မ အတွက်
အပိုင်း (၉)
#မအတွက်စပိုက်ကာ“ဘာ…ဘယ်သူနဲ့..”
“ဟီး…မမ နဲ့လေ..”
“အ…အ…ဟေ့ကောင်တွေ..မင်းတို့ သတ်နေတာ အေ၇းကြီး ပုဂ္ဂိုလ် သတိုးသားလောင်းနော်…”
“သေကွာ..သတ်မယ်..”
“ဟား..ဟား…”
နန္ဒ နဲ့ အောင်အောင် နှစ်ယောက်ပေါင်းထုနေပေမဲ့ ယာ ရယ်နေမိသည်..။
သူတို့ သိရင် အခုလို ပြသာနာ လုပ်မှာ သိနေပေမဲ့ သေချာကို လာပြောရတာ..မနက်ဖြန် အတွက် သတိုးသား ဘက်က လူမှ မရှိတာ…။
“မင်းက ဘယ်တော့လည်း..”
“နက်ဖြန် ..”
“ဘာ….အောင်အောင် ထု ကွာ..”
ထပ်ထု ကြပြန်သည်…ခံထား ယာယာ..
“မင်းနဲ့ မင်းမမ က မြန်လှချည်လား..မင်းတို့တွေ..ဘာကြောင့်မြန်..”
“ဒန်ဒန်ဒန်…”
“မဟုတ်ပါဘူးကွာ..ပါပါ ပြောထားတာ ကြာလှပြီ..”
“အော်.. သူ့သမီး အမိုက်ကလေးကို မနိုင်လို့ မင်းဆီ လက်လွဲ လိုက်တာပေါ့..”
“အေး..အဲလိုလား..မသိဘူး..ဟေးဟေး..”
“ယာ ငါ သင်ပေးတာ သေချာနားထောင်..”အောင်အောင်က စကားအလေးအနက်ပြောသလို မျက်နှာကိုပြင်လိုက်ပြီး လည်ချောင်းရှင်းနေသေးသည်..။
“မင်း..မမ က မင်း ကို အရမ်းနိုင်တာ..ဒီပုံစံလျော့ပြီး ဆက်သွားရင် တစ်သက်လုံး ဒီတိုင်းပဲ ဖြစ်မှာ..”
“ဟုတ်တယ်..”နန္ဒ ကပါ ထောက်ခံံပေးသည်..။
“အဲတော့ မင်း အခေါ်အဝေါ်က စပြီးပြောင်းရတော့မယ်..”
“ဟင်..ဘယ်လိုလည်း..နှင်းဆီနက် လို့ ခေါ်ရမလား..မကောင်း ပါဘူးကွာ..’
“ဟာ..နားထောင်စမ်းပါ..ကြားဖြတ်မမေးနဲ့..”
“ဟုတ်ကဲ့..”
“မင်း..မမ လို့ မခေါ်ရဘူး…မ လို့ပဲ ခေါ်ရမယ်..”
“ဘာများ ကွာလို့လည်း ကွာ”
“ကွာတာပေါ့ကွ..မမ ဆိုတာ လေးစားသမှုနဲ့ ခေါ်နေတာ..မ ဆိုတာ မြတ်မြတ်နိုးနိုးနဲ့ အချစ်စိတ်ကြောင့် ခေါ်တာ...”
“ဟေ..ဟုတ်လား..”
“အဲဒါ..”
“ပြီးတော့..မင်္ဂလာဦးည အကြောင်း..မင်း..အဲည လျော့ ပေးလို့ကတော့..နောက်နေ့ရောက်ရင်..အော်တို ကုတင်အောက်ရောက်ပြီပဲ..နောက်ညတွေဆို..မင်း ခေါင်းအုံးဖက်အိပ်တော့ကွာ..လာအိပ်နဲ့ ထွက်သွား..ဒါမျိုးတွေလာမှာ..”
“ဟုတ်ပါပြီ..အဲည ဘာဖြစ်လည်း..”
“ဟာ မင်းကလည်း..တုံးလိုက်တာ..”အောင်အောင် က ဘေးဝိုင်းက မိန်းကလေးတစ်စုကို ငဲ့ကြည့်ပြီး ယာ နားအနား ကပ်ပြောသည်…။
“ဟား..ဟား..သကောင်းစား..ဟိုက သိလို့ကတော့လေ…”
ယာရဲ့အော်ရယ်သံကြောင့် ဘေးဝိုင်းက လူတွေပါ လှည့်ကြည့်သည်..။
“သိပါစေ..မင်းကို အနိုင်ပိုင်းပြီး ယူတာလေ..ဒါမျိုးရမလား..နောက်တစ်နေ့ ပြန်တွေ့လို့ ဘာမှ မဘာသေးဘူးဆို မင်းအပြတ်ပဲ..”
“ကြောက်စရာကြီးကွာ..စိတ်လျော့ပါ အောင်အောင်ရာ..”နန္ဒကပါ ၀င်နောက်တော့..
အောင်အောင်က နှစ်ယောက်စလုံးကိုပါ ပေါင်းဆဲတော့သည်…။
.
“နှင်းလာအုံး…ယာယာ ပါ လာ..”
ဆိုဖာ ပေါ်မှာ နှစ်ယောက်စလုံးထိုင်ပြီး ချိန်မှာတော့..
