မ အတွက်
အပိုင်း (၁၉)
#မအတွက်စပိုက်ကာ“ကျွတ် ..အစကတည်း ပြောလေ..”
“ယာ အခု သွား၀ယ်လိုက်မယ်..”
“နင် ကားမမောင်းတက်ဘူးမလား..”
မမ သိသွားတာလား ယာ မမ မျက်နှာကို လှမ်းကြည့်မိသည်..။
“နင် ဘဝမေ့သွားပြီး.ဒရိုင်ဘာ ငှားလိုက်တာ ဘယ်နှစ်ရက် ရှိနေပြီလည်း..”
ယာ ခေါင်းရမ်းလိုက်မိသည်..။
“အဲဒါ..အဲဒါက ယာ အလုပ်များနေလို့ ခဏ ခေါ်ခိုင်းတာပါ..နောက်ရက်တွေ ယာ ပဲ ပြန်မောင်းမှာပါ..”
“မသိဘူး..မမေးဘူး..”
မမ အခန်းထဲ၀င်ပြီး တံခါးကို ဆွဲပိတ်ပစ်လိုက်တော့
ယာ ကားသော့ယူပြီး ပြန်ပြေးဆင်းလာလိုက်သည်..။
ခေါင်းထဲကလည်း အခုချိန် အနီးဆုံး ဘယ်ဆိုင်ရှိမလည်း..အပြေးအလွှား စဉ်းစားနေမိသည်..။
မမ ကို ၀င်ခေါ်လိုက်တာ ညစာ အတွက် မေ့ပြီ့း အခု မမ ဗိုက်ဆာပြီ ဆိုမှ သတိရတော့သည်..။
“အကို မုန်လာနီ တစ်ပွဲ..ကြက်သားသုတ် တစ်ပွဲ ကြက်သားလုံး နဲ့ ကြာဇံချက်ပါ ပေးပါ. “
“ကြာမလား..”
“ခဏတော့ စောင့်ရမယ်..”
“ဟုတ်ကဲ့..”
ယာ ကားထဲမှာ မှေးနေရင်း မှန်လာခေါက်မှ နိုးတော့သည်…
အချိန်တော်တော် ကြာသွားတာ မမ တော့ စိတ်ဆိုးနေလောက်ပါပြီ..။
ယာ ကားမောင်းနေရင်း လက်မောင်း တစ်ချက်တစ်ချက် ထိုးအောင့်လာပြန်သည်..။
လှေကားတွေကို ပြေးတက်ရင်း အခန်းတံခါးဖွင့်လိုက်တော့..
မမ က ခုံမှာ ထိုင်ပြီး ဖုန်းပြောနေသည်..ယာ မီးဖိုခန်းထဲ ၀င်သွားပြီး ပန်းကန် တွေထဲ ထည့်ပြင်ပေးလိုက်သည်..။
“မ..စားလို့ ရပြီ..”
မမ က ဖုန်းကို လက်တစ်ဖက်နဲ့ အုပ်ရင်း ယာဆီကို အလိုက်မသိရကောင်းလားဆိုတဲ့ အကြည့်မျိုးနဲ့ မျက်ခုံး ကျုံပြသည်..။
“ဆော ဒီး..”ယာ ခေါင်းပုပြီး မီးဖိုခန်းထဲ ပြန်၀င်လာလိုက်သည်..။
“ဘာမှမဟုတ်ဘူး..စားပြီးပါပြီ အင်းပြောပါ..ကို သီဟ..”
“ဟုတ်တယ်..ရတယ် နှင်းသိတယ်..”
‘နှင်းသိထားတာ အဲဒါထက် ပိုပါတယ်..”
“ယုံပါတယ်..အင်း ကိုသီဟ က အခုမှ ကူညီနေတာ မဟုတ်ပါဘူး..”
ယာ မီးဖိုခန်းက ကြားနေရင်း စိတ်ပူလာသည်..။
သီဟ ဆိုတဲ့ကောင်နဲ့ ဖုန်းပြောနေတာလား..မမတော့ ဒုက္ခရောက်တော့ မှာပဲ…။
ဖုန်းပြောပြီးမှ မေးကြည့်ရင်ကောင်းမလား မမ ထပ်စိတ်ဆိုးအုံးမှာ စိုးရိမ်မိသည်..။
မမ က ဖုန်းပြောပြီးတော့ မီးဖိုခန်း ၀င်လာပြီး ခုံမှာ ထိုင်လိုက်သည်..။
“မ ထမင်း ထည့်အုံးမလား..”
“မစားတော့ဘူး..နောက်ကျနေပြီ..”
“အင်း..”
