မ အတွက်
အပိုင်း (၇)
#မအတွက်စပိုက်ကာ“နှင်းဆီနက်………”
စူးစူးဝါးဝါး အာခေါင်ခြစ်အော်လိုက်တဲ့..ဘီဘီ အသံ ကြောင့်..
နာနီမြ နဲ့ ယာ မီးဖိုခန်းက ပြေးထွက်လာခဲ့ရသည်..။
ကိုနိုင်ဦးလည်း..သူ့ အခန်းဘေးပေါက် ကနေ ပြေးထွက်လာသည်..။
“ယာယာ…ဘာလည်း..ဘာဖြစ်တာလည်း..”
“မသိဘူးလေ..ကျွန်တော် လည်း..အခုမှ..”
“ဟာ..ဒုက္ခ ပါပဲ..နှင်း ဘာမွေပြန်ပြီလည်း..မသိဘူး..”
“သွားလိုက်.ယာယာ မင်း အပေါ်တက်သွား..နှင်း က မင်းပြောမှ ရမှာ..”
“မသွားရဲဘူး..” မမ စိတ်မကြည်တဲ့ အချိန်တောင် ယာယာ အနားမှာ မနေရဲတာ.အခုလို အခြေအနေ သွားစရာလား..။
“ဟာ..ဗန္ဓုလ အမျိုးက တစ်မှောင့်..တီမြ သွားပါလား..”
“ငါလည်း မသွားရဲဘူး..”
“ကိုနိုင်ဦး သွားကြည့်ပါလား..”
တစ်ယောက်နဲ့ တစ်ယောက် လွဲချနေချိန်မှာပဲ လှေကားကနေ.ဘီဘီ ပြေးဆင်းလာသည်..ခေါင်းက ဆူးလိပ် နဲ့ အကျီ င်္ တွေကို လက်က ပိုက်ပြီး ဆင်းလာတဲ့ ပုံက.အိပ်မှုံစုံ၀ါး..အိပ်ရင်း ထ ယောင်တာများလား….။
“ဘယ်မှာလည်း..နှင်းဆီနက်..”
“အပေါ်မှာလေ..သမီး..”နာနီမြ က ၀င်ပြောလိုက်လို့ နိုင်ဦး နဲ့ ယာယာ သက်သာသွားသည်...။
“မရှိဘူး..တောက်…သတ္တိနည်းလိုက်တာ..သခိုးကျင့် သခိုးကြံ နဲ့ လုပ်ပြီးပြေးတာ…တောက်..”
“အားလုံးရှိတာနဲ့ အတော်ပဲ..ဒီမှာကြည့်ထား..အကျီ င်္တွေကို ဒင်း ညှပ်သွားတာ..တွေ့တယ်နော်..အကိုကြီး ပြန်လာတာနဲ့ တိုင်ပြမယ်..
သုံးယောက်စလုံး ပါးစပ်အဟောင်းသားနဲ့ ဘီဘီ လက်ထဲ က ပြုတ်ကျလာတဲ့ အကျီ င်္ အပြဲတွေကို ပြူး ကြည့်နေမိသည်..။
.
“နှင်း…ဘာလို့ အခုလို လုပ်တာလည်း…ပါပါ မေးနေတယ်လေ..”
နှင်း ဘာမှ မပြောပဲ ပါးစပ်ကို တင်းစေ့နေအောင်ပ်ိတ်ထားပြီး ကြမ်းပြင်ကို စူးစိုက်ကြည့်နေလိုက်သည်..။
မနက်ကတည်း ဒီပြသာနာ လုပ်ပြီး ဆိုင်မှာ တစ်နေကုန်သွားနေတာ..ည ၁၀နာရီ မှ ပြန်လာတာတောင် ပါပါ က မအိပ်သေးပဲ စောင့်နေတုန်း..။
“နှင်း..ပါပါ ကို ဒီလောက် မုန်းလား..”
“မမုန်းဘူး…သူ့ကို ပဲ မုန်းတာ..”နှင်း ဘာမှ မပြောဘူးလို့ ဆုံးဖြတ်ထားပေမဲ့ နှင်းသဘောကို ပါပါ နားမလည် မှာ စိုးရိမ်လို့ ..။
“ဒါနဲ့ပဲ ဘီ အိပ်နေတုန်း သူ့ အ၀တ်အစားတွေ ဖျက်စီး ပစ်တယ်ပေါ့..ကလေးဆန်လွန်းတယ် နှင်းရယ်..”
