မ အတွက်
အပိုင်း (၈)
#မအတွက်စပိုက်ကာ“ဦးနိုင်..ကျူပ်တို့ အကွက်ကို ကျော်နေတာ မိန်းမ တစ်ယောက်ဗျ..”
“ဟုတ်လား..”
“ကျူပ်တော့မကျေနပ်ဘူး..”
“မကျေနပ်လည်း ဘာတက်နိုင်မလည်း..သူက စျေးပိုပေးတာကိုးကွာ..”
“ဒါမျိုးက စည်းကျော်တာလေ..”
လက်ဖက်ရည်ဆိုင်မှာ ပြောနေပေမဲ့ ဦးနိုင် မျက်လုံးထဲ နှင်းကို ပြေးမြင်ပြီးသားပါ..။
နှင်း..ကို ဘယ်လိုမှ တားမရ..ဒီပုံစံ အတိုင်း ဆက်သွားရင် နှင်း အန္တရယ် ရှိလာနိုင်တယ်..။
.
လက်ဖက်ရည်ဆိုင်က ထွက်လာပြီး ဖုန်းခေါ်လိုက်သည်..
“နှင်း အခု ဘယ်မှာလည်းး..”
“ကွင်းမှာပါ..ပါပါ…”
“ဘယ်သူနဲ့လည်း.”
“ယာလေးနဲ့..”
ဦးနိုင် သက်ပြင်းချမိသည်..တော်သေးတယ်..ဒီကောင်လေး ကို သွားလေရာခေါ်သွားပေလို့..။
.
ညနေ အိမ်ကို စောစောပြန်ပြီး စောင့်နေပေမဲ့ မတွေ့လို့ မနက်ပြန်စောင့်နေရသည်
လှေကားက တစ်လှမ်းချင်း ဆင်းလာပြီး အိမ်ရှေ့ ဦးတည်နေပြီ..
“နှင်း..လာအုံး..”
နှင်း ခုံမှာ ၀င်ထိုင်လိုက်တော့..
“နှင်း ၀ယ်လိုက်တာ သူများ ငွေချေပြီးသားတွေ အဲတာ သိသလား..”
“နှင်း ကို ပါပါ ပြောနေတာ တစ်ခါ မကတော့ဘူး..”
“နှင်းလည်း..ဖြတ်လုတာမှ မဟုတ်တာ ပွဲစားရောင်းတာ ၀ယ်လိုက်တာ..”
“နှင်း..ဘာမှ မသိဘူး..ဒါ မိန်းကလေးနဲ့ သင့်တော်တဲ့အလုပ်လည်း မဟုတ်ဘူး..”
“မသင့်တော်ပေမဲ့…ပိုက်ဆံ ကလည်း အများကြီးရတယ်လေ..”
“နှင်း….ဘာလို့ ပိုက်ဆံ ပိုက်ဆံ..ဖြစ်နေတာလည်း..ပါပါ ငွေ တွေက နှင်း အခုသုံး အခု ကုန်မှာ မဟုတ်ဘူး..”
“အရင်ကတော့ ဟုတ်တယ်..အခုတော့ နှင်း မသုံးလည်း သုံးမဲ့ လူ ရှိနေပြီလေ..မကုန်မှာ မပူပါနဲ့ပါပါ..”
“ကျွတ်..မဟုတ်သေးဘူး..နှင်း..အခု နှင်းလုပ်နေတာတွေက အရမ်းအန္တရယ်များလာပြီနော်..”
“မစိုးရိမ်ပါနဲ့ ပါပါ နှင်း နိုင်လို့ နှင်းလုပ်တာပါ..”
ပါပါ နဲ့ တွေ့တိုင်း သတိတွေပေးနေလို့ မတွေ့အောင် ရှောင်နေတာတောင် မနက်စောကြီး ထပြီး ဆူဖို့စောင့်နေတဲ့ ပါပါ ဟွန့်..မိန်းမ ကျတော့ လွတ်ထားပြီး..သမီးကျတော့ ချူပ်ချယ်လွန်းတယ်..မတရားဘူး…။
နှင်း..ကားနားရောက်တော့ ယာ လေး က ကားတံခါးဖွင့်ပေးသည်..။
အလိုက်သိလွန်းတဲ့ ကလေးကြောင့် စိတ်တိုနေတာ နည်းနည်းလျော့သွားသည်..။
“ယာလေး..ဒီတစ်ခေါက်ကုန်တင်တာ အမြတ်နည်းတယ် ၁ပဲယူနော်..”
“မယူပါဘူး..ရပါတယ်..”
“အယ်…သဘောကောင်းလှချည်လား..”
“မမ ဆိုင်ကိုလား…”
“အင်း..ဒီနေ့ မိတ်ကပ်ပစ္စည်းတွေရောက်မယ်လေ..”
