မ အတွက်
အပိုင်း (၁၈)
#မအတွက်စပိုက်ကာ“ဆရာ..”
“အေးပြော..”
“ကုန်ချပြီးတော့ အဝေမတည့်ဖြစ်နေကြတယ်ဆရာ..”
“ကျွတ်..မင်းပေးလိုက်လေ..”
“ပေးပေမဲ့ နှစ်ဖွဲ့ ကွဲနေတာ ဆရာ “
“ငါလာခဲ့မယ်..”
ယာ ဖုန်းချလိုက်ပြီး မမ ဆီ ဖုန်းခေါ်လိုက်သည်..။
မမ က ဖုန်းမကိုင် ထပ်ဆက်တာလည်း မကိုင် ၆ခါ ခေါ်ပြီးတော့ ယာ စာပဲပို့လိုက်သည်..
“မ ယာ ရုံထဲ သွားမို့..ပြန်မှ ၀င်ခေါ်မယ်နော်..”
ယာ ၀န်းထဲရောက်တော့ ပြသာနာကြီးနေမှန်းဆဲသံတွေကို နားထောင်းရင်း သိလိုက်သည်..။
“ဟေ့ရောင်တွေ..ဘာဖြစ်နေတာလည်း..”
“ဟာ ဆရာလာနဲ့ အတော်ပဲ..ကော်မရှင် ကောက်နေတယ်ဆရာ..လုပ်အုံး..”
“ဗလကြီး..ဘာတွေလည်း..” ယာ ခပ်မာမာ အော်လိုက်တော့ အသံတွေ တိတ် ကျသွားသည်..။
“ကျွန်တော် သူတို့ကို ပြောပြီးသားဆရာ..၂၀ ပေးရမယ်လို့..”
“ကျွတ်..မင်းတို့ သဘောတူတာပဲ မလားပေးလိုက်လေ..”ယာ သူ တို့ အချင်းချင်း ဘယ်သူမှားတယ် မှန်တယ် ၀င် မပြောနိုင်ပါ..ပြီးရင် အားလုံးတူတူပဲ ဆိုတာ သိနေပါသည်..။
“ပေးပြီးသားကို ရစ်နေတာ..”
“ဟာကွာ..အပြင်မှာ သွားရှင်း.”ယာ အော်လိုက်တော့ အလျိုလျီု ထွက်သွားပေမဲ့ ၆ယောက်က ကျန်နေသေးသည်..။
“ရတယ်လေ..မင်းညီမ တစ်ည ပေးလိုက်..”
“မင်းခွေးစကား မပြောနဲ့..”
“လူစကားပြောရင် ရလား.”
ယာ ကျောခိုင်းပြီ ရုံထဲ ၀င်လာချိန် ပုလင်း ကွဲ သံကြားရသည်..
မူးမူးရူးရူးနဲ့ သတ်ကြသေကြတာ ပြသာနာ က တစ်ခါတက်အုံးမည်..။
“ဗလကြီး..မင်း လက်ထဲက ပုလင်းချလိုက်စမ်း..”
“ဒီကောင် စော်ကားတာများသွားပြီ..”
“ဗလကြီး ငါ ပြောနေတယ်လေ..”
ပြောတုန်းကပြောပြီး အခု ကျတော့ ယာ နောက်မှာ တစ်ယောက်က ကွယ်ရပ် နေသည်..။
မျက်လုံးတွေကို ကြည့်တာ ပြောမရမှန်းသိလိုက်ချိန် ဗလကြီးက ယာ နောက်က လူဆီ တဟုန်ထိုးပြေးလာသည်..။
ယာ လက်ကို ဖမ်းဆွဲပြီး လိမ်လိုက်တော့ ပုလင်းကွဲက ဗလကြီးလက်ကတစ်ဆင့် ယာ လက်မောင်းကို ထိုးခွဲ လိုက်သည်..။
“ဟာ..ဆရာ..ကျွန်တော်.လုပ်တာ မဟုတ်ဘူးနော်..ဆရာလက်နဲ့..”
သွေးမြင်မှ ပြူးတူးပြာတာ နဲ့ အနားပြေးလာကြသည်..။
“ဟုတ်တယ်..ပြန်တော့ကွာ..အိမ်တန်းပြန်နော်..”
“ဆရာ့ လက်..”
“ရတယ် အပေါ်ယံ ပဲ..”
ဗလကြီး က မူးမူး နဲ့ ထိုင်ရှိခိုး တောင်းပန်နေလို့..မိုးဦး ကို ဆွဲထုတ်ခိုင်းရသည်..။
“ဆရာ..ဆေးခန်းသွားမယ်..”
“အပေါ်ယံပါ..”
“ဆရာ အပေါ်ယံက ပတ်ထားတဲ့ ပုဆိုးတစ်ခုလုံး သွေးရွဲနေပြီ..”
ယာ ကြည့်လိုက်တော့လည်း ဟုတ်နေသည်..။
“ကျွတ် မ စောင့်နေလောက်ပြီ..နိုင်ဥိး ဆီ ဖုန်းဆက် လိုက်အုံး.”
ဆေးခန်းရောက်တော့ ဆရာ၀န်ပြောလိုက်တဲ့ စကားကြောင့် ခေါင်းကြီး သွားသည်..