“နှင်း အိမ်ထောင်ကျသွားရင် နှင်းကို ပါပါ က ဆိုင်ပဲ ဆိုင်တာ မပိုင်တော့ဘူး..ယာယာ က နှင်းကို ပိုင်သွားပြီ…”
“အင်း..”
“ပါပါ သဘောမတူတာကို အခု ယာယာရော သဘောတူလား..”
“ဘာလည်း ပါပါ..”
“နှင်း..နေရာတကာ သွားပြီး..ကုန်၀ယ်နေတဲ့ ကိစ္စ တွေလေ..”
“ယာလေး..သဘောတူ ရင် နှင်းလုပ်လို့ ရပြီမလား..”
“ရတယ်…ယာယာ မင်း ဘယ်လိုလည်း..”
ယာဆီကို တိုက်ရိုက်ကျလာတဲ့ မေးခွန်းမို့ ယာ အရင်လို့ ရှောင်လို့ မရတော့ စိတ်ညစ်မိသည်..မမ တော့ စိတ်ဆိုးတော့မှာပဲ ဒါပေမဲ့…
“”ဟို…ဟိုဟာ…ယာ လည်း စိတ်မချပါဘူး..”
“ဒါဖြင့် မလုပ်စေချင်ဘူးမလား..”
“အင်း..အဲဒါ..ဟို…ဟုတ်ပါတယ်..မမ မလုပ်ရပါဘူး..”
ဦးနိုင် ရယ်ချင်နေပေမဲ့ မျက်နှာ တည်ထားရသည်..
မမ ကိုလည်း ကြောက်သည်..ပြောလည်း ပြောချင်နေတဲ့ ဒီကောင်လေး..နှင်းနဲ့တော့ ခက်ပါပြီ…။
“နှင်း..ကြားတယ်နော်…”
“နှင်းမလုပ်ရင် လုပ်လက်စ အလုပ်တွေ အများကြီး ဘယ်လို လုပ်မလည်း..”
“ယာယာ အားလုံးသိနေတာပဲ ယာယာ ဆက်လုပ်လိုက်ပေါ့..”
“မရဘူး..ငွေကိစ္စတွေရှင်းရင်..ယာ မရဘူး..”
“ဟာ..ရတာပေါ့..ယာယာ ပိုက်ဆံတွေ ဘဏ်မှာ အပ်ထားတာ ရှိသားပဲ…”
“ယာယာ မင်း ပြောင်းလုပ်တာနဲ့ စာရင်းတွက်ပြီး နှင်း ပိုက်ဆံတွေ အကုန်ပြန်ထုတ်လိုက် ကြားလား..”
“ပါပါ…”နှင်း စိတ်တိုလာပြီ..
“တော်ပြီ..နှင်း..သွားအိပ်တော့..မနက်ဖြန် သမီး လှနေဖို့ အရေးကြီးတယ်..စောစော အိပ်..”
နှင်း မကျေနပ်ပါ..ဒီကိစ္စ ပါပါ နဲ့ ယာယာ တိုင်ပင်ပြီးမှ လုပ်ထားမှန်း သိလိုက်ရပြီ..
ယာယာ သစ္စာဖောက်..
“ယာယာ လာ သွားမယ်..”ယာ ရင်ထဲ ဟာသွားသည်..မမ ဘယ်လောက်စိတ်ဆိုးဆိုး..ယာယာ လို့ မခေါ်ဖူးပါ..။
“ယာယာ နဲ့ ပါပါ ပြောစရာရှိတယ်..နှင်းသွားအိပ်တော့ ဘာမှ မတွေးနေနဲ့..”
နှင်း..လှေကားကိုဆောင့်နင်းပြီး တက်ခဲ့ခါ တံခါးဆောင့်ပိတ်ပြီး ကုတင်ပေါ်လဲချလိုက်သည်..။
ယာလေးက တကယ်ပြောနေတာလား..
မဖြစ်နိုင်ပါဘူး..ပါပါ ရှေ့ မှာမို့ ဟန်ဆောင်နေတာပါ…
သူ ဘယ်တုန်းကများ..နှင်းကို လွန်ဆန်ဖူးလို့လည်း…မနက်ဖြန်မှ သေချာမေးရတော့မယ်..။
မျက်နှာကို ပေါင်းတင်ပြီး ၀င်အိပ်လိုက်တာ..ဘီဘီ လာနိုးမှ နိုးတော့သည်..။
“နင်လည်းနော်..သတိုးသမီးသာပြောတယ်..လာခေါ်မှ ထသိလား..”
“အိပ်ရေးဝသေးတာမဟုတ်ဘူး..”
“တော်ပါတော့…ပြင်မှာ ဆင်မှာနဲ့ 9 နာရီ ပြီးပါ့မလား..”
“ပြီးပါတယ်..ငါဖသာ ပြင်မှာပဲဟာ..”
“အေး..အဲဒါဆိုလုပ်လေ..ငါ အောက်မှာ လိုတာသွားလုပ်လိုက်အုံးမယ်..လိုရင်ခေါ်လိုက်..”
