မ အတွက်
အပိုင်း (၂၂)ဇာတ်သိမ်း
#မအတွက်စပိုက်ကာ“ယာယာ..ထမြန်မြန်..”
“အင်း..ထပီ မ..”
ယာ မျက်လုံးဖွင့် မရသေးပေမဲ့ ထထိုင်လိုက်သည်..။
“မုန့်သွား၀ယ်..ပြီးရင် ဆိုင်က မိတ်ကပ်ဘူးပါ ၀င်ယူလာခဲ့..”
“ဟုတ်..”
“နာရီ၀က် အတွင်း အရောက်ပြန်လာနော်..”
“ဟာ..”
ယာ အိပ်ယာ ပေါ်က ခုန်ထ မိသည်..။
“မ မုန့်၀ယ်တာနဲ့ ဆိုင်နဲ့ က တစ်လမ်းစီလေ..တစ်နာရီလောက်ကြာမှာ..”
“ငါ လို ချင်တာ ပြောပြီးလေ..နင် အလုပ် က ငါ ခိုင်းတာ ဖြစ်အောင်လုပ်ဖို့”
စကားလုံးပြင်းပြင်းလေသံ မာမာနဲ့ပြောပြီး အခန်းထဲက ပြန်ထွက်သွားသည်..။
မမ က ပါပါ ဆူပြီးကတည်း က ယာ ဆို လုံး၀ မကြည်တော့ စိတ်တိုင်းကျအောင် လိုက်လုပ်ပေးတောင် အပြစ်ချည်းပဲ မြင်နေသည်..။
ယာ အမြန်ဆုံးနီးမဲ့ လမ်းကို ရွေးမောင်းတာတောင် အိမ်ပြန်ရောက်တော့ မမ မရှိတော့ပါ..။
“ဟူး…”
ဆိုဖာမှာ ပစ်ချထိုင်လိုက်တော့ လက်မောင်းက တစ်ချက်ထိသွားသည်..။
“အ..”ပြန်ထပြီး မှန်မှာကြည့်ရသည်..ခုရက်ပိုင်း ပြန်နာနေတာ ဒီတစ်ခါ သွေးထွက်ရင် အချိန်ကြာနေအုံးမှာ..
မမ မနက်က မုန့် မစားပဲ သွားလို့ စိတ်ပူပေမဲ့ ဖုန်းဆက်လည်း မကိုင်မှာ သိလို့ ဖုန်းလည်း မဆက်ဖြစ်တော့ပါ..။
အလုပ်ကိုရောက်တော့လည်း မမ ဆီပဲ စိတ်ရောက်နေရသည်..။
“မိုးဦး..ကား၀င်တဲ့ ကိစ္စ အဆင်ပြေပလား..”
“မပြေဘူးဆရာ..ဆရာကိုယ်တိုင် လိုက်ရမယ်နဲ့ တူတယ်..”
“ကျွတ်..သွားမယ်ကွာ…”
ယာ ထွက်လာတာ လမ်းတစ်၀က်ရောက်တော့မှ မမ က ဖုန်းဆက်သည်..။
“ဟလို မ..”
“နင်ဘယ်မှာလည်း..”
“၆ လမ်းဆုံ မှာ မ..”
“ငါ ခိုင်းစရာရှိလို့..”
“မ အရေးမကြီးရင်..ကိုနိုင်ဦး..”
“ကြီးတယ်..မြန်မြန်လာခဲ့..”
ယာ ဖုန်းချလိုက်ပြီး တစ်ချိန်တည်း ကားပြန်ကွေ့လိုက်သည်..။
ကားမောင်းနေပေမဲ့ စိတ်က မမ ဆီမှာ
အေ၇းကြီးတယ် ဆိုတော့ ဘာများဖြစ်လို့လည်း တွေးရင်း စိတ်က ပိုမောရသည်..။
“မ..”
ယာ ဆိုင်ထဲ အပြေးတစ်ပိုင်း၀င်သွားတော့..မမ က ဧည့်သည် နဲ့ စကားပြောနေသည်..။
“ရောက်ပြီ.အန်တီမေ..သူလိုက်ပို့လိမ့်မယ်..”
“ဒုက္ခရှာလို့ကွယ်..တက္ကစီငှားလိုက်လည်း ရပါတယ်..”
“အားမနာပါနဲ့..ဒါ နှင်းတို့ ဆီ က ဒရိုင်ဘာ ပါ..”
ယာ သဘောပေါက်လိုက်ပါပြီ..။
“ကောင်လေး..ဒီပစ္စည်းတွေ တင်ပေးလို့ရမလား.”
ဧည့်သည်က ယာ ကို ကြည့်ပြီး အားနာသလို တွန့်ဆုတ်စွာ ပြောသည်..။
“ဟုတ်ကဲ့..”
ကတ်ထူဗုံး သုံးခုစလုံးကို တစ်ပြိုင်ထဲမ လိုက်တော့ လက်ကစူးနာ သွားသည်..။
ပြန်ချလိုက်ပြီး တစ်ဇုံးချင်းသယ်ထည့်ပေးရသည်..။
ဧည့်သည်ကို လိုက်ပို့ ပြီးတော့ ပစ္စည်း တစ်ခါ ပြန်ထည့်ပေးလိုက်လို့ မမ ဆီ ၀င်ပေးရအုံးမည်..။
“ဟင်..”
ယာ ဆိုင်၀ ကိုရောက်တော့ သီဟ နဲ့ မမ ကို လိုအပ်တာထက် ပိုနီးပြီး မတ်တက်ရပ်နေကြသည်..။
ယာ ဘာမှ စဉ်းစားချိန်မရအောင် ပူလောင်လာတဲ့ နှလုံးသွေးတွေကြောင့်..
သီဟ လက်ကို ဆွဲပြီး နောက်လှန်အောင် တွန်းထုတ်လိုက်သည်..။
“.. နင် ဘယ်လို လုပ်လိုက်တာလည်း..” မမ ပြောနေတဲ့ စကားကို ပထမဆုံး အနေနဲ့ ဥပက္ခာပြုမိသည်..ဒေါသကြောင့် အံကြိတ်ပြီး..
“ခင်ဗျားကို မမ နဲ့ ဝေးဝေးနေဖို့ ပြောထားတယ်..”
