Part 20

3.7K 119 1
                                    

မ အတွက်
အပိုင်း (၂၀)
#မအတွက်စပိုက်ကာ

“ယာယာ ဆေးသောက်ပြီးပလား..
“အင်း..ပြီးပီ မ..”
“ဘာလို့ အောက်ဆင်း အိပ်တာလည်း..”
“ဟို..ထိရင် နာလို့..”
နှင်းကြောင့်လား..သိမှ မသိတာကို  သိရင် သတိထားအိပ်ပေးမှာပေါ့..
“ဒီနေ့..ကုတင်ပေါ်လာအိပ်..ငါ အောက်ဆင်း အိပ်လိုက်မယ်..”
“ရတယ်..မ..”
“ယာယာ…” မမ က နာမည်ခေါ်လိုက်တော့ ယာ လည်း ကုတင်ပေါ်ရောက်လာရသည်..။
“မ အောက်မှာ အိပ်ရင် အဆင်ပြေမှာ မဟုတ်ဘူး..”
“ရတယ်..”
နှင်း မှန်တင်ခုံမှာ ထိုင်ရင်း ခုံပေါ်မှာ တင်ထားတဲ့ အမှိုက်ဘူးကို မှန်ထဲက တစ်ဆင့် တွေ့ရတော့ ရင်ခုန်နှုန်းတွေ မြန်လာပြန်သည်..။
သူ့ကို ကြည့်တော့ အေးအေး ဆေးဆေး..
နှင်း ဒေါသထွက်လာခါ
“ယာယာ  “
“ဟင်..”
“ချောကလက်ခွံတွေက ငါ ပေးခဲ့တာတွေလား..”
“အင်း..”၀န်ခံလိုက်တော့ မထူးစိတ်ပိုက်ပြီး သိချင်တာ ဆက်မေးရတော့မည်..မဟုတ်ရင် နှင်း ဒီည အိပ်ပျော်မှာ မဟုတ်...။…
“စာကကော..ငါဆီပို့ မလို့ ရေးထားတာလား..”
“မဟုတ်ပါဘူး..ဒီတိုင်း လွမ်းလို့..”
“အဲဒီ အချိန်က ငါ တို့မှ မသိသေးတာ..”
“သိခဲ့ပါပြီ..ယာ ၁၀နှစ် အရွယ်ကတည်းက မ ကို သိတာလေ..”
“အော်..ဒါဆို..ကလေးဘ၀ ပြန်တွေးရင်း လွမ်းလာလို့ ရေးမိတာပဲ.ထားလိုက်တော့.”
..တက္ကသိုလ်တက်နေတဲ့ အရွယ်မှာ မိန်းကလေးတစ်ယောက်ကို လွမ်းမိတာ..ကလေးစိတ်တဲ့လား..။
“ကလေး အလွမ်းမဟုတ်ပါဘူး..ရင်ခုန်ပြီးမှ လွမ်းမိတာပါ..ငယ်ငယ်က ဘာမှန်းမသိပေမဲ့ မမ ပါးကို နမ်းမိတာ ပြန်တွေးမိရင် ရင်ခုန်ရတယ်..အတန်းတွေ ကြီးလာတော့ ကောင်မလေးတွေကို ချစ်ချင်ပေမဲ့ မမ ကိုပဲ လွမ်းနေမိတာ..မမ နဲ့ ပြန်တွေ့ချိန် ဘယ်သူမှန်းမသိခင်က ဘာမှ မခံစားရပေမဲ့..မမ လို့သိလိုက်ချိန်..”
“အယ်..နှုတ်ခမ်းနီ..ကုန်သွားပြီ..”
မမ က အခန်းပြင်ထွက်ဖို့ လုပ်တော့ ယာ ကုတင်ပေါ်က ထပြီး မမ  ရှေ့မှာ ပိတ်ရပ်လိုက်မိသည်..။
“မရှောင်ပါနဲ့တော့ မရယ် ယာ ကို ပြောခွင့်ပေးပါ..
မ ဆိုတာ သိချိန်..ယာ နှလုံးတွေ ပွင့်ထွက် မတက် ရင်ခုန်နေမိတာ..ရင်ခုန်သံ က ခုမြင် ခုကြိုက် မဟုတ်ပါဘူး..အနှစ်နှစ် အလလ ကတည်း က မြိုသိပ်ထားတဲ့ ချစ်စိတ်တွေပါ..မရယ်..”
နှင်း ကယောင်ကတမ်း သူကို တွန်းပြီး အခန်းပြင်ထွက်သွားဖို့ ကြိုးစားမိသည်။
“မ ကို ယာ အရမ်းချစ်တယ်..ဒါက အခုမှ မဟုတ်ပါဘူး..မ ပါးကို နမ်းမိပြီး ကတည်းက ယာ နှလုံးသားထဲမှာဖြစ်တည်လာတာ မ ပါပဲ.မ နေရာမှာ ဘယ်သူမှ အစားထိုးမရအောင်..ဝေးနေပေမဲ့ မြတ်မြတ်နိုးနိုး ချစ်နေမိတာပါ..အနားမှာ နေတဲ့ အချိန်လည်း ရင်ခုန်သံတွကို ဖုံးဖိမြိုသိပ်နေခဲ့ရတာ...သေချာတာ တစ်ခုက  မ ကို ချစ်မိတာ အဖြူရောင် အချစ် မဟုတ်ဘူး..
