မ အတွက်
အပိုင်း (၁)
#မအတွက်စပိုက်ကာ.”ယာယာ…အကျီ င်္ အပို တွေ ဘယ်လောက် တောင် ထည့်နေတာလည်း ဟဲ့..”
“ဘီဒို ထဲ က ရှိတာ အကုန်လေ..”
“ဟဲ့..နင်ကို ဘယ်သူက အပြီးခေါ်ပါမယ်ပြောလည်း..တစ်ပတ်ပဲ နေပြီး ပြန်လာရမှာနော်..”
“သိပါတယ်…မေရဲ့..”ယာယာ ရင်ခုန်နေပါသည်..။
ရန်ကုန်ဆိုတဲ့ မြို့ကြီးကို လိုက်သွားရတော့မည်..။
ယာယာ တို့အဆင့်နဲ့တော့ ဒီလို မြို့ကို အပျော် သွားနိုင်မှာ မဟုတ်ပါဘူး..
နာနီ(အဘွား) မြ နဲ့ အတူတူ လိုက်သွားရမှာလေ..။
နာနီမြ က ရန်ကုန်မှာ ထမင်းချက် လုပ်နေတာ..သင်္ကြန်ကို အိမ်ရှင်တွေ ခရီးသွားလို့ခဏပြန်လာရတာ…။
အခုပြန်ဖို့ လုပ်တော့ လိုက်ချင်တယ်ပြောတာ တကယ်ခေါ်သွားမယ်တဲ့ ပျော်လိုက်တာ…။
“ယာလေး..ဟိုရောက် နာနီ စကားနားထောင်နော်..သူများး ပြောစရာ မလုပ်မိစေနဲ့ နာနီကို လည်း ကူလုပ်နော်…အပြင်တွေ တစ်ယောက်တည်း မသွားနဲ့နော်..” အမေ က တစ်တွတ်တွတ် မှာနေပေမဲ့ ယာယာ နားထဲ ရောက်တာ မရှိ..။
“ငါလည်း ရှိပါတယ်ဟယ်…ကောင်လေးက လိမ်မာပါတယ်..ဟဲ့ကောင်လေး..နားထောင်မယ်မလားး..”
“အင်း..”ယာ အလျင်အမြန် ခေါင်းငြိမ့်မိသည်..။
“မေ ရေ သွားပြီ နော်..စတော်ဘယ်ရီတွေ ခူးရင် မာမူ တို့ကို ကူခိုင်းနော်..တစ်ယောက်တည်း မလုပ်နဲ့…”
“အေးပါဟဲ့..နင် စကား နားမထောင်ဘူးလို့တိုင်လို့ကတော့ သိတယ်နော်..ဟွင်း.ဟွင်း..”
“အင်းပါ…တာ့တာ..”ယာ ရဲ့ တစ်ခုတည်းရှိသော ကျောပိုးအိတ်ကို သေချာပြင် လွယ်လိုက်သည်..။
ကျောင်းပိတ်ရက်မို့ ဒီတိုင်းချောင်ထိုးထားလို့ မှိုနံ့ထွက်နေပေမဲ့..ဒီအထဲပဲ အ၀တ်တွေ ထိုးသိပ်ထည့်လာခဲ့ရတာလေ…။
နာနီမြ လက်ထဲမှာလည်း ဆွဲခြင်းတစ်လုံး အိတ်တစ်လုံးနဲ့မို့လို့..ယာက ဆွဲခြင်းကို ယူလိုက်သည်..။
“လိမ်မာသားပဲ..ဟဲ့ကောင်လေး..နင်ကျောင်းမတက်ဘူးလား..”
“တက်တယ်လေ..နာနီမြရဲ့..အခု ၅တန်း တက်ရတော့မှာ..”
“ဟုတ်လား…ကျောင်းတွေလည်း ဖွင့်တော့မယ်..ကျောင်းပိတ်တုန်း နင့် အမေကို ကူတယ်မလား..”
“အသီးနဲ့ ပန်းတွေ ခူးရင် ကူပေးပါတယ်..တခြား အလုပ်တွေက ယာ လည်း မလုပ်တက်ဘူး ခြံပိုင်တွေကလည်း..အခု နေ့စားမပေးဘူး..ခူးလို့ ရသလောက်ကို ချိန်ပြီး တွက်ပေးနေတော့..လုခူးနေကြတာ့..ယာတို့ နောက်ကျရင် ပိုက်ဆံ မရဘူး.”
