Part 3

5.8K 171 0
                                    

မ အတွက်
အပိုင်း (၃)
#မအတွက်စပိုက်ကာ

“ယာယာ အိပ်တော့ ဖို့လား..”
“အေး..”
“မင်းကလည်း..စောလိုက်တာကွာ..”
“အေး..အိမ်မှာ ဒီ အချိန် အိပ်နေပြီလေ..”
“မပြောတော့ဘူးကွာ..အိပ်..”
ယာ အိပ်ယာထဲမှာ လှဲနေပေမဲ့..အိပ်မပျော်ပါ…
မမ ကို ဘာလို့ မမှတ်မိရတာလည်း..
ယာ မှတ်မိတာ..မမ က ဂါ၀န်ဖြူလေးနဲ့ ဆံပင်နီနီ လေးနဲ့လေ..။
အခု လို ပုံစံ မမ ကို တစ်ခါ မှ မတွေးမိဘူး…။
ပါးမို့မို့လေးနဲ့ ဆံပင်က အနက်ရောင်ကျစ်ဆံမြီ်း နဲ့ မမ အရမ်းလှလာတာ ယာ ဘယ် မှတ်မိပါ့မလည်း..မမရယ် ယာ ကို စိတ်ဆိုးနေပြီလား.…။
မဖြစ်ဘူး..မမ ကို သွားတောင်းပန်ရမယ်...။
ယာ မမဆီ သွားဖို့ ဆုံးဖြတ်လိုက်ပေမဲ့ အကြောင်းပြချက်မရှိပါ..။
မမ က ဘာလို့ လာတွေ့တာလည်း..ဘယ်သူလည်း..မသိဘူး..လို့  တုန့်ပြန် လာရင် ယာ ဘာဆက်ပြောရမလည်း..။
မမ အဲလိုတော့ ရက်စက်မှာ မဟုတ်ပါဘူး….။
မနက်ဖြန် သွားမယ်…ဆုံးဖြတ်ပြီး မျက်လုံးဇွတ်မှိတ်ပြီး အိပ်ပျော်အောင် အိပ်လိုက်သည်..။
.
“နှင်း..ဒီနေ့ စောကြီး နိုးနေပါလား..”
“အေး..” ပါပါ လည်း နှင်းလို့ခေါ်တယ်..မာမီလည်း နှင်းပဲ..အလုပ်သမားတွေပါ နှင်းခေါ်ပေမဲ့ ဘီဘီ က နှင်း လို့ခေါ်တော့ နားထဲမှာ ဘ၀င်မကျ ပါဘူး..။
“ပါပါ မနိုးသေးဘူးလား..”
“ညက အိပ်တာ နောက်ကျလို့လေ..”
နှင်း မေးမိတာ မှားသွားပြီ..ဘီဘီ မျက်နှာ ပြုံးနေမှာသိသည်..လုပ်ထားပေါ့လေ. နင့်သာ တုန်းလေး...။
“ည က ချောင်းတွေ တအားဆိုးပြီး..မအိပ်၇ဘူး..”
“ဟင်..” နှင်းတွေးတာနဲ့ မတူပဲ ဘီဘီ ဆီက အသံတိုးတိုးနဲ့ အကြောင်းပြချက် ထွက်လာတော့ နှင်း စိတ်ပူသွားသည်..။
“နှင်း..နင့် အဖေက နင်ပြောမှ ရမှာ..ပြောအုံး..”
ပြောပြီး မီးဖိုခန်း၀င်သွားသည်..ရောဂါ ဖြစ်တော့ နင့် အဖေတဲ့ ဟား..ဟား..ဒီလိုဟာ ကို ပါပါ က ဘာတွေ စွဲမက်နေတာလည်း..နှင်း မသိဘူးရယ်..။
“ပါပါ..ဘာစားမလည်း..”
“ဟင်..နှင်း..ဆိုင်မသွားသေးဘူးလား..”
“အင်း..ဒီနေ့ ပွဲက ညနေမှ မလို့..”
“နှင်း..ရော စားပြီးပြီလား..”
“ပြီးပြီ..ပါပါ က အိပ်ရာထ နောက်ကျနေတာကိုး..နှင်း ဗိုက်ဆာတာနဲ့ စားလိုက်တယ်..”
“ဟုတ်ပါတယ်..ပါပါ အပြစ်..”
“သသ်ရိုက်..”
“ဟား..ဟား..”
“နှင်း..မနေ့က ပွဲရုံဘက် သွားသေးတယ်ဆို..:”
“အင်း..”
“ဘယ် အချိန် ပြန်ရောက်လည်း..ဘယ်သူနဲ့ သွားတာလည်း.”
“ဟာ..ပါပါ ကလည်း နှင်း ကားနဲ့ တစ်ယောက်တည်း သွားတာပေါ့လို့..မနေ့က ပွဲစား တစ်ယောက်နဲံ့ ချိန်းထားလို့သွားတွေ့တာပါ..”
“ဘယ်လောက် အန္တရယ်များလည်း…နှင်းသိလား..”