မ ပါးလေးတွေ မ နှုတ်ခမ်းလေးတွေကြောင့် ယာ အိပ်ရေးပျက်ရတယ်....”
ရုတ်တရက် လက်ကိုပါ ဆွဲကိုင်လိုက်တော့ နှင်း ပထမဆုံး အကြိမ်အဖြစ် ယာလေးကို ကြောက်မိသည်..။
“အို..”
“မ က ယာရဲ့ တစ်ဦးတည်းသော..အချစ်ဆုံးအချစ်ဦးပါပဲ..”
နှင်းကို ချစ်နေတာ နှင်း မသိခင်ကတည်းကလား..တွေးနေရင်း အနားအရမ်းကပ်လွန်းနေသည့် အနေအထားနဲ့ သူ့မျက်၀န်းတွေ ကြောင့် ရင်ပိုခုန်လာသည်…။
“ငါ..အိပ်တော့မယ်..”
နှင်း အပြင်ထွက်လည်း သူ့ ကိုယ်ကြီး ရှေ့မှာ ပိတ်ထားလို့ နောက်ပြန်လှည့်ပြီး အခင်း ခင်းလိုက်သည်..။
ယာ မမေးရဲပါ..ချစ်တယ်ဆိုတာ ၀န်ခံပြီးရင်တောင် မရော ချစ်လားလို့ အဖြေ ပြန်မတောင်းရဲပါ..ကွာလွန်းလှတဲ့ အဆင့်အတန်း..ဖြစ်တည်လာတဲ့ အခြေအနေ အားလုံးကို ယာ အစအဆုံးသိနေတာပဲ..ဘယ်လိုမေးရဲမှာလည်း..မရယ်…။
“မ..ကုတင် အပေါ်မှာပဲ အိပ်ပါ..ယာ အောက်မှာပိုသက်သာလို့..”
နှင်း ပြန်ပြောမနေတော့ပဲ ကုတင်ပေါ်တက်ပြိး အိပ်လိုက်သည်..။
ကျောခိုင်းထားပေမဲ့ သူများကြည့်နေမလားလို့ တွေးရင်း စ်ိတ်က မသက်သာလှပါ..။
ယာ လဲအိပ်လိုက်ရင်း.. ဖွင့်ပြောမိတာ မှားသွားပြိလားလို့ နောင်တ ရနေမိသည်..။
ယာ နိုးတော့ မမ ကို ကုတင်မှာမတွေ့တော့…ယာ စိတ်ပူမိသည်..ည က ပြောလိုက်တာများ စိတ်ဆိုးသွားတာလား…
“ဟင်..မ..”
မမ က မီးဖိုခန်းထဲမှာ အလုပ်ရှုပ်ရင်း..
“နိုးပလား..”
“မ ဘာလုပ်နေတာလည်း..”
“မုန့် ထည့်နေတာလေ..ယာလေး ကြိုက်တဲ့ ရှမ်းခေါက်ဆွဲ ..”
“မ သွား၀ယ်တာလား..”
“အေးပေါ့ မ၀ယ်လို့ အိမ်လာပို့မလား..”
“ဒါ အိမ်မက်လား..”ယာ တိုးတိုးလေး ပြောလိုက်တာကို မမ က ကြားသွားပြီး..
“အ…အား….နာတယ်…မ..”
“အိမ်မက်လား…”
“ဟုတ်ဘူး..ဟုတ်ဘူး…တကယ်နာတာပါ..”
မမ လွှတ်ပေးလိုက်တော့မှ ယာ ဗိုက်ကိုဖိရင်း ထိုင်လိုက်ရသည်..။
“မျက်နှာ သွားသစ် အုံးလေ..”
“အင်း..”
ရေချိုးခန်းထဲရောက်တော့
“မ အရမ်းချစ်ဖို့ကောင်းတယ်.”.တိုးတိုးလေး..ရေရွတ်ရင်း သွားတိုက်ဖို့ ပြင်လိုက်သည်..။
“ယာလေး မြန်မြန်လုပ် ..”
“ဟုတ်..” မမ က ယာလေး လို့ခေါ်တော့ စိတ်ကြည်နေပြီလို့ ယူဆလိုက်သည်..။
ယာ အခန်းထဲရောက်တော့ မမ က ခုံမှာထိုင်ပြီ့ီး အလှပြင်နေပြီ..။
အကျီ င်္ထုတ်ပြီး လဲဖို့လုပ်တော့ လက်က အဆင်မပြေဖြစ်နေချိန်
“ပေး..’ မမ က ယာ လက်ထဲက အကျီ င်္ ကို ဆွဲယူပြီး ၀တ်ပေးခါ ကြယ်သီးတစ်ခါတည်း တပ်ပေးသည်။
မမ ရဲ့ ပါးလေးတွေကို ငေးမိရင်း..ရင်ခုန်နှုန်းမြန်လာရသည်..။
“မုန့် စားပြီးဆေးသောက်အုံးနော်..”