“ဒီအကြောသာ ပျက်သွားရင် လက်က အပြီး သေသွားမှာတဲ့..
ဟူး..ကြားရတာတောင် ကြက်သီးထသည်..
ဒဏ်ရာ က အစိမ်းချူပ်မို့ပိုလို့နာနာ လာသည်..။
မိုးဦးကတော့..”ဆရာပြောတော့ အပေါ်ယံဆိုပြီး..”ဆူချည်းနေတော့သည်..။
“ဆရာ အိမ်ပဲ တန်းပြန်မှာလား..”
“အေး..၃၅ လမ်းမှာ..”
“ဟုတ်ကဲ့..”
အမြဲ ကားမောင်းနေကျမို့ ဘေးက ထိုင်လိုက်ရတာ မနေတက်ဖြစ်နေသည်..။
အိမ်ကို ရောက်တော့ ၁၂ နာရီ ကျော်နေပြီ..အခန်းထဲ ကို တစ်ချက်ကြည့်တော့ မမ က အိပ်နေသည်..။
တော်ပါသေးရဲ့..
ရေချိုးခန်းထဲ ရောက်တော့ အကျီ င်္ လျှော်ပြီးမှ ပစ်မလို့ပေမဲ့..လက်က တအားနာနေတော့ ချွတ်တာတောင် မခံ မရပ်နိုင်ဖြစ်ရသည်..။
ဒီတိုင်း အမှိုက်ခြင်းထဲ ထိုးထည့်လိုက်ပြီး..အခန်းထဲကို ခြေသံ မကြားအောင် ၀င်လာခဲ့သည်..။
ရှပ် အပွ တစ်ထည် ထုတ်၀တ်ပြီး အိပ်ယာပေါ်လဲချလိုက်တော့ ..ဗိုက်ကဆာလာပြန်သည်..။
ဧည့်သည်နဲ့ တွေ့တုန်းက သောက်ခဲ့တဲ့ လက်ဖက်ရည် တစ်ခွက်သာ ဗိုက်ထဲမှာ ရှိတာမို့ ဆေးလည်း.သောက်လို့မရ..နာကျင်မှုက ပိုပို တိုးလာသည်။
“အား..” အသံထွက်အော်မိပြီးမှ နှုတ်ခမ်းကိုဖိကိုက်ထားလိုက်ပြီး လက်မောင်းပေါ် လာတင်နေတဲ့..မမ လက်ကို အသာအယာ ပြန်ချပေးလိုက်သည်..။
ဒီည တော့ အောက်ဆင်း အိပ်ရတော့မည်..
ကုတင်အောက်မှာ လဲရင်း မမ ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးကို ငေးနေချိန် ဝေဒနာတွေ တဒင်္ဂ သက်သာလာသည်..။
နှင်း အိပ်ရာနိုးတော့ ကုတင်ပေါ်မှာ ယာလေးကိုမတွေ့..
တစ်ဖက်စောင်းပြီး ပြန်ကြည့်တော့ ကုတင်အောက်မှာ အိပ်နေမှန်းသိလိုက်ရသည်...။
မနက်ကတည်းက ဖုန်းမဆက်တာ ည လည်း လာမခေါ်..နိုင်ဦးကို လွှတ်ခေါ်ခိုင်းလို့ ပြန်လာရတာ အိပ်ပျော်တဲ့ အထိ သူ ပြန်ရောက် မလာသေးးပါ..။
နှင်း စကားမပြောလို့…အောက်မှာတောင် ဆင်းအိပ်နေတာ..အိပ်ပေါ့..ကောင်းတယ်…
ကိုကို နဲ့ မီး သွားတွေ့နေတာနေမှာပေါ့..ဟွန့်..မသေချာသေးတုန်း နေထားအုံး သိလို့ကတော့ ယာယာ ရယ်..နင် ငါ့ အကြောင်း ဘာလည်း သိတာထက် ပိုသိရမယ်..ကြုံးဝါးရင်း အိပ်ယာ ပေါ်က ထလိုက်သည်..
မနက်စောစော..ဒေါသလေးက ကပ်ပါလာပြီလေ..။
နှင်း ရေချိုး အ၀တ်အစားလဲပြီး ၉နာရီ ဖြစ်နေပြီ..မထလာနိုင်သေး..
လူက ဗိုက်ဆာလာတော့ ဒေါက ကပိုလာသည်..
အရင်တုန်းက ဆို မိုးလင်းတာနဲ့ မုန့် အဆင့်သင့်..လက်ထပ်ပြီးတော့ မုန့် ၀ယ်ဖို့ အတွက် စောင့်ရသည်..
ဟော..အိမ်လည်း ပြောင်းရော..မုန့်တောင် ၀ယ်မပေးနိုင်တော့အောင် ယာယာ ပညာ ပြနေသည်..။
“ယာယာ ထ ငါ့လိုက်ပို့..”
“ဟင်…မ..”
ယာ အမြန်ထလိုက်လို့ လက်က ထိုးနာ သွားတာ တစ်ကိုယ်လုံး တုန်ယင်သွားသည်..။
မမ က မှန်ရှေ့မှာ နှုတ်ခမ်းနီဆိုးရင်း ..ယာ ကို လှမ်းနှိုးတာလား..