“ဆောဒီး..အထင်လွဲတာပါ..နှင်း မျက်လုံးထဲ တစ်ခုခု ၀င်သွားလို့..”
“မလိုဘူး..ခင်ဗျားပြန်တော့”
“အိုကေ..see u နှင်း ၁၀သိန်းက .11 နာရီနော်.”
ရယ်ပြီး ပြောသွားတာ ရိုက်သတ်ချင်စရာ..။
“မိုမို ဆိုင်ကြည့်ထားပေး..”
မမ က ပြောပြီး ကားထဲ ၀င်ထိုင်လိုက်တော့ ယာ လည်းကား မောင်းပြီး အိမ် ပြန်လာခဲ့လိုက်သည်..။
နှင်း ဒေါသ က ရင်ပူစေသည်..သူလုပ်လိုက်တဲ့ လုပ်ရပ်က နှင်း သိက္ခာ ဟိုးအောက်ဆုံးထိရောက်သွားပြီ..။
နှင်း က ယောင်္ကျားနောက်ကွယ်မှာ ဖောက်ပြားနေတဲ့ မိန်းမတစ်ယောက်လို သူ ဆက်ဆံနေတာ..
အခု သူများတွေရှေ့မှာပါ..
ကိုသီဟ နှင်းကို ဘယ်လိုမြင်သွားပြီလည်း
အလုပ်လုပ်ရင် မခန့်လေးစားပြောလွန်းလို့ ယာယာ က နှင်း ခင်ပွန်းပါလို့ ဖွင့်ပြောမိခါမှ..
သေချာ လိုက်လာပြီး ယောင်္ကျားအာဏာပြသည်..။
ကွယ်ရာမှာ ဘယ်လောက် ဟားစရာ ဖြစ်နေပြီလည်း..
“နှင်းတို့ကို နိုင်တာ သူ့ယောင်္ကျားပဲ ရှိတယ် ဆိုပြီး “အပြောခံ ရမှာ အသည်းခိုက်အောင် နာသည်..။
ဒါမျိုး ဘယ်တော့မှ မဖြစ်ဘူး…
အဲလို မဖြစ်ချင်လို့ကို ဒရိုင်ဘာကို ယူထားတာ…
ယာ ၁၂နာရီ အထိ အိမ်မှာနေဖို့ ဆုံးဖြတ်ရင်း.ကားကို ဖြေးဖြေးချင်းမောင်းလာခဲ့သည်..
အိမ်တံခါးကို မမ က အသံမြည်သွားအောင် တွန်းဖွင့်ပြီး..၀င်သည်..။
“မ..သီဟ..”
“ဖြန်း..”
ယာ ပါးပေါ်ရောက်လာတာ မမ ရဲ့ လက်ဖဝါးနုနု..ပါးနာတယ် ဆိုတာထက် ရင်ထဲ နာကျင်မှုက ပိုသာသည်..။
“မ..”
“နင်ကြောင့် ငါ သိက္ခာ ကျရတာများပြီ..”
“ယာ ဘာလုပ်မိလို့လည်း..”
“ငါ ယောင်္ကျားဆိုပြီး ငါ့ ကို အာဏာ ပြချင်တာလေ...ကြည့်နေတာ အကောင်းမှတ်မနေနဲ့ အလျော့ပေးလို့ ခေါင်းပေါ်တက်လာတာ...”
“ဘယ်တုန်းက အာဏာပြမိလို့လည်း..မ ကို အာဏာ ပြရင်ရော မ က လက်သင့်ခံမလား..”
“ဟွန့် သေတောင် မရဘူး...” နှင်း ကျေခိုင်းပစ်လိုက်တော့ ေ၇ှ့ကို လျှောက်လာပြီး...
“မ ..ရိုက်ရအောင်လောက်အောင် ယာ အပြစ်က ဘာလည်း...”
“နင် ကိုသီဟကို ဘယ်လိုလုပ် လိုက်တာလည်း..”
“ဒီလူ အကြောင်း မ သိလား..ဒီလူ နဲ့ အလုပ်မလုပ်ဖို့လည်းပြောထားရဲ့သားနဲ့..”
“ယာယာ နင် က ဘာမို့လို့ ငါ့ကို အမိန့်လာပေးနေတာလည်း. နင်ရဲ့ အဆင့် နင်မေ့သွားပလားး.”
အဆင့်တွေ ဘဝတွေ အကြောင်း မမ နှုတ်ဖျားက ထွက်တိုင်း ယာ မခံစားနိုင်..မြိုသိပ်မှုက မွန်းကြပ်လာတော့
“မမေ့ဘူး…သိတယ်. မ ကို ယာ ဘယ်တုန်းက အမိန့်ပေးဖူးလို့လည်း..မ အတွက် စိတ်ပူလို့ လိုက်ပြီး စိုးရိမ်နေရတာ..ဘာလို့ စိတ်ပူနေတာလည်း ဆိုတာလည်း မ သိတယ်..ဟုတ်တယ်..ယာ က ဘာမှ မဟုတ်တဲ့ကောင်.မိန်းမကို ဘုရားလို ကိုးကွယ်ချင်နေတဲ့ အရူးကောင်..တစ်ဘ၀လုံး မ အပါးမှာ ခစားဖို့ အဆင့်သင့်ပြင်ထားတဲ့ကောင်...ကိုယ့် အဆင့်ကိုမသိပဲ..မ ကို အရူးအမူး ချစ်မိတဲ့ကောင်…မ ထားရာနေ စေရာသွားမဲ့ကောင်..”
နှင်းကို တစ်ခါမှ အသံမာမာ မပြောဖူးခဲ့တဲ့ လူက အနားလေး ရှိတာတောင် အော်ပြောတော့ ကြောက်စိတ်နဲ့ မခံချင်စိတ်ပေါင်းပြီး..
“နင် ကို ပါပါ နေရာပေးတိုင်း ကမ်းတက်မလာနဲ့..အရင်အတိုင်းနေနိုင်ရင်နေ..မနေနိုင်ရင်ထွက်သွား..ငါ ကိစ္စတွေမှာ ၀င်မရှုပ်နဲ့..”