“ဟုတ်..”
“လိမ်မာတယ်..”
ယာ ခေါင်းကို ပုတ်ပြီး အခန်းပြင် ထွက်သွားတဲ့ မမ ကို ငေးကြည့်ရင်း.စိတ်ထဲကြည်နူးလာသလိုလို
ခုံမှာထိုင်နေတဲ့ မမ နောက်ကနေ လှမ်းပြီး ဇွန်းနဲ့ တူ ယူလိုက်တော့ မမ ကိုယ်လေး ကျုံ့သွားတာ သတိထားမိလိုက်သည်..။
ယာ ပြုံးရင်း ခုံဆွဲထိုင်လိုက်ပြီး..မမ မျက်နှာလေးကကိုငေးခါ..
“မ ဒီနေ့ အရမ်းလှတယ်..”
“ငါ လှတာ သိသားပဲ..”
“ဟွန့်..ဒါဆို..မ ကို အရမ်းချစ်တယ်..”
မမ က ဘာမှပြန်မပြောတော့့ပဲ ကော်ဖိခွက်ယူသောက်တော့.
“ပြောလေ.မရဲ့.နင် ချစ်တာ ငါသိသားပဲလို့..”
“အဟွတ်..အဟွတ်..”
“ဟာ…”
သူပြောလိုက်တဲ့ စကားကြောင့် နှင်း သီးတောင်သွားရသည်..။
ဘေးမှာ ပျာပျာသလဲ ဖြစ်နေတဲ့ ယာလေး ကို ကြည့်ရင်း နှလုံးသားက ကြည်နူးခြင်းတစ်၀က် ရင်ခုန်ခြင်း တစ်၀က်တို့ဖြင့်…
ချစ်တက်သူ တစ်ယောက်လို ပြောနေလွန်းလို့ အမြင်ကပ်လာတာနဲ့…
“မီးဆီက ဖုန်းမလာဘူးလား..”
“မလာဘူး..အောင်အောင် ကောင်မလေးပါ..မ သိပြီးသားလေ..”
“ဒါဖြင့် နန်းယုဆီကကော..”
“ဟား..ဟား....”
“ဘာလည်း..”
ယာ ခေါင်းခါပြီးရယ်နေလိုက်တော့ မမ က ထုံးစံ အတိုင်း လက်ရွယ်ပြီး မေးပြန်သည်..။
“မ သ၀န်တိုနေတာလား..”
“ဘာ…” ရိုက်ဖို့ မရည်ရွယ်ပေမဲ့ ရှက်ရှက်နဲ့ ပခုံးကို ရိုက်ချလိုက်မိသည်..။
“အ…”
ရီုက်ပြီးမှ စိုးရိမ် ခါ ဘယ်ပခုံးလည်း ဆိုတာ သေချာပြန်ကြည့်မိသည်..တော်ပါသေးရဲ့…
တစ်ယောက်တည်း လုပ်နေတုန်းကတော့ ယာ နိုးလာရင် ဘယ်လိုဆိုပြီး တွေးထားခဲ့တာ..တကယ် အနားရောက်လာပြန်တော့ ရင်ခုန်မှုက အတိုင်းအဆ လွန်လာတော့..အနားက ထွက်ပြေးချင်လာသည်..။
“စားစရာရှိမြန်မြန်စား..မိုးဦးစောင့်အုံးမှာမလား..ငါသွားတော့မယ်..”
“နေပါအုံး..မရယ်..စောကြီး ရှီသေးတာ..”
“ငါ အလုပ်ရှိလို့..”
“မ…”
“ဟင်…”
“အရမ်းချစ်တယ်..”
နှင်း ကော်ဖီ ပန်းကန် ဆေးရင်း ရေသံကြောင့်သူ ဘာပြောလိုက်မှန်းမသိ…
ရေပိတ်လိုက်တော့..
“မ…ရော. .”တဲ့ ..ဘာတွေ အပေးအယူပါလိမ့် တွေးရင်း
“အင်း..”
“တကယ်…”
ယာယာ တစ်ယောက် ပြုံးစိစိ နဲ့ ဘာတွေ ဘ၀င်တွေ့သွားသလည်း မသိ..
“ဘာပြောလိုက်တာလည်း..”
“ဟာ…မ ကလည်း..”
စိတ်ပျက်သွားသလို..ခုံမှာခြေပစ်လက်ပစ် ထိုင်ချပြီး ခေါက်ဆွဲပန်းကန်ကို တူနဲ့ မွေရင်း ဒုက္ခပေးနေတော့သည်..။
“ဟဲ့..စားစရာကို ဘာလို့ ဆော့နေတာလည်း..”
“ဆော့ပါဘူး..မွေနေတာ..”
“သိတယ်..စားတော့..”
“မ ခွံ့ မပေးချင်ဘူးလား..”
“ဟအေး..”
ယာ မတ်မတ်ပြန်ထိုင်လိုက်ပြီး ခပ်သွပ်သွပ် စားလိုက်သည်..။
မမ နဲ့ အတူတူ သွားချင်ပါသည်..။
“မ ယာ လည်း ပြီးပြီ တစ်ခါတည်း သွားမယ်..”