“မ ယာ ဒီနေ့ အလုပ်ရှိလို့ ကိုနိုင်ဦးကို ခေါ်ထားတယ်..”
“ဘာ..ငါ အဲဒီ အိမ်နဲ့ မပတ်သက်ချင်လို့ ဒီလာနေတာကို နင် ဘာလို့ ရှည်တာလည်း ယာယာ..”
“အင်း..အဲဒါဆို မိုးဦးကို ခေါ်လိုက်မယ်..”
“ယာယာ နင့် အလုပ် က ငါ့ ဒရိုင်ဘာ ဆိုတာ ကို မေ့သွားတာလား..”
“မမေ့ပါဘူး..ယာ ဒီနေ့ အလုပ် ရှိလို့ ခွင့်ယူတယ်လို့ သဘောထားပေးပါ..”
“တောက်..”နှင်း တံခါးစောင့် ပိတ်ပြီး ထွက်လာခဲ့လိုက်သည်..။
“အား…”
မမ ထွက်သွားတော့ ယာ ပြန်ပစ်လဲချလိုက်ပြီး အသံထွက်အော်ငြီးမိသည်..
နာကျင်မှုက အသည်းထဲထိ တုန်ခါ စေသည်..
စဖြစ်တုန်းက ဘာမှ မဖြစ်သလိုပေမဲ့..အိပ်ယာနိုးတော့ ခြောက်ခြားလောက်အောင် နာကျင်မှုကို ခံစားရသည်..။
မ တော့ စိတ်ဆိုးသွားပြီ…ဘာနဲ့ သွားတာလည်း မနက်မုန့်ကော စားရရဲ့လား အတွေးပေါင်းများစွာက လူကို ပို နှိပ်စက်နေသည်။
မိုးဦး အိမ်လာခေါ်တော့ ၁၀နာရီ ကျော်နေပြီ..အကျီ င်္တောင် လက်မြှောက်မလဲနိုင်လို့ အပေါ်ထပ်ပြီး မိုးဦးက ကြယ်သီး တပ်ပေးရသည်..။
“ဆရာ..လက်ဖက်ရည်ဆိုင်လား..”
“အေး.. မမ ဆိုင်ကို မုန့်ဟင်းခါး သွားပို့လိုက်အုံး..”
မိုးဦး ထွက်သွားတော့ ယာ လက်ဖက်ရည်နဲ့ ထမင်ကြော်စားပြီး ဆေးသောက်လိုက်သည်..။
ဆေးသောက်ပြီး မှ ဝေဒနာက တစ်ခါလျော့လာတော့ မမ ကို တွေ့ချင်မိလာပြန်ပြီ..။
မိုးဦး ပြန်ရောက်လာတော့ မျက်နှာ က မသာမယာ မမ ဆူလိုက်ပြီ ..
“ဆရာ..ရုံကိုပဲ သွားမှာ မလား..”
“အင်း..”
ကားမောင်းနေတဲ့ တစ်လျှောက်တိတ် ကျနေတော့..
“ဘာလည်း..မမ ဆူလိုက်လို့လား..စိတ်ထဲ မထားပါနဲ့ကွာ..မမ က ငါ့ကို စိတ်ဆိုးနေလို့..”
မိုးဥိးက ပြောသင့် မပြောသင့် စဉ်းစားသလိုမျိုး နောက်ကြည့်မှန် ကတစ်ဆင့် ယာ ကို လှမ်းကြည့်သည်..။
“ကျွန်တော် သွားပေးတော့ ဆရာကတော်က အမှိုက်ခြင်းထဲ ထည့်လိုက်တယ်..”
ယာ ပြုံးလိုက်တော့ မိုးဦးက အံသြနေသည်..။
“ဆရာ စိတ်မဆိုးဘူးလား..”
“မဆိုးပါဘူး..မမ ငါကို စိတ်ဆိုးနေတာ..”
“ဒါပေမဲ့ ဆရာ ဒဏ်ရာ နာနေတာတောင် မုန့်ဟင်းခါး ပြေး၀ယ်တယ်..ပြီးမှ မုန့်စားရတာလေ..နည်းနည်း သိတက်ဖို့ ကောင်းတယ်..”
“:မမ က ငါ ဒဏ်ရာ ရထားတာ မသိလို့ပါကွာ..”
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင်းစကားစပျက်သွားသည်..။
“ဟ..ရုံရှေ့မှာ ဘာဖြစ်ပြန်ပလည်း…”
“မသိဘူးဆရာ..”
တိုက်ရှေ့မှာ လူ တွေအုံနေလို့
ယာ နဲ့ မိုးဦး စိတ်ပူပြီး ပြေးဆင်းလာတော့ တွေ့လိုက်ရတာ မနေ့က နှစ်ဖွဲ့..
“ဗလကြီး..ဘာလည်း..ကားက ညနေမှ ရောက်မှာ..”
“ဆရာ..ဆရာ..ဒဏ်ရာ ဘယ်လိုနေလည်း.ကျွန်တော်တို့ကြောင့်..”
“ဟာကွာ..နာမည်နဲ့ မလိုက်လိုက်တာ..ပြောင်းလိုက် နွဲ့ကြီးလို့..”
