part. 30

19.9K 2.7K 36
                                    

ရှောင်ကျန့်က နာကျင်မှုနဲ့အတူ နိုးထလာခဲ့သည် ။ မြင်နေရတဲ့အရာတွေကတော့ လုံးဝယုံကြည်နိုင်ဖွယ်မရှိ ။ အခန်းတစ်ခုလုံးကို အနီရောင်တွေနဲ့အလှဆင်ထားပြီး အထူးဆန်းဆုံးကတော့ အဲ့ဒီအခန်းထဲကအိပ်ယာပေါ်မှာ အိပ်မောကျနေတဲ့လူ ။ အသက်ရှူမနေတာကလွဲရင် အရာအားလုံးကပုံမှန်လို့ပြောလို့ရတယ် ။ အဲ့ဒီလူကတော့ ရှောင်ကျန့်ဆိုတဲ့ သူကိုယ်တိုင်ပဲဖြစ်တယ် ယ

ရှောင်ကျန့်က သူကိုယ်သူဝိညာဉ်ဖြစ်နေမှန်း နားလည်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲကိုပြန်ဝင်ဖို့ ကြိုးစား​တော့တယ် ။ ဒါ​ပေမဲ့သူဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင် ။ ကြာလာတော့ လက်လျော့ချင်လာပြီဖြစ်တယ် ။ ချူဖုန်းနင်ကြောင့် ​သေပြီလို့မှတ်ယူခဲ့ပေမဲ့ ဝိညာဉ်ကတော့ရှိနေတုန်းပဲ ။ သူ ​လျှောက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။ ဒါမှလက်ရှိအခြေအနေတွေကို နားလည်နိုင်မှာ ။ သူ့တပည့်လေးလည်း ဘာတွေဖြစ်သွားမှန်းမသိ ။

ဒီနေရာကမိစ္ဆာအငွေ့အသက်တွေက အရမ်းကြောက်ဖို့ကောင်းတယ် ။ မိစ္ဆာနန်းတောများလား ? ။ မြေအောက်ထပ်က ​အော်ဟစ်အသံတွေကြားတာကြောင့် အဲ့ဒီနေရာကိုအပြေးသွားကြည့်လိုက်တယ် ။ ​သွေးပျက်ဖို့ကောင်းတဲ့မြင်ကွင်းတွေက သူ့ကိုစီးကြိုနေမယ်လို့တော့ မထင်ထားခဲ့ ။

ဖမ်း​ဆီးခံထားရတဲ့လူတွေက ကြောက်လန့်စွာနဲ့လွှတ်ပေးဖို့ အော်ဟစ်တောင်းပန်နေကြတယ် ။ အဲ့ဒီလူတွေက ကွင်းပြင်တစ်ခုမှာထည့်ခံထားရပြီး သူတို့ရဲ့ဘေးပတ်ပတ်လည်မှာ​တော့ သားရဲမိစ္ဆာတွေက မာန်ဖိနေကြသည် ။ ရှောင်ကျန့်က အဲ့ဒီမြင်ကွင်းကြောင့် ကြက်သီးတဖြန်းဖြန်းထလာတယ် ။

ဒီအခန်းက သူဖတ်ခဲ့တဲ့အခန်းတွေထဲက သားရဲအစာကျွေးခြင်းဆိုတဲ့အခန်းဖြစ်တယ် ။ မိစ္ဆာတွေက သူတို့ဖမ်းဆီးလာတဲ့ လူသားကျင့်ကြံသူတွေကို သားရဲစာကျွေးပစ်တဲ့အခန်း ။ မိစ္ဆာသားရဲတွေက လူသားကျင့်ကြံသူတွေကို တစ်ခါတည်းမသတ်ပဲ ဆော့ကစားတက်ကြသေးသည် ။ ဆော့ကစားတယ်ဆိုတဲ့အဓိပ္ပါယ်က မသေခင်တစ်စစီကိုက်ဖြတ်ခြင်းပင် ။ ဆက်မကြည့်ရဲတာကြောင့် မျက်နှာအမြန်လွဲလိုက်ရတယ် ။ ဘုရား.. ဘုရား သူဘယ်လိုနေရာကို ​ရောက်လာတာလဲ ? ။

OH MY GOD ! I'M IN NOVEL  [ Completed ] Donde viven las historias. Descúbrelo ahora