွေပြောမနေနဲ့ ။ ​ပေးမှာလား ? မပေးဘူးလား ? ''

" ကျွန်တော်သေမှပဲရမယ် ''

" အဟက်!! ​ကောင်းပြီလေ ဒီလိုဆိုမှတော့ မင်းဆန္ဒကိုလိုက်လျောပေးတာပေါ့ ''

ဝမ်ရီပေါ်က သူ့စီကိုရောက်လာတဲ့ ပြင်းထန်တဲ့စီမ်းအားတွကို အလျှင်အမြန်ရှောင်လိုက်ပေမဲ့ တစ်ချက်တော့ထိသွားတယ် ။

" မင်းက ဘယ်ဆိုးလို့လဲ ? လုယွမ်တောင်သခက်ရဲ့တပည့် ပီသသားပဲ  ''

ဝမ်ရီပေါ်က ပါးစပ်မှာပေနေတဲ့သွေးတွေကို သုတ်လိုက်ပြီး အားယူကာပြန်ထလိုက်တယ် ။ အဲ့ဒီလူကို လွယ်လွယ်နဲ့အရှုံးမပေးချင်ဘူး ။ သူ့အသက်နဲ့ရင်းပြီး လောင်းကြေးထပ်ဖို့ ဆုံးဖြတ်လိုက်သည် ။

OH MY GOD ! I'M IN NOVEL  [ Completed ] Où les histoires vivent. Découvrez maintenant