part. 23

20.3K 2.8K 204
                                    

ဝမ်ရီပေါ်က သတိပြန်မရသေးတဲ့ ရှစ်စွမ်းဖြစ်သူရဲ့ ​ကျောက်စိမ်းနဲ့တူတဲ့ လက်လေးတွေကိုဆုပ်ကိုင်ရင်း မျက်တွေစီးကျနေတယ် ။ ရှစ်စွမ်းက ဘာလို့သူ့ကိုအဲ့ဒီလောက်ထိ ​ကြောက်လန့်နေရတာလဲ ?။ ရှစ်စွမ်း ကျွန်တော်က ရှစ်စွမ်းကိုအရမ်းချစ်တာပါ ။ ကျွန်တော့်ဘဝတစ်ခုလုံးက ရှစ်စွမ်းရဲ့အပြောလေးတစ်ခုနဲ့တင်ပြီးတာပါ ။ အဲ့တာကြောင့် မကြောက်ပါနဲ့ ။ ​ကျေးဇူးပြုပြီး အခုလိုကြောက်ပြမနေပါနဲ့ ။ ကျွန်တော်ဝမ်းနည်းလို့ပါ ။

ရှစ်စွမ်းဖြစ်သူရဲ့နှုတ်ခမ်းလေးကို လက်လေးနဲ့အသာပွတ်သပ်လိုက်တော့ တစ်ကိုယ်လုံးပူထူလာတယ် ။ မလုပ်သင့်ဘူးဆိုတာသိပေမဲ့ စိတ်မထိန်းနိုင်တဲ့အတွက် ခပ်ဖွဖွလေးနမ်းလိုက်မိတယ် ။ နူးညံ့အိစက်နေတဲ့အထိအတွေ့ကြောင့် သူမတင်းတိမ်နိုင်တော့ ။ ​နောက်ဆုံးတော့ စိတ်တွေလွှတ်ထွက်သွားပြီး အငမ်းမရနမ်းရှိုက်မိတယ် ။ ရှစ်စွမ်းက သူပိုင်တာ ။ မိုးကောင်းကင်က သူ့ကိုသနားလို့ ရှစ်စွမ်းကိုလက်ဆောင်အဖြစ် သူ့စီပို့ပေးခဲ့တာ ။ ဒီလူသားက သူ့အပိုင် ။

" အွန်း ! ခ... ခဏ ဝမ်လေး ''

ပြန်သတိရလာတဲ့ ရှစ်စွမ်း ။ ဝမ်ရီပေါ်ရဲ့မျက်လုံးတွေက ကြောက်ဖို့ကောင်းလောက်အောင်နီရဲနေပြီး အသက်ရှူသံတွေကလည်းမမှန် ။

" ရှစ်စွမ်း ကျွန်တော် ...''

ရှစ်စွမ်းရဲ့အဝတ်အစားတွေက သူ့ကြောင့်ဖရိုဖရဲဖြစ်နေပြီး ရင်ဘတ်တွေ၊လည်ပင်းတွေမှာ သူလုပ်ထားတဲ့ကိုက်ရာတွေ ၊ နမ်းရာတွေနဲ့ရဲပလောင်းခတ်လို့နေတယ် ။ နှုတ်ခမ်းတစ်ခုလုံးကလည်းဖူးယောင်နေပြီး ထောင့်နားကနေငွေမျှင်ရောင်တန်းတွေစီးကျနေတယ် ။ ဝမ်ရီပေါ်က သူ့မျက်စိရှေ့ကလူသားကို လိုချင်လွန်းလို့ရူးမတက်ပဲ ။ ဒါပေမဲ့သူအတင်းအကြပ်မလုပ်ရက် ။

" ကျွန်တော့်ကိုမမုန်းပါနဲ့ ''

"............''

" ကျွန်တော်လိမ္မာပါ့မယ် ။ ကျွန်တော့်ကိုမစွန့်ပစ်ပါနဲ့နော် အဟင့်! ''

"..........''

" ကျွန်တော့်ကို နှင်မထုတ်ပါနဲ့ ။ ကျွန်တော် နောက်မလုပ်တော့ပါဘူး အဟင့် ! ''

OH MY GOD ! I'M IN NOVEL  [ Completed ] Où les histoires vivent. Découvrez maintenant