ကျောက်ဖေးရန်က စိတ်ထဲနေလို့မကောင်းတာကြောင့် ဝမ်လျိုအန်းရဲ့နောက်ကနေလိုက်လာခဲ့သည် ။ တကယ်လို့ဝမ်လျိုအန်းသာ ရှောင်ကျန့်ကို ထပ်ပြီးနှိပ်စက်အုံးမယ်ဆိုရင် သူသေရမယ်ဆိုရင်တောင်ဝင်ပါတော့မှာ ။ ဒါပေမဲ့သူအဲ့ဒီကိုရောက်သွားတော့ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ညီမလေးက ဓားတန်းလန်းနဲ့သေဆုံးနေပြီး ဓားရိုးလက်ကိုင်ကို ရှောင်ကျန့်ကကိုင်ထားတယ် ။ ဝမ်လျိုအန်းကတော့ ဘေးမှာရပ်ပြီးကြည့်လို့နေတယ် ။
" ရှောင်... ရှောင်ကျန့် ''
".........''
" မင်းလား? မင်းသတ်လိုက်တာလား ? ''
".........''
" ငါမေးနေတယ်လေ!! ငါမင်းကိုမေးနေတယ်လေ ရှောင်ကျန့်ရဲ့ ။ ဖြေစမ်းပါ !! မင်းသတ်တာလားလို့!! "
" အင်း ငါသတ်လိုက်တာ ''
ရှောင်ကျန့်ရဲ့အဖြေကြောင့် ကျောက်ဖေးရန်က စွံအသွားသည် ။ ရှောင်ကျန့်က သူ့ညီမလေးကိုသတ်လိုက်တာတဲ့လား?? ။ ရှောင်ကျန့်ကလေ...
" ဘာလို့လဲ ? ဘာလို့သတ်တာလဲ !! ''
" တောင်းပန်ပါတယ် ''
ကျောက်ဖေးရန်က ညီမဖြစ်သူရဲ့အသက်မရှိတော့တဲ့ကိုယ်လေးကိုပိုက်ပြီး ယူကြုံးမရဖြစ်နေမိတယ် ။ သူရဲ့တစ်ဦးတည်းသောသွေးသားဖြစ်တဲ့ သူရဲ့ညီမလေးကို မကာကွယ်နိုင်ခဲ့ဘူး ။ သူက အသုံးမကျတဲ့အကိုတစ်ယောက်ပါလား ။ သူ့မှာဘာမှမရှိတော့ဘူး အားလုံးဆုံးရှုံးသွားပြီ ။
ဝမ်လျိုအန်းက အရှေ့ကမြင်ကွင်းကို သဘောကျစွာကြည့်လို့နေတယ် ။ ကလေးငယ်က ကျောက်ဖေးရန်ကို လိမ်ညာလိုက်တာပဲ ။ မမျှော်လင့်ထားပေးမဲ့ ဒီအခြေအနေက သူ့ကိုအကျေနပ်ကြီးကျေနပ်စေတယ် ။
" ကျောက်ဖေးရန် မင်းညီမရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းမြုပ်နှံပေးပြီး ဒီကိစ္စကိုဒီမှာပဲရပ်လိုက်တော့ ။ ''
ကျောက်ဖေးရန်က ဝမ်လျိုအန်းကို မုန်းတီးစွာစိုက်ကြည့်ပြီး လက်သီးကိုတင်းနေအောင်ဆုပ်ထားလိုက်တယ် ။ သူ့ညီမက အခုလိုဖြစ်ရတာ ဝမ်လျိုအန်းကြောင့် ။ အဲ့ဒီလူက သူ့ညီမကိုချစ်ဟန်ဆောင်ခဲ့လို့ ။ ရှောင်ကျန့်ကိုကြည့်လိုက်တော့လည်း အသက်မရှိတဲ့လူလိုငေးငိုင်နေသည် ။
STAI LEGGENDO
OH MY GOD ! I'M IN NOVEL [ Completed ]
FanfictionStart Date - 12 Nov 2019 End Date - 5 May 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]