ယာ နှလုံးသားတွေ ပူလောင်သွားသည်..။
“မ အဲလို မနှင်ပါနဲ့ ..ယာ မခံစားနိုင်ဘူး..မ နဲ့ ဝေးနေရင် ယာ သေသွားလိမ့်မယ်..မ ကို အခုပြောနေရတာ ယာ တကယ်စိတ်ပူလို့ပါ..”
ယာ တုန်လှုပ် ခြောက်ခြားစွာ မ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ရင်း အနားတိုးသွားမိသည်..။
“မ ကို ချစ်လွန်းလို့ အခုလိုတွေ ဖြစ်လာရတာ..မ ကို အရမ်းချစ်တယ်...”
မျက်နှာ ငုံ့ကျသွားတော့
မမ က ဆောင့်တွန်းလိုက်လို့ ယာ နောက်တွန့် သွားသည်..
“.ငါကို အသားမယူနဲ့..နင်က ငါ့ အတွက် အလုပ်သမားတစ်ယောက်လိုမို့ အရေးပေးထားတာ ငါ့ ယောင်္ကျားနေရာမှာ ဆိုရင်တော့ နင်မှာ အရည်အချင်း မရှိဘူး...”
“မ..”ယာ နှလုံးခုန်နှုန်း အတိုင်း အော်လိုက်မိသည်..။
“ထွက်သွား..ယာယာ..နင်ကို ငါ မမြင်ချင်ဘူး..နင်ကို ယူခဲ့မိလို့ နောင်တ ရတယ် အလုပ်မှာ အသုံး၀င်မယ် ထင်လို့ ယူခဲ့မိတာ မဟုတ်ရင် နင်ကို မက်လောက်စရာ ဘာရှိလို့လည်း..နင်က ယောင်္ကျား အာဏာ ပြချင်ရအောင်...နင် စီးနေတဲ့ကား..နင်သုံးနေတဲ့ ပိုက်ဆံ ဘယ်က အစပြု ခဲ့တာလည်း..”
မမ ရဲ့ စကားလုံးတွေက ယာ အတွက် မကြားဝံ့တဲ့ အမှန်တရားတွေပါ..
ဆက်နားထောင်ဖို့ သတ္တိ မရှိတော့လို့..
ယာ လက်ထဲက ကားသော့နဲ့ အိတ်ထဲက ဘဏ်ကဒ်ကို ခုံပေါ်တင်ခဲ့ပြီး ထွက်လာခဲ့လိုက်သည်..
ခြေလှမ်းမြန်မြန်နဲ့ပြေးဆင်းလာပြီး..ကားတားလိုက်သည်..။.
“နင်ကို ယူခဲ့မိလို့ နောင်တ ရတယ် အလုပ်မှာ အသုံး၀င်မယ် ထင်လို့ ယူခဲ့မိတာ”
မဟုတ်ဘူး.......
ယာ အော်ဟစ် မောင်းထုတ်လိုက်ပေမဲ့ စကားလုံးတွေ က ပဲ့တင်ထပ်နေသည်..။
ကားထဲ ထိုင်နေတုန်း ဖုန်း၀င်လာတာ
“ဆရာ..ကားဆီသွားဖို့ ကျွန်တော် စောင့်နေတယ်..”
“အေး..အခု လာမယ်လေ..”
မမ စိတ်ဆိုးတုန်း ပြောတာပါလို့ စိတ်ထဲက ဖြေတွေးနေပေမဲ့..ဦးနှောက်က လက်မခံနိုင်..
အလုပ်တွေတော့ လုပ်ရမှာပဲ..တွေးရင်း အလုပ်ကိစ္စပဲခေါင်းထဲ ထည့်ထားလိုက်ရသည်..။
.
ယာ ကားကိစ္စတွေပြီးလို့ အလုပ်ကို ပြန်ရောက်ချိန်ထိ..
စိတ်ထဲမှာ မကျေနပ်သေးတာ မမ ကို မဟုတ်ပါ..။
ယာ ဖုန်းထုတ်ပြီး နံပါတ် တစ်ခုကို နှိပ်လိုက်သည်..။
“ကျော်ကြီးလား..”
“အင်း..ငါကုန်၀ယ်တဲ့ လူနဲ့ ဒါရိုက်တွေ့ချင်တယ်..မင်းနဲ့ သုံးယောက် မျက်နှာချင်းဆိုင်ပေါ့..”
‘အင်း..ဘယ်တော့လည်း..”
“အိုကေ..ငါထွက်လာမယ်..”
ယာ ဖုန်းချပြီးတော့..ကားသော့ယူတော့ မိုးဦးက အနားရောက်လာသည်..။
“ဆရာ ဘယ်ကိုလည်း..”
“သီဟကို အပြုတ်လုပ်ပစ်မယ်..”
“ဆရာ..သူက ကျားနာဖြစ်နေပြီ သတိထားပါ..ဆရာ နစ်နာနေမယ် ငွေတွေ လည်း များတယ်..”
“ရတယ်..ကျော်ကြီး လည်း ပါသားပဲ..”
“အကြောင်းရှိရင် ကျွန်တော်ကို ဖုန်းဆက်လိုက်ပါ..”
“ဟေ့ကောင် ငါမှာလည်း လက်တွေ ခြေထောက်တွေ ပါတယ်..သွားမှာက သိန်း..ရပလား..”
“ရက်စ်ဆာ..”
ယာ ထွက်လာခဲ့လိုက်သည်..။
လက်ဖက်ရည်ဆိုင်ရောက်တော့ ကျော်ကြီးက
“သီဟ.. မင်း ပိုက်ဆံတွေ သူဆီက ယူပေးတာလေ..”
“..နှင်း နဲ့ အတူတူ တွေ့ဖူး ”
“..နှင်းဆီနက် ရဲ့ ယောင်္ကျား..”
ဟင်..”မထင်ထားတဲ့ စကားကို ကြားလိုက်ရသလို သီဟ ခေါင်းငုံ့ကျသွားပြီး
“..ငွေတွေအတွက် အချိန် နည်းနည်းပေးပါ..”
‘မမ ကို ဘယ်လောက်ပေးဖို့ ရှိလည်း..”
‘အခု ၁၀သိန်းပဲကျန်တော့တယ်..”
