part. 7

27.4K 3.2K 28
                                    

ရှောင်ကျန့်က သူ့ကိုယ်သူဘယ်တွေရောက်​နေမှန်းမသိချေ ။ သူသိတာက တပည့်လေးနဲ့ကစားပြီး နေမကောင်းဖြစ်ချင်သလိုဖြစ်လာလို့ အိပ်လိုက်တာကနေ ဘယ်ကနေဘယ်လို ဒီ​နေရာကိုရောက်လာရတာလဲ ? ။ ​သက်ပြင်းတစ်ချက်ချပြီး ​လျှောက်ပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ​။ ထူးဆန်းတာတွေဆက်တိုက်ဖြစ်နေတာမို့ အရမ်းကြီးတော့စိုးရိမ်မနေတော့ပါဘူး ။ တစ်ခါသေပြီးသွားပြီပဲ နောက်တစ်ခါသေဖို့ကြောက်နေစရာလား ။

အင်္ကျီအပြာလေးဝတ်ထားတဲ့ ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်က မြေပြင်ပေါ်မှာထိုင်ပြီးအားပါးတရငိုနေတယ် ။ ဘေးနားမှာတော့ ဆယ်ကျော်သက်ရွယ်ကောင်လေးနောက်တစ်ယောက် ။ ပိုပြီးငယ်တဲ့ကောင်လေးရ သူစားချင်တာမစားရလို့ ငိုပြီးသောင်းကျန်းနေတဲ့ပုံပင် ။ အကိုဖြစ်သူကလည်း ဒါကိုစိတ်ရှုပ်စရာလို့မမြင်ပဲ ပြုံးကာကြည့်နေသည် ။

" ကျန့်ကျန့် ကိုကိုတို့ပြန်ကြအောင်လေကွာ ။ ဆရာသိသွားရင် စိတ်ဆိုးလိမ့်မယ် "

" ဟွန့်! အဲ့ဒီနှုတ်ခမ်းမွေးကြီးက ကျန့်ကျန့်ကိုပဲဆူနေတာ ။ အဲ့တာကြောင့်ကြိုက်မဲ့လူမရှိတာ ''

" ကျန့်ကျန့်လေးကလည်း ဆရာကို ဒီလိုမပြောရဘူးလေ ''

" ကျန့်ကျန့်ရဲ့ပါးစပ်နဲ့ ကျန့်ကျန့်ပြောတာ ကိုကိုပါးစပ်နဲ့ပြောတာမှမဟုတ်ပဲ ''

" ကိုကို့ကျန့်ကျန့်လေးက ချစ်ဖို့​ကောင်းလိုက်တာ ။ ဘာလို့စကားတွေ ဒီလာက်တောင်တက်နေတာလဲ ''

" ကျန့်ကျန့်ကချစ်ဖို့ကောင်းတာမဟုတ်ဘူး ခန့်တာပါဆို ! ''

နှုတ်ခမ်းလေးစူပြီး စိတ်ကောက်နေတဲ့ကလေးကို ရှောင်ကျန့်က စိတ်ထဲရင်နီးနေသလိုခံစားရတယ် ။ ကလေးနှစ်ယောက်ကတော့ သူ့ကိုသတိထားမိပုံမရ ။ အဲ့ဒီအချိန်မှာပဲ နှစ်​ယောက်လုံးက သူ့ကိုယ်ထဲကနေဖြတ်ပြီး လမ်းလျှောက်သွားတာမို့ ရှောင်ကျန့်ရဲ့မျက်လုံးတွေက ပြူးကျယ်ကုန်တယ် ။ သူက ဝိညာဉ်ဖြစ်နေတာပဲ ။

ရှောင်ကျန့်က ကလေးနှစ်ယောက်ရဲ့အနောက်ကနေ တိတ်တဆိတ်လိုက်လာခဲ့တယ် ။ ချင့်လွင့်တောင်လို့ရေးထားတဲ့ တောင်ကိုရောက်တော့ ကလေးနှစ်ယောက်ထဲက အကိုဖြစ်သူရဲ့မျက်ဝန်းမှာ သတ်ဖြတ်ချင်တဲ့စိတ်တွေပေါ်လာတာကို သတိထားမိတယ် ။ ​သူ့ကိုများတွေ့သွားတာလားဆိုပြီး စိုးရိမ်သွားတယ် ​။ ဒါပေမဲ့အဲ့ဒီကောင်လေးက ခဏလေးအတွင်းမှာပဲပြန်ပြန်လိုက်ပြီး အပြုံးကိုဖန်တီးပစ်တယ် ။

OH MY GOD ! I'M IN NOVEL  [ Completed ] Where stories live. Discover now