ဘီဘီ က အခုလိုကျပြန်တော့ နှင်း အတွက် ရန်သူတော်ဆိုတာကိုမေ့ပြီး အားကိုးမိပြန်သည်..။
သတိုးသမီး မိတ်ကပ် ပြင်တာ အရင်က နှင်း လုပ်နေကျမို့..လိမ်းလိုက်တာ တစ်နာရီ နဲ့ပြီးသွားသည်..။
ဆံထုံးကိုတော့ ဖန်စီ ပုံစံ ထုံးချင်လို့ ဆိုင်က ကောင်မလေးကို လုပ်ခိုင်းရသည်..။
.
ယာ အခန်းထဲမှာ အ၀တ်အစားလဲပြီးချိန် မေ ၀င်လာသည်..။
ကိုနိုင်ဦးနဲ့ ပီတာနဲ့က ယာ အတွက် အ၀တ်အစားနဲ့ လိုအပ်တာတွေ ပြင်ပေးသေးသည်..။
“ယာယာ နင့်ဆံပင် ကြွက်သိုက်ကို အရင် ရှင်းစမ်း..”
“မေ ကလည်း..ဒီတိုင်းကောင်းပါတယ်..”
‘မရှည်နဲ့..”
မေ က ခေါင်းဘီး ယူပြီး ကိုယ်တိုင်ဖြီးပေးသည်..။
“မမ နိုးပြီလား မသိဘူး..”
“ယာယာ တို့တွေ အရင်သွားရမယ် ထင်တယ်..နှင်းက ဆံထုံးမလုပ်ရသေးဘူးတဲ့..”
“အင်း..မေ သွားမယ်လေ..”
“နှင်းနဲ့ လိုက်လာခဲ့မယ်..”
ယာ တစ်ယောက်တည်း ထွက်လာခဲ့လိုက်ရသည်..။
“ပြီးပလား..ဝိုး..လှလိုက်တာ…မေ့ ချွေးမလေးက မင်းသမီးလေး ကျနေရောပဲ..”
“အယ်..ချွေးမကို မွန်းတာ..”
“မဟုတ်လို့လား..မမြ ကြည့်ပါအုံး..ဟုတ်တယ်နော်..”
“နှင်းတို့လှတာ..တီမြ တို့က တွေ့ဖူးပြီးသားပါနော်..”
မေ နဲ့ တီမြကို နှင်း မှန်ထဲ ကနေ ပြုံးပြလိုက်သည်..။
“ကဲ မြန်မြန် အကျီ င်္လဲအုံး..ကားက ၉နာရီရောက်မှာနော်..”
“ဘီဘီ..ရေ..ဒါတွေ ဘယ်လို ၀တ်ရမလည်း..”တီမြက ဘီဘီ ကို လှမ်းခေါ်လိုက်လို့..
နှင်း မုန်းပေမဲ့ အားနာမိသည်..။
“ရတယ် ဒါ အထဲက ခံရမှာလေ..နှင်း ၀တ်လိုက်မယ်..”
“မရဘူးနှင်းရဲ့ ကြိုးကို တင်းနေအောင်ချီရမှာလေ..”
“ပေး..ပေး…ငါ လုပ်ပေးမယ်..”
ဘီဘီ က ၀င်လာပြီး နှင်းလက်ထဲက အောက်ခံ ဂါ၀န် တစ်ထည်ကို ယူပြီးး သေချာ နေရာချလိုက်သည်..။
“ရပြီ..၀တ်…”
“ဘီဘီ တအားမလုပ်နဲ့နော် ၂နာရီခွဲလောက် အသက်ရှုကြပ်နေမှာ..”
“ဟဲ့ လှချင်ရင်တော့ သည်းခံပေါ့..ဟား..ဟား..”
.
နှင်း အားလုံးပြီးလို့ အောက်ဆင်းလာတော့ ပါပါ နဲ့ ဘီဘီ ပဲတွေ့သည်…
ယာလေးရော…
“ဘာဖြစ်လို့လည်း..”
“ယာယာ ကို အရင်လွှတ်လိုက်တာ..နှင်း..က ပါပါ တို့ ကားနဲ့ သွားရမယ်..”
နှင်း စိတ်ပျက်မိသည်..မင်္ဂလာဆောင်မှာ သတိုးသားက ကားသပ်သပ် တစ်စီး…သတိုးသမီးက တစ်စီး..
ဒီလို ပွဲမျိုး ဘာမှာ ရှိလို့လည်း..နှင်း ပွဲ ကျမှ အလွဲလွဲ အချော်ချော်…။
နှင်းဘေးမှာ မေ က လက်ကိုင်ပြီး ထိုင်နေလို့ မဟုတ်ရင်..
“နှင်း…ပြုံးထားပါကွာ..ယာယာ နဲ့ ဟိုရောက်ရင်တွေ့ရမှာပဲဟာ..”
“ဘယ်သူက ဘာပြောနေလို့လည်း..”
“မပြောပေမဲ့..နှုတ်ခမ်းကြီးစူထားတယ်လေ..”
“မစူပါဘူး..”
“ဟုတ်ပါတယ်..မျက်နှာကြီးကလည်း ရင့်နေပြီ..သတိုးသားက ငယ်ငယ် ချောချော သတိုးသမီးက အဖွားအိုပေါက်စဖြစ်တော့မယ်..”
