ဝမ်ရီပေါ်က ဒီရက်တွေထဲအလွန်ဝမ်းနည်းနေမိသည် ။ အရင်ကဆိုရှစ်စွမ်းက သူနဲ့အတူအမြဲထမင်းစားနေကျ ။ ဒါပေမဲ့အခုတော့အခန်းထဲမှာပဲနေပြီး အပြင်ကိုထွက်မလာတော့ ။ ဝမ်လေးကအရွယ်ရောက်လာပြီဆိုပြီးတော့လည်း ရှစ်စွမ်းက သူ့အတွက်အခန်းသစ်ပြင်ပေးခဲ့တယ် ။ ရှစ်စွမ်းအပေါ်ထားတဲ့ သူ့ခံစားချက်တွေကို အချိန်ကြာလာတာနဲ့အမျှ ထိန်းနိုင်စွမ်းပါလျော့နည်းလာတယ် ။
ဝမ်ရီပေါ်က စိတ်ညစ်ညစ်နဲ့မြေပြင်ပေါ်မှာ စာထိုင်ဆရးနေလိုက်တယ် ။ ရှစ်စွမ်းကို သူတစ်ယောက်တည်းပဲပိုင်ဆိုင်ချင်တယ် ။ ရှစ်စွမ်းရဲ့အရာအားလုံးကို ဘယ်သူနဲ့မှမဝေမျှချင်ဘူး ။ ဒါပေမဲ့ရှစ်စွမ်းကတော့ သူရဲ့ဂရုစိုက်ပေးမှု့တွေနဲ့ ခံစားချက်တွေကိုမမြင် ။ ကလေးတစ်ယောက်လိုသာ အချိန်ပြည့်ဆက်ဆံတယ် ။
" ဝမ်လေး အခန်းထဲဝင်လာခဲ့ ။ ရှစ်စွမ်း မင်းကိုပြောစရာရှိတယ် ''
ရှစ်စွမ်းအသံကြားတာနဲ့ ပျော်ရွှင်စွာထသွားလိုက်သည်။ နောက်ဆုံးတော့ရှစ်စွမ်းက သူ့ကိုခေါ်လာပြီပဲ ။
" ရောက်ပြီလား ဒီမှာထိုင် ''
ရှစ်စွမ်းကပြုံးပြီး သူ့အတွက်ထိုင်ဖို့နေရာပြင်ပေးတယ် ။ ရှစ်စွမ်းထိုင်ခိုင်းတဲ့နေရာမှာမထိုင်ပဲ ရှစ်စွမ်းရဲ့အနားကိုသွားပြီး ဖက်ကာချွဲလိုက်တယ် ။ ရှစ်စွမ်းက သူဒီလိုလုပ်ရင်အရမ်းသဘောကျနေတာ ။
" ဝမ်လေးက အခုနောက်ပိုင်းရှစ်စွမ်းကို အရမ်းချွဲလာတာပဲနော် ''
" ရှစ်စွမ်းက ကျွန်တော့်ကိုပစ်ထားတယ် ''
" ဝမ်လေးကလည်း ရှစ်စွမ်းက မင်းအတွက် ပေးစရာရှိလို့ပစ်ထားမိတာပါ ''
ရှောင်ကျန့်က ကျောက်စိမ်းဆွဲကြိုးလေးကို သူ့တပည့်လေးရဲ့လည်ပင်းမှာ ဂရုတစိုက်ဆွဲပေးလိုက်သည် ။
" ရှစ်စွမ်း ဒါကဘာလေးလဲဟင် ? ''
" တကယ်လို့ဝမ်လေးတစ်ခုခုဖြစ်ရင် ဒီဆွဲကြိုးလေးက ကာကွယ်ပေးလိမ့်မယ် ။ အဲ့ဒါကြောင့် ပျောက်လို့မဖြစ်ဘူးနော် ။ ဒီဆွဲကြိုးလေးထဲမှာ ရှစ်စွမ်းရဲ့စိတ်ဝိညာဉ် တစ်ပိုင်းတစ်စပါနေတာမို့ ဝမ်လေးတစ်ခုခုဖြစ်တာနဲ့ ဒီဆွဲကြိုးလေးက ဝမ်လေးကို လုံခြုံတဲ့နေရာစီချက်ခြင်းပို့ပေးလိမ့်မယ် ''

KAMU SEDANG MEMBACA
OH MY GOD ! I'M IN NOVEL [ Completed ]
Fiksi PenggemarStart Date - 12 Nov 2019 End Date - 5 May 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]