“နှင်း မကျေနပ်ကြောင်းပြတာလေ..”
“နှင်း ကို ပညာတွေ သင်ပေးထားတာ..အသိပညာ လည်း ပါတယ်
…နှင်း ကလေးမဟုတ်တော့ဘူး..နားလည်မှု ရှိသင့်နေပြီ..”
“အား…မသိဘူး…မရှိဘူး…”နှင်းအော်လိုက်ပေမဲ့ ငိုသံနဲ့ အတူ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာသည်…။
ဦးနိုင် သမီး ဖြစ်သူရဲ့ မျက်ရည်တွေကို တွေ့ရပြန်တော့ နှလုံးနာ ရသည်…။
နှင်း ဘာလို့ ကလေးလို ဆိုး နေတာလည်း..
အလိုလိုက်လွန်းခဲ့တဲ့ ကိုယ့်ကိုယ်ကို ပဲ အပြစ်ဖို့ ရတော့မည်လေ…။
“တော်ပြီ…သွားအိပ်တော့…နောက် ဒါမျိုး ထပ်မကြားချင်ဘူး…”
ပြောလိုက်တာတောင် နေရာက မရွေ့ပဲ ပေကပ်ကပ် လုပ်နေတဲ့ နှင်း အကြောင်း သိနေလို့..
“သွားတော့လို့ ပြောနေတယ်…”ခပ်ငေါက်ငေါက် ပြောလိုက်မှ နေရာက ရွေ့ပြီး..အခန်း တံခါးဆောင့်ပိတ်၀င်သွားတာ..
သိတယ်..တစ်ည လုံး ငိုပါတော့မည်လေ…။
.
“မင်း က ဘယ်ကြွနေတာလည်း..” ယာ အခန်းထဲ ၀င်လာတော့ ကိုနိုင်ဦးက မအိပ်သေးပဲ ထိုင်နေတာတွေ့ရသည်..။
“ဟီး..လက်ဖက်ရည်ဆိုင် အာစရိ.”
“တော်သေးတယ်..မင်းက လွှတ်သွားတယ်..”
“ဘာလည်း..”ယာ ရေခပ်သောက်ရင်း မေးလိုက်သည်..။
“နှင်းကို သူ့ အဖေ ဆူတာလေ..နည်းတောင် နည်းသေးတယ်..”
“ဟင်..”ယာ မမ အတွက် စိတ်မကောင်းပါ..ဒါပေမဲ့..ကာကွယ်ပေးလို့လည်း မရ..။
.
“ဘယ်တစ်ယောက် လည်း..”
“အဝါလေးနဲ့ တစ်ယောက်ကွာ..အလယ်က..”
“အလယ်က သာမောင်လေ..ကွာ မင်းက ယောင်္ကျား လေးကို စိတ်၀င်စားတာလား..”
ယာ ရဲ့ လက် က အောင်အောင် ကျောပေါ်ပစ်ကျသွားတော့ အောင်အောင်ကျောကော့ သွားသည်..။
“မသာရဲ့..နာ လိုက်တာ..”
“မင်းက သူများ ခံစားချက်တွေကို ဟာသ လုပ်နေတာကိုး..နည်းသေးတယ်..”နန္ဒ က ယာ ကိုထောက်ခံရင်း..ခုံမှာ ၀င်ထိုင်သည်..။
“နန္ဒ အဝါလေး..နဲ့..”ယာ က နန္ဒဘက် ပြောင်းပြီး အကူအညီ တောင်းလိုက်သည်..။
“အော်..ဒါလား..ငါသိတယ်..စားသောက်ပြီးမှ ပြောကြတာပေါ့..
“မြို..မြန်မြန်..”
“ဟား..ဟား…”
“သနားလို့ ပြောလိုက်မယ်..ငွေလရောင်တဲ့..ပထမနှစ်..အင်္ဂလိပ်.သူရဲ့မြန်မာ ၀တ်စုံလေးတွေကြောင့် ပို နာမည်ကြီးနေတာ..မင်းကတော့ ရူပါ နဲ့ ကပ်လို့ ရလောက်ပါတယ်..ငါတို့ ဆိုရင်တော့ ခါချမှာကွ...”
