မ အတွက်
အပိုင်း (၅)
#မအတွက်စပိုက်ကာ“ကိုကြီး….သမီးကတော့ မဟုတ်တော့ဘူး..”
“ဘာဖြစ်လို့လည်း…ဘီ..”
“အခုလို ခပ်ရွယ်ရွယ် ကောင်လေးတစ်ယောက်နဲ့ ညဘက်လည်း သွားနေတာပဲ …”
“ဒီကောင်လေးက..ငယ်ငယ်ကတည်းက ဒီအိမ်မှာ နေဖူးတာပဲ..”
“.ဘီက နှင်း ရွဲ့ပြီး မှားမိမှာစိုးလို့ပါ.”
ဦးနိုင်..အိပ်ရာထဲ မှာ အိပ်မပျော်နိုင်တော့…။
“မမ ဘယ်သွားမလို့လည်း..” ယာ အပင်ရေလောင်းပြီး..ဒန်းပေါ်ထိုင်နေတုန်း မမ က အိမ်ထဲက ထွက်လာပြီး ကားဆီသွားပြီ..။ ယာ မမှီ မှာ စိုးလို့ အော်ပြီး ပြေးသွားလိုက်တော့ မမက ရပ်စောင့်သည်…။
“ဆိုင်လေ..ယာလေး မုန့်စားပြီးပြီလား..”
“အင်း..”
“လိုက်မလား..”
“မသိဘူးလေ..”
“ဟားဟား..လိုက်ရမှာပေါ့ လာ တက်..”
ယာ ကားပေါ်တက်ပြီးမှ ဖိနပ်နဲ့ ဘောင်းဘီ အောက်နားစတွေက ရေစိုပြီး သဲပေနေတာ သတိရသည်…။
“ဟာ..သွားပြီ..”
“..ဘာကျန်ခဲ့လို့လည်း..”
“ကားကို သဲတွေ ပေကုန်ပြီလေ..”ယာလေး ပြူးတူးပြာတာ ဖြစ်နေတာကို နောက်ချင်တာနဲ့..
“ယာလေး ကားပေါ်တက်တာ ဖိနပ်ချွတ်မတက်ဘူးလား..”
“အင်း…ကားစီးတာ ဖိနပ်ချွတ်စရာလိုလို့လား မမရဲ့..”
“လိုတာပေါ့..ဒါ မမကားလေ..” မမ ကားဆိုတော့ ယာ လည်း ဖိနပ်ချွတ်လိုက်ရသည်..။
“ဟင်…”,ဖိနပ်ချွတ်ပြီး မနေတက်တာနဲ့ ခြေထောက်ကို ခုံပေါ်တင်ထိုင်လိုက်တော့..
“ဟာ ပို ဆိုးကုန်ပါပြီ..မမရယ်…” ငြီးတွားရှုံမဲ့နေတဲ့ ကောင်လေးကို ကြည့်ပြီး နှင်း အော်ရယ်မိသည်..။
“ဖိနပ် ပြန်စီးထား..”
“အင်း..”
“ယာလေး..ကားမောင်း မသင် ချင်ဘူးလား..”
“ယာ ကားမောင်းလည်း အသုံး မ၀င်ဘူးလေ..အိမ်ပြန်ရင်..ခြံစိုက်တာပဲ လုပ်ရမှာ..”
နှင်း..ကားမောင်းနေရင်း အတွေးစပျက်သွားသည်..ယာလေး က ဒီတစ်ခါလည်း ပြန်အုံးမှာလား.။
“ပါပါ ကို ယာလေး ကားမောင်းပေးတယ် ပြောထားရတာလေ..မမ နဲ့သွားချိန် မမောင်းရင်တောင်..ပါပါ မောင်းခိုင်းရင် မောင်းတက်နေတော့ ကောင်းတာပေါ့လို့..”
“ယာ သင်ထားလိုက်ပါမယ်..”
“လိမ်မာတယ်..ငယ်ငယ်တုန်းကတော့ စကား နားမထောင်ဘူး..” မမ အထင်မှားတဲ့ အတွေးတွေပဲ..ယာ ငယ်ငယ် ကတည်းက..
“ငယ်ငယ် ကတည်းက နားထောင်တာပါ”
“ဟုတ်လား..ပြောပါအုံး..ဘာတွေ နားထောင်ခဲ့တာလည်း..”
