Part 4

4.5K 150 0
                                    

မ အတွက်
အပိုင်း (၄)
#မအတွက်စပိုက်ကာ

“တီ.တောင်..”
အောက်ထပ်မှာ ဘဲလ်သံ ဆူညံ ထွက်လာတော့ နှင်း အခန်း လိုက်ကာကို မပြီး ခြံ၀ကို လှမ်းကြည့်လိုက်သည်..။
ဟော..ရောက်နေပြီ..အချိန်တိကျသားပဲ..လိမ်မာတယ်…။
နှင်း ပိုက်ဆံအိတ်ယူ ပြီး လှေကားက ပြေးဆင်းလိုက်သည်..
အော်မေ့ ခဲ့ပြန်ပြီ..အခန်းထဲက ဖုန်းကို ယူပြီး လက်ထဲမှာ ဖုန်းနှစ်လုံး ကိုင်ရင်း ပြေးဆင်းခဲ့လိုက်သည်..။
“ယာလေး အချိန်တိကျသားပဲ..”
“ဟဲ..ဟဲ..တော်တယ်မလား..” မမ က ခြံတံခါးဖွင့်ပေးတော့
“ယာ မ၀င်တော့ဘူးလေ…အခု သွားတောင် လမ်းပိတ်အုံးမလားသိဘူး..”
နှင်း နှုတ်ခမ်းမဲ့ လိုက်ပြီး ကား ဆီလျှောက်သွားလိုက်သည်..ယာလေးက တကယ်ကို ခြံထဲ မ၀င်တာ..ကြီးကျယ်တာလား..တကယ်နောက်ကျမှာ စိုးတာလား..။
ကားကွေ့ထွက်လာပြီး..စချင်လာတာနဲ့.လိဗာ ဖိနင်းလိုက်သည်.. ။
“မမ..”
မှန်ထဲကတစ်ဆင့် နောက်က ပြေးလိုက်လာတဲ့ ယာလေး ကိုကြည့်ပြီး နှင်း တစ်ယောက်တည်း ရယ်နေမိသည်..။
အရပ်ရှည်ရှည်နဲ့ ကမျောကသော ပြေးလိုက်လာတာ..ခြေတံရှည်ရှည် နဲ့ မို့ ပြေးတဲ့ပုံက ရယ်ချင်စရာ..
အရှိန်လျော့ပြီး ဘရိတ်မှေးလိုက်တော့ပြေးလာလို့ နီးနေပြီ..
အရှိန်ပြန်တင်ပြီး ထပ်ပြေးခိုင်းချင်ပေမဲ့..မဖြစ်သေးပါဘူး..နောက်ကျ နေအုံးမယ်..။
“ဟူး…သေတော့မယ်..ဟူး..မမ ..ဘာလို့…မောင်း..မောင်း..မောင်း..”
“မောင်းပြေးတာလည်း..” ယာ လေး ကမောပြီး မဆက်နိုင်လို့ နှင်းပဲ ဆက်ပြောပေးလိုက်ရသည်..။
“အင်း..အဲဒါ..ဟူး..”
“လီဗာ မှားနင်းမိလို့..”
“ဟူး..ဂရုစိုက်မောင်းပါ..မမရယ်..ဟူး..”
“တက်တော့လေ..ရေသောက်အုံး..”
“အင်း..” ယာ ကားတံခါးဖွင့်တော့ လက်တွေကချွေးတွေနဲ့ ချောနေပြီ..။
ကားပေါ်ရောက်မှ ကိုယ့်အဖြစ်တွေးပြီး ရယ်မိသည်..ရန်ကုန်မှာ နေရာစုံ မသိတောင် အဆောင်တော့ ပြန်တက်ပါတယ်..ပြီး..မမ က ယာ ကျန်ခဲ့လည်း ပြန်စောင့်ခေါ်မှာပါ…
ဘာကို ဒီလောက်ကြောက်ပြီး ခွေးပြေး၀က်ပြေး ပြေးလိုက်မိတာလည်း ကိုယ်တိုင်တောင် နားမလည်နိုင်..။
“ရေဘူးဘယ်မှာ ပြန်ထားမလည်း..”
“အံခွင်ထဲ ထည့်လိုက်…”
“ဟယ်..ယာလေးရယ် ထမင်းများများစားစမ်းပါ..လက်တွေကလည်း.အကျောတွေတောင်ပေါ်နေတယ်.”
