part. 47

20K 2.4K 29
                                    

ဝမ်လျိုအန်းက သူသေသွားပြီဆိုပြီး အားလုံးကိုလှည့်စားခဲ့တယ် ။ တကယ်တော့ သူအသက်ရှင်နေတုန်းပဲ ။ အဲ့ဒီနေ့ကကလေးငယ်က သူ့ကိုဓားနဲ့ထိုးခဲ့တာမှန်ပေမဲ့ ချက်ကောင်းကိုမထိခငမှာပဲ ဓားကိုရွေ့သွားခဲ့တာ ။ ​ကလေးငယ်ရဲ့စိတ်ထဲမှာ သူရှိနေတုန်းပဲဆိုတာသိလိုက်တော့ ပျော်လည်းပျော်သလို ဝမ်းလည်းဝမ်းနည်းမိတယ် ။ သူလုပ်ရပ်တွေက ရွံစရာကောင်းခဲ့တာတောင် ကလေးငယ်က သူ့ကိုချစ်နေတုန်းပဲ ။

အဲ့အချိန်တုန်းက အစီအရင်တစ်ခုကိုအမြန်အသက်သွင်းပြီး ကလေးငယ်ကို အဝေးကိုပို့ပေးခဲ့တာ ။ အဲ့ဒီနောက်သူလည်း အ​နောက်ကနေလိုက်သွားခဲ့တယ် ။ ကလေးငယ်ရဲ့ခန္ဓာကိုယ်က မိစ္ဆာကျင့်စဉ်ကြောင့် ဆိုးဆိုးဝါးဝါးဒဏ်ရာရနေသည် ။ နဂိုကျင့်စဉ်ကပါ မိစ္ဆာကျင့်စဉ်ကို ဆန့်ကျင်လာတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေက စတင်ပျက်စီးလာတော့တယ် ။

ပထမဦးဆုံးအကြိမ်အဖြစ် နတ်ဘုရားတွေကိုဆုတောင်းမိတယ် ။ သူ့ရဲ့အပြစ်ကြွေးတွေကို သူကိုယ်တိုင်ပဲပေးဆပ်မှာမို့လို့ ကလေးငယ်ကိုကယ်တင်ပေးဖိုပေါ့ ။ ဒါပေမဲ့နတ်ဘုရားတွေက သူ့ကိုလျစ်လျူရှုခဲ့သည် ။ အပြစ်တွေအရမ်းများနေတာမို့ သူ့ကို ဘယ်နတ်ဘုရားမှာ မကူညီချင်ကြဘူးထင်တယ် ။

" အကိုတစ် ''

" ကျန့်ကျန့် အကိုရှိတယ် ။ အကို မင်းကို ဘာမှဖြစ်ခွင့်မပေးနိုင်ဘူး ''

" အဟွတ်! ကျွန်တော် တောင့်မခံနိုင်တော့ဘူး ။ တစ်ကိုယ်လုံး မီးမြှိက်ခံနေရသလိုပဲ ''

" အဆင်ပြေသွားမှာပါ ။  တောင့်ခံထားရမယ်နော် ကျန့်ကျန့် ။ အကို မင်းကိုရအောင်ကယ်မယ် ''

သွေးတွေအဆက်မပြတ်အန်နေတဲ့ ကလေးငယ်ကိုကြည့်ပြီး ဝမ်လျိုအန်းက အရူးလို​အော်ဟစ်ငိုယိုနေတယ် ။ သူ့ရဲ့ကလေးလေးက သူကြောင့်... သူမကောင်းခဲ့လို့ အခုလိုနာကျင်နေရတာ ။

" ကျွန်တော်လေ အကို့ကိုသိပ်ချစ်ခဲ့တာ ''

" အင်း အကိုသိတယ် အကိုသိတယ်လို့ ။ ကျန့်ကျန့် မင်း အကို့ကိုထားသွားလို့မရဘူးနော် ။ အကို့မှာ မင်းပဲရှိတာ ''

OH MY GOD ! I'M IN NOVEL  [ Completed ] Where stories live. Discover now