“ဟူး..ဒီဆိုင်က ပွဲရုံ ထက် စာရင် အမြတ်က အမှုန်အမွားလေးရယ်..ပိတ်လိုက်ရင် လည်း ပါပါ ကဆူအုံးမှာ.. တော်တော် ရှုပ်တဲ့ ဆိုင်..”
.
မမ ကို ဆိုင်ပို့ပေးပြီး ပြန်လာတော့ ယာ ပါပါ ဆီ ဖုန်းခေါ်ရသည်..ဘာပဲပြောပြော ဖုန်းဆက်ဖို့ မှာထားလို့..ပြောနေရပေမဲ့.. ယာ မှာ မမ ကို သစ္စာဖောက်သလို ခံစားရသည်..။
“ပါပါ အခု ယာ ကို ၁ပေးမယ်တဲ့..”
“မင်း ဘာပြောလိုက်လည်း..”
“မယူဘူးလို့..”
“ယူလိုက်..မဟုတ်ရင် ပိုပြီး လောဘ ကြီးလာလိမ့်မယ်..ပြီးတော့ ဒီနေ့ ပဲခူး မသွားဖြစ်အောင် တားနော်..”
“အင်း..ဒါပေမဲ့ မမ က ယာပြောရင်..”
“ကား ကို ၀ပ်ရှော့ ပို့လိုက်…ငါ ပြန်လာမှ သူနဲ့ ထပ်ပြောမယ်..”
ကား ကို ၀ပ်ရှော့ ပို့ပြီး..တက္ကစီ စီး ပြန်လာတာ လမ်းမှာ ပဲရှိသေးတယ်..
၀င်လာတာ မမ ဖုန်း..
“မမ…”
“ယာလေး..ဘာလုပ်နေတာလည်း..သွားဖို့ ပြောထားတာ..အခုထိ မလာသေးဘူးလား..”
“မမ ဘယ်မှာလည်း ..”
“ဆိုင်မှာပေါ့ဟယ်..”
“ဟို…ယာ ကားကို ၀ပ်ရှော့ ပို့ ခဲ့ရလို့..”
“ဘာ…ကျွတ်…”
မမ စိတ်မရှည်တော့ တာ သိလို့ ယာ ဖုန်း အမြန်ချလိုက်သည်…။
နှင်း..စိတ်ညစ်မိသည်..ဟိုဘက်နဲ့ ချိန်းပြီးခါမှကားစုတ်က ပျက်ရပြန်ပြီ…။
စုထားတဲ့ ငွေထဲက ကားအသစ် တစ်စီး ၀ယ်ရင်ကောင်းမလား….
မဖြစ်ပါဘူး..ဒီပိုက်ဆံတွေက ကလဲစားချေဖို့ အတွက် သီးသန့်စုထားရတာ…
ဘီဘီ နင်တော့ မကြာခင် လမ်းဘေး ရောက်တော့မယ်…။
“မမ တက်..”ကားတံခါးပြေးဖွင့်ပေးနေတဲ့ ယာကို အလိုမကျသလို ကြည့်နေမှန်းသိပေမဲ့ ယာ မသိချင်ယောင်ဆောင်ပြီး တံခါးဖွင့် စောင့်နေလိုက်သည်..။
“ကားကလည်း..ညနေမှ ကောင်းတော့တယ်နော်..” မမ က ကားပေါ်ရောက်တာနဲ့ စကားစတော့သည်..။
“ဟုတ်တယ်..ယာ လောခိုင်းလိုက်လို့..မဟုတ်ရင် ၃ ရက်လောက်ကြာမှာ..”
“ကုန်စာရင်းရော…မေ့ခဲ့ပြီမလား”
“မေ့ပါဘူး..နောက်မှာ..’ နှင်းက အပြစ်ရှာချင်ပေမဲ့ ယာလေး ဆီက ဘယ်တော့မှ အအပြစ်မတွေ့ရအောင် သိတက်လွန်းလှသည်..။
“လိမ်မာတယ်…”ခေါင်းကို ပုတ်ပြီး ..နောက်ခန်းက ဖိုင်ကို လှမ်းယူတော့ ခုံပေါ်မှာ ချောကလက်ဗူးလေး…
“ဝါး..ချောကလက်ပါလား..ယာလေး ဟာလား..”
“အင်း..”
မမ က ချောကလပ် ဗူးကို ယူပြီး ဖောက်လိုက်သည်…။
“အွန့် မစားရတာကြာပေါ့..”
“မမ နှုတ်ခမ်းတွေတောင်ပေကုန်ပြီ..”
“ဟား..ဟား…ငတ်တာ လူသိသွားပြီ..”
မမ ကရယ်ပြီး ရှေ့က တစ်ရှုးကို နှစ်ချက်ဆက်ယူလိုက်သည်..။
“ပေနေသေးလား..”
“အင်း..”
ယာ ကားမောင်းနေရင်း. မမ နှုတ်ခမ်းကို တစ်ရှုးနဲ့ သုတ်ပေးလိုက်သည်..။
နှင်း..အိတ်ကို ပစ်ဖို့ ကောက်လိုက်တော့..