ယာ ပါးစပ်ထဲက ရေကို ပါးဖောင်းငုံပြီး လက်ကို ငုံ့ကြည့်မိသည်..။
“ဂလု..” ရေတောင်နင်တယ်..ပြောချင်ဇော…
“ဟာ..မမ ကလည်း..ဒါ မျိုး ယောင်္ကျားတွေ ဖြစ်ချင်လို့ တမင်ကျင့်ယူနေတာ..ငတ်ပြတ်လို့ ငေါ ထွက်နေတဲ့ အကျော ဟုတ်ဘူး..ယောင်္ကျားပီသတဲ့ အဖိုးတန် သွေးကျောစိမ်းတွေလေ..”
“အဲလိုလား..သိဘူးလေ..”
“ဒီမှာကြည့်ပါလား..လက်မောင်းမှာ တွေ့လား..အဲဒါမျိုးဖြစ်အောင် တမင် လေ့ကျင့်နေရတာ..ယောင်္ကျားပီသဖို့ အခုခေတ်မှာ အပြင်းအထန် လေ့ကျင့်နေကြတာလေ..မမ က ရန်ကုန်မှာနေပြီး မသိဘူးလား..”
“သိဘူး..”နှင်း ပြုံးနေမိသည်…ရင်ထဲမှာတော့ အော်ရယ်နေတာ...သေချာ ရှင်းနေတာ သူမှာ ရှိတဲ့ ငုံးဥ အရွယ် လက်မောင်း ကြွက်သားကိုများ. နမူနာ စံပြတဲ့ ...
“အဲ တကယ်ကြီးပဲ..”
နှင်း လက်တစ်ဖက်နဲ့ ဘေးက ယာလေး လက်မောင်းကို ကိုင်လိုက်တော့ တကယ်ကြီးတဲ့ လက်မောင်းပဲ..ရှပ်အကျီ င်္လက်ရှည် အပွ မို့လို့ မသိသာတာ..
“ဝိုး..မှန်မှန်ပြောစမ်း..ယာလေး..ဂျင်ကစားနေတယ်မလား…”
“အလုပ်လုပ်ရင်း ရတဲ့ အပိုဆုပါ. သူများတွေလို အပင်ပန်းခံစရာမလိုဘူးလေ..”
“မမ ပွဲရုံ  မှာ အလုပ် ရှိလို့လား..မမ က အဲဒါတွေ လုပ်တာလား..”
“အင်း..အခုနောက်ပိုင်း အလုပ်ပြောင်းထားတာ…”
ယာ ဘာမှ ဆက်မမေးတော့ပါဘူး..မမ အိမ်တွင်းရေးကိစ္စတွေ..ဒါပေမဲ့ မမ တို့ကြည့်ရတာ အဆင်ပြေတဲ့ ပုံပါပဲ ခြံ ထဲမှာ ကားသုံးစီးတောင် ရပ်ထားတာ..ယာ တွေ့ခဲ့ပါတယ်..ဒါကို မမ က ဘာလို့…။
“ကလင်..ကလင်..”
ယာ အတွေးတွေ ဖုန်းသံ ကြောင့်ပျက်သွားသည်..။
“ဟလို…ဟုတ်ကဲ့..လာနေပါပြီ..လမ်းပ်ိတ်နေလို့ပါ..ခဏစောင့်ပေးပါနော်..”
ဟူး…ဖုန်းချပြီး တစ်ဆက်တည်း သက်ပြင်းချလိုက်သည်။ ဒါကိုလည်း ဘေးက ယာလေး ဆီက မေးခွန်းမလာပါဘူး....။
“ယာလေး ကားပေါ်ကစောင့်နေနော်..”
“အင်း..”
မမ က ကားကို သော့မဖြုတ်ပဲ မီးဖွင့်ပေးခဲ့ပြီး ထွက်သွားသည်..
ယာ မျက်လုံးစူးတာနဲ့ ကားမီးကို ပိတ်လိုက်ရသည်..။
နေ၀င်ခါစ ပေမဲ့ အလင်းရောင် ကျန်နေသေးတော့ ယာ အပြင်ကို ထိုင်ငေးနေလိုက်သည်.