“အင်း..”ယာ ရှေ့က ဖြတ်သွားတဲ့ မိန်းကလေး လေးယောက် ကို မျက်တောင်မခတ်ငေးကြည့်နေရင်း ကျော်သွားတော့ လည်း လိုက်ငေးမိနေတုန်း..တော်တော်လှတဲ့ မိန်းကလေးတွေပါ..ယာ သူတို့ကို စိတ်၀င်စားဖို့လိုနေပြီ..။
“ဟင်..မမ”
ကျောင်း ရှေ့ မှာ ထိုင်ပြီး ငေးကောင်းနေတုန်း ထိုးရပ်လိုက်တဲ့ ကားကိုမြင်တော့ ယာ မတ်တက်ရပ်ပြီးသား ဖြစ်သွားသည်..။
မမ အဆူခံရပြီး ကတည်းက ဆိုင်မှာပဲနေတာ အိပ်ချိန်မှာ ပြန်လာလို့…ယာနဲ့ လည်း မတွေ့ဖြစ်တာ
တော်တော် ကြာနေပြီ...။
“မမ..”
“အားလား..” မမ က ကားမှန်နည်းနည်းချပြီး ခပ်ပြတ်ပြတ်မေးတော့..ယာ ခေါင်းငြိမ့် အဖြေပေးမိသည်..။
“တက်..”
ယာ ကားကို ပတ်သွားပြီး တစ်ဖက် မှာ ၀င်ထိုင်လိုက်သည်..။
မမ က ဘာမှ ထပ်မပြောပဲ ရှေ့ကိုသာ စူးစိုက်ကြည့်ရင်း ကားမောင်းနေသည်..။
ချစ်တယ် ချစ်တယ် ချစ်တယ်..
ပြောလိုက်ပါရစေကွာ.. ကလေးလေး အနား ရောက်ခဲ့တဲ့ အခိုက်မှာ..
လွမ်းတယ်..လွမ်း.တယ်..လွမ်းတယ်..
အမြဲ တမ်းလွမ်းနေမယ်
အခြေအနေ ပေးခဲ့ရင် နေ့တိုင်း တွေ့ချင်တယ်..”
ယာ ဖုန်းကို အိတ်ထဲက အမြန်ဆွဲထုတ်ရင်း မမ ကို မလုံမလဲ ကြည့်မိသည်..
အခုလို အချစ်နဲ့့ ပတ်သပ်ပြီး ခံစားတက်တာ မမ မသိစေချင်ပါ….
မမ ရှေ့ ရောက်ရင် ယာ က ကလေး ပြန်ဖြစ်သွားပြီး..အရာ အားလုံးကို မလုံမလဲ ကြောက်ရွံနေတက်တာ ပြင်မရ..။
“အေးပြော..”
“မသာ…ကောင်မလေး အကြောင်းသိသွားတော့ ထပြေးတာနော်..မင်း..လုပ်ထား..”
“အေး..နောက်တော့ မှ..သပ်သပ် ဧည့်ခံပါမယ်ကွာ..”
အောင်အောင် စကားကျော ရှည်ပြီး ရစ်နေမှာ စိုးလို့ မြန်မြန်ဖုန်းချလိုက်သည်..။
“ယာလေး..ကုန် ၀ယ်လို့ ရလား..”
“အဲ..အဲဒါက…ယာ မအားတာနဲ့…ပြီးတော့..ဟိုဟာ..”
“ကျောင်းရှေ့မှာ ထိုင်ပြီး ငေးဖို့ ကျတော့ အားသားပဲ…’မမ က ဘယ်လို သိတာလည်း မမ ဘက် လှည့်ကြည့်ပြီး ခေါင်းပြန်ငုံ့ထားလိုက်သည်..။
ကုန် မရှာပေးဖို့ ပါပါ က သေချာခေါ်မှာ ထားလို့ပါ..
ဒါပေမဲ့..ယာ မမ ကိုတော့ မသိစေချင်…မမ သိရင်အိမ်မှာ ပြသာနာ ရှာအုံးမှာပဲလေ..။
“အခု တော့ ပွဲစား ဆီသွားမယ်..ရွှေလွင် က ၀ယ်နေကျ ကုန်တွေ ရှိတယ်တဲ့..”
