မ အတွက်
အပိုင်း (၁၆)
#မအတွက်စပိုက်ကာ“ပါပါ ပြန်လာပြီလား..”
“အင်း..”
“နှင်း အတွက် ဘာတွေပါလည်း..”
“အလုပ်ကိစ္စနဲ့ နေရာပဲ သွားကြည့်တာ..စျေးမ၀ယ်ဖြစ်ဘူး..”
“ဟွန့်.ပါပါ ကို နှင်းပူဆာ ထားတယ်လေ..အသည်းပုံ လော့ကတ်နဲ့ ဆွဲကြိုးလေး..”
“နှင်း ပဲ ၀ယ်လိုက်ပါ..ပါပါ မအားလို့.ပိုက်ဆံ ပါပါ ပြန်ပေးမယ်.”
ပိုက်ဆံကတော့ နှင်းဆီမှာလည်းး ရှိတာပဲ..ပါပါ ၀ယ်ပေးတဲ့ လက်ဆောင် လိုချင်လို့ဟာကို..ပါပါ အရင်လို မဟုတ်ဘူး....။
နှင်း စိတ်မကောင်းပေမဲ့ ပါပါ က စိတ်ဆိုးနေသေးတာလား..မသိတော့..ထပ်မပြောရဲတော့…။
“ယာယာ ရော..”
“သိဘူး..ဘီဘီ ရော..”
“သူ့ အမေအိမ်မှာ ထားခဲ့တာလေ..မနက်ဖြန်မှ ပြန်လာလိမ့်မယ်..”
“ဟင်..နှင်းက ပါပါနဲ့ လိုက်သွားတယ်ထင်လို့..”
“နှင်း..ယာယာ ကို တန်ဖိုးထားစမ်းပါ..” ဘာလည်း နှင်းပြောနေတာ ဘီဘီ အကြောင်း ပါပါ ပြန်ပြောတာ ယာလေး အကြောင်း..ဟွန့် ဘာလို့ တန်ဖိုးထားရမှာလည်း..ပါပါပဲ တန်ဖိုးထား..ယာလေးနဲ့ ပတ်သက်တိုင်း နှင်းကအနိုင်ကျင့်နေသလိုလို… လူတိုင်းက ယာယာဘက်မှာချည်း..။
“နှင်း အရင်က ယာယာ နဲ့ ဘယ်လို နေလာလာ အခု ယာယာ က နှင်း ခင်ပွန်း..အဲတာ မမေ့နဲ့..နောက်တစ်ခါ ယာယာ ကို စော်ကားတဲ့ အပြု အမူမျိုး မလုပ်မိစေနဲ့..”
“လုပ်ရင်လည်း ပါပါ က ရိုက်အုံးမှာမလား..”
“ပါပါပြောတာ..”
“နှင်း လို အဖိုးတန် ရထားတာ ..သူက တန်ဖိုးထားရမှာ..”
ယာ ခေါင်းရေသုတ်ရင်း ပြေးဆင်းလာခဲ့ရသည်..
သမီးက အသံစူးလာသလို အဖေကလည်းအော်သံပါလာသောကြောင့်..
“ဟုတ်ပါတယ်မ ရဲ့..ယာ မ ရဲ့ တန်ဖိုးကို သိပါတယ်..:”
“သိပြီးရော..”
“ပါပါ ဘယ်တုန်းကပြန်ရောက်လည်း..”
“သေချာမှာခဲ့တာ..မင်း အလုပ်တွေ လျော့ပါဆို..မင်းသတင်းက ဟို အထိ ရောက်လာတယ်..”
“လျော့ပါတယ်..ပါပါ ..”မမ က နှုတ်ခမ်းစူပြီး အပေါ်တက်သွားတော့ ပါပါ က
“နှင်း..ကို အလိုက်မလိုက်စမ်းနဲ့ယာယာ နှင်း အကြောင်း မင်း မသိဘူးနော်..ဆိုးလို့ရတဲ့ လူဆိုပိုပြီး ဆိုးလာရော..”
“ဟုတ်ကဲ့.”
မမ ကို ယာ တစ်ခါမှ အလိုမလိုက်မိပါဘူး..။
.
“ဟွန့် အခုတော့ ဘယ်အားတော့မလည်း.ဘီဘီ အတွက်ချည်း အချိန်ကုန်နေတာလေ..”
“သေစမ်း.သေစမ်း..”
ယာ အခန်းတံခါး နည်းနည်းပွင့်နေတော့ လှမ်းမြင်နေရသည်..
မ အရမ်း ကလေးဆန်တာပဲ…အရုပ်ကို ရိုက်လိုက် ပြောလိုက်နဲ့..ဆယ်ကျော်သက် ကလေး အတိုင်းပါပဲ..
“အား..သေပပြီ..”
“ဟင်..”နှင်းအရုပ်ကို ရိုက်နေတုန်း ထွက်လာတဲ့ အသံကြောင့် ယောင်ပြီး ကုတင်က ထရပ်မိသည်…
“ယာယာ အစုတ်လေး..”
“ဟား..ဟား..မ ရိုက်နေလို့ စိတ်ချမ်းသာအောင် အော်ပေးတာလေ..”
“နင် အော်တာ အကြောင်း မဟုတ်ဘူး..ပါပါ က ငါကို ဆူအုံးမယ်..”
“မ က ဘာတွေကို မကျေမနပ်ဖြစ်နေတာလည်း…ယာ ကိုလား..”
“မဟုတ်ပါဘူး…ဘီဘီကို သူကြောင့် ပါပါ က အချိန်မရှိတော့ဘူး.. ပူဆာတာဆို တစ်ခါမှ ရအောင်လုပ်မပေးဘူး..”
