part. 33

19.3K 2.5K 20
                                    

" မင်းတို့တွေကြားပြီးသွားပြီလား ? ဆရာက ဒီနေ့ပဲတပည့်အသစ်လက်ခံလိုက်တယ် ။ အဲ့ဒီတပည့်လေးကလည်း ငယ်ငယ်လေး ''

" ဆရာက ? မဖြစ်နိုင်တာ ။ ဆရာက ငါတို့ကိုတောင်ဂရုမစိုက်နိုင်တာ ။ အဲ့ဒီကလေးကို ဘယ်လိုဂရုစိုက်မှာလဲ ''

" ညီငါး မင်းကမယုံဘူးလား ? ။ ငါကိုယ်တိုင်မြင်ခဲ့တာပါဆို ။ ''

တပည့်နှစ်ယောက်က ဒီကိစ္စနဲ့ပတ်သတ်ပြီး အသည်းအသန်ငြင်းခုန်နေကြတုန်း သူတို့အနားကိုရောက်လာတဲ့ လူတစ်ယောက်ကြောင့် အသံ​တွေတိတ်သွားတယ် ။

" အကိုတစ် !! ''

" မင်းတို့ဘာတွေငြင်းခုန်နေကြတာလဲ ? ''

" ဆရာက တပည့်အသစ်တစ်ယောက်ခေါ်လာတယ်ပြောတာကို ညီငါးကမယုံဘူးဆိုလို့ ''

" လုဖုန်း မင်းရဲ့အကိုသုံးပြောတာအမှန်ပဲ ။ ဆရာက ဒီနေ့ပဲတပည့်တစ်ယောက်ကို ထပ်လက်ခံလိုက်ပြီ ။ သူက ငါတို့ရဲ့အငယ်ဆုံးညီလေး ဖြစ်လာလိမ့်မယ် ။ အခုဆိုရင်ငါတို့က ညီအကိုရှစ်ယောက်ပဲမဟုတ်တော့ဘူး ။ ကိုးယောက်ဖြစ်သွားပြီ ''

" ဒါဆိုအကိုသုံးပြောတာတကယ်ကြီးပေါ့ ? ''

လုဖုန်းကမယုံချင်ပေမဲ့လည်း အကိုတစ်ကိုယ်တိုင်ပြောလာတာကြောင့် လက်ခံလိုက်တယ် ။ အကိုတစ်ဆိုတာဘယ်သူလဲ ? ။ သူတို့အားလုံးထဲမှာ ညဏ်အကောင်းဆုံးနဲ့ အတော်ဆုံးလူလေ ။ ပြီးတော့အကိုတစ်က အရမ်းကြည့်ကောင်းတယ် ။ ဂိုဏ်းကမိန်းကလေးတွေဆို အကိုတစ်ကိုပဲမျှော်လင့်နေကြတယ် ။

" ငါသွားတော့မယ် မင်းတို့လည်းကောင်းကောင်းလေ့ကျင့်နေကြ ။ မဟုတ်ရင် ဆရာကဒေါ်သထွက်ပြီး မင်းတို့ကိုအပြစ်ပေးလိမ့်မယ် ''

ဝမ်လျိုအန်းက ညီငယ်နှစ်ယောက်ကိုပြောပြီးတာနဲ့ ဆရာဖြစ်သူထံသွားလိုက်တယ် ။ ဆရာက သူ့ကိုလာဖို့ပြောထားတယ်လေ ။ အခန်းရှေ့ရောက်တော့ဝင်မလို့လုပ်ပေမဲ့ အခန်းထဲကရယ်သံတွေကြောင့် သူ့ခြေလှမ်းကိုရပ်တန့်လိုက်ပြီး လက်သီးတင်းတင်းဆုပ်ကာ အသံပေးလိုက်တယ် ။

" ဆရာ လျိုအန်းရောက်လာပါပြီ ။ လျိုအန်းကို ဘာပြောစရာများရှိလို့ပါလဲ ''

OH MY GOD ! I'M IN NOVEL  [ Completed ] Dove le storie prendono vita. Scoprilo ora