“မမ…အဲဒါ..က သူတို့ စျေးကွက်ကို..”
“မရှည်နဲ့…” မမ ရဲ့ ခပ်ဆောင့်ဆောင့် စကားကြောင့်..ယာ ခေါင်းငုံ လိုက်ရပြန်သည်…။
.
“နင်တို့ ဆီက ၀ယ်လိုက်ရတာ လွယ်ပေမဲ့..အရစ်ရှည် နေမှာတော့ မကြိုက်ဘူး..”
“ရပါတယ်..အစ်မ စျေးပိုပေးလို့ ရောင်းတာပဲ..”
“ဒါပေမဲ့ ခင်ဗျားတို့ စရံတွေကျော်ထားတယ်လေ..”မမ က ၀င်ပြောတာ မကြိုက်ပေမဲ့ ယာ စိတ်ပူလို့ လိုအပ်တာ မေးမိသည်.။
ယာ က သူတို့ အကြောင်းပိုသိနေလို့ စကားတိတ်ကျသွားသည်..။
“ဟုတ်ပါတယ်…ဒါတွေကလည်း.ပြန်အမ်းလိုက်လို့ ရပါတယ်..”
“သုံးဆလျော်ရမှာလေ..”မမ ကို တစ်ချက်ကြည့်ပြီး ထပ်မေးလိုက်တော့
“ဒါတွေက ကျူပ်တို့ ကိစ္စလေ..ခင်ဗျားကလည်း ပူတက်လိုက်တာ..”
“ကျွန်တော်တို့ ၀ယ်ပြီးမှ..”
“ယာလေး..နေစမ်း..” မမ တားလိုက်လို့ ယာ မပြောရတော့ပေမဲ့.ဒီလူတွေရဲ့ စရိုက်ကို ယာ အစအဆုံးသိပြီးသား…။
“အဲတော့..ရောင်းဖို့ သဘောတူတယ်ပေါ့..ပြသာနာ ရှိလာရင် နင်တို့ရှင်း..”
“ဟုတ်ကဲ့..ရပါတယ်..အစ်မရဲ့..ဘာပြသာနာမှ မရှိစေရပါဘူး..ဟဲဟဲ..အစ်မ သတင်းတွေလည်းကြားပြီးသားပါ..ကျွန်တော်တို့ မလုပ်ရဲပါဘူး…ဟဲဟဲ..”
မမ က အကုန် ယူ ဖို့ ပြောလိုက်တာ,ယာ စိတ်ပူမိသည်....
ပါပါ သိရင်တော့…တွေးရင်း..ယာ သက်ပြင်းရှည် ချမိသည်…။
.
“မမ နောက်တစ်ခါ ဆို..ယာ လှောင်ရုံတွေ သွားပြီး ၀ယ်ပေးပါမယ်..မမရယ်…အခုလို ကြားဖြတ် မ၀ယ်ပါနဲ့နော်..”
ယာ ဘေးကို သေချာလှည့်ပြီး ပြောပေမဲ့ ..မမ က ကားမောင်းနေရင်း..အာရုံစိုက်ပုံတောင်မရပါ…
“ယာလေး..ကလည်း…စိတ်ပူတက်လိုက်တာ..ဒါ စီးပွားရေးပဲလေ..ပိုပေးပြီးရောင်းတယ်..၀ယ်တယ်..ဒီလိုပဲ လည်နေကြတာပဲဟာ..”
မမကို ဆက်ပြောရင် လည်း. စိတ်တိုတော့မှာ သိလို့ ယာ စကားရပ်လိုက်ရသည်..။
.
ဦး နိုင် တစ်ယောက် ခေါင်းမီးမတောက်ပေမဲ့ ထိုသို့ တင်စားလို့ ရအောင်ကို ခေါင်းတွေ ပူ ရင်တွေပူနေရပြီလေ..။
“ဘီဘီ..ဘာလို့ ရောင်းလိုက်တာလည်း..”
“ဟို ဟို..စျေးပိုရလို့ ရောင်းလိုက်တာပါ..”
“ကိုကြီး က ဘီဘီ ရောင်းစားဖို့ ပေးတာမှ မဟုတ်တာ ကွာ..”