အရွယ်လေးနဲ့ မလိုက်တဲ့ လောကဓံ တွေ လေ..ဒေါ်မြက သက်ပြင်းချပြီး..လမ်းကို မြန်မြန် လျှောက်နေရသည်.. လမ်း မ ကို မြင်နေရပေမဲ့..ကားတိုးစီးပြီး..ကားဂိတ်ကိုမှီအောင် သွားရမယ်မလား..။
ကား တစ်စီး ရပ်ပြီး လူဆင်းတာတွေ့တော့..”ဟဲ့..လုပ်ပါအုံး..ထွက်သွားတော့မယ်..”
ယာ ကားဆီပြေးပြီး ကားဂိတ်သွားမဲ့ အကြောင်းပြောရင်း နာနီ မြကို ပြန်စောင့်နေရသည်…။
“တက်ကလေး..မြန်မြန်လေး..အချိန်မရဘူး..”
ကားနောက်က လူတွေက ယာကို ကလေးတစ်ယောက်လို ဆွဲတင်နေတာ..ယာ က
ဒီလမ်းကို ဒီလို ကားတိုးစီးပြီး.နေ့တိုင်းသွားနေရတာ သူတို့မှ မသိတာ..။
“ကောင်လေး…ကားဂိတ်မှာ တို့ စီးရမဲ့ ကားရှိသေးရဲ့လား..”
“ရှိပါတယ်..ရွှေမြို့ဆီ..ဆိုတာ မလား..ရှီသေးတယ်..” ယာ အဝေးကြီး က မြင်နေရတဲ့ စာလုံးတွေကြောင့် စိတ်သက်သာပြီး ပြောနေမိတာ..နာနီက အဲလိုပြောလိုက်မှ လမ်းလျှောက် နှေးသွားတော့သည်..။
ကားအကြီးမှာ ထိုင်ခုံနဲ့ ကျကျနန စီးနိုင်တာ ဇိမ် ရှိလိုက်တာ..မေ လည်း လိုက်လို့ရရင် ကောင်းမှာပဲ..
မေ ကို သတိရလာလို့ ငိုချင်လာသည်…ဒါပေမဲ့ ရန်ကုန်သွားတယ်ဆိုပြီး သူငယ်ချင်းတွေ ကြွားခဲ့တာတွေးမိတော့ ယာ လည်း အခုသွားရပြီမို့ ပျော်လာပြန်သည်..။
ကားပေါ်ကနေ ဘေးဘီကြည့်ဖို့ထက်…နေတိုး ဟာသကားကြည့်ပြီးလိုက်လာတာ…နေဘယ်လို ပျောက်သွားလည်းတောင်..ယာ မသိလိုက်ဘူး..။
“ကောင်လေး..ဗိုက်ဆာနေပြီလား..”
“မဆာပါဘူး..နာနီရဲ့..ယာ တို့ ညနေက စားပြီးပြီလေ..”
“ဆာနေရင် ပြော..”
“အင်း..”
ယာ ဟိန်းဝေယံကြည့်ရင် အိပ်ပျော်သွားတာ အိမ်မက်ထဲမှာ ရန်ကုန်ရောက်တော့ ဟိန်းဝေယံနဲ့ တွေ့ရတယ်တဲ့လေ..အိမ်မက်က နိုးတော့ ကြည့်လိုက်တာ တစ်ကားလုံး အိပ်တဲ့သူ အိပ် ထိုင်တဲ့သူထိုင်နဲ့ တိတ်နေတာ.နာနီမြလည်း အိပ်နေတာပဲ ယာ လည်း ပြန်အိပ်လိုက်သည်.။
“ကောင်လေး..ထ ထ..ရောက်ပြီ..”
“ဟင်..”
ယာ မျက်လုံးပွတ်ပြီး ကြည့်လိုက်တော့ နေတောင်မထွက်သေးဘူး..များလိုက်တဲ့လူတွေ..။
ယာ လည်း အိတ်တွေထုတ်တာ စောင့်ပြီး..နာနီ အိတ်ကို ပါ သယ်ပေးခဲ့လိုက်သည်..။
“ကောင်လေး.အိတ်တွေ သတိထားနော်..ပါသွားလိမ့်မယ်..”
“အင်း..”ယာ ညက ကြည့်တဲ့ တောသားဟိန်းဝေယံ ဒုက္ခ ရောက်တာ သတိရမိတော့ ကျောပိုး အိတ်တွေ ကို ရှေ့ဘက်ပို့ပြီး လွယ်လိုက်ရပေမဲ့ ဘေးက လူဖြတ်သွားတိုင်း...ယာ မှာ အိတ်ကို ပြန်စမ်းကြည့်ရသည်..။
“တက္ကစီ စီးသွားရတော့မယ်…ဟိုရောက်ရင် နားချိန်တောင်ရပါ့မလား မသိဘူး..”နာနီမြ ငြီးရင်း ကားကို လက်တန်းတားနေသည်..။
“တက် ကောင်လေး…မြန်မြန်..’