“မမ အချဉ်ပေါင်း ၀ယ်ခိုင်းတာ လမ်းမသိပဲ ခိုးထွက်သွားမိလို့ နာနီမြ ခေါင်းခေါက်တာ ခံရတယ်.
ဟိုဘက် ခြံထဲ ကြက်တောင်ကျ သွားလို့ သွားကောက်ခိုင်းတာ ခွေးလိုက်ခံရတာလည်း..ယာပဲ.
နာနီမြ မှာထားရဲ့သားနဲ့ မမ ကို စက်ဘီးခိုးထုတ်ပေးလို့ အရိုက်ခံရသေးတယ်..
မမခိုင်းတာတွေ လုပ်ပေးတိုင်း..ယာ အရိုက်ခံ အဆူခံရတယ်”
“ဟား..ဟား…ယာလေး…က နာတာတွေ အကုန်မှတ်ထားတာပဲ..အရိုက်ခံရမှာ သိရင် ဘာလို့ လုပ်ပေးသေးလည်း..”
“မမ စိတ်ဆိုးမှာ ကြောက်လို့ပေါ့..မမ စိတ်ဆိုးရင် အရမ်းကြောက်ဖို့ကောင်းတာပဲ..ယာ ဆို အဲဒီ ညက အိမ်သာထဲ ၀င်ငိုနေတာ..အိမ်ကိုပြန်ပြေးချင်တာ မပြောပါနဲ့တော့ ကြောက်ဖို့ တကယ်ကောင်းတယ်..” နှင်း တော့ ယာ ပြောတာနားထောင်နေပေမဲ့ မမှတ်မိတော့ပါဘူး..ဘာကို ဒီလောက် စိတ်ဆိုးပြမိလို့လည်း…။
ယာ ရှေ့က မီးပွိုင့် ကို ငေးပြီး..ငယ်ငယ် က အကြောင်း စဉ်းစားနေရင်း..ချွေးပြန်လာသည်..။
“မမ “ယာ ညနေ ပိုင်းကတည်းက မမ ကိုမတွေ့လို့ အပေါ်ထပ်ကို ပြေးတက်ပြီး မမ အခန်းထဲ ၀င်ပြီး ခေါ်လိုက်သည်..။
“သွား…ထွက်သွား..”ယာ ကိုယ်လုံးထက် ကြီးတဲ့ အရုပ်ကြီးက ယာကိုယ်ပေါ်ကျလာတော့ ယာ ထိုင်လျက်ပြုတ်ကျသွားသည်..။
မမ ကို ကြည့်တော့ ကြောက်စရာ မျက်လုံးတွေ နဲ့ ကြည့်နေတာ..နောက် ထပ် အရုပ်တစ်ရုပ် နဲ့ လည်း ထပ်ပစ်သည်..။
ယာ ကြောက်လို့ အောက်ထပ် ပြန်ပြေးဆင်းလာပြီး..အခန်းထဲ ၀င်နေလိုက်သည်..။
“ကောင်လေး..ထမင်းစားမယ်လေ..”
“မစားချင်ဘူး..အိမ်ပြန်ချင်တယ်..နာနီမြ..”
“အိမ် သတ်ိရနေပြီလား..၂ရက်နေလို့ ရာကြီး ရောက်လာရင် ပြန်မယ်လေ..နော်..တိတ် တိတ် မငိုနဲ့…”
အိပ်မပျော်ခင်အထိ ယာ ငိုနေမိသည်…။နာနီ ဆူမှာစိုးလို့ အိမ်သာထဲ ပါးစပ်ပိတ်ပြီး ငိုနေခဲ့တာလေ..။
ဟူး…ဒီနေ့ အထိ မမ စိတ်ဆိုးမှာ ယာ ကြောက်နေဆဲပါ....။
“ရောက်ပြီ…လမ်းလျှောက်လာရင်တောင် ရောက်တာကြာပေါ့..”
နှင်း ဆိုင် တံခါးဖွင့် ၀င်တော့ ဘေးမှာ ယာလေး က ကလေး တစ်ယောက်လို လက်နောက်ပစ် ရပ်စောင့်နေသည်..။
“မမ က အလှပြင်ဆိုင် ဖွင့်ထားတာပဲ..”