ယာ လည်း ခုံမှာ ၀င်ထိုင်တော့ မမ က မျက်လုံးပင့်ကြည့်သည်..။
ယာ အလိုက်တသ်ိပြန်ထလိုက်ပြီး..အိမ်ရှေ့ခန်း ထွက်လာလိုက်သည်..။
နှင်း စားနေရင်း..အချည်ရည် လိုချင်တာ ထယူပြန်တော့ လှမ်းလို့မမှီ..သူ့ က အိမ်ရှေ့မှာမို့..လှမ်းမခေါ်ချင်တာနဲ့..ခြေဖျားထောက်ပြီးး ယူနေတာ..
ဒါကို ဘယ်က ဘယ်လိုကြည့်နေလည်းမသိ အနား ကိုရောက်လာပြီး နောက်ကနေ လှမ်းယူပေးသည်..။
“မ စားလို့မကောင်းဘူးလား..”
“ကောင်းတယ်..နင် ကော စားပြီးပြီလား..”
“ပြီးမှပဲ..”
သူတောင် အတူတူ မစားချင်လို့ ရှောင်နေတာ..နှင်းက ခေါ်ကျွေးရမှာလား..
ဘာမှ ထပ်မပြောတော့ပဲ ခုံမှာ ပြန်ထိုင်လိုက်သည်..။
ခြေထောက်နဲ့ တိုက်မိတော့ ငုံကြည့်လိုက်တာ အ၀တ် တစ်ခု က စားပွဲခုံနဲ့ ပိပြီးတွန့်နေတာ..
“ယာ ခုံမ စမ်း အ၀တ်ခေါက်နေတယ်..”
“နောက်နေ့မှ ထုတ်တော့မယ်..မ..”
“ဒါလေး လုပ်တာ နောက်နေ့ ေ၇ွ့စရာလား..”
ယာယာ က မတ်တက်ရပ်နေရာ က မလှုပ်မယှက်..
နှင်း စိတ်မရှည်တာနဲ့ ထပြီး ခုံကို တစ်ဖက်မြှောက်ပြီး အ၀တ်ကို ခြေနဲ့ခပ်ထုတ်လိုက်သည်..
နှင်းဆီနက်ဆိုတာ ဘယ်ယောင်္ကျားကိုမှ အားကိုးလာတာ မဟုတ်ပါ..။
စားချင်စိတ်လည်း မရှိတော့လို့ လက်ဆေးပြီး ထွက်လာလိုက်သည်..။
အရင်လို ပျာပျာ သလဲ မရှိ..လုပ်ပေးချင်ရင် လုပ်ပေးသည်..ခိုင်းတာကျပြန်တော့ လုပ်မပေးပြန်ဘူး..ဟိုရက်တွေကတည်းက ကလန့်တိုက်နေတာ..။
စိတ်ဆိုးနေတာလည်း ချော့မယ် မ၇ှိဘူး..အခုလိုတွေ ထပ်လုပ်နေတာ စိတ်ကြည်စရာလား..
နှင်းတွေးရင်း ၀ရံတာ ထွက်ရပ်နေလိုက်သည်..။
ယာ မကြိုက်တဲ့ အစားအသောက်တွေမို့ စားလို့ မ၀င်ပါ..
ဆေးသောက်ဖို့ ရှိလို့ အဓမ္မ မြိုချနေရသည်..။
စားပြီးတော့ ပန်းကန်တွေ တစ်ခါ တည်း ဆေးပြီး အိမ်ရှေ့ခန်းထွက်လာတော့ မမ က ၀ရန်တာမှာ ရပ်နေသည်..။
ယာလည်း ၀ရံန်တာ ထွက်သွားလိုက်သည်..။
“အပြင်မှာ လေတိုက်တယ်နော်…မ ”
“အင်း..”
“မ ချမ်းလား..အနွေးထည် ယူမလား..”
“အဲလောက် မဟုတ်ပါဘူး..”
“မ သီဟနဲ့ အလုပ်လုပ်တုန်းလား..”
စကားကောင်းပြောနေတယ်မှတ်တာ အကြောင်းရှိလို့ ကပ်လာတာပဲ..ပါပါ လူ ဖြစ်နေတဲ့ ယာလေး ကို မုန်းတယ်..အရင် ယာလေး ကို ပဲ နှင်း တမ်းတမိသည်..။
“ဟုတ်တယ်..”
“သီဟ..က အခု နောက်ပိုင်း သိပ်မဟန်ဘူး..”
“နင်က ဘာသိလို့လည်း..”
“ယာ သူများဆီက ကြားတာပါ..”
“မလိုသူတွေ ပြောတာကော မဖြစ်နိုင်ဘူးလား..”
“မ သတိထားဖို့ပါ.ပြီးတော့ ပါပါ ကလည်း မကြိုက်ဘူး...”
“ယာယာ နင် ငါ့ကို ခြိမ်းခြောက်နေတာလား..”
“မဟုတ်ပါဘူး..အဲလို သဘောပြောတာ မဟုတ်ပါဘူး....ယာ က စိုးရိမ် လို့..”
