မ အတွက်
အပိုင်း (၁၄)
#မအတွက်စပိုက်ကာ“မ..ဟို..”ယာ အခန်းထဲ ၀င်တော့ မ က ဆံပင်ဖြီးနေသည်..။
“ရပြီ သွားတော့မလား.”
“အင်း..”
မမ မလိုက်မှာစိုးလို့ စိတ်ပူပြီး အိမ်ပြန်လာတာ..”ငါ မလိုက်ဘူး..ကိုယ.်ဟာ့ကို သွားလို့ ပြောလိုက်ရင်လည်း..ယာ တစ်ယောက်တည်းသွားရမှာ.။
“မ..ဒါတွေက”
ကုတင်ပေါ်တင်ထားတဲ့ ရှပ် မိုးပြာ ဘောင်းဘီရှည် နဲ့အပေါ်ထပ်အကျီ င်္ ထပ်ပြီးသားကို လက်ညိုးထိုးပြီးမေးမိသည်…။
“နင် ၀တ်ဖို့ ဒီပုံစံ နဲ့ သွားမလို့လား..”
“ဟို..ယာ အကျီ င်္လဲ မလို့ပါပဲ..”
“သွားမြန်မြန်လုပ်..နောက်ကျနေအုံးမယ်..”
“ရက်စ် မဒမ်…”
ယာ ကုတင် ပေါ်က အ၀တ်တွေကို အထပ်လိုက်ဆွဲပြီး ရေချိုးခန်းထဲ ၀င်ပြေးလိုိက်သည်..
ရေချိုးခန်းထဲ ရောက်မှ..လက်ထဲက အကျီ င်္ အထပ်လေးကို ကြည့်ရင်း ကြည်နူးမိသည်…။
ဒါ မမ ယာ ၀တ်ဖို့ အတွက် ပထမဆုံး ထုတ်ပေးတာပဲ..
အယ်..ဘယ်ဟုတ်မလည်း..,ယာ ဒီအိမ် ရောက်စတုန်းကလည်း မမ အကျီ င်္လာပေးဖူးတယ်..
မတူပါဘူး..အခုက လက်ထပ်ပြီးမှ ထုတ်ပေးတာလေ..
“ယာယာ..”
“ပြီးပြီ..မ ခဏ…”ယာ ပြောလိုက်ပေမဲ့ အခုမှ စလဲရတော့မှာ..ဟူး..ဘောင်းဘီ အပေါက်လည်း ခြေချော်ထိုးမိ..
အကျီင်္ င်္ လည်း ကြယ်သီးမချွတ်ပဲ ၀တ်မိလို့..ခေါင်း၀မှာ ဆက်သွင်းမရ…
အရေးကြီးပါတယ်ဆိုကာမှ….။
ယောင်္ကျားလေး ဖြစ်ပြီး ဘာကိစ္စ ရေချိုးခန်းထဲ အကျီ င်္ ၀င်လဲရတာလည်း နှင်း လည်း မသိ..
ထွက်လာတော့ လက်က အကျီ င်္ကြယ်သီး ကို တပ်နေတုန်းပါပဲ..
“ကြာလိုက်တာ..”
“ဟို..ကြယ်သီးပေါက်မှားနေလို့..ပြန်လုပ်နေလို့..:”
“အခုရော မှန်လာလား..”မမ က မျက်မှောင်ကျုံ ပြီးပြောတော့ ယာ လည်း ငုံ့ ကြည့်မိသည်..။
ကျွတ် လွဲ ပြန်ပြီ…။
ယာ ရေချိုးခန်းထဲ ပြန်၀င်ဖို့ ပြင်တော့..
“ဒီမှာပဲ မြန်မြန်လုပ်စမ်းပါ..”
“ဟုတ်..”
ယာ မမ ကို ကျောခိုင်းလိုက်ပြီး အကျီ င်္ ကြယ်သီးတွေ အကုန် ပြန်ဖြုတ်ရသည်..။
“ဖယ်လက်..”
“ဟင်..”
မမ က ယာ ရှေ့မှာ ရပ်ပြီး.အကျီ င်္ ကြယ်သီးကို ဂရုစိုက်တပ်ပေးနေချိန်..မမ ကို ငုံ့ကြည့်ရင်း ယာ ရင်ထဲမှာ နွေးထွေးလာသည်..။
“ဒီတိုင်းမနေနဲ့လေ..ခေါင်းဖြီးထား..”
“ဟုတ်..”ယာ ရှေ့က ဘရှပ်ကို ယူပြီး မြန်မြန် ဖြီးလိုက်သည်..။
“ပြီးပြီ…နေအုံး..ရေမွေး..”မမ ရဲ့ ရေမွေးပုလင်းပေါင်းများစွာထဲက တစ်ခု ထုတ်ပြီး ဖြန်းပေးသည်..
ယာ က တော့ မမ ရဲ့ ပန်းရောင်သန်းနေတဲ့ မျက်နှာလေးကိုပဲ ငေးနေမိတာ
မမ က အခန်းတံခါးဆီရောက်သွားတော့
“မ “
“ဟင်…”
“အရမ်းလှနေတယ်…”
မမ က ဘာမှ ပြန်မပြောပဲ အခန်းထဲက ထွက်သွားတော့..ယာ နောက်က ပြုံးရင်း ပြေးလိုက်သွားလိုက်သည်..။
ခြံ၀င်းထဲ မှာ လုပ်ပေမဲ့..ကားထားတဲ့ နေရာက သပ်သပ် မို့ ဧည့်ခံပွဲရောက်ဖို့ တော်တော်လျှောက်ရမည်..။
ဒါကို ယာ က နောက်မှာ ကျန်နေခဲတော့ နှင်း စိတ်မရှည်တော့ဘူး..
“ယာ..”
“ဟင်..”
“ဘေးက ကပ်လျှောက်လေ..”
“အင်း..”
ပြောတာအင်း.. ပြီးတော့..လမ်းပေါ်က ဆင်းပြီး မြက်ခင်းပေါ်က လျှောက်နေပြန်ပြီ..
“ဟဲ့..ငါ့နား ကပ်လျှောက်ပြောတာလေ..”
“အယ်..”ပြေးလာပြီး ကပ်လိုက်တာ လိုအပ်တာထက်ပိုပြီး

أنت تقرأ
မအတွက်
عشوائي"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...