“မ က ဘာပူဆာလို့လည်း..”
“အသဲပုံ လော့ကတ်လေးနဲ့ ဆွဲကြိုး..”
“ဟင်..”
ယာ ၀ယ်ပေးမှာပေါ့ မ ရယ်..စိတ်ထဲကပဲ ရေရွတ်မိတာပါ..အပြင်မှာ ထုတ်ပြောရင် မမ က သူ့ မာန ထိခိုက်လို့ တစ်ခါ စိတ်ဆိုးအုံးမယ်…။
“မ မုန့်စားအုံးမလား..”
“မစားချင်တော့ဘူး..အိပ်တော့မယ်..”
“အင်း..မီးမှိတ်ပေးရမလား..”
“ယာလေးကော မအိပ်သေးဘူးလား..”
“ဟင့်အင်း..စာရင်း စစ်ပြီး မေးလ်စောင့်ရအုံးမယ်..”
“အိုကေ..အိပ်ပြီ..”
မမလဲအိပ်လိုက်တော့ ယာ အနားသွားပြီး စောင်ခြုံ ပေးလိုက်သည်..။
“ဂွတ်နိုက် မ..”
“အင်း..”
ယာ စာရင်းလုပ်ပြီးတော့ ထိုင်နေတုန်း..ဖုန်း၀င်လာသည်..
နံပါတ်မကြည့်ပဲ ကိုင်လိုက်မိတာ..
“ဟလို..ကိုကို လား..”တစ်ဖက်က အသံက သာမန်ယောင်္ကျားတစ်ယောက်အတွက် ချိုလွန်းနေပါသည်..။
“ဖုန်းမှားနေတယ်..”
“မှားပါဘူး..မီးက ကိုကို ဖုန်းကို နံဘာ ၀မ်း မှာထားတာ..”
“မင်းကို ငါမသိဘူးလို့ ပြောပြီးသားနော်..ငါ့ မှာ မိန်းမ ၇ှိတာ မင်းသိတယ်..ဘာလို့ ဒီလိုလုပ်နေတာလည်း ဖုန်းမဆက်ပါနဲ့ ဘာအကြောင်းဖြစ်ဖြစ်..ငါ.စိတ်မ၀င်စားဘူး...”
“ဘယ်သူက ၀င်စားခိုင်းနေလို့လည်း..””
“ဘာ..”
“ဟုတ်တယ်လေ..မမ ကို ကိုကို က အရမ်းချစ်တာ မီးသိသားပဲ.မမ က ကို့ယောင်္ကျား.လူငယ် တစ်ယောက်ကို သူ့ သူငယ်ချင်းတွေရှေ့မှာဖိနပ်ကိုင်ခိုင်းပြီး သိက္ခာချဖို့ကြိုးစားတာတောင်..အပြုံးမပျက်လောက်အောင် ချစ်တက်တဲ့ ကိုကို လေ..မီးသိတာပေါ့..။
ယာ ဖုန်းချပစ်လိုက်သည်..။ တစ်ခါတည်း ဘလက်လစ် ထဲ ထည့် ပစ်လိုက်သည်..နောက်တစ်လုံးနဲ့ ထပ်ခေါ်တာမှန်းသိလို့ နောက်တစ်လုံးလည်း ဘလက်လစ်
တစ်ညတည်း ဖုန်း ၈ လုံးနဲ့ ခေါ်နိုင်တာ ဘယ်လို မိန်းကလေးလည်း..
မမ ပြောတော့..ချောချောလေးပါပဲတဲ့ ဘာလို့များ အခုလို လုပ်နေတာလည်း..ယာ စဉ်းစားလို့ မရ..
အဲဒီညက သူလည်း ပါတာပေါ့..ယာ သူငယ်ချင်းတွေ၇ှ့မှာမို့ ခဏ စိတ်မကေင်းဖြစ်မိပေမဲ့.ပွဲပြီးတော့ မမ ရှင်းပြလိုက်တော့ စိတ်ထဲ ဘာမှ မရှိတော့ပါ..
မမ ရက်စက်တာမှ မဟုတ်တာ..သူ့ကြောင့် အခုလို ဖြစ်လာရတာ..။
“တီ..တီီ..”
မေးလ် ၀င်လာသော အသံကြောင့် ယာ အတွေးစပျက်သွားပြိး..မေးလ်ဖတ်လိုက်သည်..
တော်သေးတယ်..အလုပ်ကိစ္စ အဆင်ပြေသွားလို့..
နာရီကြည့်တော့ ၁၂နာရီ ခွဲနေပြီ…
လပ်တော့ကို ယူပြီး အခန်းထဲ ၀င်လာခဲ့လိုက်သည်..။
မမ က လက်ဖဝါးကို ပါးအောက်ဖိပြီး အိပ်နေတာ..ကလေး ပေါက်စလေး အတိုင်း.
မနက်ကျရင် လက်တွေနာနေတော့မှာပဲ…။
ယာ ကုတင်ဘေးမှာ ၀င်ထိုင်လိုက်ပြီး လက်ကလေးတွေကို ဆွဲထုတ်ပေးလိုက်သည်..။
“ဟင်..”
မမ က ယာ လက်ကို ပါ ဆွဲယူပြီး ပါးနဲ့ ဖိလိုက်တော့..ယာ ကိုယ်ကို စိုက်စောင်းပေးလိုက်ရသည်..။
မမ ရဲ့ ပါးနုနုပေါ်မှ သွေးကျောစလေးတွေကို မြင်ရလောက်အောင် နီးကပ်လွန်းလှသည်..။
ယာ ရင်တွေ ခုန်လာတာ ..တဒုန်းဒုန်းနဲ့..မို့..လက်ဖျားတွေ အေးလာသလိုလို..