စကားမဆုံးခင်း မမ က အိမ်ထဲ လှည့် ၀င်သွားပြီ…။
ကောင်းကင်ကို မော့ကြည့်ရင်း မမ နဲ့ မတွေ့ခင် အချိန်တုန်းက ယာယာ ဆိုတာ ခုချိန် ဘာများလုပ်နေမလည်း..။
အလုပ်ပင်ပန်းလို့ အိပ်ပျော်နေမယ်..တစ်ခါတစ်လေ..အမြန်လမ်းရောက်နေတက်သည်။..
တစ်ခါတစ်လေ..သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်မည်..။
လသာတဲ့ ရက် ဆိုရင်တော့ ဂစ်တာ တစ်ဒေါင်ဒေါင်နဲ့ ခြံထဲ မှာ ထိုင်တက်သည်..။
ကျောင်းစာမေးပွဲ အချိန်ဆိုရင်တော့ နီးစပ်အိမ်သွားပြီး အပြေးအလွှားစာလုပ်နေရသည်..။
ယာ မျက်လုံးတွေ အိပ်ချင်လာမှ အတွေးရပ်ပြီး အခန်းထဲ ၀င်လိုက်သည်..
မမ ကတော့ ခုံမှာထိုင်ပြီး ဖုန်းနှိပ်နေတုန်း..ယာ ကုတင်ဘေးမှာ အခင်းခင်းလိုက်ပြီး ခေါင်းအုံးချလိုက်သည်..။
မမ နဲ့ တူတူနေနေရင်း မမ ကို လွမ်းနေတာ ဘာကြောင့်မှန်းမသိ..
မမ ဘေး သွားထိုင်ရင် ကောင်းမလား တွေးမိပေမဲ့ အိပ်ချင်နေတာကြောင့် လက်ကို သတိထားပြီး လဲချလိုက်သည်..။
ခဏ အတွင်း..မျက်လုံးထဲ အမှောင်ကျသွားသည်..။
နှင်း အိပ်ချင်လာလို့ ခုံပေါ်က တစ်ရှုးတွေကို ယူပြီး မီးဖိုခန်း၀င်လာလိုက်သည်..။
အမှိုက်တောင်းထဲ ပစ်ထည့်လိုက်တော့..
“ဂျောက်..”
တစ်ရှုးနဲ့ ရောပြီး သော့ပါသွားပြီဆိုတာ သိလို့
အမှိုက်ခြင်းထဲ လက် နှိုက်ကောက်ရတော့မည်..။
လက်က သော့ကို ရှာရင်း လက်ထဲပါလာတာ ရှပ်အကျီ င်္ကော်လာတစ်ခု
သိချင်စိတ် ကြောင့်လက်နှစ်ဖက်နဲ့သေချာဆွဲထုတ်ကြည့်လိုက်သည်..
“ဟင်..”
နှင်း အကျီ င်္ကို ကိုင်ရင်း ထိုင်လျက်ပြုတ်ကျသွားသည်..
ကိုယ်ထဲမှာ အားအင်ဆိုတာ မရှိတော့သလို့..ရင်ထဲက လှိုက်တက်လာတဲ့ အမျိုးမည်မသိတဲ့ ခံစားမှုက အသက်ရှုဖို့တောင်မေ့နေစေသည်..။
သွေးတွေ…ဒါ…ယာလေး..သွေးတွေလား…
ဒီအကျီ င်္ က ယာလေးအကျီ င်္ လက်မောင်းနေရာမှာ ပြဲနေတာ တစ်ခုခုနဲ့ ခြစ်မိထားသလိုမျိုး...
အို အကျီ င်္ တစ်ခုလုံးသွေးတွေ..ဘာတွေ ဖြစ်ခဲ့တာလည်း..
နှင်းနဲ့ သူ မတွေ့ဖြစ်ဘူးဆိုတော့ ..
ဘာတွေဖြစ်တာလည်း.နှင်းတွေးရင်း ရင်ထဲစို့နစ်ပြီး မျက်ရည်တွေ စီးကျလာသည်..။
အခန်းထဲ ပြေး၀င်သွားတော့ အိပ်ပျော်နေပြီ..
နှိုးလိုက်ရမလား…မနေနိုင်ဘူး..ရင်တွေ ပူလောင်နေပါပြီ..
နှိုးမလို့ အနားရောက်သွားပြီးမှ အိပ်ပျော်နေတဲ့ သူ့ မျက်နှာကို ငေးရင်း မနှိုးရက်တော့ပါ…။
နှင်း..ကုတင်ပေါ်တက်အိပ်လိုက်..အိပ်မရတာနဲ့ ဘေးသွားထိုင်နေလိုက်.. ၂နာရီ ဖြစ်နေပြီ..။
“ယာလေးရယ်..”
“နင်နိုးလာတာနဲ့ တွေ့မယ်.. “
“ဘာလို့ မပြောတာလည်း လို့ မေးပြီး ရိုက်ပစ်အုံးမယ်..”