“အင်း..”
မမ မှာ လိုက်ဖက်တဲ့ အလုပ်ရှိရဲ့နဲ့ ဘာလို့ ပွဲရုံ အလုပ်လုပ်ချင်နေတာလည်း..ယာ လည်း မသိပါ..။
“နှင်း..အစောကြီးပါလား..အယ်..အဆင်လေးတော့..ခ်ခ်..”
“မိုမို ကတော့ စပါတော့မယ်..”
“မောင်လေး..အပူလား အအေးလား…”
ယာလေး က နှင်းကို ပြန်ကြည့်နေတော့ နှင်း ခေါင်းခါ ပြလိုက်သည်..။
“မသောက်တော့ဘူး…ကျွန်တော်က မမ နဲ့ တူတူလာတာပါ..”
“အို..မမ တဲ့ ပိုင်ရှင်ရှိပြီးသားပေါ့..ဟွန့် ရေတောင် အလကားမရဘူး..မှတ်..”
ဒီမိန်းမ ပြောသွားတဲ့ စကားကြောင့် ယာ မျက်နှာတွေ ပူလိုက်တာ..မမ စိတ်ဆိုးသွားရင်တော့ ဒုက္ခ ပါပဲ…။
“ယာလေး..ခဏစောင့်နော်..ပြီးရင် အဆောင်လိုက်ပို့ပေးမယ်..”
“ရပါတယ်..ယာ ကိုယ့်ဟာကို သွားလိုက်မယ်..”
“ရှည်ပြန်ပြီ..”
မမ က မိန်းမ တစ်ယောက် ကို မိတ်ကပ်လိမ်းပေးရင်း..ပြောတော့ ယာ ပါးစပ်ပိတ် ထားလိုက်ရသည်..။
“ပြီးပြီ…သွားမယ်ထ..”
ယာ နှစ်နာရီ လောက် ထိုင်စောင့်နေရင်း မှေးနေတာ..မမ လာခေါ်မှ မျက်လုံးဖွင့် မိတော့သည်..။
နှင်းကားမောင်းလာရင်း လမ်းဘေးတွေမှာ လက်တွဲ ပြီးရပ်နေတဲ့ အတွဲတွေကိုတွေ့တော့..ယာလေးမှာရော အတွဲရှိနေပြီလား..မေးမလို့ လုပ်ပြီးမှ မမေးဖြစ်တော့ပါဘူး..ကိုယ်နဲ့ မှ မဆိုင်တာပဲ..။
“ကလင်...ကလင်..”
“ဟလို..”
“နှင်းရေ….ကို..ဆီမှာ တစ်ယောက်ရပြီ..ဒါပေမဲ့ ပေါက်ဖော် ကွ..တရုတ်စကား တက်တဲ့ သူတစ်ယောက်တော့ လိုမယ်..ထင်တယ်..”
“နှင်းလည်း မတက်ဘူး..ကို သီဟပဲ အဆင်ပြေတဲ့ သူ တစ်ယောက်ရှာလိုက်လေ..”
“အိုကေ…၁၁ ခွဲလောက် လာခဲ့ လိုက်နော်..”
စပီကာ ဖွင့်ပြောတော့ ယာ အကုန်ကြားနေရသည်..။
တစ်ဖက်က ဖုန်းချသွားတော့ မမ က သက်ပြင်းချပြန်ပြီ..ဒီလို ပင်ပန်းနေတာ ကို မမ ဘာလို့ဆက်လုပ်ချင်နေတာလည်း..မမရယ်..။
“ယာလေး..ရေ..အဆောင်ကိုတော့..ပြီးမှ လိုက်ပို့တော့မယ်နော်..”
“ရပါတယ်…ယာ အိတ်က အောင်အောင် ယူလာခိုင်းလည်း ရတာပဲလေ..”
“အင်း..အဲလိုပဲ လုပ်ရတော့မယ် ထင်တယ်..”
.
ပွဲစား က မြို့ထဲက အအေးဆိုင်မှာ ချိန်းတော့ ယာ စိတ်ထဲ တစ်မျိုးဖြစ်မိသည်…။
“နှင်း..လာလေ..အော် အဖော်ပါလာတာကိုး..ထိုင်..”