မမ မျက်တောင်ဖျားလေးတွေ..မမ မျက်ခုံးလေးတွေ..မမ ရဲ့ နှာတံ မြင့်မြင့်လေး..
မမ ရဲ့ နှုတ်ခမ်လေး…ဟာ..မဖြစ်ပါဘူး…
အိပ်ပျော်နေတဲ့ မမ ပါးလေး ကို နမ်းချင်ပေမဲ့ မမ ခွင့်ပြုချက်မရပဲ ဒီ တစ်သက် မနမ်းဘူးလို့ ဆုံးဖြတ်ထားပြီးသား...
”ရူးတော့မယ်..”
ယာ အမြန်လဲချလိုက်ပြီး..မျက်လုံးမှိတ်ထားလိုက်ရသည်…
“ဟင်..”
နှင်း နိုးလာတော့ ယာလေး လက်က နှင်း ပါးအောက်မှာ..ဘယ်လို ဖြစ်တာပါလိမ့်…
ည တုန်းက နင်း အိပ်ပျော်နေတုန်း လူးပြီး ဖိမိတာလား..
ဒီ ကလေး လက်တွေ နာနေတော့မှာပဲ….. နှင်း ထထိုင်လိုက်တော့ ယာ က တစ်ချက် လွန့်လိုက်ပြီး..ခေါင်းစောင်းပြီး ပြန်အိပ်နေသည်..။
ည က ဘယ်လောက်တောင် ည နက် မှ အိပ် လည်း မသိဘူး..။
တီ..တီီ..တီ..
ဖုန်းက တီတီ နဲ့ နိုးသွားမှာစိုးလို့..နှင်း..ဖုန်းကို အမြန်ယူပြီး ရေချိုခန်းထဲ ၀င်လိုက်ရသည်..။
“ကိုကို..မောနင်း..”
“နိုးပလား..”
“မီးကတော့ တစ်ည လုံး အိပ်မရဘူး..”
“ကိုကို အသံလေးကြားပြီး အိပ်မပျော်တာပါ..”
“ကိုကိုတရားခံကြီး..”
နှင်း ဒေါသတွေက အပူငွေ့သာဆို ခုနေ လာထိတဲ့သူ ပြာကျသွားလောက်ပါသည်..။
တစ်ညလုံး ဖုန်းပြောနေရတာ...မနက်မိုးလင်းရင်
“ယာ တကယ် မသိတာပါ..ဘယ်လိုပုံစံလည်း မြင်တောင် မမြင်ဖူးပါဘူး..”ဆိုပြီး လိမ်အုံးမည်…
နှင်းကို အရူးလုပ်နေတာ…
🎼
ချာတိတ် ည က နှိပ်စက် အိပ်လို့မရအောင် အရိပ်ကလေး..
အိမ်မက်ထဲ အတင်းတိုးဝေ့ကာ ချာတိတ် ကလေးရယ်..
မင်း ကိုယ့် အပေါ် နှိပ်စက်လွန်းတယ်ကွယ်..
ချာတိတ် မင်းပြောစကား သကြားသီးလေးလို ချိုရဲ
နူးညံ့တဲ့ နှလုံးသားထက်၀ယ် ချာတိတ်ကလေး၇ယ်..
မင်း ကိုယ့် အပေါ် စိုးမိုးလွန်းတယ်ကွယ်…🎼
“တောက်..ဖုန်းသီချင်းမှာတောင် ချာတိတ် တဲ့ မမေ့နိုင်ဘူဟလား..”
နှင်း ဖုန်းကိုကိုင်လိုက်တော့..
“ဟလို ကိုကို လား စာတွေ ဖတ်ပြီးရင် ပြန်အုံးလေကွာ..မမ အိပ်နေတုန်း မြန်မြန်ပြန်လေနော် နိုးလာရင်..အဟီး..”
နှင်း ဖုန်းချပစ်လိုက်သည်…။
“ယာယာ…”
ယာ အိပ်နေတုန်း..မမ ခေါ်သံကြောင့်ငုတ်တုတ်ထထိုင်လိုက်ပေမဲ့..မျက်လုံးက ဖွင့် မရသေး..။
“ယာယာ နင့် ဖုန်းလာနေတယ်..”
“အင်း…ပြီးမှ ပြန်ခေါ်လိုက်မယ်..မ..”
ပြောပြီး အိပ်ယာ ပေါ်ပြန်လဲချပြီး ကွေးအိပ်နေတာ..
နှင်းဒေါသထိန်းမရ..
ရေချိုးခန်းထဲ ၀င်ပြီး ဇလုံ ရေဖြည့် လိုက်သည်…။
“ဗွမ်း…”
“ဝူး...ဝါး…အဟွတ်…အဟွတ်…”
.ယာ ဘာတွေ ဖြစ်တာလည်း မတွေးနိုင်..အသက်ကို မနည်းရှုနေရသည်..ရေတွေက နှာခေါင်းထဲ ရော..နားထဲရော အပြည့်..အသက်ရှု လမ်းကြောင်းထဲ ရေတွေ ပိတ်သွားသလိုဖြစ်နေတော့..ပါးစပ်ဟပြီး အသက်ရှုနေရသည်…။
“နှင်း..ဘာဖြစ်တာလည်း..”
“မမလေး..အကိုလေး..
ဒီအခန်းက ကြားတာပါ..ရေပိုက်များကွဲတာလား မသိဘူး.”
ဦးနိုင် အခန်းတံခါး ဖွင့်ပြီး ၀င်လာတော့ ကုတင် ပေါ်မှာ ပါးစပ် ဟပြီး အသက်ရှုနေတဲ့ ယာယာ..
