Part 2

7.7K 201 1
                                    

မ အတွက်
အပိုင်း (၂)
#မအတွက်စပိုက်ကာ

“နှင်းဆီနက်…နင် လွန်နေပြီနော်..”
“ဟား..ဟား…မကျေနပ်ရင်..သေလေ…”
“နင်…နင်….”
“ဟား…ဟား…”
“နင့်..အဖေကို ငါလိုချင်တိုင်းယူလို့ရမလား..နင့်အဖေကို နင် မနိုင်ပဲ ငါ့ ကို လာပြီး ပြသာနာ ရှာနေတာ…ဟားဟား..တော်ချက်..”
“နင် အပေါက်ကို ပိတ်ထားနော်..”
“ဘာလည်း အထိနာသွားပြီလား..ဟား…ဟား..” ပြောပြီး လှေကားကနေ ဆင်းသွားတဲ့ ဘီဘီ ရဲ့ ကျောကို မုန်းတီးစွာ စိုက်ကြည့်နေမိသည်..။
နှင်း အခန်းထဲ ရောက်တော့ အားရအောင် ငိုနေမိသည်..။ ပါပါ လုပ်တာ ကောင်းလား..နှင်းနဲ့ ရွယ်တူ တစ်ယောက်ကို ကောက်ယူလိုက်တာ..။ ပါပါ လုပ်ရက်တယ်..မာမီ ဆုံးကတည်းက တစ်ရက်မှ မမေ့ဘူးပြောပြီး အခုတော့…နှင်း တွေးရင်း ငိုနေပြန်ပြီ..။
“နှင်း ထမင်းစားဖို့ ဆရာကြီး ခေါ်ခိုင်းလိုက်တယ်..”
“စားပြီးပြီလို့ ပြောလိုက်..’
နှင်း တကယ်တော့ ဗိုက်ဆာနေပါပြီ..မနက်ကတည်းက ဘာမှ မစားပဲ ငိုချည်းနေခဲ့တာလေ..ဗိုက်ဆာပေမဲ့ ဒီ မိန်းမ ကို မျက်နှာချင်း မဆိုင်ချင်ပါဘူး..သူ က မာမီနေရာမှာ ထိုင်ပြီး ပါပါ ဘေးမှာ ထိုင်နေမှာ..အို မကြည့်ချင်ဘူး..မတွေ့ချင်ပါဘူး…ဒေါသတွေထွက်ရမယ်..နှလုံးတွေ နာကျင်ရမယ်…တစ်ခုခု လုပ်မိလို့ ပါပါ သူ့ရှေ့မှာ ဆူရင် နှင်း ပါပါ ကိုပါ မုန်းမိတော့မယ်..။
“တီမြ…နှင်းကို ထမင်းထည့် ယူ လာပေးပါလား..ဟင်..”
“ဆရာကြီးက အောက်မှာဆင်းစားဖို့ ပြောနေတာ နှင်းရဲ့..”
အကုန်လုံး..နှင်းကို မလေးစားတော့ဘူး..နှင်းစကားနားမထောင်တော့ဘူး..မာမီ မရှီတော့ဘူး..ပါပါ ကလည်း နှင်းကို တန်ဖိုးမထားတော့ အခု အလုပ်သမားတွေကပါ မခန့်လေးစားလုပ်နေပြီ…
“မုန်းတယ်..အားလုံးကို မုန်းတယ်..” နှင်း..တအားအော်လိုက်ပြီး..တံခါးကို ပြန်ဆောင့်ပိတ်ပြီး..ငိုမိပြန်ပြီ..။
“နှင်းဆီနက်..ငိုနေတာလား..ထမင်းတော့ ဆင်းစားပါအုံးဟ..နင့် အဖေ က နင့်ကို စောင့်နေတယ်..’
တံခါးအပြင်က ပြောနေပေမဲ့ လှောင်ပြီးပြုံးနေမှာ နှင်းသိနေသည်..။
သူ ပျော်နေမှာ ၀မ်းသာနေမှာ..အားရအောင် ရယ်နေမှာ မဖြစ်ရဘူး…အဲလို ဖြစ်ရင် နှင်းရှုံးတာပေါ့..။
နှင်း ရေချိုးခန်း၀င်ပြီး မျက်နှာသစ်လိုက်သည်..။
မှန်ရှေ့မှာ အပြင်သွားရင် ပြင်သလိုကို အချိန်ပေးပြီး သေချာပြင်လိုက်သည်..။
ငိုထားတဲ့ ပုံ ပေါက်သေးလား…အင်း နှုတ်ခမ်းနီ ရဲရဲ ဆိုးလိုက်မယ်..။
ဘီဘီ…နင်တော့ မှားပြီ…။
“ထမင်းစား မလို့ လာခေါ်တာလား..အဟက်..”နှင်းကို အံသြသလို ကြည့်နေတဲ့ ဘီဘီ ကို ကျောခိုင်းပြီး လှေကားကနေ အပြေးလေး ဆင်းလာလိုက်သည်…။
“ဝိုး..ပါပါ..က တကယ်မစားပဲစောင့်နေတာလား..”