“ဒီအနားပါ ပါပါ ရယ် နာရီ၀က်ကားမောင်းရောက်ပါတယ်..ကားမကြပ်ရင်..”
“သိတယ်..လူပျက်တဲ့ လမ်းဆိုတာလည်း  သိတယ်…ကျားတွေပဲ လည် နေတဲ့ နေရာဆိုတာလည်း သိတယ်…ည ၈နာရီမှ နှင်း အိမ်ပြန်ရောက်တာလည်း သိတယ်..”
“အဲဒါ ကဆိုင်၀င်နေလို့ပါ..”
“ပါပါ စိတ်မချဘူး..နှင်း..အဖော်မပါပဲ ဘယ်မှ မသွား၇ဘူး..ပြီးတော့ အလုပ်ကိစ္စဆို ပါပါ ကိုပြော ပါပါ ဆက်လုပ်မယ်..”
“မပြောပါဘူး..နှင်း က ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး လုပ်ချင်တာ..”
“နှင်း..”ခပ်ဆပ်ဆပ်အော်လိုက်လို့ တိတ်ကျသွားပေမဲ့ နှုတ်ခမ်းက ပြောဖို့ လှုပ်နေတာ သိသည်..။
အလိုလိုက်လို့ မဖြစ်တော့ဘူး..နှင်းစိတ်က ရွဲ့ ချင်လာရင် ဘာမှ စဉ်းစားတာ မဟုတ်ဘူး..မတော်မဆ တစ်စုံတစ်ခု ဖြစ်သွား၇င် ဒီ အဖေပဲ ရင်ကျိုးရမှာ…။
နှင်း အခန်းထဲ ရောက်တော့ ဘယ်သူပြောလိုက်လို့ ပါပါ သိသွားတာလည်း အပြေးအလွှားတရားခံရှာလိုက်သည်..။
ညနေစောင်းထွက်သွားတာ အိမ်မှာ လည်း ဘယ်သူမှလည်း မရှိပါဘူး..ပါပါ ပြန်မရောက်ခင် နှင်းအရင်ရောက်နေတာ လေ …ပါပါကို ဘယ်သူပြောလိုက်တာလည်း..။
ပါပါ သိ မှာ စိုးလို့ လမ်းကြောမတူတဲ့ အနောက်ဘက်က ပတ်သွားရတာကို…ကျွတ်
အခုတော့ အနှောင့်အယှက် အတားအဆီးတွေက စလာပြီ…
ဘီဘီ ပြောတာ နေမှာပေါ့..ဒင်း မိုးကောင်းတုန်း ရွာထားပါစေ…။
နှင်း ၀ရံတာ ထွက်ပြီး ဖုန်းစောင့်နေရတာ..အခန်းထဲမှာ ပြောရင် ပါပါ သိမှာ စိုးလို့ ၀ရံတာ တံခါးပါ ပြန်ပိတ်ထားခဲ့လိုက်သည်..။
စိတ်မောစွာ စောင့်နေတဲ့ ဖုန်း ၀င်လာပါပြီ..နှင်း အမြန်ကိုင် လိုက်ရသည်..။
“ဟလို…ကိုသီဟလား..”
“ဟဲဟဲ..အသံကို မှတ်မိသားပဲ..”နှာသံတွေ စပါလာပြီ..နှင်းဘက်က လိုတာရှိနေလို့ သည်းခံရတော့မည်..။
“အင်း..ဖုန်းကွန်တက် မှာ သီဟဇော်လို့ ရေးထားလို့ သိတာပါ..” နှင်း အမြင်ကပ်တာနဲ့ စကားကပ် ပြောလိုက်သည်..။
“အော်အင်း..ထားပါတော့..နှင်း ဘက်က ၀ယ်သူနဲ့ တွေ့ဖို့က  မလွယ်ဘူးလေ..ဟဲဟဲ..သဘောပေါက်တယ်မလား..”
“အဲဒါကြောင့် ကိုသီဟ ကို ပွဲစားခ ပေးပြီး လုပ်ခိုင်းတာပါ..”
“ဟာ..အဲလိုကြီး မပြောနဲ့လေ.ကို က အားတာမဟုတ်ဘူး..အခုချိန် ပဲကို ထိုးကျွေးနေကြတာ..နှင်း မို့လို့ ကို က ဦးစားထားပြီး ကူညီပေးတာ..အသစ်ကလေးကို လက်တွဲခေါ်တဲ့ သဘောပါ..စေတနာတွေ စေတနာတွေလေ..ဟဲဟဲ..”
နှင်း စိတ်ပျက်လာပြီ…ဒီလူ က စကားလုံးတိုင်း အသားယူပြောနေတော့တာပဲ..ရွံလိုက်တာ..။
“အဲတော့ နှင်း ဘယ်လုပ်ဖို့ ကျန်သေးလည်း..”
“အင်း ညနေ ၆နာရီလောက် မနေ့က တွေ့တဲ့ နေရာကိုလာလိုက်လေ..”