ယာပြောလို့ အားလုံး ဝိုင်းရယ်ကြသည်..။
“ခု ငါ အလတ်ကြီး တွေ့ပြီ မလား..ပြန်ကြတော့ ရန်မဖြစ်နဲ့တော့နော်..ဒီ တစ်ခါ မဆွဲ နိုင်ဘူး..”
“ရက်စ်ဘော့စ်..”
“ဟား..ဟား..”
ယာ ရုံထဲရောက်တော့ လူ မပင်ပန်းရပေမဲ့ စိတ်ပင်ပန်းရသည်..။တစ်နေကုန် ၀င်လာတဲ့ ဖုန်းတွေကို ပြန်ဖြေ ရက်ချိန်းတွေ ပြော ကားငှား တင်ဖို့ ချဖို့ အကုန်စုံ တစ်ယောက်တည်း..ပါပါ အလုပ်တွေ နုနု နဲ့ လွဲထားလို့ ရနေတာ တစ်ခုတော်သွားသည်..။
“ဆရာ ထမင်း၀ယ်လာတယ်..စားပြီး ဆေးသောက်လိုက်ပါ..”
“မင်းကော..”
“စားပြီြး့ပီ..”
“အင်း..”
ယာ ထမင်းစားနေရင်း မမ ကို သတိရတော့ ဖုန်းခေါ်မိသည်..မမ က ဖုန်း မကိုင်တော့ ယာ ဆက်မခေါ်တော့ပဲဖုန်းချထားလိုက်သည်..။
တစ်နေကုန် အလုပ်လုပ်လိုက် ဒဏ်ရာနာ လိုက် မမ ကို သတိရလိုက်နဲ့ လူက တော်တော် ပင်ပန်းနေပြီ..။
ယာ အလုပ်က ပြန်တော့ မမ ကြိုက်တဲ့ မာလာဟင်းနဲ့ အကင် ၀င်၀ယ်လိုက်ပြီး အိမ် တန်းပြန်လာသည်..။
“ကျွတ်..နောက်ကျပြန်ပြီ..အသိတစ်ယောက်နဲ့ တွေ့လို့လေရှည်မိတာ..”
“ဆရာ အပေါ်လိုက်ပို့ ရမလား..”
“နေစမ်းပါ..မင်း တက္ကစီ နဲ့ ပြန်နော်..”
“ဟုတ်ကဲ့..”
မိုးဦး ပြန်သွားတော့ ယာ လှေကားတွေကို လေးကန်စွာ တစ်ဆင့်ချင်း တက်လာခဲ့သည်..။
နှင်း ကို ဆိုင်မှာ လာမခေါ်နိုင်အောင် အလုပ်များနေတဲ့သူက..အကင် ဆိုင်မှာတော့ ကောင်မလေးချောချော တစ်ယောက်နဲ့ ရယ်မောပြီး စကားပြောဖို့ အားသားပဲလေ..။
ပြန်လာလို့ ပြောကြည့် ကြမ်းပိုးကို လိပ် ဖြစ်အောင် ပြောမည်..ခရုကို ဖားဖြစ်အောင်ပြောမည်..။
ပေးလိုက်တဲ့ ဆင်ခြေတွေကို မျက်နှာသေလေးနဲ့” မဟုတ်ပါဘူးမရယ်..မ အထင်လွဲနေတာ..ယာ က အဲလို လုပ်ပါ့မလား..မ မယုံရင်..”စသည့် အကြောင်းပြချက် ထောင်သောင်းမက သူဆီမှာ တန်းဆီ ရှိပြီးသား..။
နှင်း သ၀န်တိုတယ် ဆိုပြီး ဒင်းက မဏ္ဍိုင် တက်ပြအုံးမှာ..ကျွတ်..ယာယာ ကို ယူမိတာ ကိုက မှားတာပါ..အဆင့်အတန်း မတူတာ မို့ အကျင့်စရိုက် ပုံစံက အစ ကွဲပြားမှန်း အခု ဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီ..။
ယာ အိမ်ထဲ ၀င်တော့ မမ က ခုံပေါ်မှာ ထိုင်နေသည်..။
“ မ ..ပြန်ရောက်တာ ကြာပြီလား..”
“အင်း..”
“ မ အတွက် မာလာဟင်း ၀ယ်လာတယ်..”
“မစားဘူး..”ပြောပြီး အခန်းပြင်ထွက်ရပ်လိုက်သည်..။
ယာ မီးဖိုခန်း ထဲ ၀င်လာပြီး ပန်းကန် တွေထဲ ထည့်လိုက်သည်… မိုးဦးမိန်းမကို မီးဖိုချောင်လိုတဲ့ ပစ္စည်းတွေ ၀ယ်ခိုင်းလိုက်လို့ အခုလို အဆင့်သင့်နေတာ..။
အကင်တွေ ကို သပ်သပ်ထည့်ပြီး အချည်ရည်လည်း ပန်းကန် တစ်ခု ထည့်လိုက်သည်..။
ယာ ပြန်ထွက်လာတဲ့ အထိ မမ က အခန်းပြင်မှာ ရပ်နေတုန်း..
“မ..စားမယ်လေ..ယာ လည်း စားရသေးဘူး..”
“မစားဘူးလို့ ပြောပြီးသား..”