“အယ်..”ဗူးကိုဖောက်တုန်းက သတိမထားမိပေမဲ့..ကဒ်တွေ ဖဲကြိုးတွေနဲ့ ချည်ထားတာပဲ။ ဒါဆို…
“ယာလေး..ဒါသူများပေးဖို့လုပ်ထားတာလား..”
“အင်း..”
“ဟယ်..အဲဒါ ဘာလို့ မပြောတာလည်း..”နှင်း စားပြီးခါမှ အားနာစိတ်ဖြစ်မိသည်..။
“မမ မမေးလို့ပါ..”
“ဒုက္ခပါပဲဟယ်.အခုဘယ်လို လုပ်ကြမလည်း.”
“အသစ်ထပ်၀ယ်လိုက်မယ်လေ..”
“ရှက်ဖို့ကောင်းလိုက်တာနော်..ငါနှယ်..”
“ဟား..ဟား..မမ ကလည်း..တွေးလွန်းတယ်..,ယာ ၀ယ်ထားတာ မမ စားတော့ ဘာဖြစ်မှာမို့လို့”
“ဘာမှမဖြစ်လည်း..ပြီးရော..”မမ လွင့်ပစ်လိုက်တဲ့ ကဒ်လေးကိုယာလိုက် ကြည့်နေမိသည်..တော်ပါသေးရဲ့ မဖတ်ပဲ ပစ်လိုက်လို့…။
“အော်..ဒိနေ့ ချစ်သူများနေ့ပဲ..ယာလေးတောင် ချောကလက်ပေးရမဲ့ သူရှိပြီဆိုတော့ လူကြီး ဖြစ်နေပြီပေါ့..”
မမ ပြောတာကို ခွန်းတုန့်ပြန်ဖြေဖို့ အဖြေမရှိပါ..
“မမ..ပထမဆုံးချောကလက်စားတာ မှတ်မိလား.”
“ဟင့်အင်း..”
“ယာတော့မှတ်မိတယ်..မမ ကျွေးတာလေ..”
“အယ်…ဘယ်တုန်းက..’ယာ အရင် အချိန်ကိုပြန်ရောက်သွားသလို..ပြုံးလိုက်မိသည်..။
“မမဘော်ဒါဆောင် သွားတဲ့နေ့က မာမီနဲ့ ထည့်ပေးလိုက်တာလေ..ယာ လေ အဲဒီ ချောကလက်ဗူး ပျောက်မှာစိုးလို့ ကားပေါ်မျာ တစ်လမ်းလုံး ပိုက်သွားရတာ..စားပြီးတဲ့ အခွံတောင် အိမ်မှာ သိမ်းထားတုန်းပဲ..”
“ဟား..ဟား..ယာလေးတို့ကတော့ ဖြစ်ရမယ်..”
“အရင်က မမ က ချစ်ဖို့ကောင်းတယ်..”
“ဟမ်..အခုရော..”
“ကြောက်ဖို့ကောင်းတယ်..”
စကားဆုံးတာနဲ့ မမ ရဲ့ လက် က ယာ ဗိုက်ဆီသို့..
“အား..မမ..နာတယ်..ကားမောင်းနေတာ…အ..အ..’
“အဲလိုတွေလုပ်လို့ ကြောက်ဖို့ကောင်းလာတာလေ…”
“ဟား..ဟား..မတက်နိုင်ဘူး…”
ယာလည်း လိုက်ရယ်မိသည်..။
.
“နှင်း…လာအုံး..”
နှင်းလှေကားသုံးတစ်တက်ပြီးခါမှ ပြန်ဆင်းလာရသည်..။
“ပါပါ ပြောပြီးသားနော်..ကုန်၀ယ်ချင်ရင် ပါပါ ဆီက ပဲ ယူရမယ်လို့..”
“ဟာ..ပါပါ ကလည်း..နင်း စျေးသက်သာတဲ့ဆီမှာ ယူနေတာ..”
“သိတယ်..အရင်က မသိချင်ယောင်ဆောင်နေတာ.. အခု မရတော့ဘူး.”
“ဘာလို့ မရတော့တာလည်း..”
“စိတ်မချလို့..”
“ဟာ..ပါပါ..နှင်း.ယာလေးနဲ့ သွားနေတာပဲလေ..”
“သိတယ်..အဲဒါလည်း..မသင့်တော်ဘူး..”နှင်းတို့ မာန ကို ထိခိုက်လာရင် နောက်ဆုတ်သွားမယ် အထင်နဲ့ ပြောလိုက်တာ..စိတ်ချရတာ ကိုယ်လည်း သိပါသည်..။
“ဘယ်လိုမှ သင့်တယ်ပြောကြမှာလည်း..”
“အဖေ အကိုမောင်..ခင်ပွန်းနဲ့..သွားမှပေါ့..အခုယာက..”