“အိတ်တွေနောက်ကိုပို့လေ..”
ယာ အောက်ပြန်ဆင်းပြီး ပစ္စည်းတွေ တင်ပေးပြီးမှ ကားထဲ ၀င်ထိုင်လိုက်ရသည်..။
“ကဲရောက်ပြီ ဆင်း..”
“ဟာ..ရုပ်ရှင်ထဲက အိမ်လိုပဲနော်..”
“အေးလေ..ဒီမှာ အိမ်လုံးချင်းနဲ့ နေနိုင်တာ ရှားတယ်..”
“နာနီ..ဒီမှာ ဒန်း..ယာ စီးလို့ရလား..”
“ရတယ်..ဒါပေမဲ့ သူတို့ ပြန်ရောက်ရင်တော့ နာနီ နားမှာပဲနေနာ်..”
“အင်း…”ယာ ကျောပိုးအိတ်ကို မြက်ခင်းပေါ်မှာ ချပြီး ဒန်းစီးနေခဲ့သည်..နာနီကတော့ သော့ဖွင့်ပြီး အိမ် ထဲ ၀င်သွားပြီ..။
“နာနီ..အိမ်သာ..ဘယ်မှာလည်း..”
“ဟိုဘက်ဘေး..အခန်းထဲကို သွား အလုပ်သမားတွေ နေတဲ့ အခန်း..အဲဒီ နောက်ဘက်မှာ”
ယာ ပြန်ပြေးထွက်လာခဲ့သည်..။ အလုပ်သမား အခန်းကို စောနက အထုတ်သွားပို့ရင်း ရောက်ခဲ့ပြီ..။
ယာ..အချိန်ရတာနဲ့ ဒန်းပြေးစီးနေပေမဲ့ စီးရတာ မ၀ပါဘူး..။
ယာ..ဒန်းစီးနေချိန်..ကား အဖြူ တစ်စီး..ခြံ၀မှာ တဂီဂီ အော်နေသည်..။
“ဟယ်..ပြန်လာကြပြီ..”နာနီက အိမ်ထဲက ပြေးထွက်လာပြီး ခြံတံခါး ဖွင့်ပေးတော့ ကားအဖြူက ခြံထဲ ၀င်လာသည်..။
“ကောင်လေး..လာ အိတ်တွေကူသယ်ပါအုံး..”
နာနီက ကားအမြီးထဲက ပစ္စည်းထုတ်တွေ ထုတ်ချနေသည်..။
“ဘေးကို ဘေးကို..နှင်း..ချောကလပ် တွေ အရည်ပျော်ကုန်ပြီလား မသိဘူး..”
ယာ ကို တိုက်ပြီး..ကားထဲ က အသဲပုံ ကော်ဘူးလေးကို အောက်ဆုံးက ဆွဲထုတ်နေသည်.။
“ဟူး…တော်ပါသေးရဲ့..”
ချပေးတဲ့ အထုတ်တွေကို ယာ က အိမ်ထဲသယ်နေရတာ လေး လိုက်တာ..။
ယာ အိမ် ထဲက တစ်ခေါက်ပြန်ထွက်လာတော့..ဒန်းစီးပြီး မုန့်စားနေတဲ့ မိန်းမ တစ်ယောက် ဆံပင်ကအနီရောင်နဲ့ မို့ ယာ အတွက် အထူးအဆန်းဖြစ်နေသည်..။
ဒါမျိုး မင်းသမိးတွေပဲ နီ တာလေ..။
ဂါ၀န် အဖြူနဲ့ ခေါင်းမှာလည်း..ဘီးကုတ် အဖြူ က အမွေးပွလေးတွေနဲ့…
ယာ အိတ်တွေ သယ်ပြီးတော့…နာနီ အနားမှာ ကပ်နေလိုက်သည်..။
“ဆရာ..သံပုရာရည်..လေး..’
“အင်း..ချခဲ့..”
“တီမြ…ဒီကလေးက ဘယ်သူလေးလည်း..”ခုံမှာ ခြေချိတ်ထိုင်နေတဲ့..မိန်းမကြီးကမေးငေါ့မေးသည်..။
“ဒီကောင်လေး..တီမြတို့ အိမ်အနားကပါ..ရန်ကုန်လိုက်ချင်တယ်ဆိုလို့..”
“တီမြ မြေးလား..”