“မ မစားရင် ယာလည်း မစားဘူးနော်..”
“နေ..”
မမ က အခန်းထဲ ပြန်၀င်သွားပြန်သည်..ယာ ကို ရှောင်နေတာလား..။
နှင်း ကုတင်မှာ ထိုင်ရင်း..တွေ့ခဲ့တဲ့ ပုံရိပ်တွေက ပြန်ပေါ်လာသည်..။
ချိန်းချင်တဲ့လူနဲ့ ချိန်း တွေ့ချင်တဲ့လူနဲ့တွေ့ ပြီးရင် မုန့် ကလေး၀ယ်လာပြီး..နုပြနေတိုင်း နှင်းက ယုံ နေရမှာလား..
တဖြည်းဖြည်း နှင်းပုံစံ..မုန့်ပြပြီး အရူးလုပ်ခံရတဲ့ ကလေးလို ဖြစ်နေပြီလား…။
အခန်းထဲ ၀င်လာပြန်ပြီ…
ခေါင်းအုံးကို ကုတင်ဘေးချလိုက်ပြီး..
“မ စားလိုက်အုံးနော်.မ စားစေချင်လို့.ယာ ပင်ပန်းခံ ပြီး ၀ယ်လာရတာ..”
နှင်းကိုကျောခိုင်းပြီး ပြောရင်း စောင်ခြုံ နေသည်..။
“မ စားစေချင်လို့ အပင်ပန်းခံတာ.”
အဲလိုမှန်းသိရင်..နှင်းတွေ့လိုက်ချိန် က ဓာတ်ပုံရီုက်ထားလိုက်ပါတယ်..
မသိဘူး..လုပ်ချင်ရလုပ် နေချင်သလိုနေ..မသိဘူး..မုန်းတယ်..။
ယာ ညဦးပိုင်းသောက်ထားတဲ့ ဆေးရှီန်ကြောင့် အိပ်ချင်နေလို့ ဒီနေ့တော့ မ အိပ်ပျော်တာကို မစောင့်နိုင်တော့...
နှင်း အပြင်ထွက်လာပြီး ခုံမှာ ထိုင်နေတာ ည ၁၁နာရီ ကျော်တဲ့ အထိ..
အိပ်ချင်လာမှ မျက်နှာသစ် ဖို့ သတိရတော့ မီးဖိုခန်းဘက်၀င်လာလိုက်သည်..။
စားပွဲပေါ်က အကင်နံ့ နဲ့ မာလာဟင်း နံ့ကြောင့် လူက ခုံနား အလိုလို ရောက်သွားသည်..။
တောက်..ငတ်လိုက်တာ နှင်းဆီနက်ရယ်..
ကိုယ်ကိုယ်ကို အပြစ်တင် ဒေါသထွက်ရင်း အကင် ပန်းကန်ကို ဆွဲယူပြီး အမှိုက်ခြင်းနားရောက်သွားသည်..။
သွန်ချခါနီးမှ..သူပြောတဲ့ “မ စားစေချင်လို့..အပင်ပန်းခံ၀ယ်လာတာ ဆိုတာ ကို ခေါင်းထဲရောက်လာသည်..။
တွန့်ဆုတ်နေတဲ့ လက်တွေကိုမုန်းတီးမိသည်..
ပန်းကန်ကို ရေခဲသေတ္တာ ထဲမှာ ထည့်ခဲ့ပြီး ထွက်လာခဲ့လိုက်သည်..။
အခန်းထဲ ရောက်တော့ နိုက်ခရင်မ် ဘူးက သူ့ကို ကျော်ပြီး သွားယူရမှာ မို့ မယူဖြစ်တော့ပဲ..ကုတင်ပေါ်တက်လိုက်ရတော့သည်..။
“သွပ်…အ..”
စောင်းအိပ်နေရင်း ပက်လက် လှန်ခါ မျက်ခုံးတွန့်ပြီး ငြီးနေတာ..
ဘာဖြစ်လို့ပါလိမ့်..နှင်း စိုးရိမ်စိတ်၀င်လာပြီး ဆင်းကြည့်မလို့ လုပ်ပြီးမှ.. တွေ့ခဲတဲ့ မြင်ကွင်းက ခေါင်းထဲ ရောက်လာတော့ ..ကုတင်ပေါ်ပစ်လဲ ချလိုက်သည်..။
.
အိပ်ရာနိုးခါစ နှာခေါင်း၀ ရောက်လာတဲ့ မုန့်ဟင်းရည် အနံ့သင်းသင်းလေးကြောင့် အိပ်ယာထက်မှာ နှင်း ကျေနပ်စွာ ပြုံးမိနေသည်..။
မီးဖိုခန်း ၀င် သွားတော့ ထင်တဲ့ အတိုင်း ယာလေးက ပန်းကန်ထဲ မုန့်ထည့်ပြီး ပြင်နေသည်..
နှင်း ၀င်သွားတာနဲ့ ပြုံးပြပြီး…
“မ..နိုးပလား..မောနင်း..”
“အင်း..”
“မ ယာ ကို စိတ်ဆိုးတုန်းမလား..”