“ပါပါ…”
“ဟား..ဟား…”
ခန်းမရှေ့မှာ ကားရပ်တော့ ယာလေးကိုတွေ့လိုက်သည်..။
သူမျက်နှာက မိတ်ကပ်လေးတောင် မလိမ်းထားပါပဲ မျက်နှာပြောင်နဲ့ မင်းသားဖြစ်နေတာ..၀တ်စုံပြည့် ၀တ်တာ မမြင်ဘူးတော့ ကြည့်ကောင်းတာထက်ပိုလွန်းနေသည်..။
ပါပါ ပြောထားတဲ့ စကားကြောင့် နှင်း သူနဲ့ တွဲလျှောက်ရတော့မှာကို အားငယ်မိသည်..။
တကယ်များ အဖွားအို ပေါက်စရုပ်ပေါက်နေပြီလား မသိ..။
“မ..လာလေ..”
“ဟင်..” နှင်း..ကမ်းနေတဲ့ ယာလေး လက်ထဲကို လက်ထည့်ပေးလိုက်ပေမဲ့..ယာလေးခေါ်လိုက်တာ..မမလား..မ လား..။
.
ယာ မှာ မဂ်လာဆောင်သာဆိုသည်..သတိုးသမီးမျက်နှာကြည့်ပြီး ကြည်နူးချိန်တောင် မရပါ…။
ပါပါ က သူ့ဧည့်သည် မှန်သမျှ ကို ယာ လက်ဆွဲပြီး လိုက်နှုတ်ဆက်ပေးနေတော့ မမ က တစ်နေရာ..ယာ က တစ်နေရာဖြစ်နေသည်..။
မနက်ပွဲပြီးတော့..မိသားစု နဲ့ အတူတူ ထမင်းစားပွဲသာပြောတယ်…ဧည့်ခံပွဲ အတိုင်း ပင်ပန်းတာပါပဲ…မမ ဘာတွေ ၀တ်ပြီး ဘယ်လို လှနေမှန်းတောင် ယာ မသိလိုက်ပါ..။
လာနှုတ်ဆက်သမျှ လူတွေရဲ့ မျက်နှာပဲ ထိုင်ကြည့်နေရတာ..သတိုးသမီး လက်ချိတ်ထားရတယ်ဆိုတာတောင် မေ့သွားသည်..။
ညစာ စားပွဲ ကျတော့ ပြင်ရပြန်ပြီတစ်ခါ..မျက်နှာဘာမှ မလိမ်းဘူးပြော ထားလို့ အကျီ င်္ လဲရုံတောင် တော်တော် အချိန်ယူလိုက်ရသည်..။
အောင်နဲ့ နန္ဒက အနားမှာ နေလို့ အားရှိနေတာ..ပွဲကိုလာကြတာ ယာ ကို သိတဲ့ သူက ဆယ်ယောက်တောင်မ ၇ှိပါ..။
ညပိုင်းမို့ လာတဲ့ ဧည့်သည် က လူငယ်တွေ ပိုများသည်..။
မမ နဲ့ သိတဲ့ သူတွေ..
“ဟေး..နှင်း အရမ်းလှနေတယ်ကွာ..”
“အဟင်း..”
“ဒီလိုသိရင် ကိုယ် လက်မလွှတ်ခဲ့ပါဘူး..”
“လွှတ်သောငါး ကြီးနေပလား..”
“ဟား..ဟား..ပြောလည်းး ခံရမှာပဲ..”
ယာ မမ လက်ကို ပိုတိုးပြီး ဆုတ်ကိုင်ထားမိသည်..။
“နှင်းဆီနက်တို့က ဆရာပါပဲကွယ်..”
“အယ်..ဘာလို့..”
“ယောက်င်္ကျားတွေ အများကြီးကမှ ရွေးထုတ်ပြီး ယူလိုက်တာ..မင်းသားပဲ”
နှင်း ယာလေးကို မျက်နှာပူလို့ ကြည့်မိတော့ နှင်း သူငယ်ချင်းတွေကို ပြုံးပြနှုတ်ဆက်နေသည်..။
“ယာလေး..ခဏလွတ်အုံး..”
“ဟင်..မမ ဘယ်ကိုလည်း..”ယာ မမ လက်ကို လွယ်လွယ်မလွတ်ပေးချင် ဆုတ်ကိုင်ထားဆဲ..
မမ နဲ့သိတဲ့သူတွေ..မမ ကို ချစ်တဲ့သူတွေ မမ လည်း ချစ်ခဲ့ပါတယ်လို့ ၀န်ခံ ခဲ့ဖူးသူတွေ အများကြီးရှိနေတဲ့ နေရာမှာ မမ အတွက် ယာ က..
“မမ ဆရာမ ပြန်တော့မယ်..လိုက်ပို့ပေးချင်လို့..”
“အော်..အင်း..”ယာ လက်ကို လွတ်ပေးလိုက်ပြီး ရင်ထဲမှာ မောလာလို့ ရေသောက်ဖို့ စားပွဲ တစ်ခုစီလျှောက်သွားရသည်..။
ယာ ရေသောက်နေချိန် အောင်အောင်က အနားရောက်လာပြီး..