“ယာက နှင်း အတွက် မောင်လေးလိုပဲ..သူလည်းနှင်းကို အစ်မလိုမျိုးပဲ..”
“သ်ိတယ်..ပါပါ သိပေမဲ့ ပတ်၀န်းကျင်က မသိဘူး..’
“ပတ်၀န်းကျင် ..ပါပါ က ပတ်၀န်းကျင်ကို ဂရုစိုက်လို့လား..”ပတ်၀န်းကျင်ကို ဂရုမစိုက်လို့ နောက်မိန်းမ ထပ်ယူထားတာပဲလေ….လို့ ပြောချင်ပေမဲ့ မပြောရက်ပါ..။
“ပါပါ နဲ့မတူဘူး..နှင်း က မိန်းကလေး..”
နှင်း..၀မ်းနည်းဒေါသတွေက လည်ချောင်း၀ထိ ထိုးတက်လာသည်..။
ဘာလို့ နှင်း အပြစ်ချည်းပဲလည်း…
“အဲတော့ နှင်းက ဘာလုပ်ရမလည်း..”
“အရင်လို အိမ်မှာပဲနေ..ဆိုင်သွား..ဒါပဲ..”
“အခု သွားလာနေတာ မသင့်တော်လို့ မလား..ရတယ်လေ..နှင်း..ယာလေး နဲ့ လက်ထပ်လိုက်မယ်”
“ဘာ….နှင်း..”
“ဟုတ်တယ်..နှင်း ပြောရင် ယာလေး လက်ခံမှာပဲ”
“လွယ်လိုက်တာ..နှင်း..ရယ်…ဘယ်လိုပြောလိုက်တာလည်း..”
“လွယ်တယ်ထင်လည်းထင်ကြပါစေ..အဓိက ကိုယ်လုပ်ချင်တာ လုပ်ရဖို့ပဲလေ..”
နှင်း ပြောပြီး ကျောခိုင်းထွက်လာလိုက်သည်..။နစ်နာစရာမှ မရှိတာ....။
.
သမီးကို နှမျောပေမဲ့..အန္တရယ်တွေ ဝိုင်းနေတော့ စိတ်မချရပါ..
ပြီးတော့..ယာယာ တစ်ယောက်ပဲ နှင်း ဒဏ်ခံနိုင်မှာမို့ ယာယာ ကို ခေါ်လိုက်ရတော့သည်..။
“ယာယာ လာထိုင်အုံး..နှင်းရော..”
“ဆိုင်မှာပါ..”
“အေးကောင်းတယ်..”ယာ ခုံမှာ ၀င်ထိုင်ရပေမဲ့ မမ အကြောင်းတွေမေးတော့မှာ သိလို့ စိတ်မသက်မသာ ဖြစ်မိသည်..။
“နှင်းကို မင်း လက်ထပ်နိုင်မလား..သူတစ်ယောက်တည်း ငါ စိတ်မချဘူး..”
ယာ အံသြလွန်းလို့ အိမ်မက် ပဲ ထင်မိသည်..။
“…အဲဒါက..”
“ငါ သိတယ်..နှင်းက ဘာမှ မစဉ်းစားပဲ လုပ်တက်တာဆိုတာ မင်း လည်း.သိတယ်မလား..”
ယာ က မမ ကိုစောင့်ကြည့်ပေးရဖို့များလား..
“အဲလို တော်စပ်လိုက်လည်း..မမ ကို ယာ မနိုင်ဘူး.အဲဒါကြောင့်..”
“ဟား..ဟား..မင်းကလည်း..အားကိုးရတယ်ကွာ..”
“ပါပါ လည်း သိသားပဲ..မမ ကို ယာ ကြောက်ရတယ်..”
“အေးပါကွာ..မင်းသဘောမတူ ရင် ထားလိုက်..’ဒါပေမဲ့ နှင်းက ရပ်မှာ မဟုတ်ဘူး....ဒုက္ခ တွေ့မှာ..နှင်း..ဘာလုပ်လုပ် မစဉ်းစားဘူးကွာ..” ယာ ရင်တွေ ပူလောင်သွားသည်..မမ က အဲလိုမျိုး..ဖြစ်လာရင်...ယာ တွေးမိတာတောင် ခြောက်ခြားလာသည်..။
“မမက အဲလိုမျိုး..”
“မထင်နဲ့ သူ့ စိတ်ထဲမှာ ရန်ငြိုးတွေပဲရှိနေတာ..”ဘီဘီ ၀င်ပြောတော့မှ ယာ သဘောပေါက်တော့သည်..။
ယာ ဆုံးဖြတ်ပြီးချိန်မှာ မေ့ ဆီ ဖုန်းခေါ်လိုက်သည်..။
“မေ..ရန်ကုန် လာပါလားဟင်..”
“ဘာဖြစ်လို့လည်း..တစ်ခုခု ဖြစ်လို့လား..”