သူ့ကို တုန့်ပြန် အဖြေပေး မနေပဲ ရေချိုးခန်း၀င်လိုက်သည်..။
နှင်း စိတ်ကို နားမလည်လောက်အောင် ယာလေးနဲ့ စကားမပြောချင်တာ မုန်းလို့ မဟုတ်ပဲ သူ ချော့တာ ခံချင်နေတာ..
ရည်စားတွေ ထားခဲ့တုန်းကတောင် စိတ်ကောက်တာ ဘာမှန်းမသိခဲ့...မကျေနပ်ရင် မျက်နှာချင်းဆိုင်..ရှင်းလွန်းလို့ တစ်ခါတစ်လေဆို မိန်းမ မဆန်ဘူး အပြောခံနေရတာ..အခုမှ…။
နားမလည်နိုင်တဲ့ စိတ်ဓာတ်ပြောင်းလဲမှု ကို တွေးရင်း ရေဖွင့်လိုက်တာ..
“အို..အေးလိုက်တာ..ခေါင်းတွေပါ စိုကုန်ပြန်ပြီ..”
နှင်း ရေချိုးခန်းထဲက ထွက်လာတော့ အ၀ မှာ ယာလေးက တာဝါ ကိုင်ပြီး ရပ်စောင့်နေသည်..။
ထဘီ ရင်လျားမို့..ဘေးစောင်းလိုက်တော့ နှင်း ပခုံးကို တာဝါ တင်ပေးပြီး ပြန်ထွက်သွားသည်..။
အလိုက် သိတာလေး တွေကြောင့်…..။
မမ အခန်းထဲ ၀င်သွားတော့ ယာ မိုးဦး ဆီ ဖုန်းဆက်လိုက်သည်..။
“မိုးဦးလား..ဘယ်မှာလည်း.. အေး အိမ်လာခဲ့ မမ ကို ပို့ဖို့..”
“ယာယာ လာအုံး..”
မမ ခေါ်လိုက်လို့ ဖုန်းတစ်ဖက်ကိုင်ထားရင်း. အခန်းထဲ ပြေး၀င်သွားမိသည်..။
“မ..ဘာဖြစ်လို့လည်း..”
“ခုံနောက်ကို နှုတ်ခမ်းနီ ဘူး ကျ သွားလို့..ကောက်ပေးအုံး..”
“အင်း..”
ယာ အလွယ်တကူ လုပ်လာတဲ့ အလုပ်က အခုတော့ ခက်နေပါပြီ…နာကျင်မှုကို နှုတ်ခမ်းဖိ ပြီး ခုံမ နေပေမဲ့ ခုံက မမြောက်…။
“မ..တခြားနှုတ်ခမ်းနီ လိမ်းသွားပါလား..”
“ကောက်မရဘူးလား..”
“အင်း..”
ဖုန်းတစ်ဖက် ကိုင်ပြီး ကျောခိုင်းထွက်သွားတဲ့ ကျောပြင်ကို ကြည့်ရင်း ၀မ်းနည်းမိလာသလိုလို အရင်က နှင်း တမင်ခိုင်းတဲ့ အလုပ်တွေတောင် မရ ရအောင် လုပ်ပေးခဲ့တာ အခုတော့..…။
ယာ ခုံမှာ မှီထိုင်နေချိန်..မမ က မီးဖိုအခန်း ထဲက ထွက်လာသည်…။
“မ ကို မိုးဦး လိုက်ပို့ လိမ့်မယ်..”
“မလိုဘူး..တက္ကစီ နဲ့ သွားမယ်..”
“အောက်မှာ ရောက်နေပြီ..”
နှင်း သော့ယူရင်း ဖိနပ်စီးတော့ ကြိုးတွေနဲ့ မို့ သွင်းမရ..အိတ်ကိုချတော့..
အနားပြေးလြာ့ပီးး.နှင်း ခြေထောက်နားမှာ ဒူးထောက်ထိုင်ချလိုက်သည်..။
“ယာ ၀တ်ပေးမယ်..”
ဖိနပ်ကြိုးတွေကို စိတ်ရှည်လက်ရှည် သေချာ ချည်ပေးရင်း..နှုတ်ခမ်းမှာလည်း အပြုံးတင်ထားသေးသည်..။
“အင့်..”
နှင်းချထားတဲ့ အိတ်ကို ကောက်ယူပြီး ကမ်းပေးတော့ အပေါ်စီးကနေ မျက်နှာကိုငေးနေမိတာ လူမိသလို ဖြစ်သွားရသည်..။
“မ အရမ်းလှတယ်..”
နှင်း ဘာမှ မပြောပဲ..ကျောခိုင်းလိုက်တော့
“မ မိုးဦး နဲ့ သွားလိုက်ပါနော်..”
တောင်းဆိုနေတာလား…။
နှင်း ကို သူ ပြောဆိုပုံ ပြောင်းနေတာ ည ဘက်ပိုင်း စာတွေ ဖတ်ပြီး ဖျက်လိုက်မိကတည်းက..
နှင်း စာတွေဖတ်တာ သိသွားလို့လား..ဖျက်လိုက်လို့ နှင်းကို စိတ်ဆိုးနေတာလား..
ကောင်မလေးက စာမပို့လို့ လွမ်းနေတာလား..။
နှင်း ကားထဲကို ၀င်ထိုင်လိုက်တော့ မိုးဦး ဆိုတဲ့ လူ က ပြောစရာ မလိုဲ့ ဆိုင်ကို တန်းမောင်းပို့ပေးသည်…။
.