“ယာယာ ငါသင်ထားတာ မမေ့နဲ့နော်..” အောင်အောင်က အသံဗြဲနဲ့ ပြောနေလို့
ယာ မမ ကို အမြန်ရှာမိသည်..မမက ခြံနားက ကားတစ်စီးကို နှုတ်ဆက်နေလို့ တော်ပါသေးသည်..။
“အေးပါကွာ..မမေ့ပါဘူး..”
“ငါတို့ ပြန်တော့မယ်..”
‘အေးပါ.မင်းတို့ တစ်နေကုန် ကူညီခဲ့တာတွေ.ကျေးဇူးတင်တယ်..”
“ကျေးဇူးတင်ရင် သမီး မြန်မြန်မွေးပေး..”
‘ဟေ့ကောင်..”
“ဟား..ဟား..သွားပီ..”
အောင်အောင်တို့ ထွက်သွားတော့ ယာ ခုံလွတ်တစ်ခုမှာ ၀င်ထိုင်လိုက်မိသည်..။
“ယာယာ..နှင်းရော..”
“ဟိုမှာ ပါပါ..”
ပါပါ က မမ ကို ခေါ်ပြီး ယာ ဆီ ပြန်လျှောက်လာသည်..။
“နှင်း..နဲ့ ယာယာ သွားနားတော့..”
“အင်း..”
ယာ မမ နောက်က လိုက်သွားပေမဲ့ မမ ကယာ ကို မစောင့်ပဲ ဂါ၀န်ကို မပြီးလှေကားကို ပြေးတက်သွားသည်..။
ယာ လှေကား အတိုင်းတက်လာပေမဲ့ စိတ်ထဲ တစ်မျိုးကြီး ခံစားနေရသည်..။
အရင်က ပြန်လာတိုင်း ၀င်နေကျ အခန်းလေးကို လှေကားပေါ်က စီးကြည့်ရင်း လွမ်းလာသလိုလို…။
မမ အခန်းတံခါးက ပိတ်ထားတော့..ယာ အ၀မှာ ခဏရပ်လိုက်ရသည်..။
စိတ်တင်းပြီး တံခါးကို တွန်းကြည့်တော့ ပွင့်သွားသည်..။
အထဲရောက်တော့ နှစ်ယောက်အိပ် ကုတင်ကို အလှဆင်ထာြး့ပီးဘီဒို အကြီး တစ်ခုနဲ့ မှန်တင်ခုံ တစ်ခု..။
ဒီ အခန်းထဲကို ယာ နောက်ဆုံး၀င်ခဲ့တာ ၁၀နှစ်ကျော်ပြီ..။
ဒီအိမ်မှာနေတာ ကြာနေလည်း..ဒီ အခန်းကိုတော့ ခြေဦးမလှည့်ဖြစ်သလိုလို..တိုက်ဆိုင်ရင်တောင် ရွဲရှောင်ခဲ့တာချည်း..။
အခုတော့ ယာ ကိုယ်တိုင်ရောက်နေပြီ..။
“ယာယာ…”
“ဟင်…မ…”ယာ နှုတ်မကျိုးပေမဲ့ သတိထားခေါ်နေရသည်..အောင်အောင်ပြောသလိုမျိုး..ယာ ချစ်တဲ့ အကြောင်း မမ သိစေချင်သည်..။
“.ဘာရပ်လုပ်နေတာလည်း..ကြည့်နေတာတော်တေိာကြာပြီ..”
“အဲ..ဟို..”
“မမ ကို အကျီ င်္ ဖြုတ်ပေးပါလား..”
“အင်း..”ယာ စိတ်တွေလှုပ်ရှားနေရင်း..မမ အနားကပ်သွားမိသည်..။
မမ က မှန်တင်ခုံရှေ့မှာ ရပ်လိုက်တော့..ယာ မှန်ထဲက တစ်ဆင့် မမ ကို မျက်နှာချင်းဆိုင်ပြီိးသား..။
မမ က ဘာလည်း ဆိုတဲ့ ပုံစုံမျိုး မေးငေါ့ပြသည်..။
အရုပ်ကလေးကို ယာ ရပ် ငေး နေတာလည်း တော်တော်ကြာနေပြီလေ..
“မ အရမ်းလှတယ်…”
“အခုမှ တွေ့တာလား..”
“အင်း”
“ကဲ မြန်မြန်လုပ်ပေးပါ..ဆံထုံးလည်း လုပ်ရအုံးမယ်..”
“ယာ လုပ်ပေးမယ်..”
“လုပ်တက်လို့လား..”
“မလုပ်တက်ဘူး..ဒါပေမဲ့ ရမှာပါ..”
မမ က အပေါ်ထပ် ဂါ၀န်ကို ချွတ်လိုက်တော့ အောက်ဂါ၀န်က ရင်ပြတ်မို့..တာဝါ တစ်ထည်ကို ယူပတ်လိုက်သည်…။
“ရပြီ..တွေ့လား..ကျောမှာ ကြိုးယှက်တွေ ဖြည်ရမှာ..”
“အင်း..”
ယာ ဂါ၀န်ကြိုးတွေကို သေချာစိုက်ကြည့်ပြီး အာရုံစိုက်နေပေမဲ့ နှလုံးခုန်နှုန်းက မြန်လာသည်…။
“ရပြီ..မ..”