“ဘီဘီ ဆိုင်ဖွင့်ချင်လို့ပါ ..ကိုကြီး ဆီက လည်း မတောင်းချင်လို့ “
“ကျွတ်…နှင်းသိရင်တော့.ကွာ...ဒီ တိုက်ခန်းကို နှင်း နာမယ်နဲ့ထားတာ..ဘီဘီ ကို ပြောင်းပေးလိုက်လို့ နှင်း အရမ်းစိတ်ဆိုးခဲ့တာ..”
“အို..ကိုကြီး..ကလည်း..အဖေ က ပြန်ကြောက်နေရတယ်လို့..သမီးတစ်ယောက်တည်း..မွေးထားပြီး မနိုင်ဘုးလား..”
“ဟုတ်တယ်..ကြောက်တယ်..ကိုလုပ်ထားတာ အမှားတွေလေ…မှန်တဲ့ လူ ကို ကြောက်ရတာပေါ့..”
“အဲလိုလား..သိရတာပေါ့..ဘီ..ပိုက်ဆံတွေ အခုပြန်လွဲပေးမယ်..”
“ပိုက်ဆံ ကိစ္စ မဟုတ်ဘူး..လေးစားမှု ကိုပြောနေတာ..ဘီ လုပ်ချင်လည်း..ကိုကြီး ကို နည်းနည်းပါးပါး တိုင်ပင်သင့်တာပေါ့..”
“ဘီ ကတော့ ကိုကြီး တစ်ဖက်စောင်းလွန်းတယ်ပဲထင်မိတယ်”
“ဘီ အမှားတစ်ခုလုပ်မိတာ ဖိပြောနေတာ..နှင်းဆိုရင်တော့ အဲလိုပြောမှာ မဟုတ်ဘူး..
အရမ်း၀မ်းနည်းတယ် သိလား..ဘိမှာ ကိုကြီး ကို ချစ်လွန်းလို့ လူတကာ တံတွေးခွက်ထဲ မျောပြီး ခေါင်းငုံ သည်းခံနေ၇တာ..ကိုကြီး..ကတော့..ဟီး..”
“တော်ပါတော့ ဘီရယ်..ကိုကြီး က ဘီ ကို ဆူနေတာ မဟုတ်ပါဘူး… “
နှင်း အိမ်ပေါ်မတက်သေးပဲ ..လှေကားမှာ ရပ်ပြီး နားထောင်လိုက်သေးသည်..။
အခန်းထဲရောက်တော့ ပိုက်ဆံ အိတ်ထဲ လိပ်ထည့် ထားတဲ့ အိမ် စာချူပ်ကို သေချာဖြန့်လိုက်ပြီး..
ပြန်ဖတ်နေမိသည်..။
ပါပါ ပြောတဲ့ စိတ်ချရပါတယ်ဆိုတဲ့ မိန်းမ က အခုတော့ ဟား..ဟား..
နှင်း..ဒီ အခန်းကို တစ်ဖက်လှည့် နဲ့ ၀ယ်ခိုင်းရလို့ ပိုက်ဆံ ပိုကုန်ပေမဲ့..
အခုလို ရန်ပွဲလေး တွေ့လိုက်ရတော့ တန်သွားပြီလေ..။
နှင်း ပိုက်ဆံ နဲ့ လိုချင်တာ ရတာ ဒါ ပထမဆုံး…
လုပ်နေတဲ့ အလုပ် က လူမုန်း များပေမဲ့..ပိုက်ဆံကတော့ ရနေတာပဲ မလား..။
ယာလေး..အကူအညီ တွေကြောင့်လည်း ပါပါတယ်…။
.
“ကောင်လေး..နှင်းရော..”
သေစမ်း..ယာယာ တို့တော့ ဒုက္ခ နဲ့ လှလှ တွေ့ပြီလေ…။
“ဟို..ကျွန်တော် နိုးတော့ မမ ကား မတွေ့ဘူး..”
“ဟာ..မနက် စောကြီး ဘယ်သွားပြန်ပြီလည်း..ဖုန်းခေါ်ကြည့်စမ်း..”
ယာယာ ကိုယ်စိတ်နဲ့ ကို ဆို ဖုန်းမခေါ်ရဲတာ အမှန် အခု အမိန့်ပေးတဲ့ လူ ရှိနေလို့ ခေါ်လိုက်သည်..။
“ပါပါ ဧရိယာ ပြင်ပတဲ့..”