“မဟုတ်ပါဘူး..အိမ်နီးနားချင်း တွေပါ..”
“ဒီမှာ အလုပ်လုပ်နိုင်လား..ကလေး ”
“ယာ က တစ်ပတ်နေပြီးပြန်မှာပါ..”
“ဟား..ဟား..သွပ်လှချည်လား..အေးလေ..တစ်ပတ်နေလည်း..အလကားတော့ ဘယ်ရမလည်း..အိမ်မှာ မာမီတို့ အလုပ်ကူ လုပ်ပေးပေါ့”
ယာ ခေါင်းငြိမ့်ပြလိုက်သည်..။
ယာ မီးဖိုခန်းမှာ ပန်းကန် ရေသုတ်နေတုန်း..မာမီဆိုသူက ၀င်လာပြီး..
“ကောင်လေး..နှင်း ကို ထမင်းစားဖို့..သွားခေါ်လိုက်..မာမီ ခေါ်တာပါ ထည့်ပြော..”
ယာ ထွက်လာခဲ့ပေမဲ့ နှင်းဆိုတာ ဘယ်သူမှန်းမသိပါ..။
ကားရေဆေးနေတဲ့ ဦးလေးကြီးဆီ သွားပြီ..
“နှင်းကို ထမင်းစားဖို့ခေါ်နေတယ်တဲ့…”
“ဟိုမှာ သွားခေါ်လိုက်..”
ဒန်းစီးနေတဲ့ မိန်းမ ကို လက်ညိုးထိုးပြနေပြန်သည်..။
“နှင်းကို ထမင်းစားဖို့ မာမီခေါ်နေတယ်..”
“ဟား..ဟား..ဘယ်သူ့ကို..”
“နှင်း…”
“ကလေးဖြစ်ပြီး..လူကြီးကို အဲလို ခေါ်ရလား..ဟဲ့ ကောင်လေးရဲ့..”
“မသိဘူးလေ..မာမီဆိုတဲ့ သူက ခေါ်ခိုင်းတာ..”
“မာမီ ဆိုတဲ့ သူ မဟုတ်ဘူး..မာမီလို့ခေါ်ရတယ်..”
“အင်း..မာမီ ခေါ်ခိုင်းတာ..”
“ဘယ်သူကို..”
“နှင်းကို..”
“ဟား..ဟား..”
ယာ စိတ်ညစ်လာပြီး ခေါင်းကုပ်နေလိုက်သည်..။
“မမ လို့ခေါ် ပါဟယ်..ငါ က နင်ထက် အသက်ကြီးတယ်…”
“အင်း..မမ ကို ထမင်းစားဖို့ ခေါ်နေတယ်”
“နင် နာမည် က ဘယ်လိုခေါ်လည်း..”
“ယာယာ..”
“လူလေးက ပိန်ပိန်သေးသေးလေး ဆိုတော့ ယာလေး လို့ခေါ်မယ်..”
“ယာလေး..ငါ က ဘယ်သူ ..”
“နှင်း မမ..”
“မမ ပဲ ခေါ်..”
“မမ..”
“လိမ်မာတယ်..”
ပြောပြီး အိမ်ထဲ၀င်သွားတော့..ယာ လည်း အခန်းဘက် ပြန်လာခဲ့ရသည်..။
“နှင်း…ကောင်လေး..က ဘယ်ကျန်ခဲ့ပြန်ပြီလည်း..”
“သူ ထမင်းစားပြီးပါပြီ ..”တီမြ ၀င်ပြောတော့ မာမီက ဘာမှ ဆက်မပြောပဲ ခုံ မှာ ထိုင်လိုက်သည်..။
“နှင်း ဘော်ဒါ မနေချင်ဘူး..”
“မရဘူး..နှင်း..အဲဒီက ဆရာတွေက စည်းကမ်းကြီးတယ်…”
“အဲဒါကြောင့်မို့ လို့ မသွားချင်တာပေါ့...”
“၁၀တန်းအောင်ဖို့ အရေးကြီး.တာ နှင်းသိတယ်နော်..”
နှင်း ဘာမှ မပြောပဲ ဇွန်းကိုင်လိုက်ရသည်…။
နှင်းထမင်းစားပြီးတော့ ပျင်းတာနဲ့ အပေါ်ထပ် ၀ရံတာ ထွက်လိုက်တော့ အောက်မှာ ဒန်းစီးနေတဲ့ ယာလေး ကို တွေ့သည်..။
“ယာလေး..”
နှင်း အပေါ်က ခေါ်လိုက်တော့ မော့ကြည့်သည်..။
“လာ..အပေါ်တက်လာခဲ့..”