“ညနေပိုင်း နှင်း မအားဘူး..”နှင်း ခပ်ပျက်ပျက်ငြင်းရမည်..ပါပါ ပြောသလို ဖြစ်နေတာလား..
“နှင်းက မအားပေမဲ့ ကို က အဲ အချိန်မှ အလုပ်ပြတ်တာ..အဲတော့ နှင်း မလာဖြစ်ရင်..ဖုန်းကောလိုက်နော်..ကို နောက်တစ်ယောက်နဲ့ ဆက်လုပ်ရမှာမို့လို့..
ဒါပဲနော်..ဘိုင်.”ဇုန်းချသွားတော့ နှင်းမျှော်လင့်ချက်မဲ့သွားသည်..
ပွဲစားအကောင်ကြီးကြီးဆိုလို့ သူတစ်ယောက်တည်း သိတာ ကောင်းကောင်းမွန်မွန် ပြန်ပြောသင့်ပေမဲ့ နှင်း အတွက်တော့ မလုံခြုံဘူး…အခု အခြေအနေ ဆိုရင် ပါပါ မတားတောင် နှင်း မသွားရဲတော့ဘူး သတ္တိ ရှိပေမဲ့အသုံးမ၀င်တဲ့ မ ဘ၀ပါလား....။
နှင်း သက်ပြင်းချပြီး ဖုန်းကိုင်ရင်း စဉ်းစားခန်း၀င်နေလိုက်သည်..။
ခြံ ၀ က လူရိပ်ကိုတွေ့တော့ နှင်း အကြည့်ရောက်သွားပေမဲ့ ချက်ချင်း မျက်မှောင်ကျုံ မိသည်..။
ဘာလာလုပ်ပြန်ပြီလည်း…တီမြ နဲ့ ဘာတွေ အပေးအယူဖြစ်နေတာလည်း မသိဘူး…။
နှင်း ကျောခိုင်းလိုက်ပြီး..၀ရံတာ တံခါးဖွင့်တော့..
“မမ..”
ဟင်..နှင်း ကို ခေါ်နေတာလား..ဘာကိစ္စ ပါလိမ့်…ကျောခိုင်းပြီး အိမ်ထဲ၀င်လိုက်ပေမဲ့
စိတ်တွေက ခြံ၀မှာ… ဒီကောင်လေး ခေါ်နေတာ မသိချင်ယောင်ဆောင်လိုက်တော့  ပြန်သွားမှာပါ..။
..
ယာ မနက် ထွက်ခါနီး အောင်အောင်က လိုက်ပို့မယ်ပြောပေမဲ့ ဘက်စ် စီးပြီး သွားမယ်လို့ ငြင်းလိုက်ရသည်..။
မနေ့က မမ စိတ်ဆိုးနေတာ..ဒီကောင်နဲ့တွေ့ရင် ပိုး ဆိုး မှာ..။
ဒီနေ့ ဘာမှ ပေးစရာမရှိပဲ အိမ်ရှေ့ သွား၇ပ်တာ ဘယ်ကောင်းပါ့မလည်းအကြောင်းပြချက်ကလေး တစ်ခုဖြစ်ဖြစ်ရှိမှကောင်းမှာပေါ့..ပေးစရာလည်း ဘာမှ မရှိ..။
“ကွမ်းယာ ..”
“ဟာ..အကြံရပြီ…”
“ညီလေး..နေကြာစေ့ တစ်ထုတ်ပေး..ဘယ်လောက်လည်း..”
“၅ရာ ပါ အကို..”
“နားရာ.”ယာ ထိန်းပြောပေမဲ့ စကားတောင်မပီတော့..စျေးကြီးလိုက်တဲ့ ရန်ကုန်..မတက်နိုင်ဘူး…၀ယ်ရမှာပဲ မမ ကနေကြာစေ့တော့ ကြိုက်အုံးမှာပါ..။
ယာ ၀ရံတာ မှာ ရပ်ပြီး ဖုန်းပြောနေတဲ့မမ ကိုတွေ့နေရပေမဲ့..မခေါ်သေးပဲ ဖုန်းပြောပြီးအောင်စောင့်နေလိုက်သည်..။
မမ က ဘေးဘက်ကို ကြည့်ပြီးပြောနေလို့ ယာ ကို မမြင်..ဖုန်းပြောပြီး မှာ အကြည့်က ခြံတံခါးကို ရောက်လာသည်..။
မြင်မြင်ချင်း ကျောခိုင်းပြီး အိမ်ထဲ ၀င်ဖို့ လုပ်တော့ ယာ လှမ်းခေါ်မိလိုက်သည်..။
မမ ကြားပါတယ်..သိပါတယ်..ဒါပေမဲ့ မမ လှည့် မကြည့်ပဲ  အိမ်ထဲ ၀င်သွားပြီလေ..
မမ တကယ် မသိတော့ဘူးလား..
