part. 4

30.5K 3.5K 57
                                    

ရှောင်ကျန့်က သူ့အရှေ့မှာပဲ ဆန်ပြုတ်ကို အားပါးတရစားနေတဲ့ ဇာတ်လိုက်ကိုကြည့်ပြီး ကိုယ့်လက်ရာကို ကျေနပ်နေမိတယ် ။ ကလေးလိုပါးစပ်မှာပေကျံနေတာမို့ လက်လေးနဲ့သုတ်ပေးလိုက်တော့ သူ့ကိုမျက်လုံးလေးပြူးပြီး ကြည့်နေတာလေးက အူးယားဖွယ်အတိ ။ ဒီလောက်အထိချစ်ဖို့ကောင်းတဲ့ က​လေးလေးက အနာဂတ်မှာ မောင်းမပေါင်းထောင်ချီရှိတယ်တဲ့လား ။ သူ့ကိုယ်သူတောင် ပြန်သနားမိသွားတယ် ။ သူက ကလေးလောက်တောင်အဖြစ်မရှိဘူးပဲ ။

အရင်ရှောင်ကျန့်က အတိတ်မှာဘာတွေဖြစ်ခဲ့ပါလိမ့်? ။ အဲ့ဒီလူက ဇာတ်လိုက်ကို ခါးခါးသီးသီးမုန်းနေတဲ့အပြင် သူ့ရဲ့ခန္ဓာကိုယ်ကို တစ်စုံတစ်​ယောက်ကထိရင်လည်း ပြင်းပြင်းထန်ထန်ပြန်တုန့်ပြန်လေ့ရှိတယ် ။ အထူးသဖြင့် အဲ့ဒီလူရဲ့အတိတ်အကြောင်းကို စာရေးသူကထည့်မရေးထားခဲ့ ။ ဝတ္ထုထဲမှာပြောထားတာကတော့ အရင်ရှောင်ကျန့်ရဲ့ဂိုဏ်းတစ်ခုလုံးက ရက်ရက်စက်စက်ဖျက်စီးခံခဲ့ရတယ်ဆိုပဲ ။ ပြီးတော့အရင်ရှောင်ကျန့်မှာ အရမ်းချစ်ရတဲ့ဂိုဏ်းတူအကိုတစ်ယောက်ရှိခဲ့ပြီး အဲ့ဒီလူအကြောင်းကလည်း ဝတ္ထုထဲမှာပါမလာခဲ့ ။

သေချာစဉ်းစားကြည့်မှ စာရေးသူက အရင်ရှောင်ကျန့်ရဲ့အတိတ်အကြောင်းကို ​လုံးဝကိုမရေးထားတာပဲ ။ အဲ့​ဒီတော့သူက ​ရှေ့ဆက်ပြီးဘာလုပ်မှာလဲ ။ အရင်ရှောင်ကျန့်ရဲ့အတိတ်ကိုပဲ ရှာ​ဖွေရမှာလား ? ။ ​ဇာတ်လိုက်ကိုပဲ ကာကွယ်ရမှာလား ? ။ ဟူး! သူ့ရဲ့အနာဂတ်ကတော့ အမှောင်တွေနဲ့ပြည့်နှက်နေလို့နေတယ် ။ စိတ်ညစ်လာတာမို့ ခေါင်းကိုရမ်းခါမိတော့ ....

" ရှစ်စွမ်း ဘာလို့်လဲဟင် ? ​နေမကောင်းလို့လား? "

" အာ ! ဘာမှမဟုတ်ပါဘူး ။ ဒီကမင်းရဲ့ရှစ်စွမ်းက ​ခေါင်းလေးနည်းနည်းကိုက်နေရုံပဲ ''

သူရဲ့အနားကိုလာပြီး နားထင်ကိုလက်လေးနဲ့နှိပ်ပေးနေတာကြောင့် ပြုံးမိသွားတယ် ။ ဒီလောက်လိမ္မာပြီး သိတက်တဲ့ကလေးလေးကို အရင်ရှောင်ကျန့်က ဘာလို့များခါးခါးသီးသီးနဲ့ မုန်းနေခဲ့ပါလိမ့်?  ။

" ရပြီ ။ မင်းရဲ့ရှစ်စွမ်းက အဆင်ပြေသွားပြီ ''

" ဟုတ်ကဲ့ ''

OH MY GOD ! I'M IN NOVEL  [ Completed ] Où les histoires vivent. Découvrez maintenant