“ယာလေး လက် က နာနေတာမလား..”
“ရပါတယ်..သက်သာ နေပြီ..”
“ချက်ချင်း..”မမ က မျက်စောင်းလေးရွယ်ပြီး..ပိုက်ဆံအိတ်ရွေးနေသည်..။
“အင့်..ဒါလေးလွယ်..”
ပိုက်ဆံအိတ် မိုးပြာနုနုလေးကိုကောက်ပြီးပေးတော့..နှင်း လှမ်းယူလိုက်ပြီး..
“ဘာလို့ဒါလည်း..”
ယာလေးက သူ့ အကျီ င်္ ကို လက်နဲ့ တောက်ပြပြီး ရယ်ပြန်သည်..။
အကျီ င်္နဲ့ အရောင်တူတာ ေ၇ွးပေးတာပေါ့.. လည်တာ…။
“မ ဆွဲကြိုးလေး ယာ ကောက်ရထားတယ်..”
“ဟင်..” နှင်း ရင်တုန်သွားသည်..အရင်က ဂရုမစိုက်ခဲ့ပေမဲ့ သူ အထင်လွဲသွားမှာ စိုးရိမ်မိသည်..။
“မ စိတ်ဆိုးတုန်းက လွင့်ပစ်လိုက်တာမလား..”
“အင်း..ဖုန်းထဲက စာတွေဖတ်ပြီး စိတ်တွေ အရမ်းဆိုးလို့..”
“ယာသိတယ်..ဆိုင်မှာ ပြန်လုပ်ခိုင်းထားတယ်..ညနေဆိုရပြီ..”
အလိုက်သိတက် ပြီး နှင်း ရင်ထဲအထိ မြင်တက်လွန်းတာ ယာလေး တစ်ယောက်တည်း…။
“သွားမယ်လေ..နေအုံး..ဆေးသောက်ပြီးပလား..”
“အင်း..”
“ဆေးခန်းဘယ်တော့သွားမလည်း..”
“နက်ဖြန်မှ ချူပ်ရိုးဖြုတ်ရမယ်..”
“ဂရုစိုက်အုံး.လေးတာတွေ လျှောက်လုပ်မနေနဲ့”
“ဟုတ်..”
“မ..”
နှင်း အိမ်ပြင်ရောက်တော့ လက်ကမ်းနေတဲ့ သူ့လက်ထဲ ..လက်ကို ထည့်ပေးလိုက်မိသည်..။
လက်လေးကိုင်ရတာကို ဂုဏ်ယူ၀င့်ကြွားစွာ လမ်းလျှောက်နေတာ အမြင်ကပ်ချင်စရာ…။
“ငါမောင်းမယ်..”
“မရပါဘူး..ယာ မောင်းရမှာ…”
“ယာယာ…”မမ ကြောင့် ယာ ဘေးတံခါးဖွင့်ပြီး ၀င်ထိုင်လိုက်ရသည်..။
မမ မောင်းတဲ့ကားကိုစီး ရတော့ အရင် ရောက်ခါစ အချိန်တွေကို ပြန်သတိရသည်..။
အဲတုန်းက မမ ကို ခိုးကြည့်ခွင့် ပဲ ရတာ..အခုတော့ သေချာဘေးတိုက်ကို လှည့်ပြီး တစ်လမ်းလုံးကို ငေးသွားမိသည်..။ မမ မျက်မျောင်ကျုံ ပြီးကြည့်တော့မှ ယာ ရှေ့ပြန်ကြည့် နေလိုက်ရသည်..။
မမ က ယာ အလုပ်ဆီ အထိ လိုက်ပို့ပေးတော့ မိုးဦးက တဟဲဟဲနဲ့..အနားပြေးလာပြီး..
“ဆရာကတော်..၀င်ပါအုံးလား..”
“မ၀င်တော့ဘူး..နောက်ကျနေလို့..”
“ယာလေး..နေ့ခင်းဆေးသောက်ဖို့ မမေ့နဲ့နော်..”
“ဟုတ်..”
“နောက်မနေနဲ့..အတည်ပြောနေတာ..”
“အင်းပါ..ယာ လွမ်းလို့ ဖုန်းဆက်ရင် ကိုင်နော်..”
“အားရင် ကိုင်မယ်..”
“မ..ညနေ ယာ ၀င်ခေါ်မယ်..”
“အင်း..”
ကားတံခါးဖွင့်ပြီး အပြင်ထွက်သွားပြီးခါမှ နှင်းဘက်ကို လျှောက်လာပြီး ကားတံခါးကနေ ငုံခါ..
“မ.အရမ်းချစ်တယ်..”
နှင်း..ကားရှေ့ကို အကြည့် လွဲလိုက်ပြီး ကားစက်နိုးလိုက်သည်..။
သိတယ်..ပြုံးစစနဲ့ ရပ်ကြည့်နေအုံးမှာ..
ကားဘက်မှန်က ကြည့်လိုက်တော့ ထင်တဲ့ အတိုင်း ရပ်ကြည့်နေတုန်း..