“ဟာကွာ…”ဦးနိုင်..သွားခါနီးလာခါနီး..စိတ်မချဖြစ်ရတာ မကြိုက်ပါ..။
“ဘာလို့လည်း..ကိုကြီး..”
“နှင်း ဘယ်သွားလည်း..သိလား..ဘီ..”
“သိစရာလား..ဘယ်တုန်းက လူကို အဖတ်လုပ်လို့လည်း..”
“သွားခါနီး..လာခါနီး..”
“စိတ်ချသွားပါ ကိုကြီးရယ်..နှင်း က ကလေးမှ မဟုတ်တာ..”
ဦးနိုင်..သက်ပြင်းချပြီး ကားပေါ်တက်လိုက်သည်..။
“ကောင်လေး..နှင်းကိုတွေ့ရင် ငါ့ ဆီ ဖုန်းဆက်..”
ယာ ခေါင်းငြိမ့်ပြီး အဖြေပေးလိုက်ပေမဲ့ ဘယ်ကိုသွားပြီး ဘယ်လိုလိုက်ရမှန်းလည်း မသိ..။
..
နှင်း ထွက်လာတုန်းက ကားက အကောင်း..
အလုပ်ကိစ္စ ပြီးလို့ ပြန်ထွက်လာတာ လူပြတ်တဲ့နေရာရောက်မှ ကားက ရပ်သွားပြီ..။
ဘာမှလည်းမလုပ်တက်..ဖုန်းကြည့်ပြီးလည်း စိတ်ညစ်ရပြန်သည်…။
အလုပ်ကိစ္စသွားပြောတဲ့ အိမ်က ရှေ့မှာ မြောင်းလုပ်နေတာ…
ထဘီိ အနားစစိုမှာစိုးလို့ မလိုက်တော့..လက်ထဲက ဖုန်းက ရေထဲ ကျသွားသည်..
အခုတော့ ဖုန်းကလည်း သုံး မရတော့ ..ဘယ်လို လုပ်ရပါ့မလည်း..။
နာရီ ကြည့်တော့ ၁၀နာရီကျော်နေပြီ…တွေ့တဲ့ လူပဲ အကူအညီ တောင်းတော့မယ် တွေးပြီး…ကားအပြင် ထွက်လိုက်သည်..။
“ညီမလေး…ကား..ပျက်တာလား..”
“ဟုတ်..”
“နေအုံး..အစ်ကို ဘော်ဒါတွေ စောင့်လိုက်အုံးမယ်..”
“ရှင်..”
နောက်က လူ ၃ယောက်ကို ၇ပ်စောင့်နေတာမှန်းသိလိုက်တော့
နှင်း ကားထဲ၀င်ပြီး လော့ချထားလိုက်သည်…။
“ညီမ..ထွက်လာပြီး ဘာဖြစ်တယ်ပြောပြလေ..”
လူ ၄ယောက် ကားရှေ့မှာ ဝိုင်းရပ်နေတော့..နှင်း ဘာပြောရမှန်းမသိ..ကားမှန် နည်းနည်းချပြီး
“ဟို..ကားက ဘာမှ မဖြစ်ဘူး..ဒရိုင်ဘာ..ကိစ္စ ရှင်းနေလို့ စောင့်နေတာပါ..”