ယာ ကိုတွေ့တော့ မျက်နှာ ပျက်သွားပေမဲ့ ပြန်ဖျောက်လိုက်တာသိသည်..။
“နှင်း..မောင်လေး…ယာယာ ..”
“အော်..ကျွန်တော် က သီဟ ပါ.ထိုင်လေ.”
“ဘာသာပြန်ပေးလိမ့်မယ်..”
လူတစ်ယောက်က ဟိုဘက် ကပြောတာနဲ့ မမ က ပြောတာကို ဘာသာပြန်ပေးသည်..။
ယာ စိတ်ထဲတော့ မသင်္ကာပါ..ဒါပေမဲ့ မမ က ဒီလူကို ယုံတာပဲလေ..ယာ ဘာမှ မပြောပဲနေလိုက်သည်..။
“ကျေးဇူးပဲ…ကိုသီဟ..”မမ က ကိုသီဟ ဆိုသူ ကို ကျေးဇူးတင်ကြောင်း ပြောနေစဉ်..ယာ က ဧည့်သည် နား သွားပြီး..လိပ်စာကဒ် တောင်းလိုက်တာ ဘယ်သူမှ မသိပါ…။
“သွားမယ်လေ..ယာလေး..”
“အင်း..’
ယာ ကားဆီမှာ အရင်သွားစောင့်နေလိုက်သည်..။
မမ က ကားမောင်းနေရင်း..အပျော်တွေ ပြည့်နေတာ သိသာ သည်..။
မမ မျက်နှာလေးက အပြုံးတွေနဲ့ ကြည်လင်နေသည်..။
“မမ ပျော်နေတာလား..”
‘အင်းပေါ့..”
“ဘာဖြစ်လို့လည်း..”
“မမ ၀ယ်တာ ၁၉ အခု ၂၁ တောင်ပြန်ရပြီလေ..ဟား..ဟား..ပါပါ တော့ အံသြနေမှာပဲ..”
“မမ ပွဲစားကို ပေးရအုံးမလား.”
“အင်း..သူကမပေးဖို့ ပြောပေမဲ့ မမ တော့ ပေးရမှာပေါ့..”
ယာပြုံးရင်း ရှေ့ကို ပဲ ကြည့်နေလိုက်သည်…။
စိတ်ထဲမှာ သိထားတာတွေ ပြောလိုက်ရင် ကောင်းမလား..ပြောလိုက်မှ မမ ပေါက်ကွဲပြီး ပြသာနာ သွားရှာရင် ဘယ်လို လုပ်မလည်း..နေပါစေတော့ နောက်တစ်ခါပေါ့လေ..ယာ သူများက ၄နဲ့ စားသွားမှာ သိတော့ မကျေနပ်ချင်ပေမဲ့ စိတ်လျော့ လိုက်ရသည်..။
“ဘယ်လောက်ထုတ်မှာလည်း..”
“လောလောဆယ်၂၀၀ လောက်ပဲ ယူမယ်တဲ့..ဘာပဲ ဖြစ်ဖြစ်သူများတွေ ဆို ရောင်းမထွက်လို့ စိတ်ညစ်နေကြတာ..ကို သီဟက စေတနာထား လုပ်ပေးတာ ကျေးဇူးတင်ရမယ်..”
“အင်း..” မမ အရမ်းပျော်နေတာ..ယာ မဖျက်စီးချင်ပါ..။
‘ပါပါ ဆီ ဖုန်းဆက်ရအုံးမယ်..”
“တီ..တီ..တီ…ပါပါ လား..နှင်း ကုန် ၂၀၀ လောက်ထုတ်ရမယ်..”
“ညနေ ထုတ်မှာ..ကို သီဟ ဖုန်းဆက်လိမ့်မယ်..အင်း..အိမ်ရောက်မှ ပြောတော့မယ်နော်..”
မမ က ဖုန်းချပြီး ပြုံးနေပြန်သည်..။
“ကဲ အခု ဘယ်သွားချင်လည်း..”
“မမ က ဘယ်သွားချင်လို့လည်း..”
“အယ်..ပြန်မေးနေတယ်..ယာလေး ဘယ်သွားချင်လည်း မေးတာလေ..”
“မသိတော့ဘူး..”