“အင်း..ယာ ကို မိန်းမတောင်းပေးပါ..”
“ဘာ…ယာယာ နင် ပြောတော့ အလုပ်လုပ်နေတာဆို..အခုကျတော့”
ယာ အသံတိတ် ရယ်နေလိုက်သည်..အခြေအနေ က
“ဟီး အဲလို ဖြစ်ဝါးတယ်..မေရဲ့..မေ့ ချွေးမ က ချစ်စ၇ာလေးပါ..”
“ထားပါတော့..ယူမှ ဖြစ်တော့မှာမလား.မဟုတ်ရင် နင် ဘယ်ခေါ်ပါ့မလည်း..ငါသိတယ်..’
“ဟုတ်တယ်..”
“ကောင်မလေးက ဘာလုပ်လည်း..”
“ယာတို့ အလုပ်ရှင် သမီး..”
“ဟေ…ဒါဆို..ဟာ..မဟုတ်သေးပါဘူး.ယာယာ ရယ်…နင်တော့ ဒုက္ခရောက်မယ်..သဌေးနဲ့ အလုပ်သမား..နင့်ကို နိုင်နေမှာပေါ့..’
ယာ ဖုန်းကိုချပြီးတော့ သက်ပြင်းပါ တစ်ခါတည်း..ချမိသည်… မမ ကို ဘယ်လို ဖွင့်ပြောရမလည်း ဆိုတဲ့အတွေးနဲ့တင်စိတ်လှုပ်ရှား လာသည်..
.
“ယာလေး..”
“ဟင်..”
“ဘာမှ မဟုတ်တော့ဘူး..”
မမ ဆီက စကားဆက် မလာတော့ ယာ လည်း ဘာဆက်ပြောရမှန်းမသိလို့..ကားကိုပဲ ဂရုစိုက်မောင်းသလို ရှေ့ပဲ ကြည့်နေလိုက်သည်..။
နှင်းပြောမဲ့ စကား က တန်းဖိုးကျသွားမလား..
တွေးရင်း…ယာလေး စိတ်ကိုသိနေလို့…
“ယာလေး..မမ ကို ချစ်လား..”
“ဟမ်..”
“နေပါတော့ မဖြေနဲ့..”ယာ မမ မေးခွန်းကို ဟမ် မိလိုက်တာ အခုတော့ ပိုခက်ပြီလေ…
“ချစ်တာပေါ့ မမ ကို ငယ်ငယ် ကတည်းက ချစ်တာပဲဟာ‘ ယာ လှိုက်လှီုက်လှဲလှဲ ပြောမိပါသည်..
“အင်း မမ လည်း ယာလေးကို ချစ်တယ်..”
မမ လည်း ချစ်တယ်တဲ့လား..ယာ ပျော်လိုက်တာ..နှလုံးခုန်သံတွေက ယာ တစ်ကိုယ်လုံးကို တုန်ယင်စေသည်..။
နှင်းတို့ ချစ်ပါတယ်လို့ အပြန်အလှန်ပြောနေတောင် ရင်မခုန်ကြတာ ဖြူစင်လွန်းတဲ့ သံယောဇဉ်ကြိုးကြောင့်သာ ဖြစ်ပါလိမ့်မည်…။
“ယာလေး..မမ ကို လက်ထပ်နိုင်မလား..”
မမရယ်…ယာ စိတ်ထဲမှာ နောင်တ ရမိသည်..မမ အရင်ဖွင့်ပြောရမှာ စိုးလို့ ရှောင်နေတာ တစ်ပတ်ရှိပြီ.
ယာ အားလုံးစီစဉ်ထားတာ ညနေ ဆိုရင် မေ ရောက်ပြီလေ..အခုတော့…။
“ယာ ..ဟို..”
“ဘာလည်း..ချစ်သူရှိလို့လား..အားမနာနဲ့ နော် မမ ကို ပွင့်ပွင့် လင်းလင်းပြောပါ..”
“မရှိပါဘူး..”ယာ အမြန်ငြင်းမိသည်…။
“စဉ်းစားအုံးမလို့မလား..အေးဆေး စဉ်းစားပါ..ပြီးတော့ မမကို အားနာပြီး ခေါင်းငြိမ့်မှာမျိုး မမ လက်မခံဘူးနော်..”
နှင်း မပြောခင်ကတည်းက တွေးမိသည်…နှင်းတောင်းဆိုရင် ယာလေးက လက်ခံမှာ သိသည်..ဒါပေမဲ့ စွန့်လွှတ် အနစ်နာ ခံလိုက်ရတာမျိုးတော့ လက်မခံနိုင်..ယာလေး အပေါ် နှင်း မရက်စက်ချင်ပါ…။
“မမ ညနေ ၅နာရီလောက် အချိန် ရမလား..”ယာလေး က ပြောနေတဲ့ စကားကိုဖျက်ပြီးပြောတော့ နှင်းလည်း..သူမေးတာပဲ ဆက်ဖြေလိုက်သည်..။
“၅ နာရီ..အင်း..အားပါတယ်..ဘာလို့လည်း..”