“အော်…ဟုတ်လား…ဒါဆိုသွားပြီနော်..ကားပျက်တာ ပြင်ပြီး ပြန်လာကြတာ. ကိုတို့ က ပန်ပန် ကား၀ပ်ရှော့ကလေ...ညီမလည်း..လိုရင်.ခေါ်နော်..” လိပ်စာကဒ်ြ့ကီး လက်ထဲ ရောက်လာချိန်..ဖတ်ပြီး နှင်း အံသြ သွားသည်..။
လမ်းမှာ မိန်းကလေး တစ်ယောက်တည်း ကားပျက်ရင် လူဆိုးတွေ ရောက်လာတက်တယ်လို့ပဲ သိထား လို့ပါ..အခုတော့….။
“ဟို..အကိုတို့..ခဏနေကြပါအုံး..ခဏ…”
ကား တံခါးတွန်းဖွင့်ပြီးပြေးဆင်းလိုက်ပေမဲ့…ဘေးက ကားက ဖြတ်ပြီးမောင်းသွားပြီ…။
ဒုက္ခ ပါပဲ..ယောင်္ကျားတကာ ကို နှာဘူးထင်မိတဲ့ အမှု…။
နေပူလာတော့ စိတ်ပိုရှုပ်လာပြီ…။
ဒါ ဟို ကောင်လေးကြောင့် ည က ဘယ်ကို အလေလိုက်နေလို့ လည်းမသိ…ည ၁၀နာရီ တောင် အိမ် ပြန်မရောက်ဘူးလေ..။
နှင်း က အစောကြီး နိုးနေပေမဲ့ ယာလေး က ဘယ်အချိန်မှ အိပ်လည်း မသိလို့ မနိုးပဲ ထားခဲ့လိုက်တာ…။
ကားထဲ ထိုင်နေပေမဲ့..နေက တည့်တည့်မို့ ပူလွန်းသည်..
နေကာ ဆွဲချလည်း မရ..နောက်ခန်းမှာ ပြောင်းထိုင်ဖို့ အပြင်ထွက်တော့..
“ဟို…ဦးလေး..ခဏ…ခဏ”
“ဟင်..ဘာလည်း..”
“ဟို..ကျွန်မ ကားပျက်လို့ပါ..”
“ငါ မပြင်တက်ဘူး..”နှင်းကို ကန့်လန့် ပြောတာ ခံလိုက်ရပေမဲ့ မျက်နှာ ချို ဆက်သွေးခါ..
“ဟီး..ဟုတ်ကဲ့..ဖုန်းလေး.ခဏငှားပါလား..ရှင်..”
“ဘေကုန်တော့ မယ်…”
“ကျွန်မ ပြန်ပေးပါမယ်ရှင်..”
“ရော့..”နှင်းလက်ထဲ ရောက်လာသည့် ခလုပ်တွေနဲ့ ဖုန်းကို ကိုင်ပြီး..အလွတ်ရနေသည့် နံပါတ်တစ်ခုကို နှိပ်လိုက်သည်..။
“တီ..တီ…တီ…”
“ကိုင်စမ်းပါ…”
“လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ....ခေတ္တစောင့်ဆိုင်း..”
နှင်း..ပြန်ထွက်လိုက်ပြီး..တစ်ခါပြန်ခေါ်ဖို့ နှိပ်နေတုန်း…
“ကောင်မလေး..မြန်မြန် လုပ်..နေပူတယ်..”
“ဟုတ်ကဲ့..တစ်ခေါက် လောက်ထပ်ခေါ်ပါရစေ..”
“တူ…တူ…တူ….တူ…..”
ဖုန်း က ဆွဲသွားတဲ့..တူဆိုတဲ့ အသံရှည်ကြောင့် နှင်း ပိုရင်ခုန်နေရသည်…။
“ဟလို…” ယာလေး အသံတွေထဲ မှာ ဒီတစ်ခါ ကတော့ နှင်း အတွက် အချိုဆုံးပါ..။
“ယာလေး..လား..”
“ဟာ..မမ…မမ ဘယ်မှာလည်း..မမ..”
“သန်လျင်မှာ ကားပျက်နေလို့ မြန်မြန် လာခဲ့စမ်းပါကွာ..”
“အင်း..လာမယ်..ခဏစောင့်နော်..မမ ဘယ်လမ်းမှာလည်း..”
“တံတား ၂ သွားတဲ့ လမ်းမှာ…”
“..ဟာ..မမ..တစ်ယောက်တည်း ကို အဲဒီ....မမ ကားထဲ ၀င်နေ..လော့ချထားနော်..ယာ အခု လာခဲ့မယ်..”
နှင်း ဖုန်းမချခင် ယာ က ဖုန်းချသွားတော့ လူက အားလျော့သွားရသည်..။
“ပြီးပြီလား..”
“ဟုတ်..ဦးလေး..ဒီမှာ ဖုန်းဘေလ်ဖိုးလေး”
“မလိုဘူး...”
“အော်..ဟုတ်..ကျေးဇူးတင်ပါတယ်နော်..”နှင်း ကျေးဇူးတွေ ထပ်ထပ် တင်ရင်း သက်ပြင်းရှည်ချမိသည်…။
ဒါစေတနာ စော်ကားလိုက်တဲ့ အကျိုးကျေးဇူးတွေ..ဟူး….။
..