မမ က ဘေးကို လှည့်ကြည့်တော့..
“ရှေ့ကို ကြည့်ပါ မမ ရဲ့..”
“ဟား..ဟား…ဟုတ်ကဲ့ပါ...အိမ် ကိုပဲ ပြန်တော့မယ်..”
.
အိမ်ရောက်တော့..ပါပါ က ဧည့်ခန်းမှာရောက်နေပြီ..ဒီနေ့ အိမ်ပြန်တာ စောလိုက်တာ…။
“နှင်း…”
“ဟင်..”
ယာ မမ နောက်ကလိုက်၀င်မလို့ လုပ်ရင်း ခြေလှမ်းတွေတန့် သွားသည်…။
မမတော့ ဆူခံရတော့မလား..ဒီ တစ်ခါရော ယာ ဘယ်လို ကာ ပြောပေးရအုံးမလည်း..တွေးရင်း ချွေးပြန်လာသည်..မမ ကတော့ ခုံကို တန်းသွားပြီး ထိုင်လိုက်သည်..။
“နှင်း..နဲ့ သီဟ သိတာ ဘယ်လောက်ကြာပြီလည်း..ပါပါ ဘာလို့ မသိတာလည်း..ဒီကောင် စရိုက်ကိုကော နှင်းသိရဲ့လား..”
ပုံမှန်ဆို နှင်း ပြန်ဖြေ ဖြစ်မှာ မဟုတ်ပေမဲ့ ပါပါ မျက်နှာကြီးက တည်လွန်းနေတော့ မနေသာတော့..
“သိတာ မကြာသေးပါဘူး..ပါပါ ကိုပြောဖို့ မတွေ့ဖြစ်လို့ပါ..သူက လူကောင်းပါ အခုတောင် နှင်း ကုန်တွေ ကို သူ ဆက်ပေးလို့..ရောင်း..”
“တော်စမ်း…အခုပြော ဘယ်သူနဲ့ သွားတာလည်း..”
“ယာလေး..နဲ့…”
“ဘယ်မှာလည်း..ခေါ်လိုက်..’
ယာ အ၀မှာ ရပ်နေတာကြာပြီ..ခေါ်မဲ့ အချိန်ကို စောင့်နေတာပဲလေ.မစဉ်းစားတော့ အမှန်တိုင်းဖြေလိုက်မယ်လို့တွေးရင်း အိမ် ထဲ ၀င်လိုက်သည်..။
“မင်း လိုက်သွားလား..”
ယာ မျက်နှာချင်းဆိုင် အကြည့်ဆုံပြီးမှ ခေါင်းငြိမ့်ပြမိသည်…။
“နောက်တစ်ခါ သီဟ နဲ့ အဆက်အသွယ် မလုပ်စေနဲ့..”
ယာ ပြန်ထွက်လာချိန် မမ ဘက် တစ်ချက်လှမ်းကြည့်မိတော့..။
မမ က ပုံမှန်အတိုင်း ထိုင်နေသည်..ဟူး..တော်ပါသေးရဲ့…။
.
နှင်း မနက် အိပ်ရာ နိုးကတည်းက ခေါင်းထဲမှာ အစီအစဉ် တစ်ခုရောက်နေတာလေ..။
“နိုင်ဦး..လာအုံး…ယာလေး..ရော..”
“မီးဖိုခန်းမှာပါ..”
“အိုး..နေအုံး..နှင်း သွားခေါ်လိုက်မယ်..”
နှင်း မီးဖိုခန်း အ၀ ကလှမ်းကြည့်တော့ ပန်းကန်တွေဆေးနေတဲ့ ယာလေး ကို တွေ့သည်..။
ငယ်ယ်တုန်းက အတိုင်းပဲ ရှာချင်ရင် ခြံထဲ နဲ့ မီးဖိုချောင်တစ်နေရာရာ မှာပဲရှိနေတက်တာ..အခု လည်း ဒီတိုင်း..။
“ယာလေး..စကားနည်းနည်း ပြောလို့ ရမလား..”
“ဟင်..မမ…” လက်ကိုရေဆေးပြီး မစင်ခင်ပဲ လက်သုတ်ပြီး အပြေးတစ်ပိုင်းထွက်လာခဲ့လိုက်သည်..။
“ဘာဖြစ်လို့လည်း..မမ..”