သူက လွယ်လွယ်ပြောနေပေမဲ့ နှင်းမှာ သူ တစ်ခါပြောတိုင်း ရင်ခုန်နှုန်းတွေ မြန်နေရတာ..နှလုံးရောဂါ ရတော့မည်..။
အချစ်ဆိုတာ တစ်လမ်းသွား မဟုတ်မှန်းသိပေမဲ့လို့…
နှင်းဘက်က ခံစားမှု အမှန်ကို တုန့်ပြန်ဖို့ကျတော့ ရှက်စိတ်ကြောင့် တွန့်ဆုတ်နေမိသည်..။
.
“ဆရာ..သွားပါပြီ..ဆရာရဲ့..”
ယာ ကားကိုငေးကြည့်နေလို့..မိုးဦးက ဘေးက ၀င်နောက်သည်..။
“ငါသိတယ်..မရှည်နဲ့..”
“ဆရာကတော် စိတ်ဆိုးပြေသွားပြီလား..”
“အင်း..ထင်တာပဲ..”
ယာ ပြုံးရင်း တိုက်ထဲ ၀င်လာခဲ့လိုက်သည်..။
“ဆရာ..ကားတင်ဖို့ နဲ့  ပစ္စည်း၀င်ဖို့က  တိုက်နေပြီ..”
“ကျွတ်..ပြသာနာက စပြီ..”
“ဘိုဘို ဆီ ဖုန်းဆက်လိုက်..”
“ဟုတ်..”
ယာ တစ်ဖက် က ဖုန်း၀င်လာတော့ ကိုင်ရသေးသည်..။
ဒီဘက်မှာလည်း ညွန်ကြား တစ်ဖက်မှာလည်း ဖုန်းပြောနဲ့ လူတစ်ကိုယ်လုံး မအားရ…။
“ဟလို..”
“ယာယာလား..”
“အင်း..ပြောပါ ဘီဘိ”
“ကိုကြီး နေမကောင်းလို့  နှင်းကို ခေါ်လာခဲ့လိုက်..”
‘ဟင်..ဘယ်လိုဖြစ်တာလည်း..ယာ အခု လာခဲ့လိုက်မယ်..”
“မဟုတ်ပါဘူး..အဲလောက်မလိုဘူး..သမီးကို လွမ်းပြီးဖြစ်သွားတာ..နှင်းကိုသာ ရအောင်ခေါ်လာနော် ..’
“ဟုတ်ကဲ့..”
ယာ ဖုန်းချပြိးတော့ ပါပါ မန်နေဂျာဆီ ဖုန်းဆက်ရသည်..။
“နုနုလား..အေး..အဆင်ပြေလား..လိုတာရှိရင် ပါပါဆီ မဆက်နဲ့နော်..ငါကို ပြော..”
ဖုန်းချပြီးတော့မှ လက်က နာလာသလိုလို…
“မိုးဦး..ပစ္စည်းချနေတာ မပြီးသေးဘူးလား..”
“ပြီးပြီလေ..အခု ပြန်တင်နေပြီ..”
“ဟေ..”
ယာ နာရီကြည့်တော့ နေ့ခင်း သုံးနာရီ ဖြစ်နေပြိ..။
ခေါက်ဆွဲ တစ်ပွဲစားပြီး..ဆေးသောက်လိုက်ရသည်..။
ဖုန်းတွေ အားတုန်း..ညက မဆက်ဖြစ်တဲ့ မေဆီ ဖုန်းဆက်လိုက်သည်..။
“မေ လား..”
“အင်း..ဘာလုပ်နေလည်း.”
“ငါဟာငါ ဘာလုပ်လုပ်ပေါ့..နင့် သံတော်ဦး တင်ရမလား..”
မိုးဦးက ရယ်ကြဲကြဲ လုပ်နေတော့ ယာ မျက်နှာ တည်လိုက်ရသည်..။
“မေ ခြံထဲမှာမလား..”
“အိမ်ပေါ်မှာ..”
“လိမ်တာ.”
“ကျွတ်..ယာယာ ဘာဖြစ်ပြန်ပလည်း..နေမကောင်းဘူးမလား..”
“ဟင်..”မေ က သူ့သား ဘာဖြစ်တယ်ဆိုတာ ကို စကား နှစ်ခွန်း ပြောပြီးတာနဲ့ သိသွားတော့..ယာ မျက်ရည်ဝဲတက်လာသည်..။
“ကောင်းပါတယ်မေရဲ့..ည က ဖုန်းမဆက်ဖြစ်လို့ အခု ဆက်လိုက်တာ..”
“နှင်းကတော့ နေ့တိုင်းဆက်တယ်.ညက မေးတော့ နင် အိပ်နေပြိတဲ့.”
“မမ ပြောတာလား.”
“အေး.နေကောင်းရင် ပြီးရောပေါ့ .ဒါပဲလေ..နန်းယုရေ..နင့်သားခေါ်ပါဟဲ့ ကုန်တော့မှာပဲ..”