ယာ နှိုးလာတော့ ကုတင်ပေါ်မှာ မမ ရှိမနေပါ..မနက်စောကြီး သွားပြန်ပြီလား..
တွေးရင်းထထိုင်လိုက်တော့ လက်က ဆစ်ခနဲ့ နာသွားသည်..။
“အ..”
စောင်ကို ခွါချပြီး တစ်ဖက်လှည့်လိုက်တော့…
“ဟင်..မ..”
မမ ရဲ့ အကြည့်တွေက စူးရှနေသည်..။
ည က ယာ မပြောဖြစ်တဲ့ အထင်လွဲ မှုတွေကို ပြောပြရတော့မည်..
မမ စိတ်ဆိုးနေတာ အောင်အောင် ပို့လိုက်တဲ့ စာကြောင့်ဆိုတာလည်း ယာ သိပါသည်..။
“မ ဟိုနေ့ည က စာပို့တာ အောင်အောင်ပါ.ပြီးတော့ သီဟ ကိစ္စ က.”
“ငါ စိတ်မ၀င်စားဘူး..”မမ ဆီက ခပ်ထန်တဲ့ ဖြေသံကြောင့် ယာ ဆက်မပြောတော့ပဲ..
“အင်း..ယာ မုန့်၀ယ်ပေးမယ်လေ..မ ဘာစားချင်လည်း..”
“ယာယာ..”မမ ရဲ့ အော်သံက ဟိန်းထွက်သွားသည်..။
“နင် ငါ ကို အရူးလုပ်ရတာ ပျော်သလား ဟမ်..”
“မ..အထင်လွဲနေတာပါ ယာ..”
“ဟာ..”
မမ က နှုတ်ခမ်းကို ဖိကိုက်ပြီး မျက်ရည် စီးကျလာတော့ ယာ နှလုံးသားတွေ နာကျင်ရသည်..။
“မ မငိုပါနဲ့ မ ရယ်..ယာ ကြောင့်လားဟင်..ယာ ..မနေ့ ကအလုပ်များနေလို့ပါ..မ ရယ်....”
နှင်း မျက်ရည်တွေ ထိန်းမရအောင် ပိုလို့ စီးကျလာသည်..။
နှင်း က အခု သူ့ အလုပ်လစ်ဟင်းပျက်ကွက်လို့ စိတ်ဆိုးပြီး ငိုပြနေမိတာလား..
“နင် ငါ ကို လိမ်တယ်..ငါ အရမ်းမုန်းတာ နင်သိရဲ့သားနဲ့ လိမ်တာ..”
“မ..ကို ယာ..”
နှင်း.နောက်မှာ ချထားတဲ့ အကျီ င်္ကို ဆွဲယူပြီး သူ့ကို ပစ်ပေါက်လိုက်မိသည်..။
“ဒါ..မ..”
“အခု အကျီ င်္ ချွတ်..”
“မ..အများကြီး မဟုတ်ပါဘူး..”
မမ က ယာ ပြောတာ နားမထောင်ပဲ ယာ အကျီ င်္ကြယ်သီးတွေကို မြန်မြန်ဖြုတ်နေသည်..။
ညာလက်မောင်းက ဖောင်းနေတာ သိတော့ နှင်းသတိထားပြီး ချွတ်လိုက်သည်..။
ပတ်တီးဖြူဖြူ က လက်မောင်းနေရာ ကျကျ မှာမို့ဖောင်းနေသည်.အဲဒါကြောင့် နှင်း သတိမထားမိခဲ့တာ...။
သူဒဏ်ရာကို ကြည့်မလို့ ပေမဲ့ ပတ်တီးဖြူဖြူ အုပ်ထားလို့ မမြင်ရ..အရမ်းနာနေမလားတွေးမိတော့..နှလုံးသားက နာကျင်ရသည်..။
နှင်း ဒေါသကြောင့် သူ့ ဘယ်ဘက်ရင်အုံကို ထုချပစ်လိုက်သည်..။
“အ…”
ရင်ဘတ်ပေါ်ကျလာတဲ့ မ ရဲ့ လက်သီးဆုတ်လေးကို မလွတ်တမ်း ဖမ်းကိုင်ထားလိုက်သည်..။
“ဘာလို့ မပြောတာလည်းဟင်..ငါ က နင့်အတွက်..ဘာမှ မဟုတ်ဘူးလား..နင် အကြောင်းတွေကို သိခွင့် မရှိတာလား..”
“ယာ မသိဘူး..မ ကို စိတ်မပူစေချင်ဘူး..”
“ငါကရော စိတ်ပူနေလို့လား..”
မျက်ရည်စတွေနဲ့ စိတ်မပူဘူးတဲ့လေ..ယာ ပြုံးလိုက်ပြီး မမ စိတ်မကောင်းဖြစ်နေတာ ပျောက်အောင် လုပ်ဖို့ အတွက်
“မ..သိသွားတော့လည်း ကောင်းပါတယ်..ယာ ကို အကျီ င်္လေး ယူပေးပါလား..”