ယောင်္ကျားတွေ  တော်တော် များများ အလုပ်ပြန်မှာမို့  ကိုယ်အပေါ်ပိုင်းဗလာကျင်းနဲ့ ရေချိုးသူချိုး လွယ်အိတ်လွယ်ပြီး  ပြန်တဲ့ လူပြန်..ပစ္စည်းတွေ ကားပေါ်က ထမ်းချနေတဲ့ လူတွေရဲ့ အော်ဟစ် ဆဲဆို ရယ်မောသံတွေက လည်း ဆူညံနေသည်..။
မမ တစ်ယောက်တည်း ဒီလိုနေရာကို လာနေတာလား..ကျွတ်..ယာ လမ်းတစ်ဖက်က လက်ဘက်ရည်ဆိုင်ထဲ လှမ်းကြည့်လိုက်သည်..။
မမ က အကျီ င်္က ပန်းရောင်လေးမို့ ထင်ရှားပြီး လွယ်လွယ်ကူကူ တွေ့ရသည်..။
တော်သေးတယ်..အ၀ နားမှာ ထိုင်နေလို့ တစ်ဆိုင်လုံး ယောင်္ကျားတွေ ချည်းပဲ …။
.
“ကိုသီဟ က ခု တစ်မျိုး တော်ကြာတစ်မျိုးပဲ..”
“နှင်း ကလည်း..ကို လည်း ကြိုးစားပေးနေတာပဲ…နည်းနည်းစောင့်ရမှာပေါ့...ကိုယ်က ရောင်းချင်တဲ့လူပဲလေ..”
“ အဲဒါဆိုလည်း ဖုန်းပြောတုန်းက တစ်ခါတည်းပြောပါတော့လား..”
“ကိုတောင် ညနေကမှ သိတာလေ..ညနေ ကဖုန်းဆက်တော့ နှင်းက လာနေပြီိဆိုတော့..မျက်နှာချင်းဆိုင်ပြောတာ ပို ကောင်းမယ် ထင်လို့. မပြောတော့တာ...”
“အခု အဲဒါပြောမလို့မလား..နှင်းပြန်မယ်..”
“နေပါအုံး..ကို နောက်၀ယ်သူ တစ်ယောက်နဲ့ ချိတ်ကြည့်အုံးမယ်..သူလာရင် နှင်း နဲ့ ဆက်ပြော..ကို လိမ့်တော့မယ်…ချိန်ထားတာ တစ်ခု ရှိလို့”
“ဟလို..ဝြကီးလား..အေး..ဒီမှာ.. နမူနာ ပါလာတယ်..မင်း မပြန်သေးရင် ထိပ်ကို ထွက်လာအုံး..ငါ သိန်း လက်ဖက်ရည်ဆိုင်မှာ.အေး…အေး..”
“လာလိမ့်မယ်..ခဏစောင့်နော်..မိုးချူပ်လည်း ဖြစ်တယ် မလား..”
“မိုးမချူပ်တော့ကောင်းတာပေါ့..” နှငးစိတ်မရှည်လို့ အသံနည်းနည်း မာသွားသည်..
၅မိနစ်ကြာတော့ ဖုန်းသံမြည်လာပြန်သည်..။
“ဟလို…ဟုတ်လား..ဒါဆို ငါတို့ လာခဲ့လိုက်မယ်..”
“သူရုံကိုပဲ လာခဲ့ပါတဲ့..”
“ကျွတ် ဝေးလား..ကိုသီဟ..”
“မဝေးပါဘူး..”
“သွားမယ်လေ..”
မမ ခုံက ထတာ သိလိုက်တော့ ယာ ခေါင်းထောင်ကြည့်မိသည်..ပြန်လာတာလား…
..မမ က လူ တစ်ယောက်နောက် လိုက်သွားတာပဲ..။
ယာ ဆင်းလိုက်သွားရမလား..မမ က ကားပေါ်က စောင့်လို့  မှာခဲ့တော့..ဘယ်လိုလုပ်ရမလည်းမတွေးတက်..
.မမ ကိုယ်တိုင် လိုက်သွားတာဆိုတော့ ဘာမှတော့ မဖြစ်နိုင်ပါ..ယာ ဆက် ထိုင်နေလိုက်သည် ။
“ေ၇ာက်ပြီ နှင်း..မဝေးဘူးတွေ့လား..”
“အင်း..”
“လာ..လေ..ဝြကီး ရေ..”
“အေး..လာကွ..”
“ပစ္စည်း နမူနာ ပြပါအုံး..”
“ဟင်…ဒါ ကြာပြီပဲ..ပြီးတော့ ဘယ်ရုံက လှောင်ထားတာလည်း..”
“ဝြကီး..မရစ်နဲ့ကွာ..ဒီကောင်မလေး ပြန်ရအုံးမယ်..”
“ငါ ၁၄ ထပ် ပို မပေးနိုင်ဘူး..”
“ကဲ ဘယ်လိုလည်း နှင်း..”
“နှင်း..ယူတာ ၁၉တောင်..”