ဒါပေမဲ့ မနေ့ကတော့ မှတ်မိသား..မမ တကယ်စိတ်ဆိုးနေတာပဲ..။
ယာ ခြံရှေ့က အပင်စိုက်တဲ့ မြေအမြင့်ပေါ်တက်ထိုင်နေလိုက်သည်..လက်ထဲက နေကြာစေ့ ထုတ် ဖောက်စားရင် ကောင်းမလား..မဖြစ်သေးပါဘူး..နောက်နေ့တွေ့ရင် ပေးဖို့ သိမ်းထားရမယ်..။
.
နှင်း နံပါတ် ၁ ကို ဖိနှိပ်လိုက်တော့ ပါပါ ဆီ တန်းရောက်သည်..။
နှင်းဘ၀မှာ ပါပါ က နံပါတ်တစ်  ပါပါ အတွက် နှင်း ကတော့…။
“ဟလို..နှင်းပြော..”
“နှင်း ဒီနေ့ ညနေ သွားစရာရှီတယ်…ဘယ်သူနဲ့ သွားရမလည်း..”
“ဘီဘီ နဲ့ သွားလေ..အိမ်မှာ ရှိတယ်မလား..”
“မသွားချင်ပါဘူး..ပါပါ နဲ့ သွားမယ်..”
“ပါပါ မိုးချူပ်မှာ…နှင်းက လိမ်မာပါတယ်ကွာ..”
“ဟွန့်…ဒါပဲ..”
“တစ်ယောက်တည်း မသွား၇ဘူးနော်…”
“အင်းပါ..”
နှင်း ဖုန်းချပြီး စိတ်ညစ်မိသည်..ဒီပုံစံဆို ဒီမှာတင် မွဲတော့မလားပဲ..ပါပါ ကို စိန်ခေါ်ပြီးမှ စလိုက်တော့ လှောင်စရာတွေ ဖြစ်တော့မယ်လေ..။
“တီမြ ခေါ်သွားမယ်..”
နှင်း လှေကားကနေ ပြေးဆင်းလာလိုက်သည်..။
“တီမြ..တီမြ….ဟာ…ဘယ်သွားပြန်ပြီလည်း..နိုင်ဦး..”
“ခင်ဗျာ..”
“နင်ညနေ အလုပ်ရှိလား..”
“ဟုတ်ကဲ့..ဆရာကြီးကို သွားခေါ်ရမယ်..”
“ပါပါ ကမိုးချူပ်မှာ ညနေ ၆နာရီလောက်ငါကို ပွဲရုံ လိုက်ပို့စမ်းပါ..”
“အဲ..အဲဒါ..ဆရာကတော်ကို သင်တန်းက သွားကြိုရမယ်..”နှင်း ခေါင်းထဲ ၊ နားထဲ နဲ့ နှလုံးသား အထိ ပူလောင်သွားသည်..။
အိမ်က ဒရိုင်ဘာတောင် နှင်းမှာ ခိုင်းခွင့် မရှိတော့ပါလား…။
“ဟို..နှင်း..အရေးကြီးရင်..ဖုန်းဆက်ပြီး..ပြော..”
“တော်တော့..ထွက်သွား..”
“ဟုတ်ကဲ့..”နှင်းက ထွက်သွားလို့ ပြောပေမဲ့ နှင်းကိုယ်တိုင်ပဲ အိမ် ပြင်ထွက်လာခဲ့လိုက်သည်..။
အိမ်ရှေ့မှာ ဘီဘီ စိုက်ထားတဲ့ နှင်းဆီက နီနီရဲရဲ သုံးပွင့် ပွင့်နေသည်..
အား…ပန်းအိုးကို ကိုင်မြှောက်ပြီး လွတ်ချလိုက်တော့ မြေကြီးတွေပြန့်ကျဲခါ အပင်လိုက် လဲလျောင်းနေပေမဲ့ နှင်းဆီတို့က နီ နေဆဲ…
“မမ..”
“ဟင်..”နှင်း ကိုယ်လေး တုန်သွားသည်…ဒေါသထွက်နေပေမဲ့ ယာလေး ရှိနေတာ သိရင် ဒီလို ဝုန်းဒိုင်းကြဲ မိမှာမဟုတ်ပါဘူး…ဒီဗကာင်လေး မပြန်သေးတာလား..။
အသက်ကို ပြင်းပြင်းရှုထုတ်ပြီး..ခြံတံခါးဆီသို့ ဦးတည်သွားလိုက်သည်..။
ယာ စိတ်ပူလိုက်တာ..မမ ဘာတွေ ဖြစ်နေတာလည်း..ဘယ်သူကို ဒီလောက် စိတ်ဆိုးနေတာလည်း..မမ ကို ဘယ်သူက ခံစားရအောင်လုပ်နေတာလည်း..။
မမ ကတော့ ဘာမှ မဖြစ်သလို ပြုံးပြီး ခြံတံခါးနားရောက်လာသည်..။
“အဟမ်း..ဘယ်သူနဲ့ တွေ့ချင်လို့လည်း..”
“ဟင်..”
“တီမြ မရှိဘူး..”