နှင်း မျက်စောင်းထိုးရင်း ဘီဒိထဲက အကျီ င်္ တစ်ထည် ယူ ပြီး ပေးလိုက်သည်..။
သူ့ဟာသူ ၀တ်ဖို့ ကြိုးစားနေတာ မကြည့်ရက်လို့ နှင်း ပဲ ကောက်၀တ်ပေးလိုက်သည်..။
“မ ..သိလား..”
“ဘာလည်း..”
“အရမ်းနာနေတာ..”
နှင်းစိုးရိမ် သွားမိသည်.. ပတ်တီးစည်းထားပေမဲ့..ဒဏ်ရာ တကယ်နာနေမှာ သိသည်..။
“ဆေးမသောက်ဘူးလား..”
“မသက်သာဘူး..”
“လာ ဆေးခန်း ထပ်သွားမယ်..”
ယာလေးက ပြုံးပြီး..”သက်သာမဲ့ဆေးတော့ ရှိတယ်..”
“ဘာလည်း..”
“မ”
နှင်း အမြင်ကပ်လာလို့ ခေါင်းအုံးနဲ့ လှမ်း ရိုက်လိုက်သည်..။
“အ..တကယ်ပြောတာ..”
“တော်စမ်းပါ..”
“တကယ်..ဟာ..၇နာရီ ဖြစ်တော့မယ်.. မ ခဏ နေအုံး..ယာ မုန့်ဟင်းခါးသွား၀ယ် လိုက်အုံးမယ်..”
နာရီ ကြည့်ပြီး ကမန်းကတန်း ထပြေးသည့် ယာလေး လက်ကို ဆွဲထားလိုက်သည်..။
“’ဒီနေ့ မစားချင်ဘူး...”
“ဘာစားချင်လို့လည်း...”
“ပုဇွန်ကြော်..”
“ဟင်.အခုချိန် ရပါအုံးမလား...”
“ငါတို့ စျေးသွားကြမယ်…နင် ဒီနေ့ နောက်ကျ လို့ ဖြစ်တယ်မလား..”
နှင်း မှာ ဘာမှမသိပဲ..ယာလေးကို အမြဲ အနိုင်ကျင့်ခဲ့တာ..အခုလို ဖြစ်တော့ ဘေးကနေ ထွက်သွားမှာ တောင် စိုးရိမ်မိလို့ လက်ဆွဲ ရင်း ပြောမိပြောရာ ပြောလိုက်တာ..
“ရတာပေါ့..မသွားလည်း ဖြစ်တယ်..”
“အပိုတွေ ပါလာပြီ..”
မမ ရဲ့ ဦးဆောင်မှုနဲ့ ယာလည်း စျေးထဲ ရောက်သွားရသည်..။
“ဟိုမှာ မ ကြိုက်တဲ့ မုန့်မလား ဝါးကျဉ်ထောက်မုန့်လေ..”
“အင်း..”
“မ ကြိုက်တဲ့ မုန့်လက်ကွင်း..”
“မုန့်လက်ကောက်ပါဟယ်..”
“အင်း မေ့ သွားလို့..”
နှင်း အကြိုက်တွေ တစ်ခုချင်းစီကို သတိပေးပြီး ၀ယ်ဖို့ ပြောနေတဲ့ ကောင်လေး က နှင်းရဲ့ ယာလေး အစစ် ပါ..။
“ဒဏ်ရာ က ဘယ်လို ရခဲ့တာလည်း..”
“အလုပ်သမားတွေ ရန်ဖြစ်တာ ၀င်ဆွဲရင် ထိမိတာ..”
“ကျွတ်..အရမ်းနာနေမှာပဲ…”
“မ အနားမှာဆို မနာဘူး…”
“မ သိလား..ယာ ကို စာပို့နေတာ..အောင်အောင်တို့..”ပြောရင်း လူများလာတော့ နှင်းပခုံးကိုပါ ဆွဲဖက်လိုက်ပြီး သူ့အနားကို ဆွဲထားလိုက်တာ..မနေတက်ပေမဲ့.ငြိမ်နေလိုက်သည်.။
“သိပါတယ်..မနေ့က ဆိုင်မှာလာပြောတယ်..”
“မ ဘာမှ မပြောလိုက်ဘူးလား..”
“ပြောလိုက်တာပေါ့..နောက်တာဖြစ်ဖြစ် တကယ်ဖြစ်ဖြစ် စိတ်မ၀င်စားဘူးလို့..”
“အင်း..ကောင်းတယ်..ဘယ်သူတွေ ဘာပြောပြော..ယာ ဆို တာ မ အတွက်ပဲ..နော်..”
“ဟယ်..လှလိုက်တာ..”မမ က ယာ စကားကိုကျောခိုင်းပြီး..ပန်းပင် သွား၀ယ်သည်..။
“မ ကားနောက်ခန်းထဲ ထည့်လိုက်မယ်..”