ယာ ရယ်ရင်း..ဖုန်းချလိုက်ရသည်..နန်းယုတို့ မိသားစု အိမ်အနားမှာနေတာ မေ အတွက် အပျင်းပြေနေမှာပါ..။
ဟီး..မမ ကိုလည်း..မမ နဲ့ တူတဲ့ သမီးလေး တစ်ယောက်လောက်မွေးခိုင်းအုံးမယ်..
ဒါမှမဟုတ်..ယာနဲ့ တူတဲ့ သားလေးတစ်ယောက်..သမီးတစ်ယောက် သားတစ်ယောက် မွေးမှာပေါ့..
“ဆရာ..”
“သမီးသား..မင်းကြီးတော်..ဒီလောက်အော်စရာလား..”
“ပုံမှန်ပါပဲ ဆရာရဲ့..ကား၀င်ဖို့ ရှိသေးလား”
“မရှိဘူး..နက်ဖြန်မနက်မှ ၀င်လိမ့်မယ်..”
“ဟုတ်ကဲ့..”
“မိုးဦး ငါ ပြန်တော့မယ်..” ယာ ပုံမှန် အတိုင်းပြောလိုက်ပေမဲ့ မိုးဦးက နှုတ်ခမ်းဖိရယ်လိုက်တာတွေ့ရသည်..။
“ဟုတ်ကဲ့..ဆရာ ၅နာရီပဲ ရှီသေးတယ်နော်..ဒီနေ့ ပြန်တာ စောသလားလို့..”
“မင်းသောက်ပူလား..စာရင်းကွာလို့ကတော့ မင်းကိုသတ်မှာနော်.”
“ဟီးဟီး..”
မိုးဦးက ရယ်ကြဲကြဲ လုပ်ရင်း ကျန်ခဲ့သည်..။
ယာ ဆွဲကြိုး၀င်ယူတော့ အနာ အရာပါနေလို့ အသစ်ပြန်လုပ်ခိုင်းလိုက်ရသည်..။
မမ ဆိုင်ရှေ့ရောက်တော့ ဖုန်းခေါ်ကြည့်တာ မကိုင်..
မအားလို့များလား..တွေးရင်း ယာ ဆင်းသွားလိုက်သည်..။
“မ..”
“ဟင်,..,ယာလေး..”ယာ ခြေလှမ်းကြဲများဖြင့်ကောင်တာခုံဆီ ရောက်သွားသည်..။
“ခင်ဗျား ဘာလာလုပ်တာလည်း..”
“အော်..နှင်းမောင်လေးမလား..နမ်မယ် မေ့နေ့လို့ ဆော်ဒီးနော်..”
“မ ပြန်မယ်လေ..”
“ဟုတ်သားပဲ ကိုလည်း ပြန်တော့မယ်နော်..ဖုန်းဆက်လိုက်မယ်..”
“အင်း..ကိုသီဟ..နှင်းပြောတာလေး..အရင် လုပ်ပေးပါနော်..”
“စိတ်ချပါ..သွားပြိနော်..”
ထွက်သွားတဲ့ ထိုလူ ကျောပြင်ကို ဒေါသနဲ့ စိုက်ကြည့်နေမိသည်..။
“မ..သီဟ.ဘာလာလုပ်တာလည်း..”
“ကုန်၀ယ်ဖို့ ကိစ္စလာပြောတာပါ..”
“သူက မယုံ ရဘူး..”
“ယာယာ ..”
မမ အော်လိုက်လို့ ယာ တိတ်ပြီးခုံမှာ ၀င်ထိုင်လိုက်ရသည်..။
မမ ကို ဆိုင်မှာ စောင့်ရတာ က ၇နာရီ အထိ ..
“ဟူး..ပင်ပန်းလိုက်တာ..”
မမ က တိုက်ပေါ်ရောက်တာနဲ့..သက်ပြင်းချလိုက်သည်..။
“မနက်က ဆေးသောက်သေးလား..”
“အင်း..”
“ဘာစားလည်း...”
“ခေါက်ဆွဲ..”
နေမကောင်းတာတောင် မနက်စာက ခေါက်ဆွဲတဲ့လား..
ဘီဒီု ရှေ့မှာ အကျီ င်္ ၀တ်နေတဲ့ ယာလေး အနား သွားရပ်ပြီး..
“လက်ဖယ်..”မ က ကြယ်သီးကိုင်နေတဲ့ယာ လက်ကို ပုတ်ချလိုက်ပြီး..မလက်ခုံနုနုလေးတွေက ယာ ရဲ့ ရင်ဘတ်အနားက ကြယ်သီးဆီကို ရောက်လာသည်..လှုပ်ရှားနေတဲ့ လက်ကလေးကို ကြည့်မိတော့...
မျက်လုံးမှိတ်ထားလိုက်ရသည်..။
နှင်း ကြယ်သီးတက်ပြီးတော့ ကြည့်လိုက်တော့ မျက်လုံးမှိတ်ထားတာ..အရမ်းနာနေလို့များလား..
“ယာလေး..”
“ဟင်..”ယာ မျက်လုံးပွင့်ပြီး ကြည့်လိုက်တော့ မမ က စိုးရိမ်နေတဲ့ မျက်၀န်းတွေနဲ့...
“နာလို့လား..”