“လိုက်ခဲ့..”ယာ စဉ်းစားရင်း မမ နောက်က လိုက်လာရတာ..သီဟ ဆီ သွားရင်..ပါပါ ကို ဖုန်းဆက်ပြော ရမလား..ဖုန်းဆက်ရင်လည်း မမ က စိတ်ဆိုးအုံးမယ်..ကျွတ်..။
“နိုင်ဦး..ယာလေးကို ကားမောင်းသင်ပေးလိုက်..၃ရက်နဲ့ အတက် ဖြစ်နေတာ လိုချင်တယ်..”
“ခင်ဗျာ..ဟို…”
“ဘာလည်း..”
“ဘာမှ မဟုတ်တော့ဘူး…ဟုတ့်ကဲ့..သင်ပေးလိုက်ပါမယ်..”
“ပြီးရော..ယာလေး..သူနဲ့ လိုက်သွား..”
“အခုလား..မမ..”
“အင်း…ပေါ့…” မမ က ပြောပြီး အိမ် ထဲပြန်၀င်သွားပြီ..
နိုင်ဦးကို ကြည့်တော့ မြေပေါ်မှာ ငုတ်တုတ် ထိုင်ချနေတာ..စိတ်ညစ်နေမှန်း သိသာ တဲ့ မျက်နှာနဲ့…။
“လာ သွားမယ်..ကွာ..တစ်အိမ်လုံး..အရစ်..”
“မင်းကို ဒီမှာ ကားမောင်းသင်ပေး ရမှာက ပင်လယ်ထဲ ဆားရှာ ရသလိုပါပဲကွာ..”
“ဟမ်…ဘယ်လိုကြီးလည်း..”
“ပင်လယ်တစ်ခုလုံးက ဆားလေ..ဒါပေမဲ့ စားလို့ ရတဲ့ ဆားမဟုတ်ဘူး..ကွ..”
“ဟား..ဟား..ရပါပြီ..ယာ မန်းလေးမှာလည်း ကားမောင်းဖူးပါတယ်..လိုင်စင်လည်း..ရပြီးသား..”
“ဟေ..ဟုတ်လား..တော်သေးတာပေါ့ကွာ..”
“ဒါပေမဲ့ ရန်ကုန်မှာ တစ်ခါ မှ မမောင်းဖူးဘူး..”
“ဒါ က လွယ်ပါတယ်ကွာ..လာ ခု မောင်းကြည့် ငါ ဘေးက ကြည့်ပေး မယ်..”
ယာ အတွက် မလွယ်ပေမဲ့ မောင်းရင်းနဲ့ ရဲလာတော့ အဆင်ပြေသွားသည်..။
၂နာရီလောက်ပတ်မောင်းပြီးတော့ အိမ်ကို ယာ ကိုယ်တိုင်ပဲ မောင်းပြီး ပြန်လာလိုက်သည်…။
“ရလောက်ပြီလား..ဆရာ..”
“အေး..ဒါပေမဲ့..အမတော် က ဘယ်လို အမိန့်ချမလည်း မသိသေးဘူး..”
“ရပါတယ်…ယာ ကြည့်ပြောလိုက်မယ်..”
“အေး.အေး..တပည့်လိမ်မာတော့ ဆရာ အာပတ်လွတ်တာပေါ့ကွာ..”
ကိုနိုင်ဦး က အခန်းထဲ ၀င်သွားတော့ ယာလည်း
ရေသောက်ချင်တာနဲ့ လိုက်သွား လိုက်သည်..။
“ကိုနိုင်ဦး..က ရော နေတာကြာပြီလား..”
“၄နှစ်လောက် ရှိပြီ..”
“မမ က အရင်ကမဆိုးဘူးမလား..”
“ဟာ ဆိုးတာပေါ့…အလိုလိုက်လို့ ပျက်စီးနေတာ..သူအရွယ်ကိုလည်း ကြည့်အုံးလေ..အဟိုင်းဖြစ်နေပြီ..ဒါလည်း တစ်ခါတစ်ခါ ဘာမှ မစဉ်းစားပဲလုပ်နေတာ..ဆရာကြီး..က စိတ်ပူလည်း ပူချင်စရာကြီးကိုးကွ..အဖေ အလိုလိုက်သလောက် မလိမ်မာပါဘူးကွာ..”