နှင်း စိတ်ထဲ ဘ၀င် မကျပါ..မနက်ကတည်းက ကြားနေပေမဲ့ စိတ်ထဲ ထင်တာပါလို့ တွေးရင်း ငြိမ်နေလိုက်တာ..မမ လို့ အမြဲ ခေါ်လာပြီး အခု မှ မ ဆိုတော့ သူစိမ်းဆန်သွားသလိုလို..
ယာလေး.. မ လို့ တစ်ခါ ခေါ်တိုင်း..ရင်ထဲမှာ သိမ့်ခုန်သွားရတာ နှင်း မကြိုက်ပါ..
မ လို့ ခေါ်တဲ့ သူကို ငေးကြည့်မိရင် အရင် ယာလေးလို့ မမြင်ပဲ ချစ်စိတ်ပြည့်နေတဲ့ လူရွယ် တစ်ယောက် ကောင်လေး တစ်ယောက် ကိုပဲ မြင်နေမိသည်..။
“နေပါအုံး..မမ က ဘာလို့ မ ဖြစ်ရပြန်တာလည်း..”
“ဟင်…”ယာ မမ မေးတာကို ဘယ်လိုဖြေရင်ကောင်းမလည်းအပြေးအလွှားတွေးမိသည်…။
“မရော..ဘာလို့ ယာယာ လို့ ခေါ်လည်း..အရင်က ယာလေး..ခေါ်ပြီးတော့..”
“အဲတာ စိတ်ဆိုးလို့..မင်းကရော..ဘာကြောင့် မ”
“ချစ်လို့..” ယာ အလျင် အမြန် ၀န်ခံလိုက်မိသည်..ဒီအမှန်တရားကို မြိုသိပ်ထားရတာ ခံရခက်လွန်းသည်..အခုတော့ သိုဝှက်ထားစရာ မလိုတော့..
“ဟမ်…”
“ချစ်လို့ပါဆို..”
နှင်း…မှန်ထဲက တစ်ဆင့်.ယာလေးမျက်လုံးက တစ်စုံတစ်ခုကို ခံစားမိတော့ရင်တွေခုန်လာသည်..။
“ဖြုတ်ပြီးပြီမလား…ဖယ်အုံး..အကျီ င်္ သွားလဲ အုံးမယ်..”
နှင်းဘီဒိုထဲက တွေ့ရာ အကျီ င်္ တစ်ထည်ကောက်ပြီး ရေချိုးခန်းထဲ ၀င်ပြေးမိသည်…။
နှင်း ကိုယ်ကသာ လျှောက်တွေးနေမိတာလား..ယာလေးက ဘာစိတ်မှမရှိဘူး..။
မမ ရေချိုးခန်းထဲ ၀င်သွားမှ ယာ အသက်ရှုပြီး ရင်ဘတ်ဖိထားရသည်…။
ကျွတ်..ဘာတွေဖြစ်နေတာလည်း..ဒါတွေက တစ်ချိန်လုံး အနီးကပ်နေလာတာ..မမ ဆွဲကြိုးနဲ့ ဆံပင်ငြိလို့ ဖြုတ်ခိုင်းလည်း ယာ ပဲဖြုတ်ပေးတာလေ..
အခုလည်း ဘယက်ဖြုတ်ပေးတာပါ..အခုမှ ဘာတွေ လာ ဆန်းနေတာလည်း..
မမ လည်တိုင်ဖြူဖြူလေးကို ….အိုး..မဟုတ်ဘူး..ငါဘာတွေလျှောက်တွေးနေတာလည်း..မမ သိသွားရင်တော့…။
ကိုယ့်အတွေးနဲ့ ကိုယ် ရှက်ပြီး မျက်နှာတွေပါ နီလာသည်..။
မမ က အ၀တ်အစားလဲပြီး ရေချိုးခန်းထဲက ထွက်လာပြီ…
“ယာယာ..လုပ်ပေးအုံး ဆံထုံး..”
“အင်း..”
“ဟယ်..အခုထိ ဘာမှ မလဲရသေးဘူးလား..”
“ဟို ပြီးမှ လဲတော့မယ်လေ…”
“အချိန်အကြာကြီးကို ဘာလုပ်နေတာလည်း..ယာရယ်..”
“ဟို ညောင်းလို့ ထိုင်နေတာ…”ယာ မရိုးသားသော မျက်လုံးဖြင့် လိမ်လိုက်ရတာ မလုံမလဲ..
“ကောင်းတယ်..အခု ဆံထုံးအရင်ဖြည်ပေး..”
ယာ ခုံက ထလိုက်တော့ မမ က ၀င်ထိုင်သည်…။
“ယာ ယာ ဆံညှပ်တွေ ဘေးမှာ တွေ့လား..အဲဒါတွေ တစ်ချောင်းချင်းစီ ဖြုတ်ပေးနော်…”
“အများကြီးပဲ ဘယ်ဟာ အရင်ဖြုတ်ရမလည်း..”
“ဘေးအောက်ဆုံးက စဖြုတ်ပေး..”
“အင်း…”
“နာရင်ပြောနော်..မ..”
“မမ ပဲ ခေါ်စမ်းပါ..နားထဲ တစ်မျိုးကြီး..” နှင်း ရင်ထဲမှာ တစ်မျိုးကြီးပဲ လို့ မပြောချင်လို့ နားကို အကြောင်းပြလိုက်တာလေ..တစ်မျိုးကြီးတော့ တစ်မျိုးကြီး..တူတူပဲမလား…
“နောက်ကျရင် နေသားကျသွားမှာပေါ့..မကလည်း..”