“ဟာ..ဆရာ..သွေးပြန်ထွက်နေပြီ…”
“အင်း လုပ်တာလည်း မတိတ်ဘူး..”
“ဆရာ မဖြစ်ဘူး..ဆေးခန်းသွားရမယ်..”
မလိုပါဘူးလို့ ပြောချင်ပေမဲ့ နာကျင်မှုကြောင့် ငြင်းမနေတော့ပဲ ကားနောက်ခန်း ၀င်လိုက်ရသည်..။
“ကျွန်တော် မုန့်ဟင်းခါးဆိုင်သွားသေးတယ်..ကုန်ပြီတဲ့..”
“မင်း ဝီရိယ ကို သိပါတယ်ကွာ ငါ ၀ယ်ပြီးပြီ..”
“ဟင်..ဆရာ ဘယ်အချိန်ကတည်းက သွား၀ယ်တာလည်း ကျွန်တော်သွားတာ ၈ နာရီကို မရှိတော့ဘူး..”
“၆နာရီသွားတာ နည်းနည်းဝေးတော့ စောစော သွားရတယ်ကွ..”
“ဆရာကတော့ ဗျာ..မိန်းမကို တော်တော်ချစ် တာပဲ..”
“အင်း..”လက်အောက်ငယ်သားက ပြောနေပေမဲ့ မခန့်လေးစားဖြစ်မှာ စိုးလို့ဆိုပြီးလည်း မငြင်းချင်ပါ..မမ ကို ချစ်လားလို့ ဘယ်သူမေးမေး..ချစ်တယ်ပဲ ကြွေးကြော်မိမှာပါ..။
ဆေးခန်းရောက်တော့ ဆူခံရပြန်သည်.။
“ချူပ်ရိုးတစ်ချောင်း ပြုတ်သွားပြီ..ဘယ်လို ဂရုစိုက်နေတာလည်း..”
“ မနက်က ခုံမလိုက်တော့..”
“ကျွတ်..အခု ဘယ်လိုလည်း ပြန်ချူပ်မလား..”
“ဆရာကောင်းသလိုလုပ်ပေးပါ..”
“ကဲ လှဲလိုက်..”
သက်သာအောင် လုပ်ပေးနေမှန်းသိလို့ တစ်ချက်တစ်ချက် ဆိုးဝါးစွာ နာကျင်လည်း..မျက်ခုံးကျုံရင်း တောင့်ခံထားမိသည်..။
.
နှင်း ဆိုင်ရောက်ပြီး ခဏ ကြာတော့ အောင်အောင်နဲ့ မီးဆိုတဲ့ ကောင်မလေးရောက်လာသည်..။
မကောင်းတက်တာနဲ့ ကြိုဆိုလိုက်ရသည်..
ယာလေး နဲ့ နှင်း အခုလို ဖြစ်နေရတာ သူလေးကြောင့်..
“အအေး သောက်ပါအုံး..
“သောက်တော့ဘူး..မမ..” ခုံမှာထိုင်လိုက်ပြီးချင်း
“ယာယာ နဲ့ မမ မီးတို့ကြောင့် ပြသာနာ ဖြစ်နေမှာ စိုးလို့ပါ..”
“မဖြစ်ပါဘူး..”
“အမှန်တော့ မီး က ကျွန်တော် ကောင်မလေး ပါ..” အောင်အောင်က မီးလက်ကို ကိုင်ပြီးပြောတော့
“ဘာ..”
“ဟို ဒီလိုပါ..ယာယာ က မမ ကို အရမ်းချစ်တာပါ..ဒါပေမဲ့ မမ က သူ့ကို မချစ်ဘူးလို့ ထင်နေလို့ ကျွန်တော်က ကြားထဲက မမ သ၀န်တိုအောင် လုပ်မိတာပါ..ယာယာ လည်း မသိပါဘူး..” သေချာ ရှင်းပြနေပေမဲ့ နှင်း မယုံ နိုင်ပါ..
“နင်တို့ကို သူ လာပြောခိုင်းတာလား..”
“မဟုတ်ပါဘူး.ယာယာ တောင် ဟိုနေ့ ညက ကျွန်တော်တို့ ပြောမှ သိတာ ကျွန်တော်တို့ကို စိတ်ဆိုးပြီး ထပြန်သွားတော့ မမနဲ့ပြသာနာကြီးနေပြီလို့ ခန့်မှန်းမိတာပါ..”
“ဟုတ်ပါတယ်..အမှန်တော့ ညီမ တို့က မမ တို့ နီးစပ်စေချင်လို့ပါ..”
“ဟွန့်..ည ၁နာရီ စာတွေပို့နေတာ ပြေလည်နေတဲ့ သူတောင် ကွဲမှာ..”
“ဟုတ်ပါတယ် ကျွန်တော်နဲ့ နန္ဒပို့မိတာပါ..ယာယာ ကို စိတ်မဆိုးပါနဲ့ မမ ..”
“အဲဒါတွေ ခုမှ ဘာလို့ လာပြောနေတာလည်း..ယာယာ လည်း သိနေတယ်မလား...”