“မထည့်ပါနဲ့. ဒီတိုင်း ကိုင်သွားမယ်..”
ယာ ပြောမရလို့ ဒီတိုင်းပဲ မောင်းလာရသည်..လက်က တစ်ချက်နာပေမဲ့ မမ ဘေးမှာ မို့ ခဏအတွင်း ပြန်ပျောက်သွားသည်..။
“မ..ပုဇွန် အခွံနွာ တက်လို့လား..”
“ဟင့်အင်း..ယာလေး တက်လား..”
“အင်း..ယာ လုပ်လိုက်မယ်..”
“မမ ကို သင်ပေးလေ “
ယာ ပုဇွန် အခွံ နွာတာကို သေချာလိုက်ကြည့်နေတာ မျက်တောင်လည်း မခပ် သလို ပါးစပ်ကလေးက ဟနေသေးသည်..။
“မ..”
“ဟင်..”
“ယာ လုပ်လိုက်မယ်..”
“မရဘူး..ငါလုပ်မှာ..”
“ကဲ..လုပ်..”
ပြောမရလို့ နည်းနည်းရွေ့ပေးလိုက်တော့ မမ က အတင်းတိုးပြီး ၀င်လာသည်..။
“ဒီလိုလား..”
“မဟုတ်..”
“ဒါဆို ဒီဘက်လား..”
ယာ ခေါင်းရမ်းရင်း ရယ်မိသည်..။
“ဘယ်လိုလည်း..”မမ က အော်တော့ ယာ ပိုရယ်မိသည်..
မမ မလုပ်တက်တာကိုအတင်း ကြိုးစားနေတာ ..
“ဒီလိုပါ..”
မမ လက်ကို ထပ်ကိုင်ပြီး ယာ လက်နဲ့ ပုဇွန် အမြီးဖြုတ်လိုက်သည်..။
“တော်ပြီ..နင်ဟာနင် လုပ်..”
မမ က လက်ကိုရုန်းပြီး ဘေးကပါ တစ်ခါတည်း ထွက်သွားသည်..။
နီးစပ်လာတိုင်း မမ အမြဲ ကျောခိုင်းသွားတာ..ယာ ဘယ်လို တားရမလည်း..နီးစပ်ဖို့ နည်းလမ်း ကို ခု ချိန်ထိ ရှာမတွေ့သေးပါ..။
“မ..ပေါင်းအိုးဘာလုပ်မလို့လည်း.”ပေါင်းအိုးဘုံးကို ဖွင့်ပြီး တစ်ခုချင်းစီ ထုတ်ချနေလို့ မေးလိုက်မိသည်..။
“ထမင်းအိုးတည်မလို့ ပုဇွန်ကြော်နဲ့ ထမင်းဆီဆမ်း စားချင်လို့..”
“ထမင်းတည်ဖို့ ဆန်ရှိလို့လား.မ.”
“အယ်..ရှိဘူး..”
“ဟား..ဟား…”
ယာ အော်ရယ်တော့ မမ က နှုတ်ခမ်းစူလာပြီ..
“မရယ်နဲ့..”ပစ်ပေါက်လိုက်တဲ့ လက်သုတ်ပုဝါ ကို ယာ ဖမ်းလိုက်ပြီး ခုံပေါ် ပြန်တင်ရသည်..။
“ရပြီ..ကြော်မယ်..”
“ငါ ကြော်မယ်..ဖယ်...ဖယ်..”
ယာ နေရာေ၇ွ့ပေးလိုက်တော့ မမ က ပုဇွန်တစ်ကောင် ဆီအိုးထဲ ပစ်ထည့်လိုက်ပြီး..
“အ..အ..”ယာ နောက်မှာ ပြေးပုန်းနေသည်..။
“ မ ကြော်မယ်ဆို..”
“ပေါက်နေတယ်လေ..အနားမသွားနဲ့..”
မမ က နောက်ဆုတ်နေရုံတင် မဟုတ် ယာ ကိုပါ လက်ဆွဲထားတော့ စိတ်ထဲ အသည်းယားလာသည်..။
မ လက်ကလေးကို ပြန်ကိုင်ရင်း အကြည့်က မ လည်တိုင်ဆီ အမှတ်မထင်ရောက်သွားတော့ စိတ်မောရသည်..။
“မ..ယာလက်ဆောင်ပေးထားတဲ့ ဆွဲကြီုးလေးကော..”
“သိမ်းထားတယ်..”
မမ ရဲ့ အဖြေက ယာ စိတ်ကို အောက်ဆုံးကျသွားစေသည်..လွှင့်ပစ်လိုက်ပြီ ပြောရင်တောင် မမ စိတ်ကို ယာ နားလည် ပေးမိမှာပါ..။
အခုတော့ ယာ စိတ်မကောင်းဖြစ်မှာစိုးလို့ လိမ်ပြောလိုက်တာ သိနေတော့ ယာ သိမ်ငယ်သွားသလို ခံစားရသည်..။
နှင်း ညနေပြန်လာတော့ ဆွဲကြိုးကိုပြန်ရှာတာ ဘယ်မှာမ မတွေ့..