“ယာ က မမ နဲ့တွေ့ချင်တာပါ..”
“ဘယ်က မမ လည်း..” နှင်း ရစ်နေတော ဘာကြောင့်မှန်းမသိပေမဲ့..စိတ်ထဲမှာ ပျော်သလို ခံစားရသည် ယာလေးနဲ့ စကားပြောရင် သူငယ်ချင်း တစ်ယောက်နဲ့ ပြောရသလို ပါပဲ..ငယ်ငယ် တုန်းကလို..သူ့ကို အရူးလုပ်ရရင် ပိုပျော်ဖို့ကောင်းမှာ..။
“နှင်းမမ လေ..”
“ဘယ်က နှင်းမမလည်း..ဒီမှာ အဲဒီ နာမယ် တစ်ယောက်မှ မရှိဘူး..”ယာ ခေါင်းကုတ်လိုက်တော့ မမ က ရယ်နေသည်..။
“မနေ့က မမှတ်မိလို့ မမ စိတ်ဆိုးသွားတယ်မလား..”
“အင်း..နည်းနည်း..ယာလေး..သူငယ်ချင်းကြောင့် ပို စိတ်ဆိုးတာပါ..”
“စိတ်ဆိုးနေတာ သိလို့..စျေးကြီးပေး၀ယ်လာတယ်..အင့်..”
ယာလေး ကခြံတိုင်ကြားက လက်ထုတ်ပြီး လှမ်းပေးတော့ ဘာပါလိမ့်လို့ သေချာကြည့်တာ နေကြာစေ့ ထုပ်..ဟား..ဟား..။
“အိုကေလေ..စျေးကြီးပေး၀ယ်ခဲ့တဲ့ နေကြာစေ့ မို့ ခွင့်လွှတ်လိုက်မယ်..”..
“ကျိုင်းဇူးပါ..” 
မမ ကရယ်ရင်း ခြံတံခါးဖွင့်ပေးသည်..၀င်သွားလို့ကောင်းပါ့မလား..။
“၀င်လေ..”
“အင်း..” ယာ စဉ်းစားနေချိန် ခေါ်လိုက်တော့ ဘာမှ မတွေးတော့ပဲ ၀င်လိုက်သည်..။
“လာ လေ အိမ်ထဲကို..”မမ က အိမ်ထဲ ၀င်ဖို့ ဦးတည်နေပေမဲ့ ယာ ကတော့ ခြံ ထဲက ဒန်းဆီ ပြေးသွားလိုက်သည်..။
“ဒန်းစီးချင်လို့..” ယာ ဒန်းပေါ်ထိုင်ပြီး လွဲနေတော့ မမ က ပြန်လှည့်လာပြီး ဒန်း ဘေး နားက ခုံ၀ိုင်းလေးပေါ်မှာ ထိုင်လိုက်သည်..။
“ဟား..ဟား…ဒန်း ကြိုက်တုန်းပဲလား....”
“အင်း..”
“ဒန်းနေရာတော့ တန်းသိတယ် မမ ကို ကျတော့ မမှတ်မိဘူး..”
“မမက အရမ်းလှလာတာကိုး..”
“ဟား...မြှောက်နေပြီ..ဟဲ့..” မမ ကို လှတယ်ပြောလိုက်တာ မမ ကတခြားမိန်းကလေးတွေ လို ရှက်ပြုံးမဟုတ်ပဲ အော်ရယ်နေတာ ပေါ့ပေါ့ပါးပါး….မမ အရင် အတိုင်းပါပဲ…။
မမ က လက်ထဲက နေကြာစေ့ထုတ်ကိုဖောက်ပြီး..ကံစမ်းမဲ စာရွက် အရင်ဖတ်ကြည့်သည်..။
ပြီးတော့ အရင်က အတိုင်း ယာ ဆီကို လှမ်းပေးသည်..
“အချစ်စစ်နှင့်  တွေ့မည်.”
“ဟား..ဟား..ခဏခဏ တွေ့ရလွန်းလို့ အတု ပဲ တွေ့ချင်တော့တာ..”
မမ ဘာပြောတာလည်း နားမလည်ပေမဲ့ စက္ကူခေါက်လေးကို ယာ ရှပ်အကျီ င်္အိတ်ထဲ ထည့်လိုက်သည်..။
မမ က နေကြာစေ့ကို ကျွမ်းကျင်စွာ ရှေ့သွားလေးနဲ့ ကိုက်ပြီး..ခွါစားနေတာ
ယာ လက်လှမ်းပေးတော့ ယာ လက်ထဲ အခွံထည့်သည်..။
“လိမ်မာတယ်..”
“ယာလေး..ဘယ်မှာနေလည်း..ဘာတွေ လုပ်နေလည်း..ဘယ်တော့ပြန်မှာလည်း.”
“မမ ကလည်း မေးလိုက်တာ အများကြီး..”
“ယာ အခု သူငယ်ချင်းနဲ့ အဆောင်မှာတည်းနေတယ်.. ရက်ပိုင်းနေပြီးမှ  ပြန်မလားလို့ အလုပ်တွေ ဘာတွေ လုပ်ရလည်း တစ်မျိုးပေါ့...”