“မလာချင်ဘူး..ဒန်းစီးချင်လို့..”
“လာပါအုံး..မမ ပြစရာရှိတယ်…အရုပ်တွေ..အများကြီး..”
ယာလေးက ဒန်းပေါ်က ခုန်ဆင်းပြီး ဆင်၀င်အောက် ၀င်ခါ ပျောက်သွားပြီ..။
“ကောင်လေး…ဘယ်လည်း..” လှေကားနားရောက်တော့ နာနီက မေးသည်..။
“အပေါ်ကိုလေ..”
“ဟယ်..မတက်ရပါဘူး..သွား အခန်းထဲ ပြန်..” ယာ နောက်ပြန်လှည့်တော့
“လွတ်လိုက်ပါ နှင်းခေါ်တာ..”
“အော်..အင်း..”မမ ပြောလိုက်တော့ ယာ လည်း လှေကားကို ပြေးတက်သွားလိုက်သည်..။
“ယာလေး..လာထိုင်…မမ ပျင်းနေလို့..”
“ဘာလုပ်တမ်းဆော့ မလို့လည်း..”
“အလှပြင်တိုင်းလေ…မမ ပြင်ပေးမယ်..”
“ဟာ..မပြင်ချင်ပါဘူး…ယာ က ယောင်္ကျားလေးလေ..’
“မမ က ပြင်ပေးချင်တာ ယာလေးက အသားဖြူတော့ ပြင်လိုက်ရင် တကယ် မိန်းကလေးနဲ့တူသွားမှာ…လှသွားမှာ မလိုချင်ဘူးလား..”
“မလှချင်ပါဘူး..လှချင်တာ မိန်းကလေးတဲ့ မေပြောဖူးတယ်..”
ဒီကောင်လေးမှ အလှမပြင်ပေးရရင် နှင်း က ဘာလုပ်ရမလည်း..ဟုတ်ပြီတောသားလေးကို သင်ပြရတော့မယ်..။
“မမ ဘန်ကောက်က ချောကလက် ၀ယ်လာတယ်..အရမ်းကောင်းတာပဲ စားမလား..ယာလေး..”
“နာနီမြ ဆူမလား မသိဘူး…”
“မဆူပါဘူး..မမ ကျွေးတာပဲဟာ..”
“အင်း..စားမယ်လေ..”
“ရော့..”
ယာ လက်ထဲ ရောက်လာတဲ့ အမဲရောင်လုံးလေးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်..။
“အား…ချဉ်လိုက်တာ…စပ်တယ်.”
“ဟားဟား…”နှင်းက လက်ခုတ်တီးပြီးရယ်နေရပေမဲ့ ယာက တော့ မျက်ရည်တွေပါ ကျကုန်ပြီ..။
“ဟယ်..တော်တော် စပ်သွားလား..မငိုနဲ့..မငိုနဲ့..ဒီမှာအချိုရည်သောက်လိုက်..”
ယာကို လှမ်းပေးတဲ့ အချိုရည်ဘူးကို ဆွဲယူပြီး အမြန် သောက်လိုက်ရသည်..။
“..မမ အရုပ်လည်း မကြည့်တော့ဘူး..”
ယာ ပြောပြီး လှေကားကနေ ပြေးဆင်းသွားတော့..
နှင်း ရယ်ကျန်ခဲ့သည်..။
နှင်း ဆီမှာလည်း..ယာလေး ကြည့်စရာ ဘာအရုပ်မှ မရှိပါဘူး..ညာခေါ်လိုက်တာ…
ကုတင်ပေါ်က မွေးပွ အရုပ်တွေကော ယာလေးက ကြိုက်ပါ့မလား.
သူငယ်ချင်းတွေနဲ့ ဝေးနေချိန်.ဒီကောင်လေးနဲ့ နေရတော့ အချိန်ကုန်မြန်ပြီး..မပျင်းတော့ဘူးပေါ့..။
နှင်း ကုတင်ပေါ်က အမွေးပွ ၀က်ဝံ ရုပ်ကြီးကို ဆွဲပြီး အောက်ဆင်းလာခဲ့သည်..။
“ယာလေး..ဒီမှာကြည့်စမ်း..”
“ဟင်..အရုပ်ကြီး..”
“ယာလေး..လိုချင်လား..”
“မမ က ပေးမှာလား..”
“အင်းပေါ့..ဒါပေမဲ့ မမ အလှပြင် ပေးတာခံရမယ်..”
“မကြိုက်ပါဘူး.. ယာ က သေနတ်တို့..သဘောင်္ တို့ လိုချင်တာ..”