“ဒီကိစ္စကို ယာယာ လည်း လုံး၀ သိလို့ မဟုတ်ပါဘူး..သိရင် လည်း ခွင့်ပြု မှာ မဟုတ်ဘူး..သူ က မမ ကို အရမ်းချစ်တာပါ..”
အောင်အောင်တို့ကိုပါ နှင်းကိုချစ်တဲ့ အကြောင်းတွေ လိုက်ပြောထားတာလား..ရှက်ဖို့ကောင်းလိုက်တာ..
“အင်း..”
“ကျွန်တော်တို့ ပြန်လိုက်အုံးမယ်..”
ထွက်သွားတဲ့ သူတို့က ပေါ့ပါးနေပေမဲ့ နှင်းမှာတော့ ဆိုဖာပေါ် ပစ်ထိုင်ချလိုက်ရသည်..
အထင်တွေလွဲပြီး ပြသာနာတွေချည်း တောက်လျှောက်တက်ခဲ့ရတာ..ယာလေးက ကြားထဲ က ဓားစာခံ လုံးလုံးဖြစ်ခဲ့ရသည်..။
.
“ယာယာ ကားတစ်စီး လိုတယ်..”
“အင်း..ယာ လွတ်လိုက်မယ်..”
“မင်း ကုန်ချဖို့မလား..”
“ရတယ်. နောက်တစ်စီး ထပ်ရှာလိုက်မယ်..ပါပါ..”
“အင်း..နှင်းရော အဆင်ပြေလား..”
“ပြေပါတယ်..တစ်ခါတစ်လေတော့ ပါပါ ကို သတိရလို့အိပ်ချည်းနေတာ..”
“ဟွင်း..မင်းကလေ..”
ဖုန်းချသွားတော့ ယာ ရယ် နေမိသည်..
သမီးနဲ့ အဖေက အမြဲ အထင်လွဲနေကြတော့ ယာ အမြဲ ကြား၀င်ပေးနေရသည်..။
မလွယ်တဲ့ သားအဖ..
ယာ ကားသမားဆီဖုန်းဆက်ရသည်..။
“ဟုတ်တယ် အကို မရရင် အားလုံးနောက်ကျ မှာစိုးလို့ပါ…”
“ဟုတ်ကဲ့..”
ယာ ကားရှာနေတာ ဘယ်လိုမှ မရ စိတ်ညစ်ရသည်..။
ညနေစောင်းမှ ကားတစ်စီးပဲရတော့ ရှီတာနဲ့ အရေးကြီးတာ အရင် တင်လိုက်ရသည်..
အလုပ်တွေ ပြီးတော့ မိုးက ချူပ်နေပြီ.
တစ်နေ့တစ်နေ့ မိုးချူပ်လိုက် မိုးလင်းလိုက်..မမ အနားမှာနေတဲ့ အချိန်လေးပဲ အေးချမ်းရတာ။..
“ဆရာ အိမ် ပြန်မှာ မလား..
“အင်း..မမ ကို တစ်ခါတည်း ၀င်ခေါ်လိုက်မယ်..”
“လွမ်းနေပြီလား..”
“အေး..”
မိုးဦးက ရယ်တော့ ယာ လည်း လိုက်ရယ်မိသည်..။
မမ ဆိုင်ေ၇ှ့ရောက်တော့ ဖုန်းခေါ်တာ မကိုင်တာနဲ့ ဆိုင်ထဲ ၀င်သွားလိုက်သည်..။
“မ..”
နှင်း စာရင်းလုပ်နေတုန်း ခေါ်လိုက်တဲ့ သူ့ အသံကြောင့် စိတ်ထဲ ပျော်သွားသလိုလို..
သူ လာမခေါ်တာ ကြာနေပြီ…
“ပြန်မယ်လေ..”
“အင်း.ခဏ.”
ရောက်တဲ့ နေရာမှာ မရပ်ပဲ နှင်းအနားလျှောက်လာပြီး စာအုပ်လှမ်းယူ လိုက် မိတ်ကပ်ဘူးယူကြည့်လိုက် နဲ့ စပ်စုနေလိုက်တာ..
“သွားမယ်..”
“အင်း..”
လက်ကမ်းပြောတော့ ယောင်ပြီး လှမ်းကိုင်လိုက်မိသည်..
ဒါကို သူက မလွတ်ပေးတော့ပဲ ဒီ အတိုင်း ဆက်ကိုင် ထားတာ..နှင်း အတင်း ရုန်တော့ မှ လွတ်ပေးသည်..။
ကားထဲရောက်တော့ သူမောင်းလာတာ မှ မဟုတ်တာ
ကားကို ကိုယ်တိုင် မမောင်းပဲ မိုးဦး ဆိုတဲ့ လူ မောင်းခိုင်းတာ ဘယ်နှစ်ရက် ရှီနေပြီလည်း..
ဒီ အိမ် ရောက်ကတည်းက အရင်လို မဟုတ်တော့ ဘူး..ဘဝမေ့ သွားတာလား..။...........
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသား မကောင်းတော့
ဖတ်ရတာလည်း ကောင်းမှာဟုတ်ပါဘူး 🙏😭
သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all
![](https://img.wattpad.com/cover/206346130-288-k55662.jpg)
YOU ARE READING
မအတွက်
Random"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...