လီဟူရန်က တစ်ဖက်ကလူကို အစကမျက်စိထဲမထည့်ခဲ့ပေမဲ့ အခုတော့အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ။ သူ့ပြိုင်ဘက်က ငယ်ရွယ်ပေမဲ့လည်း သူ့နဲ့တန်းတူတိုက်ခိုက်နိုင်တယ် ။ လီဟူရန်က ဝမ်ရီပေါ်ကို စင်ပေါ်မှာတင်အပြတ်ရှင်းဖို့ ဆုံးဖြတ်လိုက်တယ် ။ ဒီလူငယ်က အရမ်းကိုပါရမီရှိလွန်းတယ် ။ ဆက်ကြီးထွားခွင့်ပေးလို့မရဘူး ။ သူတို့မိစ္ဆာမျိုးနွယ်တွေအတွက် အန္တာရာယ်ရှိလာနိုင်တယ် ။
ရှောင်ကျန့်က လွင့်ထွက်သွားတဲ့ သူ့တပည့်လေးကြောင့် ပြိုင်ပွဲစင်ထဲဝင်သွားဖို့ကြံလိုက်ပေမဲ့ သူ့တပည့်ကပြန်ထပြီး တစ်ဖက်လူကိုတိုက်တော့တယ် ။ သူပဲစိတ်ထင်လို့လားတော့မသိဘူး သူ့တပည့်ရဲ့မျက်လုံးတွေက တဖြည်းဖြည်း နီလာသလိုပဲ ။ ဇာတ်ကြောင်းအရဆိုရင် ပြိုင်ပွဲက ဒီလောက်ထိမခက်ခဲခဲ့ဘူး ။ ဇာတ်လိုက်က ဒီပြိုင်ပွဲမှာအနိုင်ရပြီး မိန်းမပျိုလေးတွေရဲ့နှလုံးသားကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကာ လက်အောက်ငယ်သားတွေလည်းရရှိခဲ့တယ် ။
အခုတော့ပြိုင်ပွဲမှာတစ်ခါမှပေါ်မလာတဲ့ညလီဟူရန်က နောက်ဆုံးအဆင့်ထိရောက်လာပြီး ဇာတ်လိုက်နဲ့တိုက်လို့နေတယ် ။ ဇာတ်လမ်းက ဘာတွေဖြစ်ကုန်တာလဲ ? ။ ဝိညာဉ်ဂိုဏ်းက လီဟူရန်ရဲ့ဆရာဖြစ်သူကို ကဲခတ်ကြည့်လိုက်တော့ မိစ္ဆာဘုရင်လူဖုန်းရဲ့ညာလက်ရုံးဖြစ်နေတာမို့ နားမလည်တော့ချေ ။
ဇာတ်ကြောင်းက ပြောင်းလဲသွားပြီပဲ ။ အမှန်ဆိုလီဟူရန်ရော သူ့ဆရာရောက ဒီမှာရှိမနေရဘူးလေ ။ သူတို့က ဇာတ်လိုက်ကို အနာဂါတ်မှာထောက်ပံ့ပေးမဲ့ လူတွေဖြစ်လာရမှာမဟုတ်ဘူးလား ? ။ သူပဲအမှတ်မှားနေတာလား? ။
ရှောင်ကျန့်က လီဟူရန်ရဲ့ဆရာကိုသာ မျက်တောင်မခတ် စောင့်ကြည့်နေတယ် ။ အဲ့ဒီလူက သူ့တပည့်လေးကို တစ်ခုခုလုပ်ဖို့ကြိုးစားလာရင် သူကလည်းငြိမ်ခံနေမှာမဟုတ်ဘူး ။ အကုန်ဖော်ထုတ်လိုက်မှာ ။ သတ္တိရှိရင် ထဲရဲထိကြည့်လိုက် ။
ဝမ်ရီပေါ်က တိုက်ခိုက်နေစဉ်အတွင်း တစ်ဖက်လူရဲ့မူမမှန်တဲ့ အရာတွေတွေ့ရှိခဲ့တယ် ။ ဒီလူစီမှာ မိစ္ဆာအငွေ့အသက်တွေရှိနေတယ် ။ ဒီလူက သူလျိုများလား? ။ လီဟူရန်ရဲ့တိုက်ခိုက်မှု့တွေက ပိုမိုရက်စက်လာပြီး ဦးတည်ချက်တွေကလည်း သေစေနိုင်လောက်တဲ့နေရာတွေကိုပဲ ။ ပြိုင်ပွဲမှာသတ်ဖြတ်ခွင့်မပေးထားဘူး ။
YOU ARE READING
OH MY GOD ! I'M IN NOVEL [ Completed ]
FanfictionStart Date - 12 Nov 2019 End Date - 5 May 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]