နှင်း စိတ်ညစ်သွားသည်..ယာလေး လိုချင်တာတွေ နှင်း ဆီမှာမှ မရှိတာလေ..။
“ကောင်လေး..ဟိုနေ့ကသွားတဲ့ ဆိုင် မှတ်မိလား..”
“အင်း..”
“သွားပြီး..ကြိုးတစ်ခွေ ၀ယ်ပေးပါကွယ်..”
“အင်း..”ယာ က နာနီဆီက ပိုက်ဆံယူပြီး ထွက်လာချိန် မမက အနားရောက်လာသည်..။
“ယာလေး.. မမ အတွက်နေကြာစေ့ ၀ယ်လာပေးပါ..ဒီမှာ ပိုက်ဆံ..”
ယာ ပိုက်ဆံကို ဆုပ်ကိုင်ပြီး ကုန်စုံဆိုင်ကို အမြန်ပြေးလာခဲ့သည်.ဒန်းစီးတိုင်း တစ်ခါ မှ အကောင်း မစီးရသေးဘူး...။
“ပါပါ…နှင်း..ကစားကွင်းသွားချင်လို့..လိုက်ပို့”
“ဟင်…နှင်း ကစားကွင်း မသွားတော့တာ..၅တန်းကတည်းကလေ..”
“ခု သွားချင်တယ်..”
“ဟယ်..၁၀တန်းပဲရောက်နေပြီ..နှင်းရယ်..”
“မာမီက မလိုက်ချင်လို့လား..နေခဲ့လေ.နော်..ပါ..နော်..နော်..နော်...”
“အိုကေ..သွားတာပေါ့..’
“ယာလေးရေ… သွားမယ်လာ..”
ယာ ဒန်းစီးနေတုန်း..မမ နဲ့ သူ့အဖေက အိမ်ထဲက ထွက်လာတာ မမက ဂါ၀န်ဖြူလေးနဲ့..။
ယာကိုခေါ်နေလို့ အနားသွားတော့..ကားပေါ်တက်ခိုင်းသည်..။
“ယာလေး..ပျော်လား..”
“အင်း..”
“ဒီမှာ အကြွေစေ့..ထပ်ဆော့လေ..”
“တကယ်လား..ဒီတစ်ခါ နိုင်မှာ..” ယာပြောသလို တစ်ခါမှလည်း မနိုင်ပါ..ကုန်သွားတဲ့ ပိုက်ဆံက များနေပြီ နာနီသိရင် ဆူမှာစိုးလို့..အကြွေစေ့ သုံးပြားကို မမ ဆီ ပြန်ပေးလိုက်ရသည်..။
“အင့် မမ ဆော့..”
“ယာလေး..မဆော့တော့ဘူးလား..”
“မနိုင်ဘူးလေ..မမ ရအောင် ဆော့ပေး..”
“ယာလေးက ဘာလိုချင်တာလည်း..”
“မီးလင်းတဲ့ ဘောလုံးလေး..”
မမ ဆော့နေတာကို ဘေးက ကြည့်နေရတာ ယာ စိတ်မရှည်ပါဘူး..ခလုပ်ကို ဖြေးဖြေးဆီ ရွေ့နေတာ အကြာကြီး…။
“ဝိုး…ဝိုး…ဝိုး…ပါလာပြီ…”
“ရေး….”ယာ ပျော်လို့ ထခုန်နေပါ သည်..။
“နေအုံး..မနက်ဖြန် အလှပြင်ပေးမှာနော်..”ယာက ဘောလုံးလေး လှမ်းယူမလို့လက်ရွယ်ခဲ့ပေမဲ့ သေချာပြန်စဉ်းစားနေသည်..။
“ဟင့်အင်း..မယူတော့ဘူး..”
တော်တော် နားကောက်တဲ့ ကောင်လေး..နှင်း ပိုပြီး စည်းရုံးကြည့်ရတော့မည်..။
“ပါပါ..ဟိုဆိုင်မှာ..သဘောင်္လေးနဲ့ သေနတ်၀ယ်ပေးပါလား..”
“ဘာလုပ်ဖို့လည်း နှင်းကစားဖို့လား..ဟား..ဟား....”
“ဟုတ်ဘူး..ယာလေး..အတွက်..”
“အိုကေလေ..နှင်းသွား၀ယ်လိုက်..”
“ဒီမှာကြည့်စမ်း..”ယာ ကြည့်ပြီး လိုချင်ပေမဲ့ အလှတော့ မပြင်ချင်ပါ..။
“ဒါတွေ တကယ် အပြီးပေးမှာလား..”