“အင်းပေါ့..” ဘီဘီ က မာမီ ခုံမှာ ပြုံးပြီး ၀င်ထိုင်လိုက်တော့ နှင်း ၀မ်းနည်းလာသည်…မဖြစ်ဘူး…ခံစားချက်ကို မြိုသိပ်..လူတွေ ၀မ်းမသာစေနဲ့..။
“ပါပါ..က လည်း ပိုတယ်..နှစ်ယောက်စား နေတာတောင်..နှင်းကို စောင့်နေရလား..”
“ပါပါ အတွက် နှင်းက အဓိကလေကွာ..’
“အဟင်း..သိပါတယ် ပါပါရဲ့..”နှင်း ပိုပိုသာသာ ချွဲပြလိုက်သည်…။
“အော်..ပါပါ နယူးလေးကို ဘီဘီ ခေါ်ရမလား..မာမီခေါ်ရမလားတောင် မသိတော့ဘူး..”နှင်း ပြောလိုက်တဲ့ စကားကြောင့် ပါပါ မျက်နှာပျက်သွားသည်..။
“အဲဒါ…”
“ဘီဘီ ပဲ ခေါ်ပါ တို့ လည်း နှင်းပဲခေါ်မယ်လေ..”
“အဲဒါပဲကောင်းပါတယ်..တစ်ကျောင်းတည်း ထွက်လာတာ့ မာမီ ခေါ်ဖို့ ခက်သား..အဟက်..”နှင်း ဇွန်းကိုင်ပြီး ထမင်းလုပ် ပါးစပ်ထဲ ထည့်ရင်း ပါပါ ကို တစ်ချက် ကြည့်လိုက်တော့ ပါပါ က ထမင်းဆက်မစားတော့ဘူး..။
“စားလေ..ပါပါ..ဟင်း မကြီုက်လို့လား..ဒီမှာ ပုဇွန်လုံး..ပါပါ ကြိုက်တယ်မလား..”
“အော်..အင်း..နှင်းလည်း စားလေ..”
ပါပါ ကနှင်း ဟင်း ထည့်ပေးတော့ မှ ဆက်စားတော့သည်..။
“ပါပါ..နှင်း…ပါပါ အလုပ်တွေ ကူချင်တယ်..’
“ဟင်..နှင်း..အလှပြင်ဆိုင်ပဲ ကောင်းပါတယ်..ပါပါ တို့ အလုပ်က ပင်ပန်းတယ်..မိန်းကလေးနဲ့ မကိုက်ဘူး..”
နှင်းလည်း အလှပြင်ပေးရတာကြိုက်ပါတယ်..ကြိုက်လွန်းလို့ beauty bella ဆိုတဲ့ ဆိုင်လေးဖွင့်ထားတာ ၅နှစ်ရှိပြီလေ..ဒါပေမဲ့ အခုတော့ အကြိုက်ပြောင်းလိုက်တော့မယ် ပါပါ..။
“နှင်းက ဘာမဆို ငြီးငွေ့ လွယ်တာ ပါပါ သိသားနဲ့…ခုလည်း..ပါပါ လို အလုပ်တွေ လုပ်ချင်တာ..ထိုင်နေရတာ စိတ်ပျက်လာပြီ. လုပ်မယ်.နော်..ပါ..နော်…လို့..”
“အိုကေ..အိုကေ..ပါပါ ပွဲရုံ လိုက်ခဲ့ပေါ့..”
“ရက်စ်….ဒါမှ…ပါပါ..အာ့ကြောင့် ချစ်တာ..”
ပါပါ က ရယ်နေပေမဲ့…ဘီဘီ ကတော့ ရင်ပူနေမှာ သေချာတယ်…နှင်း အတွက် လုပ်ရမှာတွေ များတယ်.ဘီဘီ ပျော်ပျော်ကြီးစောင့်နေပေးပါ...။
“နှင်း ဝြပီ..ဒီန့ ပျော်လွန်းလို့ ထမင်း နှစ်ပန်းကန် တောင် ကုန်သွားတယ်..ဝိတ်တွေတက်လာတော့မှာပဲ..ဝိတ်တက်ရင်တော့ ပါပါ တရားခံပဲ..”