“အင်း..နာတာမဟုတ်ဘူး..ခုန်တာ..လက်တွေလည်းအေးပြီး အသက်ရှုလို့လည်း မကောင်းဘူး..”
“ဟယ်..ဆေးခန်းသွားကြမလား..”
“ဆရာ၀န်ဆေး မရှိဘူး...”
‘အနာသိ ဆေးရှိတယ်...”နှင်း သူ့လက်ကို ဆွဲခေါ်လိုက်တော့..ယာလေးက နှင်းလက်ကို ပြန်ဆွဲထားသည်..။
“မ လက်လေးကို နမ်းခွင့်ပြု...”
“ဟင်...”
“အဲဒါကြောင့် ရင်တွေခုန်နေရတာ..မသက်သာဘူး..မရယ်..မသနားဘူးလား...”
“ဟွန့်..”မ က မသနားဘူးဆိုတဲ့ ပုံစံမျိုး နှုတ်ခမ်းတွန့်ပြုံးလိုက်သည်..။
“မ..သိလား..အောင်အောင်တို့နဲ့တွေ့တိုင်း မမရဲ့ အချစ်တွေကို အဓမ္မ အနမ်းတွေက တစ်ဆင့် ရအောင် ကြိုးစားဖို့ အကြံ ဆိုးဆိုးတွေ ပေးတယ်..တစ်ခါတစ်လေတော့..ယာလည်း အဲလို လုပ်ချင်မိတယ်...”
“ဟင်..”ထိတ်လန့် သွားသော မမ ရဲ့ မျက်၀န်းတစ်စုံကြောင့် ယာ သနားမိသည်..။
“ဒါပေမဲ့ အဲလို မလုပ်ရဲပါဘူး..ငယ်ငယ်က မမ ပြောဖူးတယ်လေ..လှတိုင်းနမ်းခွင့် မရဘူး..ခွင့်ပြုမှ နမ်းရမယ်တဲ့လေ..အဲတော့ မ ဆီက ခွင့်ပြုတာ အရင်လိုချင်တာ..”
နှင်း ၁၆ နှစ်အရွယ်က စိတ်ဆိုးတုန်း ပြောခဲ့တာကို သူမှတ်ထားတာ ငယ်ငယ်လေးနဲ့ အမှတ်သည်းခြေ ကြီးလိုက်တာ...။
“မ ခွင့်ပြုလားလို့..”နှင်းလက်ဖမိုးကို သူ့ လက်မလေးနဲ့ တို့ထိနေတာ..ဟွန့် လက်ကိုင်ဖို့ ကျတော့ ခွင့်ပြု ချက်တောင်းခဲ့လို့လား..။
“ပေးဘူး..”
“အင်း..”တစ်လုံးတည်းပြောပြီး ငိုင်ကျသွားတဲ့ ရုပ်က..သနားစရာ...။
“မ..ခွင့်မပေးတာလည်း..ကောင်းပါတယ်လေ..မဟုတ်ရင်..အနှစ်နှစ် အလလ မြိုသိပ်လာရတဲ့ ခံစားချက်တွေ ပေါက်ထွက်ကုန်ပြီး အနမ်းတွေ ရပ်တန့်တော့မှာ မဟုတ်ဘူး.”
ပြောလိုက်တဲ့ စကားကလည်း ကြောက်စရာ..သူ့မျက်နှာကို မကြည့်ရဲတော့လို့ မှန်ကိုပဲ စူးစိုက်ကြည့်နေရသည်..လက်ကိုင်ထားတာလည်း မလွတ်သေး...မှန်ထဲက တစ်ဆင့် ချောကလက်အခွံဘူးလေးကိုမြင်တော့..
“အင့်...”လက်ကို ဆွဲမြောက်လိုက်လို့ သူလက်ပါ အပေါ်ပါလာသည်..
ပြုံးပြီး ငုံ့ကျလာတဲ့ မျက်နှာကြောင့်
“လက်ပဲနော်..လက်ပဲ..လက်ပဲလို့...”နှင်း မျက်လုံး စုံမှိတ်ရင်း အထပ်ထပ်ပြောမိသည်..။
မမ ယာကို ကြောက်နေတဲ့ ပုံလေး မြင်ရတာ အသည်းယားဖို့ ကောင်းပါသည်..
မမ နဖူးစပ် အနားထိ မျက်နှာကို ချလိုက်ပြီးမှ...လက်ကလေးကို ဆွဲယူ နမ်းလိုက်သည်..။
“ရက်စ်...”အပျော်လွန်ပြီး ကုတင်ပေါ် ပစ်လဲချလိုက်တော့ လက်က နာ သွားသည်..။
“အ...”
“ကောင်းတယ်..”မမ ဆီက မျက်စောင်းလှလှ လေး လက်ဆောင်ရလိုက်ပါသည်..။
“မ သိလား..ယာ အရမ်းပျော်နေတယ်...”
နှင်း ဘီဒို တံခါး ပြန်ပိတ်လိုက်ပြီး..ကုတင်မှာပဲ ထိုင်လိုက်သည်..။
“အောင်အောင်တို့က ယာ ကို အားပေးထားတာ..မင်း ဒီလိုသာ အလျော့ပေးနေရင် အဘိုးကြီး ဖြစ်တဲ့ အထိ မမ အနားကပ်လို့ ရမှာ မဟုတ်ဘူးတဲ့..”