“အလှပြင်ထား ယာ လာခေါ်မယ်..”
“ဟင်..ဘာလို့လည်း..”
“ပြောဘူး..:”ပြုံးစိစိ လုပ်နေတဲ့ ယာလေးကို ဆံပင်ဆွဲပြီးမေးချင်လာပေမဲ့…
နှင်း တစ်ဖက်လှည့်ပြီး ငေးနေလိုက်သည်…
ကိုယ်ရဲ့ အတ္တတွေကြောင့်ဒီကလေး ဘ၀ကို အညွန့်ချိုးသလို ဖြစ်နေပြီလား….။
သူ့ဟာသူ အဆောင်မှာနေပြီးကျောင်းတက်ဖို့ လာတာကို ခေါ်ပြီး ဒ၇ိုင်ဘာလုပ်ခိုင်းတာတောင် လွန်နေပြီလေ..
သူမှာ ရွယ်တူတွေလို လွတ်လပ်မှု ဘယ်မှာရခဲ့လည်း..နှင်းကြောင့် ကျောင်းလည်း မတက်ရတော့ဘူး..ရွယ်တူတွေလို သင်တန်းတွေတက်ပြီး.တိုးတက်မှုလည်း မရှာရ...သူရဲ့ လွတ်လပ်မှု ငယ်ရွယ်မှု..ပျော်ရွှင်မှုတွေကို နှင်းဖျက်စီးမိနေတာလား…။
အခုတော့ လူကိုပါ အပိုင်သိမ်းမိတော့မှာလား…ငယ်သူ တစ်ယောက်ကို အသုံးချမိတော့မှာလား..
ဒါကြောင့်လည်း..ယာလေး..သူငယ်ချင်းတွေက နှင်းကို မုန်းတာပေါ့လေ..။
.
နှင်း ဆိုင်မှာ ၄နာရီ ကတည်းက အ၀တ်အစားလဲပြီးစောင့်နေလိုက်သည်..။
ယာလေး ဘယ်သွားဖို့ လာခေါ်မှာလည်း မသိပေမဲ့..မြန်မာ၀တ်စုံပဲ ရွေး ၀တ်လိုက်သည်..။
အခုလို မိန်းကလေးက စပြောလိုက်လို့ နှင်း တန်ဖိုးလျော့သွားမလားလို့ စိုးရိမ်မိသည်..
ယာလေးက သူစိမ်းမှ မဟုတ်တာပဲ..အဲလို မဖြစ်ပါဘူး..
နှင်း အတွေးတွေနဲ့ ရှုပ်နေစဉ် ဆိုင်ရှေ့မှာ ကားရောက်လာပြီ.
“မမ သွားမယ်လေ..”ယာ ဆိုင်မှာ ၀င်ခေါ်တော့ မမ က အပြင်ထွက်လာသည်..။
“အင်း.သွားမယ်လေ...”
ယာ ကားတံခါးဖွင့်ပေးတော့ မမ က ဘာမှ မမေးပဲ ထိုင်လိုက်သည်..။
“မမ ဒီနေ့ အရမ်းလှတာပဲ..”
“အော်..အေး..အရင်နေ့တွေက မလှဘူးပေါ့လေ..” မမ က လက်မပါပေမဲ့ ၀တ္တရား မပျက် မျက်စောင်းတော့ ထိုးသည်..။
အဖြူခံနဲ့ အဝါပွင့်လေးတွေကို မြန်မာ၀တ်စုံချူပ်၀တ်ထားတာမို့ မျက်စိအေးပြီးယဉ်လွန်းလှသည်..။
မမ ကို မကြည့်ပဲ ရှေ့ကြည့်နေပေမဲ့ ခဏတွေ့လိုက်မိတဲ့ မမ ပုံရိပ်က ပျောက်ကွယ်မသွား.
မျက်လုံးထဲ ပြန်ပေါ်လာတဲ့ မမ ပုံရိပ်ယောင်လေးကြောင့် ရင်ခုန်နှုန်းတွေ တိုးမြန်လာပါသည်..
ယာယာ ကားမောင်းနေတာ..မမ ဘေးမှာ..ကိုယ်ကိုယ်ကို သတိပေးရင်း..ချစ်တဲ့ စိတ်ကို မြိုသိပ်ထားရတာ မသက်သာလှပါ..။
“အယ်..အိမ် ပြန်တာလား..”
“အင်း..”
“ဘာလည်း.မမ က တစ်နေရာသွားမယ်ထင်နေတာ”
“အိမ်မှာ ယာ အမေ ရောက်နေတာ..မမ နဲ့ တွေ့ပေးချင်လို့..”