တစ်ကိုယ်လုံးမှာ ရေတွေ စိုရွဲပြီး..ကုတင်တွေရော ကြမ်းပြင်တွေမှာပါရေတွေ…
နှင်းက လက်ထဲမှာ ရေဇလုံ အခွံ နဲ့..ကျွတ်..သိလိုက်ပါပြီ…။
“နှင်း…”
ပါပါ အော်လိုက်တဲ့ အသံကြောင့် ယာ ကုတင်ပေါ်က ခုန်ဆင်းလိုက်ပြီး မမ ေ၇ှ့မှာ သွားရပ်လိုက်ရသည်..။
နားထဲ မှာ ရေကျန်သေးပေမဲ့ ခေါင်းကို တည့်တည့်ထားပြီး..
“ပါပါ..စောကြီးနိုးနေတာလား..”ယာ စကားလမ်းကြောင်းလွဲ လိုက်ပေမဲ့ ပါပါ က မျက်နှာတည်းထားဆဲ...
“အေး.ဘာဖြစ်တာလည်း.”
“ယာ နိုးတာ မထလို့ မ ရေချိုးပေးပြီး နိုးလိုက်တာ..ဟား..ဟား.. တစ်ခါ တည်း..နှစ်ခု ပြီးသွားတာပေါ့ ဟီးဟီး..”
“ကျွတ်..မနက်စောစောစီးစီး.မေဖူး..ဒါတွေ ပြန်လုပ်အုံး...”
“ရတယ်..ရတယ်..ယာ နဲ့ မမ လုပ်လိုက်မယ်..”
ဦးနိုင် ခေါင်းခါရင် လှေကားက ဆင်းလာခဲ့ရသည်..သိတာပေါ့ ကိုယ့် သမီး အကြောင်းလေးတွေ….။
.
“ဟူး..တော်ပါသေးရဲ့..” နှင်း သက်ပြင်းချလိုက်ရသည်..ပါပါ ဒေါသထွက်တာ မြင်တော့ ကြောက်လိုက်ရတာ..
တော်သေးတယ်..ဟိုကောင်စုတ်လေး..၀င်ကာ ပြောပေးလို့…
“မ ကလည်း သင်္ကြန်တောင် မရောက်သေးဘူး..”ယာ ခေါင်းစောင်းပြီးခုန် ရင်း ပြောလိုက်တော့..မမရဲ့ အကြည့် စူးစူး တစ်ချက် ကျလာသည်..။
နှင်း ဒေါသတွေက ကြောက်စိတ်ကြောင့် လျော့သွားတော့
“နေအုံး ဒီကိစ္စ နောက်မှ ပြောမယ်..ဘာကိစ္စ ခုန်စွခုန်စွ ဖြစ်နေတာလည်း..”
“နားထဲ ရေ၀င်သွားလို့..”
“စောင်းခုန်လေ..”
“ဒီလိုလား..”
“ကျွတ်…ဒီလို ခုန်”မမ က ယာ ခေါင်းကို လက်နဲ့ စောင်းပေးပြီး ခုန်ခိုင်းသည်..။
“ထွက်လား “
“မသိဘူး..ညာဖက်က လေးနေတုန်း..”
“ခုန်အုံး..”ယာ ပြန်ခုန်လိုက်တော့ ရေစိုပြီး ချောနေတဲ့..အခင်းကြောင့်..
“ဒုန်း..”
“အ..”
ရုပ်ရှင်ထဲကလို မချိုမြိန်ပါ..နောက်လှန်ကျလို့ နောက်စေ့လည်း အားလူးထွက်ပလား ကွဲပလား မသိ..မမ ကလည်း ယာ အပေါ်ထပ်လျက်ကျပေမဲ့ တံဆောင်ဆစ်ကို ပွတ်ပြီး ရှုံ့မဲ့ နေသည်..။
“မ..နာသွားလားး..”
“ဟင်..”
ယာ လေးရဲ့ အပေါ်မှာ ထပ်လျက်မို့ အခု မှ အမြန်ထဖို့သတိရတော့သည်..။
“နားထဲက ရေထက် ဒီရေ တွေ က အရေးကြီးတာ..”
ယာလေးက ခေါင်းနောက်ကို ပွတ်ရင်း..အခန်းပြင် ထွက်သွားသည်…။
နှင်း အခုမှ အသက်ရှုဖို့ သတိရသည်..အို..ဘာဖြစ်လို့ ရင်တွေ ခုန်နေတာပါလိမ့်…
.
“ယာ ပေး..မမ လုပ်လိုက်မယ်..”
“ရတယ်..မ လည်းစိုနေတယ်မလား..သွားလဲလိုက်နော်..”
“ပေးပါဆို..” ယာ လက်ထဲက အ၀တ်ကို ယူပြီး လိုက်သုပ်လိုက်သည်..။
မမ က ရေတွေသုပ်တော့ ယာ လည်း အောက်ခင်းတွေရော..စောင်တွေရော အကုန် လျှော်စက်ထဲ ပြေးထည့်လိုက် ပြန်တက်လာနဲ့
“ဟူး..မောတှာ..မနက်စောစော လေ့ကျင့်ခန်း ပေါ့..ဟီးဟီး..”
“ရယ်နိုင်သေးတယ်နော်..” မမ က လက်မအားတော့..မျက်စောင်းထိုးရင်း ပြောသည်..။
“ပျော်တာကိုး..”
“ပျော်မှာ ပေါ့..နင် တစ်ညလုံး ပလူးထားတာလေ..ဟိုကောင်မလေး မနက်စောကြီး ဖုန်းခေါ်တာ..ကျွတ်..ယာယာ နင် ကို ငါ ပြောပြီးသားနော်..မိန်းမ တစ်ယောက်နဲ့ ပြိုင်လုမှာ မဟုတ်ဘူး..”