“အင်းပေါ့..”
“ပြီးရော..”
“လာ ရေခဲမုန့်၀ယ်ကျွေးမယ်..”
“ယာလေး..အဲဒါ ရန်ကုန် က အမြင့်ဆုံးတိုက်ကြီးပဲ..”
“ဟုတ်လား..ဒါပေမဲ့ ယာ တို့ဆီက ဦးပေါက် အိမ်လောက်မမြင့်ဘူး..”
“ဟင်..တောင်ကြီးမှာ အဲလောက်မြင့်တာတွေ ရှီလား..ပါပါ..”
“ဟား..ဟား..ပါပါ တော့ မတွေ့မိပါဘူး..ကောင်းလေး..ကြွားနေတာမလား..”
“ပါပါ ယာ ကြွားတာ မဟုတ်ပါဘူး..ဦးပေါက် အိမ် က တော်ထိပ်မှာ..”
“ဟား..ဟား..””ခ်ခ်..”
“ပါပါ တိရိစ္ဆာန် ရုံ ပို့ပေးအုံးနော်..”
“ဘာမှ မရှိပါဘူး..နှင်းရယ်..”
“ယာလေးမှ မမြင်ဖူးတာ..”
“.မာမီ က ဘာလို့ နောက်ကျနေလည်း မေးရင် နှင်းပဲဖြေနော်..”
“အွန့်..”
“ယာလေး..ဘာလုပ်နေတာလည်း..”
“ငှက်တွေကြည့်နေတာလေ..”
“ကြည့်စရာ အများကြီး ကျန်သေးတယ်..မြန်မြန်န်လာ..”
“အင်း..”မမ က ယာ လက်ကို ဆွဲပြီး မြန်မြန်လျှောက်သည်..ယာ သေချာကြည့်ချင်တဲ့ ဒေါင်းကို..ခဏပဲကြည့်ရသည်..။
“ဟယ်..ကောင်လေး..ဒါတွေ..ဘယ်လို ရလာတာလည်း..”
“မမ ပေးတာလေ..”
“ဟယ် သူ့မိဘတွေ သိရဲ့လား..”
“သိပါတယ်..ပါပါ သိတယ်..”
“အေး..အေး..”
“မမ က တိရိစ္ဆာန်ရုံလည်း လိုက်ပြတယ်..မုန့်တွေလည်း ၀ယ်ကျွေးတယ်..ဂိမ်းဆော့တဲ့ နေရာလည်း ခေါ်သွားတယ်…ဟို ပိုက်ဆံ ထည့်ဆော့ရတာလေ.နာနီ သိတယ်မလား..”
“အင်း..”
“ပြီးတော့..ကားနဲ့ သွားတော့ တိုက်အမြင့်ကြီးလည်း တွေ့ရသေးတယ်..”
“နှင်းကို ကျေးဇူးတင်..မဟုတ်ရင် နင် အဲနေရာတွေ ရောက်မှာ မဟုတ်ဘူး..”
“အင်း..မမ က အလှပြင်ပေးတာ ခံရမယ်တဲ့..မနက်ဖြန်ပြင်ပေးမှာလေ..”
“သူတို့ပြောစကား နားထောင်နော်..”
ယာ ခေါင်းငြိမ့်လိုက်သည်..။
မနက် အိပ်ယာထပြီး နာနီ နားမှာ ကူလုပ်ပေးနေတာ..နေ့ခင်း ထမင်း စားချိန်တောင်ရောက်ပြီ…။
ဟူး..ယာ ဒီနေ့ တစ်နေ့ကုန် ဒန်းလည်း မစီးရဘူး..။
ဟင် မမ …
မမ က ၀က်ဝံရုပ်လေး ပိုက်ပြီး ကားပေါ်တက်သွားပြီ…ယာ ကို မတွေ့လို့ ဖြစ်မယ်..။
“နာနီ မမ တို့ ဘယ်သွားတာလည်း..”
“နင့် မမ ကို ဘော်ဒါဆောင်မှာ သွားအပ်တာလေ..”
“ဘော်ဒါဆောင်..”
“နှင်းက ခု ၁၀တန်းဆိုတော့ ဘော်ဒါ ဆောင်မှာ စာသင်ဖို့ ပို့ထားမှာ..ကျောင်းပိတ်မှ ပြန်လာရမယ်.လေ.”
“ဒါဆို မမ က ခုလည်း ပြန်မလာဘူးပေါ့..”
“မသိဘူးလေ..ပစ္စည်းတွေတော့ မယူသွားသေးပါဘူး..”