“ခေါ်ပြန်ပြီ..တော် တိတ်ပြီးလုပ်..”
“အား….”
“ဟာ…နာသွားလို့လား..”
“သေပါပြီ..ဟယ်..ဘေးတိုက်ဆွဲဖြုတ်လေ..”
“အင်း..”မမ အော်လိုက်လို့ ယာ အယောင်အမှားမှား ဖြစ်ကုန်သည်..။
“မ ရလား..မှန်လား..”
“အင်း..အဲဒီအတိုင်း ဆက်လုပ်..”
“ပြီးပြီ..ကုန်ပြီ..ခေါင်းလေးနေမှာပဲနော်..”
“အင်းပေါ့..အဲဒါကြောင့်..ဖြုတ်ခိုင်းတာ..အခုမှပေါ့သွားတော့တယ်..”
“အိပ်မယ်လေ..အ၀တ်အစားသွားလဲ…”
ယာ အခန်းတံခါးဆီ လျှောက်သွားတော့
“ဒါက ဘယ်လည်း..”
“အရင် အခန်းကို..အ၀တ်သွားလဲမလို့လေ..”
“အ၀တ်တွေက ဘီဒိုထဲမှာလေ..”
“ဟုတ်လား..ဘယ်လိုရောက်နေတာလည်း..”
“မနက်ကတည်းက နိုင်ဦးယူလာတာ..”
ယာ ဘီဒို ဖွင့် တော့ ဘီဒို တံခါးက မပွင့်…
“အိုး..ယာယာ..ဘယ်လို ဖြစ်နေတာလည်း..လုပ်သမျှ ကျွတ်..”မမ က ဆူရင်း ဘီဒို ထဖွင့်ပေးသည်..။
မမ အ၀တ်တွေ ဘီဒိုအပြည့်မှာ ထိပ်ဆုံး အကန့်က ယာ အ၀တ်အစား တွေက တစ်ကန့်တည်း.တောင်ချောင်နေသည်…။
ယာ တွေ့တဲ့ တီရှပ်နဲ့ ဘောင်းဘီရှည်ကို ထုတ်ပြီး မမ လိုပဲ ရေချိုးခန်းထဲ ၀င်လဲ လိုက်သည်..။
ဘောင်းဘီလဲပြီး ပြသာနာက စလာသည်..။
ယာ ကြိုးစားဖြုတ်လည်းမရတော့..စိတ်ညစ်ပြီး ရေချိးခန်းထဲ ထိုင်ချနေမိသည်..
ဒါကြီးကို ဘယ်သူက ရှည်ြ့ပီး တပ်လိုက်တာလည်း..ယာ တောင် ပြန်စဉ်းစားလို့ မရ..
အောင်အောင် ရှည်တာ…။
မ၀တ်လည်း..ဘာမှ မဖြစ်ပါဘူးဆိုတာကို..ဒါမှ မ၀တ်ရင်..မရဘူးဆိုပြီး ကို ၀တ်ခိုင်းတာ အခုဖြုတ်ဖို့ကျတော့ သူက အိမ်မှာ ကွေးနေပြီ..ယာ တော့ အေးကအေးနဲ့ရေချိုးခန်းထဲ ငုတ်တုပ်..
“ယာယာ…ကြာလိုက်တာ..မပြီးသေးဘူးလား..”
နှင်း အားလုံးပြီးလို့ မီးမှိတ်အိပ်နေတာ အိပ်ပျော်တော့မယ်..,ရေချိုးခန်းထဲက ထွက်မလာသေး…။
အိပ်များပျော်နေတာလား..ခေါ်ကြည့်တော့ လည်း အခုထိ စကားမပြန်သေးဘူး..မီးပြန်ဖွင့်လိုက်ပြီး..
“ယာယာ..ခေါ်နေတယ်လေ..”
“ဟင်..”ယာ ဘယ်လို အိပ်ပျော်သွားမှန်းမသိ မမ ခေါ်သံကြားတော့ တံခါးကိုမှီရက်သား..
“ဟင်..မ ဘာဖြစ်လို့လည်း..”
“အို..တကယ် အိပ်ပျော်နေတာလား..အကျီင်္မလဲရသေးဘူး..”
“ဟို လည်ပင်းက နက်တိုင်ဖြုတ်မရလို့ ချည်ထားတာကို ဘာထပ်လုပ်လိုက်လည်း မသိဘူး..”
“လာစမ်း..အနားကို..”
မမ က ယာ ကို ဆွဲလှည့်ပြီး လည်ပင်းမော့ခိုင်းပြီးမှ..ယာ အရပ်ရှည်တာကို အပြစ်တင်နေသည်..။
ကုတင်ပေါ်မှာ ထိုင်ခိုင်းလို့ ပြောင်းထိုင်ရပြန်သည်..။
“မဟုတ်သေးပါဘူး..’ဒီဥစ္စာက ,ပြန်ထအုံး အောက်မှာလား မသိဘူး..”