“ဟားဟား…” ဦးနိုင် တစ်ယောက်ရယ်နေပေမဲ့ သမီးက လှေကားပေါ်ရောက်သွားတော့ သက်ပြင်းချမိသည်..။
တစ်ခုခုကို ဖုံးကွယ်နေပြီး..တစ်ခုခုလုပ်တော့မယ်ဆိုတာ သိနေသည်..။
သမီးက ချက်ချင်း လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သိလို့ သမီး တစ်ခုခု ဝုန်းဒိုင်းကြဲရင် ပြသာနာ ရှာရင် သည်းခံပေးဖို့ ဘီဘီ ကိုပြောထားပြီးသား..။
အခုလို အရမ်း ကောင်းနေတော့..ဦးနိုင်ကြောက်နေရပြီ…ဘယ်လိုတွေ ဖြစ်လာအုံးမယ် မသိ..။
ငယ်ငယ်ကတည်းက တစ်ဇွတ်ထိုး..ကာတွန်းကားထဲက နှင်းဆီနက် ကို တွေ့ပြီး.. နှင်းသက်ဝေ ဆိုတဲ့နာမည်လှလှ ကို နှင်းဆီနက် မပြောင်းပေးရင် ကျောင်းမတက်ဘူးလို့ ဂျီကျတာ ၅နှစ်သာသာလေး..။
ဘယ်မိဘ က သမီးလှကို နှင်းဆီနက်လို့ ပေးချင်ပါ့မလည်း…နှင်းလို့ ထည့်ခေါ်ရင်း..နှင်းဖြစ်နေတာ ကျေးဇူးတင်နေရသည်..။
အခုလည်း…ဘာတွေလည်း မသိပေမဲ့..သမီး တစ်ခုခု ထိခိုက်မှာ စိုးရိမ် မိသည်..။
နှင်း မနက်ကတည်း လိုအပ်တာတွေ စုံစမ်းနေ၇တာ ခေါင်းခြောက်ရပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းမှ မပင်ပန်းပါဘူး..။
ပါပါ ထင် သလို နှင်းက ပျော့ညံတဲ့ မိန်းကလေး  မဟုတ်ဘူး..။
နှင်းဆိုတာ ပမွားလေးပါ သူ့ အဖေပိုင်တာ ငါ မယားမို့ အကုန်ပိုင်ရမယ် ဆိုတဲ့ ဘီဘီ လည်း..တစ်နေ့တော့ နှင်း အကြောင်းသိရမယ်..။
ယူပြီးတာ တစ်လ မပြည့်သေးဘူး..တိုက်ခန်းအသစ်ကို ဘီဘီ နာမည်ပြောင်းပေးလိုက်ပြီ..
အဲဒီ အခန်းက နှင်း အတွက်ဆိုပြီး ၀ယ်ထားတာ ပါပါ မေ့သွားပြီလေ..။
နှင်း ဘယ်သူ့ပိုက်ဆံ နဲ့ မှ မနေချင်တော့ဘူး..ပါပါ ကလည်း အခု ပိုင်ရှင် အသစ်နဲ့..။
အရင်လို ပါပါ ဆီက လက်ဖြန့်တောင်းရမှာ  မျက်နှာငယ်ရတယ်..
အရင်တုန်းကလည်း မီးခံသေတ္တာသော့ ပေးထားပေမဲ့..။
အခု သူတို့ နှစ်ယောက် အခန်းထဲ လည်း ၀င်မယူချင်တော့ပါဘူး..။
ကိုယ်တိုင်ရှာ တာ ကိုယ်တိုင်သုံးမယ်..။
နှင်းဆိုတာ ဦးနိုင်ထက် စီးပွားရေးမှာ ပိုတော်နေရမယ်..
မာမီ…နှင်း လုပ်တာ မှန်လားဟင်..။
မှန်မှာပါ…
နှင်း မှန်ရှေ့ထိုင်ပြီး ပါပါ ဆီသွားဖို့ အအဆင့်သင့် ပြင်လိုက်သည်..။
“လာ..နှင်း..ဆိုင်ကို ဘယ်သူနဲ့ ထားခဲ့လည်း..” ဦးခိုင် ပွဲရုံမှာ ထိုင်နေတုန်း နှင်းက တကယ်ရောက်လာပြီလေ..။
“ဆိုင်က လူပါးတယ်..ပါပါရဲ့..”