“သိတယ် အကုန်လုံးအော်နေရတာ..ပိုက်ထားရင် ပိုနာမှာနော်..ညီမ..”
“နေပါစေတော့ ကျေးဇူးတင်ပါတယ်..ကိုသီဟ..ဒီက အကို အလုပ်ပျက်သွားရင် ဆော်ဒီးနော်..”
“ရပါတယ်..”
“နှင်းရယ်..ကို လည်း တက်နိုင် သလောက်ရှာကြည့် ပေးပါမယ်..’ဒီလောက က ဒီလိုပဲ..”
“ကျေးဇူးပါ..”
“ဟိတ်..ကိုသီဟကြီး..အိမ်မပြန်သေးဘူးလား..” အနားကိုရောက်လာတဲ့ လူနှစ်ယောက်ဆီက အရက်နံ့ရလိုက်သည်…။
“ကျွတ်ဒုက္ခ ပဲ ဒီကောင်အုပ်စု မူးရင် သောက်ရမ်းရစ်တော့မယ်..”
“နှင်း မြန်မြန်သွားလိုက် ကို ကို မစောင့်နဲ့တေတာ့..”
“ရှင်..”နှင်း လက်ဖျားတွေ အေးစက်သွားသည်..လက်ဖက်ရည်ဆိုင်ကို လှမ်းမြင်နေရပေမဲ့ လှမ်းသေးသည်..ဒီအနား မီးတိုင် အဝါအောက်မှာ ဟို တစ်စု ဒီ တစ်စု ..။
နှင်း ခပ်သွပ်သွပ် လျှောက်လာပေမဲ့ မီးတိုင်ရှေ့က ဖြတ်တော့ ..
“ဟိတ်…”
“မဟာဆန်သူရေ..”
“ဖြေးဖြေးပေါ့..ခလုတ်တိုက်မယ်လေ..ညီမရဲ့..”
“ငါ လိုက်မယ်..”
“အိုကေ..ဒိုး..”
လူတစ်ယောက်က နှင်း အနောက်က လိုက်လာသည်။
“ညီမ ကြောက်လို့လား..ကို လိုက်ပို့မယ်လေ..ညီမ ကို အကိုက ကာကွယ်စောင့်ရှောက်မယ်..”
“ရပါတယ်…ညီမ က လက်ဖက်ရည်ဆိုင်သွားမှာ..”
“အော် တော်တော် ဝေးသေးတာပဲ..”
“မဟုတ်ဘူးလေ..အရှေ့က လက်ဖက်ရည်ဆိုင်ကို သွားနေတာ..”
“ဟိုးမှာ..အဝေးကြီး လိုသေးတာ..စိတ်မချပါဘူးကွာ..”
“ရပါတယ်..”နှင်းကြောက်နေပေမဲ့ စကားတော့ ပြန်ပြောနေမိသည်..အရက်နံ့ထွက်နေတာ..အခန့်မသင့်လို့ တစ်ခုခု လုပ်ရင်…
ခေါင်းထဲ ရောက်လာတာ…ယာလေး....ဘယ်မှာလည်း..။
လက်ဖက်ရည်ဆိုင်ရောက်တော့ အ၀ ကခုံမှာ အမြန် ၀င်ထိုင်လိုက်သည်..။
ကို သီဟ ကလည်း..ကြာလိုက်တာ..ယာလေးကလည်း လာမခေါ်ဘူး..။
လမ်းကူးပြီးရင်လည်း. ကားဆီ ရောက်တဲ့ အထိ အမှောင်ထဲမှာ လျှောက်ရအုံးမှာ..။
ဟင်..ဒီလူ…နှင်းဘေးက ခုံမှာ ကပ်ပြီး ၀င်ထိုင်လို့ နှင်း ကိုယ်လေးကို မထိပေမဲ့ ကျူံထားမိသည်..။
“မမ..ပြီးရင် ပြန်မယ်လေ..”
“ဟင်..ယာလေး..” နှင်း အတိုင်းမသိ၀မ်းသာမိသည်..ယာလေးကိုလည်း စိတ်ထဲက ကျေးဇူး အထပ်ထပ်တင်နေမိသည်..။
“အလုပ်ကိစ္စ ပြီးပြီလား..” ယာလေးက ဘေးက ထိုင်နေတဲ့လူကို အလုပ်ကိစ္စပြောနေတယ် ထင်နေတာ
“အင်း…အင်း.ပြီးတာကြာပြီ..ယာလေး လာမခေါ်လို့”နှင်းပြောရင်း ထရပ်ပြီး ယာလေးဘေး ပြေးကပ်လိုက်သည်..တော်ပါသေးရဲ့..။
မမ က ယာ လက်ကို ကိုင်ပြီး လမ်းကူးတော့  လက်ဖျားတွေအေးစက်နေသည်
ဘာတွေဖြစ်ခဲ့လိုလည်း..မမရယ်..။
“ဟူး..တော်ပါသေးရဲ့..ယာလေး..ရယ်..”