ယာ မပ်တက်ရပ်လိုက်တော့ မမ က မမှီပြန်ဘူး..အဆင်မပြေတိုင်း အောင်အောင်ကို သာဖိပြီးစိတ်ထဲက ဆဲဆိုနေမိသည်..။
“အို..”
မမ က ခုံပုလေးရဲ့ အဖျားစွန်းကိုနင်းပြီးတက်လိုက်တော့..နောက်လှန်ကျသည်..
မမ လက်ထဲက နက်တိုင်စကြောင့် ယာပါ ပြိုကျသွားပြီး..နှစ်ယောက်စလုံး.ထပ်လျက် မွေ့ယာမှာ နစ်၀င်သွားသည်..။
“မ..ရရဲ့လား..”
အပေါ်က ရောက်နေပြီး နှာခေါင်းက ပါးကို ထိလု ဖြစ်နေတာတောင်..ရရဲ့လားဆိုတော့..
နှင်းက မရဘူး ရင်တွေ အရမ်းခုန်နေတယ်လို့ ဖြေရမှာလား..
“ရတယ်..ဖယ်အုံး..”
“ဟမ်..အင်း..”
ယာ ထပေမဲ့ ဒီလိုမွေ့ယာမျိုး မမြင်ဖူးပါ..လှုပ်လေမြုတ်လေဆိုတာ ဒါမျိုးကိုပြောတာနေမှာ လွယ်လွယ်ထမရလို့.လက်ထောက်လိုက်တော့ မမ မျက်နာနဲ့ ယာ မျက်နှာက လိုတာထက် ပိုနီးသွားသည်..။
“ခဏ..”ယာ လက်ကို အားယူပြီး ခုန်ထတော့မှ ရတော့သည်..။
“တော်ပြီ..မနက်မှ..ချွတ်တော့မယ်..မ ပင်ပန်းနေပြီမလား အိပ်တော့လေ”
“လည်ပင်းအင့်လို့ အိပ်မရဘူးဆို..”
“အင်းထိုင်ပြီးအိပ်လိုက်မယ်.”
“ပေါက်ကရတွေ…ထိုင်နေဒီတိုင်း..”
မမ က သူ့ဗီဇ အတိုင်း မရဘူးဆိုတာ မရှိရ ဆိုတာမျိုး စလာပြီလေ.မမ ကဘာမှ မဖြစ်ပေမဲ့..ယာ နှလုံးခုန်နှုန်းက မြန်လွန်းလို့ မမ ကြားသွားမှာတောင် စိုးရိမ်နေရတာ..မမ ကတော့ ဘာမှ မဖြစ်သလို…
“ကြည့်စမ်းစောနက တည်းက တွေ့သင့်တာ..ပြုတ်ကျမှတွေ့တော့တယ်..ချိတ်ကို အောက်မှာ ထိုးတာတာ..”
မမ က ပြောရင်း နက်တိုင်ပါ ဖြည်ပြီး ဖြုတ်ပေးသည်…ယာကတော့ ငုံလည်း မကြည့်ရဲ..မော့လည်း မနေရဲ…
မမ က အပေါ်ဆုံး ကြယ်သီးပါ တစ်ခါတည်း ဖြုတ်ပေးလိုက်လို့ အခုမှ အသတ်ရှုလို့ ကောင်းသွားသည်..။
“အကျီ င်္ မြန်မြန်လဲ..အိပ်မနေနဲ့ အုံး.”
ယာ ရေချိုးခန်းထဲမှာ အကျီ င်္ လဲတာ စက္ကန့်ပိုင်း အတွင်းပြီးသည်..။
“မ ယာ ဘယ်မှာ အိပ်ရမလည်း..”
“ဟင်..ကုတင်ပေါ်မှာ အိပ်လေ..မအိပ်တက်လို့လား..”
“အိပ်တက်ပါတယ်..မ ကရော..”
“ဟာ..ဒီမှာပဲပေါ့..”
“အယ်..အင်း..ယာက ဘယ်ဘက်မှာ အိပ်ရ…”
“စကားများလိုက်တာဟယ်..အိပ်ချင်တဲ့ ဘက်အိပ် မြန်မြန်အိပ်..”
ယာ နီးရာ ဘက်ကို ခုန်တက်ပြီး အိပ်လိုက်သည်…။
မမ က အဲကွန်းဖွင့်ပြီး မီးမှိတ်လိုက်တော့ အခန်းမှာ အပြာရောင်မီးရောင်လေးဖြစ်သွားသည်..။
“စောင်တစ်ထည်ယူ..” ပြောပြီး မမ က ယာ ကို ကျောခိုင်း လိုက်သည်..ယာလည်း မမ ပေးတဲ့ စောင်ကို ဆွဲယူပြီး ခြုံအိပ်လိုက်တာ မိုးအလင်း..ဘာဆို ဘာမှ..ဘာမှဆိုတာ..ဘာမှန်းတောင်မသိလိုက်ပါ…။...........
မရေးတက်ပဲဝါသနာအရရေးသူမို့
အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
ဒီတစ်ပိုင်းနည်းနည်းရှည်သွားတယ်📖
စာရေးမကောင်းတာသိပေမဲ့
မနေနိုင်လို့ရေးမိနေတုန်းပါပဲ💔😭💪📖
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
YOU ARE READING
မအတွက်
Random"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...