ဟိုကောင်မလေးဆိုလို့ ယာ အပြေးအလွှား စဉ်းစားရသည်..ဟင်…မမ ဆီလည်း ဖုန်းဆက်တာလား..
“မ အဲဒါ ယာ မသိဘူး..” ယာ ဖြေရှင်းချက်မြန်မြန်ပေးမိသည်..မမ အထင်လွဲလို့ မဖြစ်…
“မသိဘူး..ဟုတ်လား မသိတာကြီးက..စာတွေ ပို့လိုက်..ဖုန်းတွေဆက်လိုက်နဲ့..သာယာနေလိုက်ကြတာ.ငါ သ၀န်တိုလို့ ပြောနေတာမဟုတ်ဘူးနော်..နင် လွတ်လပ်ခွင့် လိုချင်ရင် ငါ ချက်ချင်းပေးလိုက်မယ်..”
“မဟုတ်ဘူး..မဟုတ်ပါဘူး မ ရယ်..”
ယာ ထိုင်ရာက ထရပ် မိပြီး ခြောက်ချားစွား ခေါင်းယမ်းရင်း ငြင်းချက်ပေးနေမိသည်…။
“’ဒီမှာ နားထောင်ကြည့်..”
ယာ နားထောင်ပြီးတော့....
“မ လည်း နားထောင်ကြည့်ပါ..”
မမ က ယာ ည တုန်းက ဖုန်းပြောထားတာတွေ နားထောင်ပြီးတော့ လည်း အမူအယာ မပြောင်းလဲပါ..။
“ဒါတော့ နင် ပြင်ဖြတ်ပြီး..ပြောင်းထားတာနေမှာပေါ့..”
“မဟုတ်ပါဘူး..မရယ်..”
“မမေ့နိုင်လို့ ဖုန်းအသံ အစ ချာတိတ်တွေကော ကောင်မလေးတွေကော စုံနေတာပဲ..”
အပိုစကားတွေ ထည့်ပြောမိတာသိပေမဲ့ သူ့ဖုန်းလာတိုင်း ဒီ အသံကြောင့် နှင်း အမြင်ကပ်သည်..။
“အဲဒါ မ ကို ရည်ရွယ်ပြီး ထည့်ထားတာ..”ယာ အမှန်အတိုင်း ၀န်ခံ လိုက်မိသည်.ဒီ သီချင်းကို မိုးဦး ဖုန်းကနေ ကြားတော့ ယာ နားထောင်ရင်းပြုံးမိတာ..ပြေးမြင်လိုက်တာ မမ.။
“ဘာ..ယုံအောင်လည်း လိမ်စမ်းပါ ယာယာ ရယ်..”
နှင်း က ဘယ်လို ချာတိတ် ဖြစ်သွားပါလိမ့်မ ဆိုပြီး ခေါ်နေတာလည်း သူပဲ..
“မ က ယာ အတွက်တော့ သီချင်းထဲကလိုပဲ....”
နှင်းရင်တွေခုန်လာလို့ သူ့မျက်နှာကိုတောင် မကြည့်ရဲတော့ပါ
“ထားလိုက်တော့.ဘာသီချင်းဖြစ်ဖြစ်.စိတ်မ၀င်စားဘူး..”
မမ က ပြောပြီး အောက်ဆင်းသွားပြီ..ယာ ဘယ်လိုရှင်းရမလည်း ဒီကိစ္စတွေနဲ့ စိတ်ရှုပ်ရတာ နှစ်ခါရှိပြီ..အောင်အောင်နဲ့တွေ့မှဖြစ်တော့မယ်..။
..
“ဟင်..ဘီဘီ ပြန်လာပြီလား..”နှင်းလှေကားက ဆင်းလာတော့ ဘီဘီ က ခုံမှာထိုင်နေသည်…
“ဘယ်တုန်းက ပြန်ရောက်လည်း..”
“နှင်းဆီနက်..နင်တော်တော်လေး..ပျော်နေတယ်ပေါ့ဟုတ်လား..”
“ဘာလည်း..
“နင်..အဖေ ပေးထားတဲ့ တိုက်ခန်းကို နင်ရအောင်ပြန်၀ယ်လိုက်တဲ့ကိစ္စတွေလေ…”
“အဲတာကြာပြီလေ..”နှင်းတောင် မေ့နေပါပြီ ဒါကို သူက ခုမှ..
“ဟား..ဟား..နင် က ရအောင်၀ယ်လိုက်ပေမဲ့ နင် အဖေ ပေးတာမှ မဟုတ်တာ..”
“ဘီဘီ..နင် နော်..”ပျောက်ဆုံးနေတဲ့ မာန နဲ့ အမုန်းတွေကို လာ ခလုပ်တိုက်ပြန်ပြီ..။
“မဟုတ်လို့လား..အခု အဲဒီ အိမ် ရသွားတော့ကော..နင် ဘာတွေသာတယ် ခံစားရလည်း..”
“နင် ရဲ့ သစ္စာ ရှိမှု နဲ့ထိန်းသိမ်းမှု တော်တဲ့ အကြောင်းတွေ ပါပါ သိရတာပေါ့ဟာ..”
“နှင်းဆီနက်..ငါလေ..နင်ကို ဘယ်တုန်းကမှ ရန်သူ လို သဘောမထားခဲ့ဘူး..”
“မိတ်ဆွေ တွေလို့လည်း လာမပြောနဲ့နော်..”နှင်း မေ့နေတာလေးတွေ ပြန် အစပေါ်လာတော့ ဒေါက ပါလာရပြန်ပြီ..