“ကောင်းတယ်..အဲဒါလည်း ကျွန်တော် စိုက်ပေးလိုက်မယ်..”
“ဟင် ..”သီဟ မျက်လုံးပြူးနေသည်..။
“၅၀၀ ကတော့ ကျွန်တော်ကို မြန်မြန်ဆပ်စေချင်တယ်..”
“ယာယာ အခု သီဟ နည်းနည်းခက်နေလို့ မင်းတစ်လလောက်နေမှ..”ကျော်ကြီးက ၀င်ပြောပေမဲ့.
“မရဘူး..နောက်တစ်ပတ် လုပ်စရာရှိလို့..”
“နောက်တစ်ပတ်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..ညီရယ်..ကို တောင်းပန်ပါတယ်..တကယ်ဆပ်မှာပါ..ကုန်၀ယ်ပြီး ကျွံထားတွေ များနေလို့ပါ” အခုကျတော့ မျက်နှာငယ်နဲ့ ..ခင်ဗျားကြောင့် မမ နဲ့ ကျွန်တော်…..
“အဲဒါ ကျွန်တော့် ကိစ္စမဟုတ်ဘူးလေ..၁၅ရက်တောင် နောက်ကျနေပြီ..”
“ကို အခက်အခဲ ဖြစ်နေလို့ပါ..”
“ရပါတယ်..ခင်ဗျားဆီက ရစရာ ရှိတဲ့ လူ အကုန်လုံးစုပြီး တရားစွဲလိမ့်မယ်…ကျွန်တော်က ဦးဆောင်မှာပါ..”
“ဟာ..အဲလိုတော့ မလုပ်ပါနဲ့ ကို လကုန်တာနဲ့ တကယ်ပေးမှာပါ..”
“ယာယာ အချင်းချင်းတွေပဲကွာ…”ကျော်ကြီးက ပါ၀င် သနားခံနေတော့
“ငါ နဲ့ သူ သိတောင်မသိဘူး..မင်း က တစ်ဆင့်ခံလေ..အဲတော့ မင်း လည်း ရှင်းထားရင်ကောင်းမယ်..”
သူတို့ရှေ့မှာတင်.ငွေထုတ်ပေးတဲ့သူတွေကို.ဖုန်းဆက်ပြီး ပြောနေတော့ မျက်နှာ ပျက်နေကြပြီလေ..
ယာ ပြောစရာရှိတာပြောပြီး..ထွက်လာခဲ့လိုက်သည်..။
.
ယာလေး ထွက်သွားတော့ နှင်း ထိန်းထားသမျှ မျက်ရည်တွေ အတားအဆီးမဲ့ စွာ စီးကျလာသည်..။
ဘာလို့ ..
လက်ဖဝါးရဲ့ နာကျင်မှုကို ခံစားမိရင်း..ရိုက်လိုက်ချိန်က နီရဲသွားသည့် ပါးပြင်ကို ပြန်မြင်ယောင်လာတော့ မျက်လုံးမှိတ်ထားရသည်..။
အမြဲတမ်းဘာလို့ သူက ဓားစာခံ ဖြစ်နေရတာလည်း...ဒေါသထွက်နေပေမဲ့ သနားမိနေသည်..။
ဖုန်းအသံမြည်လာလို့ ကောက်ကိုင်လိုက်တော့..ခုံအောက်ဆင့်က ဘူးလေးကို လက်နဲ့တိုက်ပြီး ပြုတ်ကျသွားသည်.
အောက်မှာ ကျနေတဲ့ ဘူးလေးကိုကောက်ပြီး ခုံပေါ်တင်လိုက်တော့ အထဲက စာရွက်အလိမ်လေးတွေ…
“ဟလို နှင်းလား..ဟလို…ဟလို…”တစဖက်က ဖုန်းပြောသံကို ကြားနေပေမဲ့ ဖုန်းကို ခုံပေါ်ပြန်ချလိုက်မိသည်..။
ဘူးအဖုံးဖွင့်ပြီး တစ်လိပ်ကို ထုတ်ပြီး ဖြည်လိုက်တော့..
“မ သိလား…ယာလေ မ ကို အရမ်းချစ်တာပဲ..မ ပါးလေးကို နမ်းမိတာ မ စိတ်ဆိုးတော့ ယာ အရမ်းကြောက်သွားတာ..မ ခွင့်ပြုချက်နဲ့ မ ပါးလေးကို နမ်းခွင့် ရချင်တယ်.”
“မမ သိလား..ယာ လေ မမ ကိုမေ့ဖို့ အပြင်းအထန် ကြိုးစားနေတယ်..”
“.မ သိလား ညဘက် အိပ်ချိန် မ ကို ထွေးပွေ့ထားချင်တယ်.”
“.မမ သိလား..ယာလေ..ချောကလက်ပေးမလို့ ၀ယ်လာတာ..ဒါပေမဲ့ မပြောရဲလို့ ဒီတိုင်းထားတာကို မမကတွေ့ပြီး စားလိုက်တယ်..ကဒ်ထဲမှာ မမ ကို ချစ်တဲ့အကြောင်း ရေးထားတာ မမ ဖွင့်မဖတ်ကြည့်လို့ ကျေးဇူးတင်မိသေးတယ်..”
“မမ သိလား..ဒီနေ့ မမ ကို ပွေ့ချီရတာ ယာ နှလုံးရောဂါ ရတော့မလို့ မမ နိုးလာရင် ထုမှာ လည်း ကြောက်ရသေးတယ်..”
“မ သိလား..ဘာကြာင့်ပဲ ငိုငို မ မျက်ရည်တွေကို မြင်ရင်..ယာ ရင်ဘတ်ထဲက နာတယ်..မ ၀မ်းနည်းစရာတွေ မေ့သွားအောင် တင်းတင်းကြပ်ကြပ် ထွေးပွေ့ထားချင်တယ်..”
“မ သိလား.. ည က လည်ဆွဲကိုဖြုတ်ပေးနေတုန်း မ လည်ဂုတ်လေးကို နမ်းမိတော့မလို့..”
“မ သိလား..မ စိတ်ဆိုးနေလို့ မသိဘူးမလား..ယာနေမကောင်းဘူး..ဒီနေ့ ဆေးသွားထိုးရသေးတယ်..မ ဂရုစိုက်တာလေး..ခံချင်မိတယ်..”