“မမ က အရင်က အဲလို မဟုတ်ပါဘူး..”ယာ တွေးရင်းပြောလိုက်မိသည်..။
“အရင်က ဘယ်လိုလည်းတော့ မသိပါဘူး..ဆိုးလွန်းလို့..အခုတော့ ပျိုဟိုင်းကြီး ဖြစ်မှာ မြင်ယောင်သေးတယ်..”
“ဟား..ဟား..ကိုနိုင်ဦးကလည်း..မမ က ဒီလောက်လှတာ..”
“အောင်မလေးကွာ..လှတာက အသက်ကြီးလာလေ သိလာလေ ဖြစ်မှာ အပြောကလည်းဆိုး..ဒေါသလေးပါ နောက်က ကပ်လိုက်တော့…စိတ်ကူးတောင်..ယဉ်မဲ့ လူ မရှိဘူး..ဟေ့ကောင်..”
“ဟား..ဟား..မမ ကို ပြန်ပြောလိုက်မယ်..” ယာ အတည်လုပ်ပြီး ပြောလိုက်တော့..ကိုနိုင်ဦးက ပျာပျာသလဲ..
“ကိုယ်တော်လေး..မလုပ်ပါနဲ့..ဒီတိုင်းတောင်..အမတော်က ငါ့ဆို အမြင်ကြည်တာ မဟုတ်ဘူး..”
“နိုင်ဦး…”
“ငင့် သေပြီ…”အခန်းရှေ့နားက ထွက်လာတဲ့ မမ အသံကြောင့် ကိုနိုင်ဦး ပဲ မဟုတ်..ယာ ပါ လန့်သွားသည်..။
မမ ကြားသွားလား…ကျွတ်..ဒီပါးစပ် ကတော့…။
“နှင်း..ဘာခိုင်းမလို့လည်း..”
“နင်ကို ကားမောင်းသင်ခိုင်းတာ..ဘာလို့ ပြန်လာလည်း.ယာရော...”
“နေပူလို့ပါ မမ..”
“ဟင်…ယာလေး လည်း ရောက်နေပြီလား..”
အခန်းထဲက ယာလေး ထွက်လာတော့ နိုင်ဦးကို အပြစ်ပြောတာ မှား မှန်းသိသွားပြီ..နိုင်ဦးက ပါပါ လူဆိုတော့ ယာလေး ကို ကြည့်မရလို့ အဆောင် ပြန်ပို့ ခဲ့ပြီ ထင်မိတာ…။
“မမ ဘာခိုင်းစရာ ရှီလို့လည်း..”
“..သွားစရာ ရှိလို့”
ယာ မမ ကားနားမှာ ပြေးစောင့်နေလိုက်သည်..။ ကိုနိုင်ဦး ဆူခံရလည်း ကိုယ် မပါ ဖို့ အဓိက မလား..မမ ကိုကြောက်လို့ သစ္စာ တရားဆိုတာလည်း မထားနိုင်တော့ပါဘူး…။
“တက်လေ…ယာလေး..”
“အင်း..”မမ က ကားပေါ်ရောက်ပြီး ခေါ်လိုက်တော့မှ.. ယာ ကားပေါ်တက်ရဲသည်..။
“မမ..ဘယ်ကိုလည်း..” ယာ စကားရှာပြီး စပြောလိုက်သည်…။
“ဆိုင်ကိုလေ..ယာလေး အိတ်သွားယူပြီးပြီလား..” မမ က ဒီတိုင်းပေါ့ပေါ့ပါးပါး ပြန်ပြောတော့မှ ယာ သက်ပြင်းခိုးချရသည်..တော်ပါသေးရဲ့ …။
“မယူရသေးဘူး..အောင်အောင် ကို ဖုန်းဆက်ထားတယ်..ပြန်မခေါ်သေးဘူး..”
“ဖုန်းမကိုင်ဘူးလား..နံပါတ်မသိလို့နေမယ်..”
“ဖုန်းကိုင်ပါတယ်…ယာ က ဘေလ် ကုန်မှာစိုးလို့ ပြန်ခေါ်ခိုင်းထားတာ..”
