ရှောင်ကျန့်က သူသေဆုံးပြီးတာ နှစ်နှစ်ဆယ်ကြာပြီဆိုတာသိလိုက်တော့ အံ့သြလွန်းလို့မျက်လုံးအပြူသား ။ အချိန်ဘယ်လောက်တောင် သူမေ့မျောနေတာလဲ ? ။ မသိရင်အရာအားလုံးက မနေ့တစ်နေ့ကအတိုင်းပဲ ။ တပည့်ဖြစ်သူကိုကြည့်ရင်း မရေရာတဲ့ခံစားချက်တွေက ရင်ထဲဖြစ်ပေါ်လာတယ် ။ သူရဲ့သေဆုံးမှု့က ဇာတ်လိုက်အပေါ် ဒီလောက်အထိသက်ရောက်မှုပြင်းထန်သွားခဲ့တာလား? ။
ဇာတ်လမ်းရဲ့သူလုပ်ရမဲ့ ဇာတ်ကွက်အားလုံးကို ဇာတ်လိုက်ကလုပ်ဆောင်သွားခဲ့တယ် ။ ဒါ့အပြင်သတ်မှတ်ထားတဲ့အတိုင်း မိစ္ဆာကြီးလူနဲ့ သူ့ရဲ့တပည့်လီဟူရန်တို့ကလည်း ဇာတ်လိုက်ရဲ့ယုံကြည်အားထားရတဲ့ လူတွေဖြစ်လာခြဲ့ပီးပြီ ။ သူသိထားတဲ့အချက်အလက်တွေအရဆိုရင် ဇာတ်လိုက်က သူ့ရဲ့အလောင်းကိုပွေ့ချီပြီး ချောက်ကမ်းပါးကနေခုန်ချသွားကာ နှစ်အတော်ကြာပျောက်ကွယ်သွားခဲ့တယ် ။
အဲ့ဒီနောက်မှာတော့ မိစ္ဆာကြီးလူက ဇာတ်လိုက်ကိုရှာတွေ့သွားပြီး သစ္စာခံခဲ့သည် ။ အဲ့ဒီလူရဲ့အဆိုအရဆိုရင် ဇာတ်လိုက်ရဲ့သွေးမျိုးဆက်စွမ်းအင်က လက်ရှိမိစ္ဆာဘုရင်လုဖုန်းထက် ပိုမြင့်နေလို့ပဲ ။ မိစ္ဆာကြီးလူဟာ ဇာတ်လိုက်က ဝမ်လျိုအန်းရဲ့မျိုးဆက်ဆိုတာသိသွားတာနဲ့ ပိုပြီးစိတ်အားထက်သန်လာခဲ့တယ် ။ ဇာတ်လိုက်က အစကငြင်းဆန်ခဲ့ပေမဲ့ မိစ္ဆာကြီးလူစီမှာ သေလူကိုပြန်အသက်သွင်းနိုင်တဲ့ နည်းလမ်းရှိတယ်ဆိုတဲ့စကားကြောင့် လက်ခံခဲ့တယ် ။
အဲ့ဒီအချိန်ကစပြီး ဇာတ်လိုက်က မိစ္ဆာတွေရဲ့အရှင်ဖြစ်လာခဲ့တာ ။ မိစ္ဆာဘုရင်ဟောင်းလုဖုန်းကတော့ ထာဝရချုပ်နှောင်ခံလိုက်ရသည် ။ ဇာတ်လိုက်က မိစ္ဆာအရှင်ဖြစ်သွားတာနဲ့ သူပထမဆုံးလုပ်တဲ့အလုပ်က လူသားကျင့်ကြံသူတွေကို ရက်စက်စွာသတ်ဖြတ်ခဲ့တာပဲ ။ သူပြောခဲ့တဲ့ကတိအတိုင်း အဲ့ဒီနေ့ကလူအားလုံးကို ရက်စက်စွာသတ်ဖြတ်ခဲ့တယ် ။ အသတ်မခံရတဲ့လူဆိုလို့ သူတော်စင်ဂိုဏ်းကဂိုဏ်းသားတွေပဲရှိတယ် ။
ဇာတ်လိုက်ရဲ့ဓားချက်အောက်မှာ သေဆုံးခဲ့ရတဲ့ မိစ္ဆာတွေ ၊ လူသားကျင့်ကြံသူတွေဆိုတာ ရေတွက်လို့ပင်ရခဲ့ ။ ဇာတ်လိုက်ရဲ့အကြောင်းက သေမျိုးလောကမှာ အလွန်တရာကျော်ကြားလာပြီး မသေမျိုးတွေထိရောက်ရှိခဲ့သည် ။ တစ်ချို့ကဇာတ်လိုက်ကို လာရောက်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့လည်း သေဆုံးခြင်းနဲ့သာကြုံတွေ့ခဲ့ရတယ် ။

YOU ARE READING
OH MY GOD ! I'M IN NOVEL [ Completed ]
FanfictionStart Date - 12 Nov 2019 End Date - 5 May 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]