“မ သိလား..မ က ယာ ရဲ့ ဘုရင်မ ပါ..မ ကို မိဖုရား အဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး..”
“မ သိလား မ အခုရက်ပိုင်း အရမ်းစိမ်းကားတာပဲ..ယာ အိပ်မပျော်ဘူး..မ ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးကိုငေးကြည့်နေမိတာ ညနက်တဲ့ အထိပဲ.”
“.မ သိလား..မ နဲ့ သီဟကိုတွေ့တိုင်း ယာ ဒေါသထွက်တယ်..မ ကို စိတ်မချတာ မဟုတ်ပါဘူး..သီဟရဲ့ အကျင့်ကို သိနေလို့ပါ..”
“မ သိလား..မ ဘီဘီ ကို ပြောတဲ့ စကားတွေကို ယာ ကြိုးစားမေ့နေရတယ်..ယာယာကို ခိုင်းလို့ ကောင်းလို့ ယူထားတယ် ဆိုတာ..တကယ်လား..စိတ်ဆိုးတုန်းမို့ ပြောလိုက်တာမလား..”
“မ သိလား..မ အိပ်ပျော်နေရင် တအားချစ်ဖို့ကောင်းတာပဲ..”
“မ သိလား..မ နှုတ်ခမ်းနီဆိုးနေတာတွေ့ရင် ယာ အရမ်းရင်ခုန်ရတယ်..”’
“မ သိလား..မ ယာကို ချစ်တယ် ချစ်လို့ အနိုင်ယူပြီး ဆိုးချင်နေတာမလား....”
“ဟင်....”
စာရွက်အပိုင်းလိပ်ကလေးတွေကို တစ်ခုစီ ဖြည်ဖတ်ရင်း စာရွက်ကလေးတွေ များလာလေ..ရင်ဘတ်က နာကျင်လာလေ…
နှင်းရဲ့ ဒေါသထွက်တိုင်း စိတ်ထဲက မပါပဲ ပြောတက်တဲ့ အကျင့်က ခုတော့...
နှင်း သူ့ကို ချစ်နေမိတာကြာပါပြီ…။
သူ ကွေးအိပ်နေတုန်းက ပါးက မှဲ့လေးကို ခိုးနမ်းမိတာ အချစ်..။
သူ အိပ်ပျော်တိုင်း ရင်ခွင်ထဲ တိုးခဲ့မိတာလည်း အချစ်..
ကားပျက်တုန်းက သူပွေ့မှာ သိလို့ နှိုးနေပေမဲ့ အိပ်ချင်ယောင်ဆောင်နေခဲ့တာ အချစ်..
ကျောင်းရှေ့မှာ ကောင်မလေးတွေကို ထိုင်ငေးနေတာ တွေ့တော့ စိတ်ဆိုးခဲ့မိတာလည်း...အချစ်..
နန်းယု နဲ့ ရင်းနှီးတာတွေ့ရတော့ သ၀န်တို မိတာလည်း အချစ်..
မိန်းကလေးတစ်ယောက်နဲ့ စာ အဆက်အသွယ်တွေ့တော့ စိတ်ပူပြီး ငိုကြွေး ခဲ့ရတာလည်း အချစ်..။
သူ ဒဏ်ရာ ရမှန်း သိခဲ့မှ အသည်းအသန် ငိုေ ကြွးခဲ့တာ ရော...
ချစ်နေခဲ့တာ ကြာပါပြီ..မချစ်ပဲနဲ့ လက်မထပ်နိုင်တာ သူ မသိဘူး..
အမြဲ အလျော့ပေးခဲ့တာလေးကို ပို အနိုင်ယူချင်တာ…
နှင်း စိတ်ဆိုးလာရင် သူ တုန့်လှုပ်ပြီး နေမထိထိုင်မသာ ဖြစ်နေတာလေးကို ဂုဏ်ယူမိနေတာ..။
သူ ချစ်မှန်းသိလေ..နှင်း ဆိုးမိလေ ဖြစ်နေပြီလား..
နှင်း စိတ်ထဲက မရှိတဲ့ စကားတွေ ဘာလို့ အစီအစဉ်တကျ ထွက်သွားရတာလည်း..
နှင်း အလုပ်နဲ့ ပတ်သက်ပြီး ယာ အမြဲစောင့်ကြည့်နေတယ်လို့ ထင်မိတဲ့ အတွေးကလည်း စိတ်ထဲ မှာ ရှိနေတော့..သံသယစိတ်ကြောင့် အခုလိုတွေ ဖြစ်ကုန်ပြီ..။
ယာလေး တကယ်ထွက်သွားပြီလား..
နှင်း အနားမှာ မရှိရင် ဆိုတဲ့ စိတ်က ခြောက်ခြားစေသည်..။
သူ မရှိလို့ မဖြစ်ဘူး..ဘယ်ကို ထွက်သွားတာလည်း..အပြီး ထွက်သွားတော့မှာလား..
ဘာမှ ဂရုမစိုက်ပေမဲ့ စာလေးတွေ ဖတ်ပြိး ချိန်မှာတော့ နှင်း နှလုံးသား အပြည့် နေရာယူထားတာ သူက ယာလေး ဆိုတာ သိစေချင်သည်..။
နှင်း တွေးလိုက်ငိုလိုက်နဲ့ ညနေ ၅နာရီ ဖြစ်နေပြီ…
ငယ်ငယ်တုန်းကလည်း ယာ လေး မပြောမဆိုနဲ့ ပျောက်သွားခဲ့ဖူးတာပဲ...နှင်းမှာတော့ အရူးတစ်ယောက်လို ငိုပြီး လွမ်းဖျားတောင် ဖျားခဲ့ရတာ..အခုကော...
မှားသွားပြီ ဆိုတဲ့ အသိကြောင့် နောင်တ မျက်ရည်နဲ့ ငိုမိသည်..တောင်းပန်ဖို့ အတွက် ဖုန်းဆက်ကြည့်တော့လည်း ဖုန်းမကိုင်ဘူး..