ကားထဲ ရောက်မှ သက်ပြင်းရှည် ချမိသည်..။
ယာ ဘာမှ မပြောပဲ ကားရှေ့က လက်ဖက်ရည်ဆိုင်ထဲကို ငေးကြည့်နေလိုက်သည်..။
“အဲဒီလူက  မမ ကိုလည်း မသိပဲနဲ့ ဘေးက ကပ်လိုက်ပြီး မမခုံဘေးကပ်ထိုင်တာ..အရက်နံ့လည် မွန်နေတာပဲ..”
“မမ အခုချိန် ဒီနေရာမှာ တစ်ယောက်တည်း သွားလာနေတာ အန္တရယ်ရှီတယ်..”
ယာ သတိပေးချင်ပေမဲ့ မမ စိတ်ဆိုးမှာလည်း ကြောက်လို့ ထိန်းပြီးပြောနေရသည်..။
“အင်း မမ သိပါတယ်..ဂလေဂချေတွေ စုနေတာ..”
“မမ တစ်ခုခု ဖြစ်တောင် မမ က ဂလေဂချေတွေ ဆီလာတာလေ..ဒါသူတို့နေရာပဲဟာ..”
“အေးပါဟယ်…ပြောလည်း..ခံရမှာပဲ..တောက်…”
မမ စိတ်ဆိုးသွားပြီလား…ယာ မင်းက လည်း ရှည် တာ..ပြီးခဲ့တာကို ပြန်စနေတယ်..သေတော့မှာပဲ..။
မမ က ရေသောက်ပြီးမှ..ကားစက်နှိုးပြီး..လမ်းမပေါ်ကွေ့တက်လိုက်သည်..
ယာ စောစောကတည်းက မမ ဆီ သွားသင့်တာ
ယာ ကားပေါ်က ကြည့်နေတာ အမှောင်ထဲက မို့ အလင်းကိုပိုမြင်နေရသည်။
အရင် တွဲသွားတဲ့လူက ခပ်ခွါခွါ သွားတာ ပြန်လာတော့  ပါလာတဲ့ လူ က အနားကို ချည်း လိုက်ကပ်နေတာ..
ယောင်္ကျား အချင်းချင်းမို့ သဘောပေါက်လိုက်ပေမဲ့..မမ ခွင့်ပြု လို့ လိုက်ကပ်နေတာလို့ ထင်လိုက်မိတာ အမှား..။
ခုံမှာ ထိုင်ပြီး ခဏ ကြာတော့ ဒီလူ ကပ်ထိုင်တော့လည်း မမ ထိုင်ခိုင်းတာလို့ ထင်နေတုန်း..။
မမ ကို သေချာကြည်တော့ လမ်းဘက်ကြည့်လိုက် ကားကို ကြည့်လိုက်မို့ သိပ် မဟုတ်ဘူး ထင်တာနဲ့..
ယာ ကားပေါ်က ဆင်းသွားပြီး ကားတွေ ကိုရှောင်ရင်း..ကူးသွားတာ…အနားရောက်တော့ မမ က ကားကို လှမ်ုးကြည့်နေတုန်း..
မသေချာပေမဲ့ ခေါ် ကြည့်လိုက်တော့ ၀မ်းသာသွားတဲ့ မမ မျက်နှာ..သိလိုက်ပါပြီ..
..ယာ နောက်ကျသွားတယ်..။
“ကျွတ် မိုးချူပ်တာတောင် လမ်းက ပိတ်တုန်းလား..၇နာရီ ခွဲတော့မယ်..ယာလေးကို အရင် ၀င်ပို့ ခဲ့ မယ်လေ..”
“မမ အိမ် အရင်ပြန်ပါ..ယာ သူငယ်ချင်းက အဲနား တစ်ဝိုက်မှာလာခေါ်လိမ့်မယ်..” ယာ စိတ်ပူလို့ ပြောလိုက်တာ..ကို မမ က
“တယ်ဟုတ်ပါလား..အပို့ အကြိုလေးနဲ့လား..
“အင်း..ဒီကောင်က မမတို့ အိမ်ရှေ့ ထိပို့ပေးဖို့  ယာ က မမစိတ်ဆိုးမှာစိုးလို့..”