“ကျောင်းကော မတက်တော့ဘူးလား..”
“ဟူး…တတိယနှစ်ရှုံးလို့..”ယာ  က သက်ပြင်းချရင်းပြောတော့ နှင်း သနားမိသည်..။
“ပြန်တက်လေ..ဘွဲ့တစ်ခုရအာင် လုပ်ပေါ့..”
“အင်း…ဒီမှာ ကျောင်းတက်ရင်း အလုပ်လုပ်ဖို့ပဲ..အိမ်ထောင်စု ပြောင်းမရသေးလို့…ဒီနှစ်တော့ မမှီတော့ဘူးလေ..”
“အဲတော့ ဘွဲ့ မယူပဲ အလုပ်ပဲ လုပ်တော့မယ် ဆိုပါတော့..”
“အင်း..”
“လွယ်မှာ မဟုတ်ဘူး..”
“သိပါတယ်..”ယာလေး က ခေါင်းစိုက်ပြီး…ဒန်းကို ခြေထောက်အားနဲ့ လှုပ်နေသည်..။
နိုင်ဦးက အိမ်ပြင်ထွက်လာပြီး ခေါင်းလှည့် ကြည့်ခါ  နှင်း ဆီကို လျှောက်လာသည်..။
“နှင်း…ညနေ သွားမယ်ဆို အစ်မ ကို ကြိုပြီး အတူတူလိုက်ပို့ပေးဖို့်..”
“မလိုဘူးလို့ ပြောထားတယ်လေ..”
“ဆရာကြီးက..ဖုန်းဆက်..”
“မလိုဘူး…ထွက်သွား..”နှင်း ဘယ်သူမှ ဂရုမစိုက်ပဲ အော်လိုက်သည်…ယာလေးလည်း ကြည့်နေမှာပါပဲ…အို ကြည့်ပါစေ. မျက်ရည်ပြည့်လာတဲ့ မျက်လုံးကို မျက်တောင် သုံးချက် လောက် ခတ်ထုတ် လိုက်သည်...။
နှင်း ဒီ ဘက် ပြန်လှည့်လာတော့ ယာ က ဘာမှ မဖြစ်သလို ဒန်းကို လွဲစီးနေသည်..။
ယာလေး နဲ့ နေချိန် အဲဒါတွေကြောင့် စိတ်သက်သာတာ..ငယ်ငယ် က လည်း မာမီ ဆူလို့ ငိုနေတာကို မမေးပဲ ဘေးမှာ အရုပ်တွေနဲ့ တိတ်တိတ်လေး ထိုင့်ဆော့နေတက်တာ..အခုလည်း မသိချင်ယောင် ဆောင်ပြီး..ဒန်းစီးနေလို့ နှင်း စိတ်သက်သာရသည်..ဘာဖြစ်လို့လည်း..မမ လို့ မေးလာရင်တော့ ချူံးပွဲချငိုမိတော့မလား မသေချာ..…။
.
ယာ မြက်စိမ်းလေးတွေကို ကြည့်ပြီး မမ အကြောင်းတွေးနေမိသည်..
ယာ နဲ့တွေ့တာ အချိန် မကြာသေးပေမဲ့ မမ ပြောင်းလဲ သွားတာ ခံစားမိပါသည်..။
အရင်တုန်းက နူးနူးညံညံလေး..ကလေးတစ်ယောက်လို …
မာမီ မရှိတော့ဘူးဆိုတော့ မမ အားငယ်နေမှာကို အမေနေရာ အစားထိုး ၀င်လာသူကြောင့် ပို ခက်ထန် လာတာ ဖြစ်မည်…
အရင်က မမ လို ပြန်ဖြစ်စေချင်လိုက်တာ..
ယာ ကူညီလိုရရင် ကူညီချင်ပါတယ်…ဒါပေမဲ့….
“မမ မှတ်မိလား..ငယ်ငယ် က ခြံစည်းရိုး ပေါ်က ပြုတ်ကျတာလေ..”
“ဟင့်အင်း..”
“ယာ ကတော့ မမေ့ဘူး..ဒီမှာ..”
ယာ လက်ဖျံက အမာရွက် အစင်းကြောင်းလေးကို ပြလိုက်တော့ မမ က သေချာစိုက်ကြည့်သည်..။
“အော်..နေကြာစေ့ ခိုး၀ယ်ဖို့ တွယ်တက်တာလေ..ဟား..ဟား..မှတ်မိပြီ..”
“အင်း..အခုကော နေကြာစေ့တွေ အရမ်းစားသေးလား..မမ..”
“တားမဲ့ လူ မရှိတော့ မစားချင်တော့ဘူး..အရင်က မာမီက တားတော့ ခိုးစားရတာ အရသာ ရှီတယ်လေ..”
“အခုကော အရသာရှိရဲ့လား..”