နှင်း ဖုန်းဆိုရင်ယာလေးက စိတ်ဆိုးနေရင်တောင်ကိုင်မှာပါ..တကယ် မုန်းသွားပြီလား..။
ဆိုဖာ ကယောင်ယမ်းပြီး မတ်တက်ရပ်မိသည်..။
လူက ကြံရာမရ ဖြစ်လာတော့..ရင်ဖွင့်အကြံတောင်းချင်တာ..
ပါပါ ကိုပြောပြရင်လည်း နှင်းကိုဆူမှာပါ..
တစ်ခါမှ မခေါ်ဘူးတဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်မိသည်..။
“ဟလို..”
“နှင်း ပြော..”
“နင်..ငါ့ နံပါတ်ကို သိတယ်..”
“အေးလေ..ကျောင်းပြီးကတည်းက ထည့်ထားတာ..”
“နင် ငါ့ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ အကြံပေးပါ..”
“ပြောလေ..”
“ပါပါ ရှိလား..”
“မရှိဘူး..ရတယ်ပြော..”
“ငါ ..ငါ…အဟင့်..”
“ဟယ်..ငိုချည်း မနေနဲ့လေ..ငါ စိတ်ပူလို့ ပြောစမ်းပါဟယ်..”
“ငါ..ယာလေး ကို ရိုက်လိုက်မိတယ်..”
“ဟင်…”
“ပြီးတော့.စိတ်နာလောက်တဲ့ စကားတွေလည်း ပြောလိုက်မိတယ်..ငါ ဘယ်လို လုပ်ရမလည်း ဘီဘီ်..”
“ဘယ်တုန်းကလည်း..”
“မနက်က သူ ကားသော့နဲ့ ဘဏ်ကဒ်လည်းထားခဲ့တယ်..,ယာလေး..ယာလေး..အပြီးထွက်သွားတာလား မသိဘူး..”နှင်း ဖုန်းပြောရင်း ရှိုက်နေမိသည်..
“မဟုတ်ပါဘူး..ယာယာ က နင်ကို အရမ်းချစ်တာပါ..နင်သိရဲ့သားနဲ့ အနိုင်ယူလွန်းတယ်..နှင်းရယ်..”
“ငါသိပါတယ်..သူအရမ်းချစ်တာသိလို့ အနိုင်ယူမိတာပါ..”
“နင်ရော မချစ်ဘူးပေါ့..”
“ချစ်တာပေါ့ ချစ်တယ်..ငါလေ..ငါ့ ဖုန်းကို ယာလေး မကိုင်ဘူးဆိုတဲ့ အသိနဲ့တင် ရူးတော့မယ်..ယာလေး သာ ငါ့ အနားက ထွက်သွားရင်..ငါ..ငါ…သေမှာ..”
“အမလေးဟယ်..မိုင်ပေါင်းကဋေ လုပ်မနေနဲ့ အလုပ်ကို လိုက်သွားလိုက် “
“အလုပ်မှာ မရှိနိုင်ဘူး..”
“ရှိပါတယ်..စောနကတောင် နိုင်ဦးနဲ့ ဖုန်းပြောနေသေးတယ်..လမ်းမှာ ကားပျက်လို့ အလုပ်ရှုပ်နေကြတာ..နင့်ဖုန်းခေါ်တာ သူ မသိလိုက်လို့ ဖြစ်မယ်.”
“ငါ..ငါ..လိုက်သွားလို့..သူက မတွေ့ချင်ဘူး..ဆိုရင်…”
“ဟုတ်မလား..နင်ကို ယာယာ က ဒီလောက် ချစ်တာ..လူတွေရှေ့ပြေးနမ်းရင်လည်း ငြိမ်ခံနေလိုက်ပေါ့ဟယ်..”
“နင်ကလည်း..ငါ အကောင်းပြောနေတာ..”
“ငါကလည်း..အမှန်တွေ ပြောနေတာပဲလေ..”
ဘီဘီ နဲ့ ဖုန်းပြောပြီးနောက်ပိုင်း စိတ်က နည်းနည်းပေါ့သွားရတော့..ဘီဘီ ကို အထင်လွဲ ခဲ့မိတာတွေကိုလည်း နောင်တ ရပြန်သည်..။
အလုပ်ကို လိုက်သွားဖို့ ဆုံးဖြတ်ရင်း ကားသော့ယူပြိး ဆင်းလာခဲ့လိုက်သည်..။
ယာ အလုပ် ကို ပြန်၀င်လာချိန် မမ ကားကိုတွေ့လိုက်ရတော့ ရင်ခုန်နှုန်း မြန်လာသည်..။
မမ လိုက်လာတာပဲ..ဒီတစ်ခါတော့ ယာ တကယ်စိတ်ကောက်ပြလို့ရပြီပေါ့…။
စိတ်ဆိုးချင်ယောင်ဆောင်ပြီး ချစ်တယ်ပြောခိုင်းမယ်...ပြီး ရင် အတင်းနမ်းပစ်မယ်...အကြံအစည်တွေ အောင်မြင်ဖို့ယာ ကားထဲက ခပ်တည်တည် ထွက်လာခဲ့လိုက်သည်..။
နှင်း ယာလေး ကားပေါ်က ဆင်းလာတာ တွေ့လို့ ခုံပေါ်က ယောင်ယမ်းပြီး မတ်တက်ရပ်မိသည်..
မှောင်ခါစ အလင်းရောင်နဲ့ လျှပ်စစ်မီးရောင် အောက်မှာ
ယာလေး ရှေ့မှာ လူတစ်ယောက်ကွယ်ရပ်လိုက်သည်..။
“ဟင်..”
ယာ ရှေ့ရောက်လာတဲ့ လူက သီဟ ဖြစ်နေသည်..။
“မင်း..က အနှောင့်အယှက် တစ်ခုပဲ ယာယာ..”
ယာ ဆောင့်တွန်းလိုက်လို့ ယိုင်သွားပေမဲ့ လက်ထဲက ငွေရောင် အရာ၀တ္ထုတစ်ခု လက်သွားခါ..
ယာ ဗိုက်နေရာက ပူသွားသည်..။
ယာလေး ဒူးထောက်ကျသွားတာလား..ဘာဖြစ်တာလည်း..
နှင်း တံခါး၀နားက ယာလေး ဆီကို ပြေးသွားမိသည်..။
“သွေးတွေ..ယာလေး..”