“အင်း..ယာ ကို မမ က အလှပြင်ကြည့်ချင်လို့တဲ့..”
“ကောင်လေး.မီးသွားခပ်အုံး..ဟင်းအိုးနွေးရမယ်..”
မိုးချူပ်တော့..ကားမီးရောင်ခြံ၀မှာတွေ့တာနဲ့ ယာ အခန်းထဲက ပြေးထွက်ပြီး ခြံ တံခါး ဖွင့်ပေးလိုက်သည်..။
“လိမ်မာတယ်..ကောင်လေး..” မာမီက ကားပေါ်က ဆင်းလာသည်...။ပြီးတော့ ပါပါ..ပြီးတော့ …ကားတံခါးပိတ်ပြီး..အိမ်ပေါ်တက်သွားကြပြီ..မမရော…။
ယာ စဉ်းစားနေချိန်…”ကောင်လေး..ရော့..နှင်း ပေးခိုင်းလိုက်တာ..”
ယာ ကို လှမ်းပေးတဲ့ ကော် ဘူးပန်းရောင် လေး..အထဲမှာ ငွေရောင်ရွေရောင်ပြားလေးတွေ..။
“နာနီ..ဒါဘာတွေလည်း..ဟင်..”
“ဟယ်..ဘယ်က ယူလာတာလည်း..ဒုက္ခပါပဲ..”
“မာမီပေးတာလေ..”
“အော်.တော်သေးတာပေါ့ ဒါတွေက စျေးကြီးတယ်..ချောကလက် လေ..အခွံခွာပြီး စားအုံးနော်..”
“နာနီ စားမလား..”
“မစားပါဘူး..သွားတွေကိုက်လို့..”
“အဲဒါဆို မဖောက်တော့ ဘူး..အိမ် ရောက်မှ ဖောက်တော့မယ်..”
“တော်တော် လည်တဲ့ ကလေး..”
.
“ကောင်လေး..ပြန်တော့မယ်ပေါ့..”
“အင်း..မာမီနဲ့ ပါပါ ကို ကျေးဇူးတင်ပါတယ်..”နာနီ က ပြောဖို့ သေချာမှာထားလို့ ယာ ပြန်ခါနီး အခန်း၀မှာ သွားနှုတ်ဆက်ရသည်..။
“လာ မာမီ..လိုက်ပို့မယ်..”
“နှင်း သိရင် ငိုအုံးမယ်..သူက ကောင်လေးကို အရမ်းခင်တာ.”
“ယာ လည်း မမကို ချစ်ပါတယ်. ”
“ဟား..ဟား..အင်း.. အဲဒါဆို ကောင်လေး ကြီးလာရင် တစ်လှည့်ပြန် စောင့်ရှောက်ပေါ့ကွယ်”
မာမီက ယာ လက်ကို ကိုင်ပြီး ခြံ၀က ကားထဲထိ သေချာပို့ပေးသည်..။
ကားဂိတ်ရောက်တော့ အိမ်အနားက ဦးရာကြီးဆီ နာနီမြက အပ်ပြီးပြန်သွားသည်..။
“ယာယာ..အထုတ် ကားထဲ မထည့်ဘူးလား..”
“ကျိုးကုန်မှာ စိုးလို့..”
“အော် ပြီးရော..ဘေးချထားလေ..”
ယာ အိတ်ကို ဖွင့်ကြည့်ပြီး ပျော်နေပါသည်…သေနတ်ရော..သဘောင်္ရော..ချောကလက်ဘူးရော မီးလင်း ဘောလုံးရောလေ..ကစားစရာ အများကြီး တစ်ခါမှ မရဖူးဘူး..
အိမ်ပြန်ရောက်ရင် ဇော်ဇော် တို့ ဆီ သွားပြ ရအုံးမယ်..။
အိတ်ကို ဘေးချပြီး
ရုပ်ရှင်ကြည့်တော့လည်း..ဟာသ မဟုတ်တော့ မရယ်ရဘူး..
ဟိန်းဝေယံက ငိုပဲနေတာပဲ…ယာလည်း စိတ်ညစ်လာတာနဲ့ အိတ်ကို ပြန်ပိုက်ပြီး အိပ်ပျော်သွားသည်..။......
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
တစ်နေ့တစ်ပိုင်းပဲ ရေးဖို့ အချိန်ရတာ..
ကိုယ်ကိုယ်ကို လည်း အားမရဘူး 💔
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အလုပ်နဲ့မို့ ရတဲ့ အချိန်လေးပြေးရေးရလို့ပါနော် 💪
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖
Love u all ❤
ESTÁS LEYENDO
မအတွက်
De Todo"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...