“မမက ဘာလို့ စိတ်ဆိုးရမှာလည်း..”
“အောင်အောင် က ပါးစပ်ဆော့ လွန်းလို့.”
“အော်..ဟား..ဟား..” မမ က ရယ်နေရင်း မျက်နှာတည်သွားပြီး..
“ပါပါ ပြန်မရောက်သေးရင် ကောင်းမယ်..မဟုတ်လို့ကတော့သေပြီပဲ..”
“ပါပါ ကလည်း မကြိုက်ဘူးလား..”
“အမလေး..အဲဒီကို နေ့ခင်းသွားတောင် အဖော်မပါရင် မသွားရဘူးတဲ့..”
“တီမြ ပြောတာ မှန်နေတာပဲ..”ယာရဲ့ အတွေးက ပါးစပ်က လွတ်ထွက်သွားတာကို မမ က ကြားဖြစ်အောင်ကြားလိုက်သည်..။
“ဘာလည်း..”
“ဘာမှ မဟုတ်ပါဘူး..”
“ဘာကို ဘာမှ မဟုတ်တာလည်း..ငါ့ အတင်းတွေ ပြောတာမလား..”
ယာ ရယ်နေလိုက်သည်..မမ စိတ်မဆိုးပါဘူး..စိတ်ဆိုးချင်ယောင်ဆောင်လိုက်တာ ယာ သိသားပဲ..။
မမ က အခု အရမ်းဆိုးနေပြီဆိုတာ တကယ်မှန်နေပြီလို့များ ဖွင့်ပြောလိုက်ရင်..ထ ထုမလား..။
မမ တို့ အိမ်ရှေ့ ရောက်တော့ မမ ကြောက်နေတဲ့ ပါပါ ကားဆိုတာက စောင့်နေပြီလေ..။
“သေပြီ..ယာလေးရေ..မမတော့ နားပူမလားကျောပူမလား မသိဘူး...”
“ယာ အခု ဆင်းပြီး ပြန်လိုက်ရင် ကောင်းမယ်..” ယာ လမ်းမှာ ဆင်းနေခဲ့ရင် အကောင်းသား… အခုမှ နောင်တ ရမိသည်..။
“တော်တယ်နော်..ဆိုးရှောင်ကောင်းဖက်လေး..မရဘူး..အိမ်ထဲ လိုက်ခဲ့..ပါပါ မေးရင် ကာ ပြောပေး..”
“ယာ..ပြောလည်း မရလောက်ဘူး..”
“ဟာ..စိတ်ညစ်လာပြီ..ဆင်း..” မမ က ကားပေါ်က ဆင်းခိုင်းလို့ ယာ လည်း ဆင်းလာမိသည်..ခြံထဲ၀င်ခါနီး တစ်ခါ..
“ မမ တကယ် ၀င်လို့ ဖြစ်ပါ့မလား..”
“လာပါဆို..”
နှင်း အိမ် ထဲ ရောက်တာနဲ့ ဆိုဖာ မှာ ပါပါ က ဆီးကြို နေပြီလေ..။
“နှင်း…ဒါ ဘယ်ကပြန်လာတာလည်း..”
“ပွဲရုံက..”နှင်းမျက်နှာတည်ဖြင့်အဖြေပေးလိုက်သည်..။
“ပါပါ တစ်ယောက်တည်း မသွားဖို့ မှာတယ်မလား..”
“တစ်ယောက်တည်း မသွားပါဘူး..ဒရိုင်ဘာနဲ့ သွားတာ”
“ဘယ်မှာလည်း ဒရိုင်ဘာ..နိုင်ဦးက ဒီမှာ..”
“နှင်း..ဒရိုင်ဘာ ရှာလိုက်တာ..နိုင်ဦး တစ်ယောက်တည်း ကားသုံးစီးမောင်းဖို့ မဖြစ်နိုင်ဘူး.နှင်းသွားချင်တဲ့အချိန် သူက ဆရာကတော် ကြို ဖို့ အလုပ်များနေတာ..”ပါပါ က မျက်နှာအမူအယာပြောင်းသွားပေမဲ့ တင်းမာနေဆဲ..
“ဘယ်မှာလည်း..အဲဒီ ဒ၇ိုင်ဘာ..”
“ယာလေး..၀င်လာလေ..”
“ဟင်..ကောင်လေး..”နာနီမြ က အံသြသွားနေသည်.။
ယာ နာနီမြ ဆူမှာ စိတ်ပူပေမဲ့..မမ ကို ပိုကြောက်သည်..။
“မင်း နဲ့ နှင်း တူတူ သွားတာလား..”