“ဟင်..”
“ဟေ့ကောင်..”
အလုပ်သမား တစ်ချို့လည်း မျက်လုံးပြူးနေပြီး ထွက်ပြေးတဲ့ လူနောက်ကို ပြေးလိုက်ကြသည်..။
မိုးဦးက ဖုန်းဆက်ရင်း ပြေးလွှားနေသည်..။
ယာလေးက ဗိုက်နေရာကို လက်နဲ့ အုပ်ထားရင်း သွေးတွေက လက်ကြားထဲက စီးးကျလာသည်..။
“ယာလေး..မဟုတ်ဘူး..မဖြစ်ရဘူး.ဘာမှ မဖြစ်ရတော့ဘူး...”
ယာလေးက နှင်းရင်ခွင်မှာ မှီချလိုက်သည်..။
နှင်း ယာလေး ခေါင်းကို ပိုက်ထားပြီး ငိုနေမိတော့
“ရှုး..မ…မငို..ပါ..နဲ့..”
“ ပို နာ လို့ပါ..”
နှင်း အသံတိတ် ခေါင်းအထပ်ထပ် ငြိမ့် ပြမိသည်..။
“ယာလေးကို မမ အရမ်းချစ်တယ်..ချစ်တယ်..သိတယ်မလားဟင်..ချစ်လွန်းလို့ ဆိုးခဲ့မိတာ.မမ ပြောခဲ့တယ်လေ...အသက်ကြီးလာမှ ခွင့်တောင်းပြီးနမ်းပါလို့.ငယ်ငယ် ကတည်းက ချစ်တယ်..အရမ်းချစ်တယ်..ဘာမှမဖြစ်၇ဘူး..ချစ်တယ်”
“ယာ က မအတွက်ဆို အမြဲပြောနေတာမလား...အရမ်းချစ်တယ်..ခဏလေးစောင့်ပေးပါနော်..မမ ကို ချစ်တယ်မလား..”
မမ က ချစ်တယ်အထပ်ထပ် ပြောလိုက်ချိန် ပျော်လွန်းလို့့ယာပြုံးချင်ပေမဲ့ ပြုံးမရ…
ယာ ဗိုက်နားတစ်ဝိုက်က နာကျင်မှုက အသက်ရှု ခက်စေသည်..။
ငုံ့ မိုးနေတဲ့ မမ ပုံရိပ်က ေ၀၀ါးနေတော့....နောက်ဆုံး ဆန္ဒ ဆိုရင်….
“မ..ပါး နမ်း..ခွင့်ပြု..”
နှင်း ခေါင်းငြိမ်လိုက်ပေမဲ့ ယာလေးက ခေါင်းမထောင်နိုင်တော့..
နှင်း ပါးကို သူ့အနားတိုးကပ်ပေးလိုက်ချိန်..
မထိတထိ အနမ်းတစ်ခု နှင်း ပါးပေါ်ကျရောက်လာပြီး..ခွေကျ သွားသည့်ခန္ဓာကိုယ်လေး..
“ယာလေး...”နှင်း ကယောင်ချောက်ခြားဖြင့် နာမည် တစ်ခုကိုပဲ အကြိမ်ကြိမ်အခါခါ ခေါ်နေမိသည်..။
.
“ဒီနေ့ ဗလ်တိုင်းနေ့ပဲ..”
စျေးထဲက မိန်းကလေးတွေ ပြောဆိုသံတွေ နှင်းနားထဲ တစ်ဆင့်ရောက်လာသည်..။
နှင်း နဲ့ မှ မဆိုင်တော့တာပဲ…
လိုအပ်တာတွေ ၀ယ်ပြီး အိမ်ပြန်ရောက်တော့ ဆွဲခြင်းချပြီး တံခါးသော့ဖွင့်ရတာ ပို ပင်ပန်း လွန်းသည်..။
တံခါးသော့ကို ချိတ်ပြီး..မီးဖိုခန်းတန်း၀င် လိုက်ရသည်..
မေဖူးတို့ကို ခေါ်ထားတာထက် တစ်ယောက်တည်း ချက်ပြုတ်သွားလာနေရတာ ပိုကောင်းပါသည်..။
ဆိုင်သွားဖို့ ရှိလို့ ချက်ဖို့ပြုတ်ဖို့ အပြေးအလွှားလုပ်ရအုံးမည်..။
ပါပါ က မုန့်ဟင်းခါး စားချင်တယ်ပြောထားလို့ နှင်း တက်သလောက် ကြိုးစားချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်..။
ကြက်သွန် ကြောင့်လား အတိတ်ကြောင့်လား မသေချာပေမဲ့ မျက်ရည် က ကျရပြန်သည်..။
စပါးလင်နဲ့ ငရုတ်ကောင်း အတူတူ အိုးထဲ ရောက်ချိန်မှာတော့..
တစ်ချိန်က လက်မောင်းနာပေမဲ့ ပြေး၀ယ်ပေးခဲ့ဖူးသည့် မုန့်ဟင်းခါးကို သတိရလာပြန်သည်..။
“ယာက အသက်ကြီးပြီး တုန်တုန်ချိချိဖြစ်နေလည်း မ အတွက်တော့ မုန့်ဟင်းခါး ၀ယ်ပေးမှာပါ.” တဲ့...ဟွန့် လိမ်တာ...။
ပြုံးမိပေမဲ့ မျက်ရည်စတို့က ကပ်ပါလာပြီ..
အမှတ်တရတိုင်းမှာ ပါ၀င်နေတာ..တမင်လုပ်ယူတာ မဟုတ်ပါပဲ..ယာလေးရဲ့ သိတက်မှုလေးတွေကြောင့်သာ…
လူတစ်ယောက်က အချစ်တွေပေးရင် တန်ဖိုးထားလက်ခံခဲ့သင့်တာ…။
အချစ်က တစ်လမ်းသွား မဟုတ်ဘူးဆိုတာ နှင်း အစကတည်းက သိခဲ့ပါတယ်..။
နက်ရှိုင်းစွာ ချစ်မိနေပေမဲ့ နှင်း ချစ်ကြောင်း ၀န်ခံပြဖို့ကိုတော့ ဘာကြောင့်နှောင့်နှေးခဲ့တာလည်း...