ကျွတ် မျက်လုံးပွင့်ကတည်းက ပြသာနာ ချည်း..။
“နင်လည်း အခု အိမ်ထောင်ကျနေပြီပဲ..နားလည်သင့်တယ်..ယာယာ လို လူငယ်ကို ယူနိုင်တာ အချစ်ကြောင့်ပဲမလား..အေး..ငါလည်း အကိုကြီးကို အချစ်ကြောင့်ပဲ ယူခဲ့တာ ဘာပိုင်ဆိုင်လည်း တွက်ချက်ပြီး ယူခဲ့တာ မဟုတ်ဘူး..နင် နည်းနည်း ကိုယ်ချင်းစာပေါ့ဟာ..”
“ဘီဘီ ရယ်..တွက်ချက်ပြီး မယူလို့ပဲနော်..ငါ လည်း ယာယာ ကို ခိုင်းလို့ကောင်းလို့ ယူတယ်..နင်လည်း..ပါပါ ကို ချူလို့ လွယ်လို့ ယူတယ်..ဒီယုန်မြင်လို့ ဒီခြုံ ထွင်ကြတာချည်း...တခြားမှာ သွားငို ပြလိုက်နော် အိုကေ..”
“နှင်းဆီနက်….နင် စော်ကားတာများသွားပြီ..” ဘီဘီ က ကြုံးအော်တော့ နှင်း နှုတ်ခမ်းတွန့်လိုက်ပြီး..
“အဲတော့..”
“အကိုကြီးနဲ့ တိုင်မယ်..နင်ကို သူဆုံးမတာ ညံ့လို့ အခုလို မက်ရိုင်းနေတာ”
“နင်တိုင်ရင်ကော ပါပါ ယုံမှာလား..ဟား..ဟား..”
“ယုံတာပေါ့ကွာ..”
အခန်းထဲက ထွက်လာတဲ့ ပါပါ အသံကြောင့် နှင်း လန့်သွားသည်..။
“ကိုကြီး..သွားပြီမလား..” ဘီဘီ ကလည်း မျက်လုံးပြူးနေသည်..။
“..နှင်း..ဘီဘီ ပြောနေတာ တကယ်လား..”
“အဲတာ…”
“ပါပါ မေးနေတာပဲဖြေလေ..” ပါပါ အသံက မြင့်ပြီး မျက်နှာကလည်း တည်လွန်းနေတော့
“ဟုတ်တယ်..အဲဒါ နှင်း အတွက်ပါပါ ၀ယ်ထားတာပဲလေ..”
“ဒီကိစ္စတွေ အပြင်လူ သိလို့ကတော့..ဦးနိုင် အသုံးမကျတာ လူသိတော့မှာပဲ..
အလုပ်သမားတွေကို အုပ်ချူပ်နေတဲ့နိုင်လူ ဆိုတဲ့ကောင် အိမ်မှာတော့ သူ့ သမီးတောင် နိုင်တာမဟုတ်ဘူး ဆိုတာမျိုးတွေလေ..”
“ပါပါ..အဲ လို မပြောပါနဲ့..ပါပါ မှားတာလေ..ဘာလို့ ဘီဘီ ကို ဒီ တိုက်ခန်းပေးလိုက်လည်း..”
‘ပေးချင်လို့ကို ပေးတာ..”
“ပါပါ…”
“နင် က အဖေလို့ မသတ်မှတ်လို့ အဖေက လက်နဲ့ ရေးတာကို ခြေနဲ့ဖျက်နိုင်တာ”
“မဟုတ်ဘူး..”နှင်း ထိန်းပြောနေပေမဲ့ ငို သံ ပါလာပြီ..။
ပါပါ က လှည့် မကြည့်တော့ပဲ…ကားပေါ်တက်သွားသည်…
ဧည့်ခန်းထဲမှာ နှင်း နဲ့ဘီဘီ နှစ်ယောက်တည်း..မငိုဖြစ်အောင် မျက်တောင်ခတ်လေ..ငိုချင်လာလေမို့..
လှေကားကို ပြေးတက်လာခဲ့သည်..။
“ဟင်…ယာလေး..’
လှေကား ထိပ်နားမှာ ရပ်နေတဲ့ ယာလေးကို တွေ့တော့..နှင်း အတွက်..ငိုချင်စိတ်ထိန်းလို့ မရတော့..
နှင်း ဆီ မှာ သူ တစ်ယောက်ပဲ ရှိတော့တာ..
ယာ ရင်ခွင်ထဲ ရောက်လာတဲ့ မမ ကို ပြန်ဖက် ထားမိသည်..။
အစအဆုံး ကြားနေပေမဲ့…ပြသာနာ အကြောင်းအရာတွေထက်..
“ယာယာ ကို ခိုင်းလို့ကောင်းလို့ ယူထားတာ”ဆိုတဲ့ စကားက နားထဲမှာ ဆက်ခါဆက်ခါ ပဲ့တင် ထက်နေသည်..
မမ ဆီမှာ ယာ အတွက် အချစ်မဟုတ်တောင် သံယောဇဉ်လေးရှိလို့ လက်ထပ်တယ် ထင်ခဲ့မိတာ...
စကားလုံး ရဲ့ နောက်ဆက်တွဲ မှာ ဖြစ်နိုင်တာတွေကို တွေးမိတော့ ....
ကြိုးစားမေ့ဖျောက်နေပေမဲ့..ခေါင်းထဲက မထွက်…မမ ကို တိုးပြီး ပွေ့ဖက်ထားမိသည်..။
မဟုတ်ပါဘူး..မမ ဒေါသထွက်တုန်းမို့ ပြောလိုက်တာပါ..။
“မ အရမ်း မငိုနဲ့လေ..ခေါင်းကိုက်မယ်နော်..”
