part. 28

19.7K 2.6K 34
                                    

ရှောင်ကျန့်အတွက် မြင်လိုက်ရတဲ့မြင်ကွင်းက နှလုံးသားတည့်တည့်ကို ဓားနဲ့ထိုးချလိုက်သလိုပဲ ။ သူ့ရဲ့တပည့်လေး...

" ဝမ်လေး !! ''

ရှောင်ကျန့်က သွေးအိုင်ထဲမှာလဲကျနေပြီး အသက်ရှူသံမျှင်းမျှင်းလေးသာရှိတော့တဲ့ တပည့်ဖြစ်သူကို တင်းကြပ်စွာပွေ့ဖက်ထားရင်း သွေးရူးသွေးတန်းဆိုမိသည် ။

" ဘာမှမဖြစ်တော့ဘူးနော် ။ ရှစ်စွမ်း ရှစ်စွမ်းရောက်လာပြီ ''

" ရှစ်... စွမ်း ''

" အင်း ရှစ်စွမ်းရှိတယ် ။ ကြောက်စရာမလိုတော့ဘူး ။ ရှစ်စွမ်းက မင်းကိုကာကွယ်ပေးမှာ ''

" တော်ပါသေးရဲ့ ရှစ်စွမ်းကိုမြင်ခွင့်ရလို့ ''

" မင်း ငါ့ကိုထားသွားလို့မရဘူးနော် ။ ဝမ်ရီပေါ် မင်းကတိပေးထားတယ်လေ ။ မင်းသေလို့မရဘူး ''

" မငိုပါနဲ့ ရှစ်စွမ်းငိုရင် ကျွန်တော်ရဲ့ရင်ဘတ်က နာလို့ပါ ''

တပည့်ဖြစ်သူရဲ့ပါးစပ်က အန်ထွက်လာတဲ့သွေးတွေကိုမြင်တော့ ​ချောက်ကမ်းပါးမှာရပ်နေသလို ခံစားနေရတယ် ။ ဒီလိုမဖြစ်ရဘူးလေ !! ဇာတ်လိုက်က ဘာလို့ဒီလိုလွယ်လွယ်နဲ့ ​သေဆုံးရမှာလဲ ? ။ ဟင့်အင်း !! သူဒါကိုလုံးဝလက်မခံနိုင်ဘူး ။

"ရှူး !! ဘာမှမပြောနဲ့တော့ မင်းအဆင်ပြေသွားမှာပါ ''

ရှောင်ကျန့်က အရူးလိုငိုနေရင်း သူ့ရဲ့ချီစွမ်းအင်တွေကို တပည့်ဖြစ်သူကိုယ်ထဲအဆက်မပြတ် လွဲပြောင်းပေးနေတယ် ။ အသက်ရှူသံတဖြည်းဖြည်းမှန်လာတော့မှ ရင်ထဲကအလုံးကြီးကျတာ ။ ဇာတ်လိုက်က လွယ်လွယ်နဲ့မသေနိုင်ပါဘူးလို့ သူ​ပြောခဲ့သားပဲ ။ စိုးရိမ်လွန်နေလို့သာ မစဉ်းစားနိုင်ဖြစ်သွားတာ ။ ​သွေးရောင်ပြန်လွှမ်းလာတဲ့ တပည့်ဖြစ်သူရဲ့မျက်နှာလေးကို မြတ်နိုးမှု့အပြည့်နဲ့ ​ငေးကြည့်နေမိတယ် ။

ထူးဆန်းလွန်းတဲ့ ဆရာတပည့်ဆက်ဆံရေးကြောင့် အားလုံးကစွန့်အနေကြရသည် ။ ဒါကပုံမှန်ဆရာတပည့် ဆက်ဆံရေးနဲ့မှမဟုတ်တာ ။ မဟုတ်မှလွဲရော ဒီဆရာတပည့်နှစ်ယောက်က ချစ်ကြိုက်နေကြတာများလား? ။ ဒီလိုအတွေးမျိုးကိုတွေးမိတဲ့လူတိုင်း ကြက်သီးတွေထခို
လာတယ် ။ ဆရာနဲ့တပည့်က ဘယ်လိုလုပ်ချစ်ကြိုက်လို့ရမှာလဲ? ။ ဒါကမဖြစ်သင့်ဘူးလေ ။ ​ကျော်ကြားပြီးမာနကြီးတဲ့ လုယွမ်တောင်သခင်က သူရဲ့တပည့်ဖြစ်သူနဲ့ ချစ်ကြိုက်နေတယ်တဲ့!! ။

OH MY GOD ! I'M IN NOVEL  [ Completed ] Where stories live. Discover now