“အင်း..”
“သူဘာတွေ လုပ်လည်း သိလား..”နှင်း ရင်ပူသွားသည်..ဒီကောင်လေးကို ဘာမှ မပြောပြမိဘူး..လိုက်ဆိုလို့ လိုက်ခဲ့တာ သူလည်း ဘာမှ သိတာ မဟုတ်..။
“ပဲ နမူနာ ယူပြီး သွားပြတာ..လူနှစ်ယောက်ဆီသွားနေလို့ ကြာနေတာ..”ယာ ကားပေါ်က ပဲ အထုတ်ရယ် လက်ဖက်ရည်ဆိုင်က လူကို ပြတာနဲ့ ထွက်သွားတာ တွက်ရင်းချက်ရင်း ဖြစ်နိုင်မယ်ထင်တာတွေ ရမ်းဖြေပေးလိုက်ရသည်..။
“ကျွတ်…နှင်း..ပါပါ ပြောထားတယ်မလား..ပိုက်ဆံ အေ၇းမကြီးဘူး..ပါပါ ဆီက ကြိုက်သလိုယူသုံးလို့ရတာကို ဘာလို့ ဒီလောက်ဖြစ်နေတာလည်း..နှင်း..”
“နှင်း..ဒီတိုင်း..လုပ်ကြည့်ချင်လို့..”
“ကဲ..သွား..အ၀တ်အစားလဲ..ထမင်းစားမယ်..”
နှင်း လှေကားကိုအမြန်တက်လာလိုက်သည်..။ တော်ပါသေးရဲ့…ယာလေး တော်လို့..အဲနေရာမှာ နိုင်ဦးသာ ဆို ချဲ့ကားပြီး ပါပါ ကို တိုင်နေလောက်ပြီ..။
“နိုင်ဦး..ဟိုကောင်လေးကို အခန်းပေးလိုက်..”ပါပါ က ပြောပြီး အခန်းထဲ ၀င်သွားသည်..။
ယာတော့ ဒုက္ခပဲ တကယ် ဒရိုင်ဘာဖြစ်ပြီလား…ယာ ကားမောင်းတက်ပေမဲ့ ဒရိုင်ဘာလုပ်ဖို့ အစီအစဉ် မရှိပါ..ကျောင်းဆက်တက်ပြီး..ယာ သူငယ်ချင်း ကုမ္မဏီ တစ်ခုမှာ ၀င်လုပ်ဖို့ ပြောထားပြီးသား..မမ လိမ်လိုက်တာလည်း ပြန်မပြောရဲ.. နောက်မှ ဆက်တွေးရတော့မည်..။
“…လာ ဒီဘက်..”
ယာ  လိုက်လာရပေမဲ့ အောင်အောင် စောင့်နေတာ သိတယ်..ဘယ်လို လုပ်ရ မလည်း…။
ယာ အခန်းထဲ ရောက်တော့ ဘေးမှာ ခြင်ထောင်ထောင်ထားတဲ့ အိပ်ယာ တစ်ခု ဒါ နောက်တစ်ယောက်အိပ်တာ ဖြစ်မည်..ယာ လည်း ဒီည ဒီမှာ အိပ်ရမှာလား..
မမ ကိုမေးဖို့ကလည်း..
ယာ စိတ်ညစ်ပြီး ထိုင်နေတုန်း..မမ က အ၀တ်တွေ ပိုက်ြ့ပီး အခန်းထဲ ၀င်လာသည်..။
“ယာလေး..ရော့ အ၀တ်အစားတွေ လဲ ချင် ရင် လဲလို့ရအောင်..”
“ဟို..မမ ယာ ပြန်လိုက်မယ်လေ..”
“ဟယ်..ဘာလို့လည်း..”
“ယာမှ ဒရိုင်ဘာ မဟုတ်တာ..”
“မရဘူး..ပါပါ သိရင် မမ ကို သတ်လိမ့်မယ်..လုပ်ပါနော်..နော်..မမ ကို မကူညီချင်ဘူးလား..”
မမ ရဲ့ တောင်းဆိုနေတဲ့မျက်နှာလေးကြောင့်..ယာ ခေါင်းငြိမ့်လိုက်ရတော့သည်..။
မမ က အ၀တ်တွေပေးပြီး ပြန်ထွက်သွားသည်..။
ယာ အကျီ င်္ကို ကိုယ်မှာကပ်ကြည့်နေတုန်း…မမ က ပြန်၀င်လာပြန်ပြီ.တော်သေးတယ်..မချွတ်သေးလို့..ဟူး…။
“ယာလေး အတွက် ဖုန်း..သူငယ်ချင်း ဖုန်းနံပါတ်သိရင် ဖုန်းဆက်ပြောလိုက်..”