ကြည့်စမ်း နှင်း ကွယ်ရာ..သူတို့ ပြောနေကြတာ...
“မမ က မာန ကြီးတာလည်းသူတို့ သိတယ်..ပြီးတော့ အရင်က..”
ယာလေး စကားက ဆက်မလာတော့..နှင်းနားထောင်နေရတာ..
“ဘာလည်း..”
“အရင်က ယာ ထက် သာတဲ့ သူတွေကို မမ တွဲခဲ့တော့ “
“.ရည်းစားထားခဲ့တဲ့ မိန်းမမို့ တန်ဖိုး မထားချင်ဘူး ဆိုပါတော့..”
ယာ အိပ်နေရာ ထထိုင်လိုက်ရသည်...မမ စကားတွေက..
ကျောခိုင်းထိုင်နေတဲ့ မမ ကို သိုင်းဖက်လိုက်ပြီး..
“မ ကို ယာ လက်ထပ်ထားရတယ်ဆိုတာ တစ်ခါတစ်လေ အိမ်မက်လို ဖြစ်နေတာ..မ က ယာ မမှီနိုင်တဲ့ အမြင့်ပန်းလေ..”
ဘယ်လိုစကားကြီးလည်း..အမြင့်ပန်းရထားလို့ ဂုဏ်ယူတယ်ပြောချင်တာလား.သိမ်ငယ်တယ် ပြောချင်တာလား...ခုလောလောဆယ်တော့ သိုင်းဖက်ထားလို့ သူ့မျက်နှာကနှင်းပါးနဲ့ကပ်တော့မည်..။
ဒါကော ခွင့်တောင်းလား..ပြောလိုက်ရင်တော့ ..မ ခွင့်ပြုမှတဲ့..
တွေးနေတုန်း ဖုန်းသံ မြည်လာသည်..
ယာ ဖုန်းမြည်သံကြောင့် အကျီ င်္ အိတ်ကို လှည့် အကြည့် မမ က လည်း ပိုက်ဆံ အိတ်ကို လှမ်းအကြည့်မှာ...
အကြည့်ချင်းဆုံရင်တောင် ရန်ခုန်နှုန်းမြန်မှာ..အခုက နှုတ်ခမ်းချင်း ဆုံတော့...
ယာ အမြန် နောက်ဆုတ်လိုက်ပြီး..
“မ...ဒါ..ယာ ...ယာ...မလုပ်ဖူး...မတော်...”
“ငါ့ ဖုန်းလာနေတာ..လွတ်အုံး..”
“ဟင်..အင်း..” ယာ သိုင်းဖက်ထားတဲ့ လက်ကို ဖြည်ပေးလိုက်တော့ မမ က ထပြီး ပိုက်ဆံ အိတ်ထဲက ဖုန်းထုတ်ကြည့်သည်..။
ယာ ကုတင်ပေါ်မှာ လက်တစ်ဖက်ထောက် ထိုင်လိုက်ပြီး
“ဟူး..ချိုလိုက်တာ..စတော်ဘယ်ရီ အနံ့လေး..အဟီး..” မမ မကြားအောင် တိုးတိုးလေး ရေရွတ်နေမိသည်..။
မမ က ယာ ကို ကြည့်ပြီး ရယ်လိုက်တော့ ယာ မျက်နှာပိုး အမြန်သတ်လိုက်ရသည်..။
“ဘယ်သူလည်း..မ..”
“တယ်လီနော..”
“အယ်..”
“ဟား..ဟား...”မမ က ရယ်ပြီး အခန်းပြင်ထွက်သွားတော့  ယာ ကုတင်ပေါ်လှဲချရင်း ဖက်ခေါင်းအုံးကို ဆွဲ ဖက်လိုက်သည်..။
“အိုး...ရူးမှာပဲ..တစ်ခုပြီး တစ်ခု..”
နှင်း မီးဖိုခန်းရောက်တော့ အသံမထွက်အောင်ရယ်နေမိသည်..။
ယာလေးကို အချိန် နဲ့ အမျှ နှောင်ဖွဲ့မှုက ပိုသာတိုးလာတာ..အချစ်လား..
အမှတ်မထင်ကျလာတဲ့ အနမ်းကြောင့် နှင်း ရင်ခုန်နေပေမဲ့ ယာယာ က ပြူးတူးပြာတာ နဲ့ ရှင်းပြဖို့ ကြိုးစားနေတာ..
ဘာလည်း..ကျွန်မ ကို နမ်းပါလို့ ပြောမဲ့နေ့ကို စောင့်နေတာလား..။
အောင်အောင်ပြောတဲ့ အတိုင်းပါပဲ..အဖိုးကြီး ဖြစ်သွားလိမ့်မယ်..ယာယာ..။

...........
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသား မကောင်းတော့
ဖတ်ရတာလည်း ကောင်းမှာဟုတ်ပါဘူး 🙏😭
သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all

မအတွက်Where stories live. Discover now