“အယ်.. ယာလေး အမေ က အလည်လာတာလား..ယာလေးကလည်း အမေ အနားမှာမနေဘူး.မမ ကို ဖုန်းဆက်လိုက်ရင် မမ လာမှာပေါ့ကွာ..”
“တော်ပါပြီ..ရောက်နေပြီ..မမရဲ့..”
ယာ တံခါးဖွင့်ပေးတာ မစောင့်ပဲ မမ က ကားပေါ်က ဆင်းလိုက်ပြီး..အိမ်ထဲ ၀င်သွားတာကို ယာ ရယ်ရင်း ကြည့်နေမိသည်...။
“သမီးလာပြီလား..”ပါပါ က ခုံမှာ ထိုင်ရင်း ကြိုပြောသည်..။
“အယ်..ချောလိုက်တာ…”ယာလေး အမေမှန်းသိသာအောင် မျက်နှာ က ဆင်လွန်းလှသည်..
“ဟုတ်ကဲ့’နှင်း ပါပါ ဘေးက ခုံမှာ ၀င်ထိုင်လိုက်သည်…။
နှင်းထိုင်ပြီးမှ ပါပါ အသိ ၃ယောက်လည်း ထိုင်နေတာတွေ့တော့ အံသြမိသည်..ဧည့်သည်တွေ စုံနေပါလား..ဟူး..။
“ပြန်ဆက်ရရင်တော့ အစ်မ ဘက်ကရော..”
“ကောင်းပါတယ်..”
“ဒါဆို ဒီအပတ် သောကြာနေ့ပေါ့နော်..”
“ဟုတ်ကဲ့..သမီးလေးက ချောတော့ ရက်မြန်လေကောင်းလေပါပဲ..”
“ဟား..ဟား..ဟုတ်ကဲ့..ဒါဆို..သောကြာနေ့အတည်ပဲ..”
“ပါပါ..ဒါက..”နှင်း ပါပါ အနားတိုးပြီး လေသံနဲ့မေးမိတော့
“ယာယာ အမေ က နှင်းကို လာ စေ့စပ်ကြောင်းလမ်း တာလေ..”
“ဟင်..ယာလေး..သိတာ..ဟိုဟာ..”
“မလေး..မေ့ ကို သူ ပူဆာနေတာ ကြာလှပြီ..မနေ့က ညနေကားနဲ့ လာတောင် စိတ်တွေဆိုးလို့..”
“ဟုတ်လား..”
ဘာတွေ ဖြစ်တာပါလိမ့်.နှင်း .တွေးမရတော့ပါ…။
ဒါဆို ယာလေး က အရင်ကတည်းက နှင်းကို မရိုးသား..ဟာ..မဟုတ်ပါဘူး..မနက်ကတောင် အေးအေးဆေးဆေးပါပဲ…။
“နှင်း..ရေ..အမေ ကို အောက်ထပ် အခန်း ကို လိုက်ပို့ ပေးလိုက်ပါကွာ”
“ဟုတ်…အန်တီ ဒီဘက်....”နှင်းရှေ့က ဦးဆောင်ပြီး ခေါ်လာခဲ့သည်..။
“မေ ပဲ ခေါ်ပါလား..ယာယာ လည်း အဲလိုပဲ ခေါ်နေကျမို့..”
“အော်..ဟုတ်ကဲ့..မေ…ဒီ အခန်းပါ..”
“သတိုးသမီးအိမ်တည်းရတာ အားနာပါတယ်..ဒီမှာ လည်း အသိ မိတ်ဆွေ မရှိတော့..”
“အားမနာပါနဲ့..ယာလေးအမေ ဆိုတာ နှင်း မေလိုပါပဲ..ယာလေးက ဒီအိမ်မိသားစု၀င်ပါ..”
“တော်သေးတာပေါ့..မေ က ယာယာ နဲ့ အဆင့်အတန်းကွာလွန်းလို့ စိုးရိမ်နေတာ.ယာယာ ကို သမီးဆီပဲ အပ်ခဲ့ရမယ် မလိမ်မာလည်း ဆုံးမနော်...သူက ကလေးလိုပဲ ဆိုးလည်း သည်းခံပေးပါနော်...”
နှင်းလက်ကို ကိုင်ပြီးမှာနေတော့ နှင်းလည်း လိုက်ရယ်မိသည်..
သူ့သားလေး..ဆိုးမှာလား..နှင်းက ဆိုးတာလား..မသိရှာဘူးလေ..။
“အဟင်း..ဟုတ်ကဲ့..ယာလေးက လိမ်မာပါတယ်..”
.
နှင်း ခြံထဲ ဆင်းလာတော့ ဒန်းစီးနေတဲ့ ယာလေးကိုတွေ့တာနဲ့ အနားသွားပြီး..
“ယာလေး..ဒါ ဘယ်လိုဖြစ်တာလည်း..”