“ဖုန်းနံပါတ် မသိဘူး မမရဲ့..စျေးကြီးတဲ့ ဒီဖုန်းမျိုးလည်း မယူချင်ပါဘူး....”
“ယာ က မမ ရဲ့ ကားမောင်းမဲ့ ၀န်ထမ်း..အဲတော့ အဆက်အသွယ်လုပ်ဖို့ ယူထားရမယ်..ဒါပဲ..”
မမ က ယာ လက်ထဲ ဖုန်းထိုးထည့် ပေးပြီး ယာ ကို စိုက်ကြည့်နေတော့..မတက်သာလို့ ယူလိုက်ရသည်..။
“ယာ အောင်အောင် ကို သွားရှာပြီး ပြောလိုက်အုံးမယ်..”
“အင်း..မြန်မြန် ပြန်လာနော်..လိုက်မသွားနဲ့ဦး..”
“အင်းပါ..”
.
“ဘာ မင်းက ဒရိုင်ဘာ..”
“အေး..”
“မင်းပြောတော့ဒီမှာ မမောင်းတက်ဘူးဆို..”
“အေးလေ..”
“ဟာ..ဘာတွေလည်းကွာ..”
“ငါလည်း မသိဘူး..”
“မင်းမမ က ဒရိုင်ဘာ ဆို မင်းက ရယ်ဒီ မင်း မမ က မာလီ လိုရင် မင်းက မာလီ..ဒီလိုတွေလား..”
“မသိပါဘူးဆို..မမ ကို သူ့ အဖေက ဆူနေတာ ..ငါ က မဟုတ်ပါဘူးပြောလို့ ရမလားကွ..”
“အေးကောင်းတယ်..မင်းပြောတော့ တနင်္ဂနွေ ပြန်ဖို့ဆို လက်မှတ်တောင် ဖြတ်ပြီးပြီလေ..”
“အဲဒါလည်း..မေကို ပြန်ဖုန်းဆက်ရအုံးမယ်..အဲ ဖုန်းဆို..မင်း ဖုန်းနံပါတ်ငါ့ပေးထားအုံး..”
“ဘာလည်း..မမ လက်ချက်နဲ့ ခေါင်းကွဲ ထိပ်ဗြဲရင် တက္ကစီငှားပြီး ဆေးခန်းသွားဖို့လား..”
“အေး..”ယာ နဲ့  အောင်အောင် နှစ်ယောက်စလုံး ပြိုင်တူ အော်ရယ်မိသည်..။
အောင်အောင် ကို အိမ်ရှေ့ထိ မပို့နဲ့ ပြောတော့ ဒီကောင်ကလည်း မမ က မာန ကြီးတာ အမြင်ကပ်လို့ ဆိုပြီး အိမ်ရှေ့တည့်တည့် ရောက် မှ ကားရပ်ပေးတော့သည်..။
“ယာယာ..မင်း အိမ် အကြောင်း မင်းသိတယ်နော်..အားနာ မနေနဲ့ ငြင်းချင်ရင်ငြင်းလိုက်..”
“အေးပါ..”
ယာ အခန်းထဲရောက်တော့ ကိုနိုင်ဦးက ထမင်းစားနေရင်း..၀င်စားဖို့လှမ်းခေါ်လို့ လက်ပြေးဆေးလိုက်သည်..ထမင်းမြင်မှ ဗိုက်ဆာရမှန်းသိတာ..။
“နှင်းကို အထင်မသေးနဲ့နာ်..သူ့အဖေကိုတောင် အရူးလုပ်နေတာ..”
“ဟင်..”ယာ ထမင်းလုပ်ဝါးနေရင်း နှေးကျသွားသည်..။
အရူးလုပ်ခါမှ လုပ်..အခုလောလောဆယ်တော့ မမ အမိန့်တွေကို မလွန်ဆန်ရဲပါဘူး..။
...........
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
တစ်နေ့တစ်ပိုင်းပဲ တင်ရတာ 💔
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အလုပ်နဲ့မို့ ရတဲ့ အချိန်လေးပြေးရေးရလို့ပါနော် 💪
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖
ဟီး ဒီနေ့ နည်းနည်းနောက်ကျသွားတယ်နော် 🙏😂

Love u all ❤

မအတွက်Where stories live. Discover now