အခန်းထဲက အမှိုက်ခြင်း သွန်ချရှာတာလည်း မတွေ့မို့လို့..စိတ်ညစ်ရသေးသည်..
တစ်ယောက်ယောက်ပေးထားတဲ့ လက်ဆောင်ကို လွှင့်ပစ်ပြီးမှ ပြန်ရှာတာ ဒီတစ်ခေါက်သာ…။
“မ အတွက် မေ စတော်ဘယ်ရီတွေ ထည့်ပေးလိုက်တယ်..”
“မေ ရောက်နေတာလား..”မမ မျက်၀န်းလေး အရောင်တောက်ပြီး မေးတော့ ယာ ပြုံးမိသည်..။
“မဟုတ်ဘူး..လူကြုံ နဲ့ ထည့်ပေးလိုက်တာ..ယာ လက်နာနေလို့ အထုတ်တောင် မဖြည်ရသေးဘူး ေ၇ခဲသေတ္တာထဲမှာ ထည့်ထားတယ်..”
မမ က ပုဇွန် အိုးက ဒီတိုင်းထားပြီး ရေခဲသေတ္တာဆီပြေးသွားတာ့ ယာ ပဲ ပုဇွန် ဆက်ကြော်နေလိုက်ရသည်..။
“ဝိုး..များကြီးပဲ “
စားပွဲ ခုံပေါ်မှာ တင်ပြီး အထုတ်ဖြည်နေရင်း တစ်ခုချင်းစီ ထုတ်ချနေသည်..။
“အယ်..အခွံတွေ..မေ မှားပြီး ထည့်ပေးတာလား..”
မမ ဘာပြောနေမှန်း မသိလို့ ယာ လည်း လိုက်ကြည့်နေစဉ် မမ က အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်သည်..။
“ဟာ…’
ယာ အမှိုက်ခြင်းထဲ ရောက်သွားတဲ့ ဘူးကို အမြန် ကောက်ပြီး အ၀တ်နဲ့ ပြန်သုတ် လိုက်ရသည်..။
ထူးဆန်းနေတဲ့ လုပ်ရပ်ကြောင့်
“ယာလေး အတွက် အရေးကြီး ပစ္စည်းလား..”
“အင်း..”
“ဘယ်ကောင်မလေး ပေးထားလို့ အခွံတွေတောင် သိမ်းထားရတာလည်း...”
မမ ကို ယာ ငေးကြည့်မိသည်..မမ က ယာ နဲ့ ပတ်သက်တာ ဆို ဘာမှ တကယ် မမှတ်မိတာ…။
“အင်း အချစ်ဦး.ပေးထားတာမို့လို့..”
နှင်း ရင်ထဲ အောင့် သွားသည်..ကိုယ်က ရည်စားတွေ ထားခဲ့ပေမဲ့ ယာ လေးမှာတော့ ချစ်ရသူ မရှိစေချင်တာ..ဘယ်လို ဖြစ်တည်လာတဲ့ အတ္တ ပါလိမ့်..ကိုယ်တိုင်လည်း နားမလည်..။
“သေချာ သိမ်းထားပြီးဆွေးသလား..”
“အင်း..အဲဒါကြောင့် ဒါလေးပါ ထည့်ပေးဖို့မေ ကို ပြောလိုက်တာ..”
“တအားချစ်တက်ပုံပဲ..”
“အင်း..”
“ယာယာ…”မမ အော်လိုက်တော့ ယာ လန့်သွားသည်..။.
နှင်းလည်းဘာကြောင့် အော်မိလည်း မသိ..သူပြောနေတာတွေကို ဆက်နားမထောင်ချင်..ကိုယ်က မေးနေမိပေမဲ့ သူဆီက အရင်လိုမျိုး “မ အထင်လွဲနေတာပါ..ယာ က အဲလို မဟုတ်ပါဘူး..ယာ က မ အတွက်လေ..”အဲဒါမျိုးလေးတွေ ကြားချင်နေတာ..
“ပြောလေ..မ..”
“ဟမ်..စကား မများနဲ့လို့ ပုဇွန်တူးမယ်..”
“အင်း..”
သူ ရှေ့ကို ပြန်လှည့် ပြီး ပုဇွန် ပြန်ကြော်နေချိန်..နှင်း မလုံမလဲ ဖြင့် ကိုယ်နဲ့ ကွယ်ပြီး ကော်ဘူးလေးကို ဖွင့်ကြည့် စပ်စု မိသည်..။
ချောကလပ် ငွေပြား အခွံလေးတွေက အပေါ်ယံတွေကွာပြီး အဖြူရောင်သမ်းနေပြီ..