“အောင်အောင်..လား မင်း ဘယ်မှာလည်း..”
“မမ ကားပျက်လို့..အေး.သန်လျင် ဘက်မှာ “
ဟူး..
နီးတဲ့ ဝေါ့ရှော့ ကို ဖုန်းဆက်ပေးထားမယ်ဆိုလို့ တော်သေးသည်..။
မဟုတ်၇င် ရောက်နေတဲ့ နေနရာနဲ့ ပြန်သွားရမဲ့ ကားကြပ်တဲ့ဒဏ်နဲ့ ယာတော့ လမ်းမှာတင် စိတ်ပူလွန်းလို့ သေနိုင်သည်..။
“မင်းကလည်း..ပိုကိုပိုတယ်.”
“ပိုတယ်..ဟုတ်လား.ငါမနက် က ပွဲရုံထဲ ပတ်နေတာ ၅ခေါက်ရှိနေပြီ…”
“အေးလေ..အခုနေရာလည်း သိပြီ..လိုက်လည်းသွားနေပြီ အဲဒါလည်း မင်းက ပွမ်လို့မပြီးသေးဘူး..”
“မင်းတို့ကြောင့်လေ..”
“ဟာ..ပြန်စလာပြန်ပြီ..”
“မင်းတို့ ည တုန်းက ဆွဲမထားရင် အခုလို စိတ်ပူရမှာ မဟုတ်ဘူး..”
“တော်ကွာ.. မင်း ည ဘက် ငါတို့ဆီ မလာနဲ့..”
အောင်အောင်က ထအော်လိုက်လို့ ယာ ဆက်မပြောတော့ပေမဲ့ စိတ်ထဲမှာတော့ မကျေနပ်…။
မနက်ကတည်းက စိတ်ကော လူကော ပင်ပန်းနေ၇တာ..
ကိုသီဟ ဆိုသူ ဆီ သွားမေးတော့ မ၇ှိဘူးတဲ့..မမ နဲ့ များ တူတူ ထွက်သွားလားလို့ ထင်မိပေမဲ့..
ဖုန်းဆက်ပြီး နည်းနည်းထောက် ကြည့်လိုက်တော့..ကိုသီဟ သွားတာ က ၃ရက်တောင် ရှိနေပြီ..။
မမ ဆီ ဖုန်းဆက်တာလည်း..မကိုင်..ဘယ်လိုက်ရမှန်းမသိလို့ ရင်ပူနေတာက..
ဖုန်းထဲက မမ အသံကြားပြီးမှ ပိုဆိုးလာပြီလေ..
တစ်ခါတစ်လေ.. မမ ကို မကြောက်ရတဲ့ လူ ဖြစ်ချင်မိသည်..။
အထူးသဖြင့် အခုလို အခြေအနေမျိုးတွေမှာ…
နိုင်လို့ ကတော့ လက်ဆွဲပြီး ကားထဲ ထိုးထည့် ခြေထောက်ကော လက်ကော ကြိုးတုပ်ထားချင်သည်..။
သွားချင်ရာသွားမယ်..ခေါ်ချင်မှခေါ်မယ်..နည်းနည်းလေး သတိပေးမိရင်..
မမ ရဲ့ “မရှည်နဲ့” စကား တစ်ခွန်းကြောင့် အလိုလို ပါးစပ် ပိတ်လိုက်ရပြီးသားပဲလေ..။
မမ နဲ့ နေလာတာ သုံးလပြည့်တော့မယ်..မမ ကို ပိုရင်းနှိးပြီး ပေါ့ပေါ့ပါးပါး ပြောဆို ဆက်ဆံ ဖို့ မပြောနဲ့ ..
တစ်နေ့ထက် တစ်နေ့ ပို ကြောက်လာရတာ..မမ အိမ်မှာ သောင်းကျန်းတဲ့နေ့ဆို…
မမ ကားကိုတောင် မောင်းမပေးရဲတော့လို့ ကိုနိုင်ဥိးနဲ့နေရာပြောင်းပြီး မောင်းနေရသည့် ဘ၀..။

ŞİMDİ OKUDUĞUN
မအတွက်
Rastgele"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...