“ပါပါ အရမ်းရက်စက်တာပဲ..”
“စိတ်ဆိုးတုန်းမို့လို့ပါ..မရယ်..”
“နင်လည်း ပါပါ ဘက်ပဲမလား.”
ဖက်နေတာကို ခွါပြီး မော့ကြည့်မေးနေတဲ့ မျက်ရည်စတွေနဲ့ မျက်၀န်း..
မမစိတ်ထဲက မဟုတ်ပါဘူး.. ..ယာ သိတယ်…မမ စိတ်ဆိုးလို့ ယာ ကို ဒီလို ပြောတာပါ..ဟုတ်တယ်မလား..ဟင်…။
ယာ ပြုံးရင်း ခေါင်းခါပြလိုက်တော့မှ ပြန်ဖက် ထားသည်..။
.
“မေဖူး..ပါပါ ထမင်းစားပြီးပြီလား..”
“မမလေးကို အရင်စားခိုင်းလိုက်တဲ့..”
“ဟာ..ပါပါ ဗိုက်ဆာနေမှာပေါ့..နေအုံး နှင်း သွားခေါ်လိုက်မယ်..”
“ပါပါ”အခန်းတံခါးရှေ့မှာ ရပ်ခေါ်လိုက်သည်..။
“ဘာလည်း..”
“ထမင်းစားဖို့လေ..”
“အရင် စားလိုက်..”
နှင်း..ထမင်းစားခန်းရောက်တော့ ထမင်း မစားချင်တော့ပါ..တစ်ယောက်တည်း တစ်ခါမှ မစားဖူးတော့..၀မ်းနည်း သလို ခံစားနေရသည်..။
“ယာလေး…သွားခေါ်မယ်..”
အခန်းတံခါး တွန်းဖွင့် ၀င်လိုက်တော့..စားပွဲပေါ်မှာ လက်တစ်ဖက် ခေါင်းအုံးပြီး ကိုယ်တော်လေးက အိပ်ပျော်နေပြီ..။
ေ၇ှ့မှာ လပ်တော့ပ် တစ်လုံးနဲ့ စာရင်းတွေကြည့်နေရင်း အိပ်ပျော်သွားတာပဲ..။
…အခုချိန်..သီဟ ဆီ ဖုန်းဆက်မှ..သိန်းတစ်ရာတောင် …
“ဟလို..ကိုသီဟလား..”
“အင်း..နှင်းပါ..ကုန်၀ယ်လို့ ရလား..”
“အော်အင်း..ရှာပေးပါနော်..ကိုသီဟ..”
မမ ဖုန်းပြောနေတာ သိလို့
ယာ တစ်ဖက်ပြန်စောင်းပြီး မျက်လုံးမှိတ်ထားလိုက်သည်..
မမ က ဖုန်းပြောပြီးတော့ ယာ အနားကို လျှောက်လာပြီး ယာ ဆံပင်ကို ထိုးဖွ လိုက်သည်..။
“ယာလေး..”
“ဟင်..”
“ကုတင်ပေါ်တက်အိပ်လေ..ခေါင်းနာလိမ့်မယ်..”
“အင်း..”ယာ ခုံမှာ မတ်မတ် ပြန်ထိုင်လိုက်သည်..။
“ဘာတွေဒီလောက်ဖြစ်နေလို့လည်း..”
“စာရင်း.စစ်တာ မပြီးသေးလို့..ဟိုဘက်က စာရင်းပျောက်တော့ အစက ပြန်ရှာပေးရတော့မယ်..ဟူး..”
“ပင်ပန်းနေပြီလား..”
“မပင်ပန်းပါဘူး..မရဲ့..”
“လိမ်တာ…” မျက်လုံးနီနီတွေနဲ့ ဒီမျက်နှာက မပင်ပန်းဘူးဆိုတော့…
“အင်း..စာရင်းရှာတာ များလွန်းလို့ ခေါင်းလည်း ကိုက်နေပြီ..”
သူ ပင်ပန်းတယ် တစ်ခါမှ မပြောဖူးပဲ ထုတ်ပြောရတဲ့ အဆင့်ရောက်နေတော့ တကယ် သနားမိပါသည်..။
“သနားပါတယ်ဟယ်..မမ ကူရှာပေးမယ်လေ ..”
မမ ရဲ့ သနပ်ခါး ပါးကွက်လေးကို ငေးမိရင်း
“ဟင့်အင်း..အခု ကောင်းသွားပြီ.”..
“အယ်..ချက်ချင်းကြီးပါလား..”
“မ အနားမှာ ရှိရင်..မပင်ပန်းတော့ဘူး..”
“အဓိပ္ပါယ်မရှိတာ..”
“ရှိတယ်..ယာ က မ ကို ချစ်တာကိုး..မ အနားမှာ ရှိတော့ နည်းနည်း မှ မပင်ပန်းဘူး..”
ယာ ခံစားချက်တွေကို ထုတ်ပြောတိုင်း…မမ က ရှေ့ဆက်ခွင့် မပြု…
“ထမင်းစားပြီးပြီလား..”
“အင်း..”
“ဟွန့် တစ်ယောက်တည်းစားရတော့မယ်..” မမ က ကုတင် မှာ ထိုင်ချလိုက်သည်..။
“မ က တစ်ယောက်တည်း မစားချင်လို့လား..”
“ပျင်းဖို့ကောင်းတယ်..”
“အိုကေ..ခဏစောင့်..’ ခုံကိုနောက်ဆုတ်ပြီး အခန်းထဲက ထွက်သွားသည်..။
ယာလေး ထွက်သွားတာ ကို ငေးရင်း..