“သိဘူးလေ..”လူကို မော့ကြည့်ပြီး ဖြေတာက ပြုံးစိစိရုပ်…
“ဘာ…”
“အား..မေရေ..”သူ့ အမေရောက်နေတာ သတိရတော့ ဆွဲထားတဲ့ နားသယ်စတွေကို မြန်မြန်လွတ်ပေးလိုက်မိသည်…။
လုပ်ထား..မေ ပြန်တာနဲ့ အတွေ့ပဲ…။
“ယာ သူငယ်ချင်းတွေကို ဖိတ်လို့ရလား..”
“ရတယ်..ဒါပေမဲ့ မမ ကို လုပ်ကြံရင် ဘယ်လိုလုပ်မလည်း..”
“ဘယ်လို..”
“ယာလေး..သူငယ်ချင်းတွေက မမ ကို ကျေနပ်မှာ မဟုတ်ဘူး..”
“ဟား..ဟား…တကယ်..အောင်အောင် က အဆိုးဆုံးပဲ..”
“သိပါတယ်..ယာလေး..ကျေနပ်ရင် ပြီးတာပဲ..”
“ယာ လည်း..မကျေနပ်ပါဘူး..”
“ဟင်..တကယ်လား..”ဖြစ်နိုင်တာတွေ များလွန်းပါသည်..အလုပ်ရှင်..ကြောက်ရသူမို့ လိုက်လျောရတာလား..။
“အင်း..မမ က အရင်ပြောလိုက်လို့လေ..ယာ က အရင်ပြောချင်လို့ တိတ်တိတ်လေး စီစဉ်ထားတာကို..မမ က ပွဲဖျက်တယ်…”
“အော်..ဒါလား…ဘယ်သူပြောပြောပေါ့ကွယ်..ဘာဖြစ်မှာမို့..”
“မတူတော့ဘူးပေါ့..”ယာလေး က သူအရင်ပြောချင်တာ မပြောရလို့ဆိုပြီး အပြစ်တင်နေတော့ ဘာပြောမှာပါလိမ့်…။
“ကဲ မကျေနပ်လည်း..ဘွတေးပေါ့..အခုပြန်စမယ်..ပြော..”
“ထိုင်ဒီမှာ..”ယာလေးက နှင်းကို ဒန်းမှာ ထိုင်ခိုင်းပြီး သူက မတ်တက်ရပ်လိုက်သည်..။
“ကဲရပြီလား..”နှင်း..ဒန်းမှာသေချာထိုင်ပြီးတော့ မေးလိုက်တော့ယာက ခေါင်းငြိမ့်ပြီးအဖြေပေးသည်..။
“ဟယ်..ဘာလုပ်မလို့..”
“ထိုင်နေပါမမ ရယ်..မု သွင်းထားတာတောင် ပျောက်တော့မယ်..’
“အိုကေ..”နှင်း ပါးစပ်ကို ဖိပြီး ရယ်ချင်တာ မြိုသိပ်ထားရသည်..။
ဟုတ်တယ်လေ…နှင်းရှေ့မှာ ယာ က ဒူးထောက်တာ..ဘယ်လိုကြီးလည်း…ခံစားလို့ကို မရပါဘူး..။
“မမ ကို ချစ်တယ်…”
“ဟင်….”အို..ဘာလို့ အခုမှ ရင်တွေ ခုန်ရပါလိမ့် မနက်က ပြောကြတုန်းကတော့ ပေါ့ပေါ့ပါးပါးလေးပါ..နှင်း ဘာဖြစ်နေတာလည်း..။
“ယာ မမ နဲ့ လက်ထပ်ချင်တယ်”
“ဟင်..”
“မမ ကလည်း…”ယာလေးက စိတ်ပျက်သလိုမျိုး မြေပေါ်ဒီတိုင်း ထိုင်ချလိုက်တော့မှ..နှင်းရင်ခုန်တာတွေရပ်ပြီး..အရင် ယာလေးကို ပြန်တွေ့တော့သည်..။
“ဟား..ဟား..ယာလေး..ရယ်..ဘယ်လို ဖြစ်တာလည်း..”
“ယာ လည်း ကြိုးစားတာပဲလေ..မမ က ရယ်ပဲနေတာပဲ..”
“မရယ်တော့ ငိုရမလား..ဟား..ဟား..”
ယာ လည်း မြက်ခင်းပေါ်လဲချလိုက်ပြီး မမ ရယ်သံ နဲ့ အတူ လိုက်ရယ်နေမိသည်…။
သတိုးသားလောင်းဆိုတဲ့ ကိုယ့်အဖြစ်ကို မေ့သွားပြီး..အရင်မမ နဲ့ အရင် ယာလေး ပြန်ဖြစ်သွားကြပြန်သည်…။...........
မရေးတက်ပဲဝါသနာအရရေးသူမို့
အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာရေးမကောင်းတာသိပေမဲ့
မနေနိုင်လို့ရေးမိနေတုန်းပါပဲ💔😭💪📖
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤

YOU ARE READING
မအတွက်
Random"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...