“ရှိတာပေါ့ ယာလေး ၀ယ်ကျွေးတာပဲဟာ..” မမ က ပြောရင်း ယာ လက်ထဲကို နေကြာစေ့ ခွံ တွေ လှမ်းထည့်သည်..။
“နေကြာစေ့ ၀ယ်ပြီး စားလို့.မာမီ ဆူတော့ မမ ငိုသေးတယ်နော်..”
“အင်း..ယာလေးက ငယ်ငယ် ကတည်းက လိမ်မာတယ်…မမေးဘူးနော်..အရမ်း အလိုက်သိတာပဲ..မမ လေ..ကောင်လေးတွေ အများကြီး တွေ့ဖူးခဲ့ပြီးပြီ..ယာလေးနဲ့ပဲ အဆင်ပြေတာ..သလား..ရည်းစားတွေထားခဲ့တယ်..အလိုက်မသိတော့…လမ်းခွဲ လိုက်တယ်…တစ်ခါတစ်လေ..တွေးမိတယ်..ယာလေးကို ခေါ်ပြီး သူတို့ကို သင်တန်းပေးခိုင်း ရမယ်လို့လေ..ဟား.ဟား..”
ယာ မြက်ပင်တွေကိုစိုက်ကြည့်ရင်း တွေဝေသွားသည်..မမ က ချစ်ရသူ ရှိနေပြီလား…။
ယာ ကတော့….
.
အလိုက်သိဆိုမှ နှင်း တစ်ခု အကြံရသွားသည်..။
ဒီကောင်လေးကို နှင်း အနားမှာ ထားရမည်..တစ်လောက လုံးမှာ နှင်း အကြောင်းသိတာဆိုလို့ ယာလေး တစ်ယောက်တည်း ရှိတာ..
အလိုက်သိတာရော..နှင်း မျက်နှာရိပ်ဖတ်တက်တာရော..ငယ်ငယ်ကတည်းက ဆရာလေး..
ပါပါ နဲ့ မာမီ တို့တောင် နှင်း မျက်နှာကို ကြည့်ပြီး စိတ်ကို မခန့်မှန်းတက်ဘူး..ယာလေးကတော့ ခန့်မှန်းနိုင်သည်..။
တစ်ခါတစ်လေ..ငယ်ငယ်က အကြောင်းပြန်တွေးမိတိုင်းနှင်း အာရုံ ထဲ ယာလေး ရောက်လာတက်တာ..တွဲနေတဲ့ လူတွေကို..ယာလေးအကြောင်းပြောပြပြီး ကြံဖန်ဂုဏ်ယူခဲ့ဖူးသည်…
အမှန်တော့ ယာလေး ဆိုတာ..နှင်း အတွက် ဂုဏ်ယူစရာသိတက်မှုတွေ ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်ပါ…
သူကို အဝေးကို ပြန်မသွားစေချင်ဘူး..နှင်း အနားမှာပဲ ထားချင်သည်..
ဘော်ဒါက စနေ့နေ့ ပြန်လာတော့ ယာလေးမရှိတော့လို့ အသည်းအသန် ငိုကြွေးခဲ့ဖူးတာ သတိရရင် အခုချိန်မှာ ရူးတယ်လို့ တွေးမိပေမဲ့..ရင်ဘတ်က နာလာသလိုလို..။
“ယာလေး..ကားမောင်းတက်လား..”
“ဟင့်အင်း..”
“မမောင်းတက်လည်း ဖြစ်တယ်..ညနေ ကျရင် ပွဲရုံကို အဖော်လိုက်ပေးပါလား..”
ယာ ခေါင်း အမြန် ငြိမ့်လိုက်သည်.. မမ ဘာတွေကို ဒေါသထွက်နေလည်း..ယာ သဘောပေါက်ပါပြီ..မမ နဲ့ လိုက်မဲ့လူ မရှိလို့လား..လိုက်မပို့တာလား နှစ်ခုတည်းက တစ်ခုခုပေါ့..။
ယာ နေကြာစေ့ ခွံတွေကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း ဒန်းပေါ်က ထလိုက်သည်..။
“ဒါဆို ယာ ပြန်အုံးမယ်..ညနေ ဒီပြန်လာမယ်လေ..”
“ယာလေးက ဘယ်ပြန်ရမှာလည်း..”
“လှည်းတန်း..”
“အယ်..မပြန်လို့ မရဘူးလား..”
“ဟဲဟဲ..မမ က ထမင်းကျွေးမှာလား..”
“ဘာလည်း ဗိုက်ဆာလို့လား..”
“အင်း..” ဘယ်လိုကောင်လေးလည်း.ခုမှပြန်တွေ့တာကို ဗိုက်ဆာတယ်ဆို ဟန်တောင်မဆောင်နိုင်..ဟန်မဆောင်တက်တာ ယာလေးရဲ့ ပင်ကိုယ်ဗီဇ ပါ..။
“လာလေ.. ယာလေး..”
“မဖြစ်ဘူး..ထင်တယ်..”
“ဘာလို့လည်း..တီမြ ဆူမှာ စိုးလို့လား..”