ဟူး…ဘာတွေ လာ ပြောနေတာလည်း..
ချစ်တယ်တဲ့လား..
ကျွတ်..အရင် အတိုင်း ကောင်းပါတယ်…။
.
“ယာယာ..ဘာလုပ်နေတာလည်း..”
“ထမင်းထည့်နေတာလေ..”
“အော်..သိတယ်လေ…ထမင်းခူးပေးရမလားလို့..” နာနီမြ မရှိတော့..လူသစ်မို့လို့ သဘောမပေါက်သေးတာ..။
“ရတယ်..ကျွန်တော်..အပေါ်ယူသွားမလို့..”
“ယာယာ ဒိမှာ ဇွန်းလေ..”
“ရတယ်..မယူတော့ဘူး..”
ယာ လှေကားကို ပန်းကန် သုံးခုကိုင်ရင်း ပြေးတက်လာခဲ့သည်..မမ လည်း ငယ်ငယ် ကတည်း ကလှေကားကို ပြေးတက်တာ ခု ယာဆီမှာ ဒီ အကျင့်က ကူးသွားပြီ..။
“မ ရပြီ..”
“ဘာလည်း..”
“ထမင်းထည့်လာတာလေ..”
“အမ်..”
“အခု မပျင်းတော့ဘူးပေါ့..”
ရှေ့မှာ ရောက်တာတဲ့ ပန်းကန်တွေကို ကြည်ကပြီး နှင်း နှာခေါင်း ရှုံ့မိသည်..။
“ဟာ..ငါးကြော်နဲ့ အရွက်ကြော်ပဲလား..မမ အရိုး မစားတက်ဘူး..”
“ယာ နွင် ပေးမယ်..”
ဇွန်းလည်း တစ်ချောင်းတည်းလို့ စောဒက မတက်မိတော့ပါဘူး..နှင်း တကယ် ဗိုက်ဆာနေပြီ..
“ထည့် ငါး..”နှင်းဇွန်းကို သူ့ရှေ့ထိုးပေးလိုက်သည်..။
“အင်း..တော်ပလား..”
“ဟာ ကပ်စေးနှဲလိုက်တာ..ထပ်ထည့်အုံး..”
“ဟား..ဟား…မ ကလည်း လောဘ ကြီးလိုက်တာ..ဝိတ်တွေတက်လာလိမ့်မယ်..”
“တက်…တက်..ထည့်”
ယာ ငါး အမြောင်းလိုက် နွင်ပြီးမှ.မမ ကမ်းနေတဲ့ ဇွန်းထဲ ထည့် မလို့ လုပ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်..
“ယာယာ…”
“ဟီး..ထမင်း တစ်လုပ်ခွံပေး..”
မမ က လက်ထဲက ဇွန်းကို ယာ ဟနေတဲ့ ပါးစပ်ထဲ ထိုးထည့်ပေးသည်..။
စေတနာပါလား မပါလား မသိ ချိုလိုက်တာ…။
ယာ ငါးနွင်လိုက်ပြီး..
“အင့်..”
“ထည့်..”
“ဟ..”
“ယာယာ ဘာဖြစ်နေတာလည်း..” ဗိုက်ဆာနေတာကို လာနောက်နေတော့..
“မ အလုပ်ရှုပ်မှာစိုးလို့ တစ်ခါ တည်း ခွံပေးမလို့လေ..”
“မလိုဘူး..ထည့် ဇွန်းထဲကို..”
ယာ ကြည်နူးနေတဲ့ စိတ်လေး တစ်၀က်လျော့သွားသည်..
မမ ဇွန်းထဲ ငါးထည့်ပေးလိုက်တော့ မမ က ယာ ကို ကြည့်ပြီး ဘာမှ မပြောတော့ပဲ စားလိုက်သည်..။
“အ..”
“ဟင်..ဘာဖြစ်တာလည်း.မ.”
“အရိုး…”
“အရိုး…အရိုးလား..ဆူးတာလား..” ယာ လက်ထဲက ငါးကို ချပြီး မမ မျက်နှာကို စိုးရိမ် တကြီး လိုက်ကြည့်မိသည်..။
“ယာ ဒီလောက်ကြည့်ရဲ့ သားနဲ့..”
“မကျေနပ်လို့ အရိုးထည့်ကျွေးလိုက်တာမလား..”
“ဟာ…မဟုတ်ပါဘူး..မရယ်..ကျသွားပလား..နေအုံး ထမင်း ဆုပ် စားလိုက်..မဝါးနဲ့ မြိုချလိုက်”
“ရပြီ..ကျသွားပြီ..”
“တော်ပါသေးရဲ့…”သက်ပြင်းချရင်း ခုံမှာ ပြန်ထိုင်ရသည်..။
နှင်း ပျာပျာ သလဲ ဖြစ်သွားသည့် ယာလေးကို ကြည့်ရင်း ရယ်ချင်စိတ်ကို မနည်း မြိုသိပ်ထားရသည်..
စိတ်မကောင်းဖြစ်သွားပြီလား သိချင်လို့ စမ်းလိုက်တာ..နှင်း နဲ့ ပတ်သက်တိုင်း
သူ အဲလိုလေးတွေ ပျာ နေတာကို..နှင်းမှာ…
“ငါး…”
နှင်း..ဇွန်းခံပြီး စောင့်နေလိုက်တော့ ပြုံးစိစိ နဲ့ ငါးထည့် ပေးသည်..။...........
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
ဖတ်ရတာဆင်မပြေဘူး
ဖြစ်သွားရင် သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all

أنت تقرأ
မအတွက်
عشوائي"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...