“အင်း..ထိုင်…ပြောပါအုံး..ဘာလို့ ပဲ ကိစ္စ စိတ်၀င်စားသွားတာလည်း..ပါပါ သိလို့ ရမလား..”
“ပဲချည်းပဲ မဟုတ်ဘူး..နှင်းက ဆီ လည်းလုပ်ချင်တာ..” ဦးနိုင် မျက်ခုံးပင့်မိသည်..မနေက တစ်နေ့ကပဲ ပဲစျေးကျတဲ့ အကြောင်းပြောတော့..ပါပါ ကဘာတွေ ပြောနေတာလည်း ရှုပ်ခတ် နေတာပဲ တဲ့..။
အခု ရက်ပိုင်းအတွင်း ဘာတွေ ဘယ်လို သိသွားတာပါလိမ့်..။
တစ်ခုသိချင်ပြီဆို မနားမနေ လေ့လာတက်တဲ့ နှင်းရဲ့ ဗီဇ ကြောင့် ဖြစ်မယ်..အလုပ်ကို စိတ်၀င်စားလို့ ဂုဏ်ယူရမလား..ကြောက်ရမလားတော့ မသိတော့ဘူး..။
“ပါပါ တော့ မကြိုက်ပါဘူးကွာ..အခု အကုန်အော်နေရတဲ့ အချိန်..နှင်း က ဒါ က စလုပ်မယ်ဆိုတော့..မဟုတ်သေးပါဘူး..”
“နှင်း ပိုက်ဆံ နဲ့ နှင်း လုပ်မှာပါ..”
ဦးနိုင်ဖြေရှင်းဖိုက လိုပြီ..နှင်းက ပိုက်ဆံ ကြောင့် လို့ ထင်နေပြီလေ..။
“မဟုတ်ဘူး..နှင်း..ပါပါ ပိုက်ဆံ က နှင်း အတွက် ချည်းပဲ..နှင်း က အကုန်ယူပြီး ရေထဲ ပစ်ချမယ် ဆိုတောင် ..ပါပါ ကျေနပ်မှာပဲ..အခုက နှင်း စလုပ်မှာ မို့ ပါပါ က အကြံပေး သပ်သပ်ပဲ.နှင်း ပါပါ ပြောတာ သဘောပေါက်ရဲ့လား...”
“အင်း..’နှင်း က ခေါင်းငြိမ့်ပြီး ရှေ့က ဘောပင်ကို စာရွက်ပေါ်မှာ ကောက်ခြစ်နေသည်..။
“နှင်းကို မတ်ပဲ ပွဲစား ဖုန်းနံပါတ်တွေ ပေးပါလား..”
“မတ်ပဲ…ဟား..ဟား..ပွဲစား မလိုဘူး နှင်း..ပါပါ ဆီ မှာ လှောင်ထားတာတွေ အကုန် ထုတ်သွား..”
“တကယ်လား..”
“အင်းပေါ့..ဟား..ဟား..နှင်းရယ်…ဘာလည်း..တာရော့ ကစားချင်လို့လား..”
“အင်း…အဲဒါ ထက် ပို စိတ်၀င်စားဖို့ကောင်းတယ်..”
“ပါပါ ဆီက ထုတ်မရောင်းရတော့ဘူးနော်.. နှင်း အကုန်ယူလိုက်ပြီ..”
“အိုကေ..ဟား..ဟား..သားအဖဆိုပေမဲ့ စရံတော့ ပေးထားသင့်တယ်..မလား..”
“ပေးမယ်လေ..ပါပါ မှာ ဘယ်လောက်ရှိလည်း တွက်လိုက် နှင်းပေးမယ်..”
“ပါပါ က စတာပါ..နှင်း အ၀ယ် ရှာမယ်ဆို ပါပါ ချိတ်ပေးမယ်လေ..”
“မလိုဘူး..နှင်းရှာပြီးပြီ..ပြန်တော့မယ်ပါပါ..ပြောပြီးသားနော်..ကတိ ”နှင်းက ပြောပြီး ထွက်သွားပြီလေ..
“ဟင်..”ဦးနိုင် အံသြရပြန်သည်..ဒီစျေးကွက်မှာ လူလိမ် ခပ်များများရယ်…ကျွတ်..ဒီကောင်မလေး..ဘာတွေ လုပ်ချင်နေတာလည်း.. ….။

မအတွက်Donde viven las historias. Descúbrelo ahora