“အင်း”
“လာပါ မမ အတင်းခေါ်လို့လာတယ်ပြောလိုက်...”
မမ က ခေါ်နေလို့…ယာ အိမ်ရှေ့ က အမှိုက်ခြင်းထဲ နေကြာစေ့ခွံတွေ ထည့်ပြီး  အိမ်ထဲ လိုက်သွားလိုက်သည်..။
အိမ်ထဲမှာ တစ်ယောက်မှ မတွေ့ မမ က အရင်အတိုင်း ဘာကိုမှ ဂရုမစိုက်ပေမဲ့..ယာ စိတ်ပူသည်…။
မမ ကို အခုအိမ် မှာ ဘယ်သူမှ အကောင်းမြင်တာမဟုတ်ဘူး..
မမ ကလည်း ပြသာနာ အရမ်းရှာထားတော့ နာနီမြတောင် နေရစားရကြပ်နေရှာတာ…
အလုပ်သမားတစ်ယောက်ယောက်များ မကျေနပ်လို့ ပါပါ ကို ချဲ့ကားပြောလိုက်ရင်..
မမတော့ ဆူခံရလိမ့်မယ်…
ယာ ခုံမှာ ထိုင်ဖို့ လုပ်ပြီးမှ ပြန်ထလိုက်သည်..။
“မမ ယာ ပြန်မှ ဖြစ်မယ် ထင်တယ်..ယာ သူငယ်ချင်း လိုက်ရှာနေမှာစိုးလို့..”
“ဖုန်းဆက်လိုက်လေ..”
“ယာ ဆီမှာ ဖုန်းမှ မရှိတာ..”
“ဟွန့် ဒါဆိုလည်း..ကြွ..ညနေ မမေ့နဲ့နော်..အဲ..ထမင်း စားသွားအုံးလေ..”
“မစားတော့ဘူး..ဒီကောင်တွေ အခုလောက်ဆို ပတ်ရှာနေပြီ..”
ထမင်း မစားပဲ ထွက်သွားပြိ…ကျွတ် အပြေးအလွားနဲ့..ကားကြပ်တာနဲ့ ဆို ညနေ အမှီ လာ နိင်ပါမလား မသိ..
နှင်း အချိန် ပြန်တွက်ကြည့်ပြီး..ပြန်လွှတ်လိုက်လို့ နောင်တ ရနေမိသည်..။
မဖြစ်ပါဘူး..ဖုန်း တစ်လုံး၀ယ်ပေးအုံးမယ်…
“နိုင်ဦး..”
“ခင်ဗျာ..”
“A5 တစ်လုံး..MPT   တစ်ကဒ် တယ်လီ တစ်ကဒ် ဘေ ၅ထောင်ဆီပါ ထည့်ခဲ့. ပိုက်ဆံ ခုံပေါ်မှာ .”
နှင်းပြောပြီး…အပေါ်တက်လာခဲ့လိုက်သည်..။
နိုင်ဦး ပိုက်ဆံထုတ်ကို ကိုင်ပြီး ခေါင်းကုတ်နေမိသည်..ဒါတွေရော ဆရာကြီးကို သတင်းပို့ရအုံးမှာလား..ဖုန်းတစ်လုံး၀ယ်တာတော့ ကိစ္စမရှိပါဘူးလေ..။
အဖေ ကိုပြန်ပြောရင် သမီးက စိတ်ဆိုး..မပြောပြန်တော့ အဖေ က ကျိန်းနဲ့ ငါလည်း ကြားထဲက ဘယ်နေ့ ရွာပြန်ပြေးမိမယ် မသိဘူး..။
နိုင်ဦး တွေးရင်း ဖုန်းဆိုင်ကို ဦးတည် ထွက်လာလိုက်သည်..။
လမ်းရောက်တော့ ၀င်လာတာ ဖုန်းနှစ်လုံး တစ်ပြိုင်တတည်း..
“ဟလို..” နှစ်ခုစလုံး ကိုင်လိုက်ပြီး..နားကြပ် နှစ်ဖက် ထိုးလိုက်ရသည်..
“သမီး…အိမ်မှာလား..ညနေ ကိစ္စ ဘာပြောလည်း..”
“နှင်း အကြောင်း ပါပါ ကို ပြန်ပြောလို့ကတော့ သတ်မှာနော်..”
“ဟုတ်ကဲ့..ကျွန်တော် လမ်းမှာမို့လို့..နောက်မှ ပြန်ဆက်မယ်နော်”
ဟူး..တော်တော် မလွယ်တဲ့ သားအဖ ။

...........
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
တစ်နေ့တစ်ပိုင်းပဲ ရေးဖို့ အချိန်ရတာ..
ကိုယ်ကိုယ်ကို လည်း အားမရဘူး 💔
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အလုပ်နဲ့မို့ ရတဲ့ အချိန်လေးပြေးရေးရလို့ပါနော် 💪
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖
Love u all ❤

မအတွက်Onde histórias criam vida. Descubra agora