အရမ်းသိတက်ခဲ့တယ်…ဒါကို နှင်း အရမ်း ဆိုးခဲ့မိတယ်..။
၀မ်းနည်းစရာတွေ ပြန်မတွေးချင်တော့လို့ အလုပ်ကို အာရုံစိုက်ပြီး လုပ်နေလိုက်သည်..။
ဆီသပ် နေချိန်..ငရုတ်သီး ပုလင်း ကို ခြေဖျားထောက်ယူရပြန်တော့..
ဘီဒို နှိမ့်သင့်နေပါပြီ…တစ်ခါ မဟုတ် ခဏခဏ ခြေဖျားထောက်ယူနေရတာ မဟုတ်သေးပါဘူး..
..ပုလင်းကို အောက်ဘီဒို ထဲ ထည့်လိုက်ချိန်
ဟင်းရည် အနံ့ မွေးလာတော့ နည်းနည်း ကျေနပ် မိသည်..။
ဟင်းရည်ကို ချိုင့်ထဲထည့်လိုက်ပြီးချိန် ၈နာရီ ဖြစ်နေပြီ..
ဟင်းချက်ဖို့အတွက် ပြင်ဆင်ရအုံးမှာ တွေးမိတော့ မောလာသလိုလို…။
ပန်းကန် တစ်ချက် ယူပြီး မုန့်ဟင်းခါးကို ပန်းကန်ထဲ ထည့်ပြီး မုန့်ပွဲ ပြင်လိုက်သည်..။
ဘဲဥလေးတွေ ကို မကျေအောင် သတိထားပြီး စိပ်နေချိန်..နှင်း ခါးပေါ် လက်တစ်စုံ ရောက်လာသည်..။
“နိုးပလား..”
“တူတူ သွားချင်တာ မနှိုးဘူး..ရက်စက်တယ်.”
“အိပ်ပျော်နေလို့ပါ..”
“ဒီနေ့ဘာနေ့လည်း..”
“ဗုဒ္ဓဟူးလေ..”နှင်း သိရဲ့သားနဲ့ တမင်ညစ်လိုက်သည်။
“မုတ်ဘူး..”နှင်း ပါးလေးပေါ်သို့ ခွင့်ပြုချက်မတောင်းပဲ အနမ်းတစ်ပွင့် ကျလာတော့ ကြည်နူးစိတ်နဲ့ ပြုံးမိသည်..။
ခါးနေရာက လက်ပြောင်းပြီး ပခုံးကို နောက်ကလှမ်းပြီ့း သိုင်းဖက်ပြန်သည်..။
“ချစ်လား..”
“အင်း..”
“မုတ်ဘူး...”
“ချစ်တယ်...အနားမှာ မရှိရင် ရူးသွားလောက်အောင် ချစ်တယ်...”
“ဟား..ဟား..သီဟ ကိုတောင် ကျေးဇူးတင်ရမယ်.”
ရယ်သံကို အမြင်ကပ်လို့ ခေါင်းစောင်းပြီး ပါးက မှဲ့ကို နမ်းပစ်လိုက်သည်..။
“ရပြီ..”
“ဟင်..”နှင်း အကျီ င်္ ပေါ်မှာ တချိန်က သူ ၀တ်ပေးဖူးသည့် အသဲပုံ လော့ဂတ်နဲ့ပုံစံတူ ဆွဲကြိုးလေး..့....
နှင်းပြုံးလိုက်မိသည်..။
“ဘာပေးမလည်း..”
သူတောင်းဆိုလာပေမဲ့ နှင်းမှာ ပြင်ဆင်ထားတာ မရှိပါ..ဒီလိုနေ့မျိုးက ဆယ်ကျော်သက်အတွဲတွေနဲ့ ပဲ ဆိုင်တယ် ထင်ခဲ့ပြီး …ယောင်္ကျားဖြစ်သူက လူငယ်ဆိုတာ မေ့သွားမိတာ အခုတော့.....
သူနဲ့ မျက်နှာ ချင်းဆိုင်လှည့်လိုက်ပြီး နူးညံ့တဲ့ အပြုံးတွေနဲ့ သူ့ မျက်နှာကို ငေးရင်း နှင်းလက်လေးကို သှူု့ ဆီ ကမ်းပေးလိုက်ရင်း..
“ယာလေး အတွက် မ..”
ကမ်းပေးတဲ့ လက်ကို ဖွဖွ နမ်း ပြန် သည်..။ အပြုံးနှင့် အတူ အချစ်မျက်၀န်းတို့ဖြင့် ငုံ့ကြည့်နေတဲ့ အကြည့်ကြောင့် နှင်း ရင်ခုန်သံ အသစ် ဖြစ်လာပြီး ရင်ခွင်ထဲ တိုး၀င် လိုက်သည်..။
ဖေဖေါ်ဝါရီရဲ့ အေးချမ်းတဲ့ အငွေ့ အသက်တွေ က သူ့ရင်ခွင် ရဲ့ နွေးထွေးမှုကြောင့် လျော့ပါးသွားရတော့သည်..။<ပြီးပါပြီ>
...........
ဇာတ်သိမ်းမကောင်းရင် ခွင့်လွှတ် သည်းခံ ပေးကြပါနော် 😭
မရေးတက်လို့ပါ😭😥စရေးကတည်းက မကောင်းလည်း အားပေးခဲ့တဲ့ စာဖတ်သူ တစ်ယောက်ချင်းစီ ကို ကျေးဇူးအထူးပါ ❤
လိုက်ခ် နဲ့ ကွန့်မန်တွေ တကယ်အားဖြစ်စေခဲ့လို့ အပြီးထိရေးနိုင်ခဲ့တာပါ 💪❤ခေတ်တိုင်းမှာ ယောင်္ကျားတွေရှိပါတယ်..👦
အချစ်တွေလည်း အမျိုးမျိုးပေါ့ခွင့်လွှတ် ပေးဆပ် ချစ်တဲ့
ယာယာလို ချစ်တက်တဲ့ ယောင်္ကျားများကို အစဉ်လေးစားအားကျလျက်..😅❤😍
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all
YOU ARE READING
မအတွက်
Random"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...