အချစ်ခံရတဲ့ ကောင်မလေးကို စိတ်ထဲက မနာလိုမိသလိုလို..အချစ်ဦးတဲ့လား…။
ယာလေးကို လှည့်ကြည့်တော့ အိုးကိုပဲ အာရုံစိုက်နေတုန်း..
အခွံတွေအောက်က စာရွက်ခေါက်လေးတွေ့လို့ ထုတ်ကြည့်မိသည်..။
ခေါက်ထားတာကြာပြီမို့ ခေါက်ရိုးရာတွေ ကပ်နေပြီ…
“မမ သိလား ဒီနေ့ ယာ..
တက္ကသိုလ် ဆိုတာကြီးမှာ ကောင်မလေး ချောချောလေးတွေ အများကြီးတွေ့တယ်..
ဒါပေမဲ့ မမ လောက်တော့ ဘယ်လှ ပါ့မလည်း.
မမ ဘယ်လိုပုံစံတွေ ပြောင်းသွားပြီလည်း…သိချင်တယ်..
ဒါပေမဲ့ နာနီမြ သင်္ကြန်ပြန်လာတိုင်း ယာ ရန်ကုန် အကြောင်း မမေးမိပါဘူး..။
.ကျောင်းမှာ ဂါ၀န် အဖြူ ဆံပင် နီနီ နဲ့ ကောင်မလေးကိုတွေ့လိုက် တော့ မမ ကို လွမ်းမိလို့ပါ..”
နှင်း စာဖတ်ရင်း လက်တွေတောင် တုန်လာသည် ထင်မိ၏။
ယာ မီးဖိုပေါ်က အိုးကို ကြည့်နေရင်း မမ တိတ်သွားလို့ ဘာတွေ လုပ်နေလည်း လှည့်ကြည့်မိတာ..
“ဟာ..”
“မာမီ့..”
နှင်းလက်ထဲက မထိတထိ ကိုင်ထား သည့် စာရွက်ကလေးကို ဆွဲယူခံလိုက်ရတော့ ယောင်ရင်း ကိုယ်ကလေးပါ တုန် သွားမိသည်..။
ယာ လက်ထဲက စာရွက်ကို ဖြစ်သလို မြန်မြန် ပြန်ခေါက်လိုက်ပြီး..မီးဖို နား ပြန်သွားရပ်နေလိုက်သည်။
ယာ ရဲ့ အချစ်တွေ မမ ကို သိစေချင်ပေမဲ့..အခုလို ကျပြန်တော့ လက်မခံနိုင်သလိုလို ရှက်စရာ ကောင်းသလိုလို ခံစားနေရပြန်သည်..။
“ဟူး..”မမ ဖတ်ပြီးသွားပြီလား…။
ဒါဆို ဒီ အခွံတွေက နှင်းပေးထားတဲ့ ချောကလက်တွေလား..နှင်း အတွေးထဲ တစ်ချိန်က ယာလေး ပြောပြဖူးတာတွေ
“မမဘော်ဒါဆောင် သွားတဲ့နေ့က မာမီနဲ့ ထည့်ပေးလိုက်တာလေ..ယာ လေ အဲဒီ ချောကလက်ဗူး ပျောက်မှာစိုးလို့ ကားပေါ်မှာ တစ်လမ်းလုံး ပိုက်သွားရတာ..စားပြီးတဲ့ အခွံတောင် အိမ်မှာ သိမ်းထားတုန်းပဲ..”
မဖြစ်နိုင်ပါဘူး..ယာလေး..ပြောဆိုပုံတွေ ပြောင်းလဲ သွားတာ လက်ထပ်ပြီးမှပါ.ဒါကလည်း..အိမ်ထောင်တစ်ခု အတွက် လိုအပ်တဲ့ အချစ်မေတ္တာတရားကြောင့် နေမှာပါ...။
မဟုတ်မှ အချစ်ဦးဆိုတာ နှင်း ကိုပြောတာလား..
ဟုတ်..မဟုတ်..မသေချာခင် နှလုံးသားကနွေးပြီး လှိုက်ခုန်လာသလိုလို..မလုံမလဲ နဲ့
“ပြီးပလား..ယာယာ…”
“ဟင်…အင်း.. စားတော့မလား..”
ခုံပေါ်လာချပေးတဲ့ ပန်းကန်ထဲ က ပုဇွန် နီနီတွေကို ငေးရင်း..
ကိုယ့်ကိုယ်ကို အားမရပါ..။
သူက ဘာမှ မဖြစ်သလို နေနိုင် နေတော့ နှင်း က တစ်ဖက်သတ်တွေးပြီး စိတ်ကူးယဉ်မိနေတာလား..။...........
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသား မကောင်းတော့
ဖတ်ရတာလည်း ကောင်းမှာဟုတ်ပါဘူး 🙏😭
သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all
YOU ARE READING
မအတွက်
Random"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...