“အယ်…ဘာလို့လည်း..ဘေလ် မရှိတော့ဘူးလား..”
“မမ က မမ နဲ့ ပြောဖို့ ၀ယ်ပေးထားတာ..ယာ တစ်ခြားနေရာမှာ မသုံးချင်လို့..”
“အမလေး…ယာလေး..ရယ်…ဒါတွေ က အစ လိုက်တွက်နေရလား..မမ က ယာလေး လက်မခံမှာ စိုးလို့ ဒီတိုင်း ပြောပေးလိုက်ရတာ..ယာ လေး ဖုန်း ဖြစ်သွားပြီ..”
“ယာ မလိုချင်ဘူးလို့ မမ ကို ပြောသားပဲ..”
“ယာလေး…”မမ ရဲ့ ခပ်ဆပ်ဆပ် ခေါ်လိုက်တဲ့ အသံကြောင့် ယာ လန့်သွားသည်..။
ယာ လည်း ဘာမှ စောဒက မတက်တော့ သလို မမ လည်း ဘာမှ ထပ်မပြောတော့ပါဘူး…။
ဒါပေမဲ့ သွားနေတဲ့..လမ်းက လွဲနေတာတော့ ယာ သတိထားမိသည်..။
မပြောရဲပေမဲ့ ကြိုးစားပြီး အားတင်း ပြောရတော့မည်..။
“မမ ပွဲရုံ ကိုလား..”
“အင်း..”
“ဟာ..”ယာ ခေါင်းကြီးသွားသည်..မသေချာသေးပါဘူး..
“ဘယ်သူနဲ့ တွေ့မလို့လည်း..ဟင်..”
“ကိုသီဟ နဲ့..ပါပါ ကို ပြန်မပြောနဲ့..”
ယာ ဘယ်လို လုပ်ရမလည်း…မမ ကိုလည်း မတားရဲ..ပါပါ ကလည်း သေချာ အမိန့်ပေးထားတာ..။
ယာ ခေါင်းထဲ အပြေး အလွှားစဉ်းစားရင်း..လိပ်စာ ကဒ်ကို သတိရသည်..။
“မမ ပွဲခ ပေးနေရတာ ထက် တိုက်ရိုက် ရောင်း ရင် မကောင်းဘူးလား..”
“အို..မေးရက်လိုက်တာ..ကောင်းတာပေါ့..ပွဲစား ကြားခံနေတာ မမ လည်း မကြိုက်ပါဘူး..”
“ဒါဆို ယာ အဆက်အသွယ်ရှာပေးမယ်..မမ ကိုသီဟနဲ့ မတွေ့နဲ့..”
မမ က ကားမောင်းရင်း..ယာ ဘက်လှည့်ကြည့်ပြီး..ရှေ့ပြန်လှည့်ခါ..
“ဟား..ဟား..ယာလေးက ပါပါ ဆူမှာ ကြောက်လို့လား..”
“အင်း..ယာ အခု မမ နဲ့ ပါပါ ကြား ပိတ်မိနေပြီလေ..”
“ဟား..ဟား…ယာလေး..ပြောသလို လွယ်မှာ မဟုတ်ဘူး..မမ တောင်မှ ကို သီဟ ဖုန်းနံပါတ်လေး ရဖို့ ၂ပါတ်ကြာတာ..အခုလို မိန်း ကို ရဖို့ ဆိုတာ ပိုတောင် ခက်အုံးမယ်..”
“မမ ကုန်တွေက ထွက်ဖို့ အရေးကြီးလို့လား..ယာ ကို အချိန် ၁ပါတ်လောက်ပဲ ပေးပါ..ယာ ရအောင်လုပ်ပေးမယ်..ဒီ အတော အတွင်း မမ ကိုသီဟနဲ့ အဆက်အသွယ်မလုပ်ရဘူး..”
နှင်း..နားထောင်နေရင်း..ယာလေး ဘက်က သေချာနေမှန်း စကားပြောပုံ ကြားတာနဲ့ သဘောပေါက်နေပါသည်..။
ဒါပေမဲ့ နားမလည်နိုင်တာ..ယာလေး က အိမ် ရောက်တာ တစ်ပတ်ကျော်ပဲရှိသေးတာ..အခုလို အလုပ်ကိစ္စ သိဖို့ ဘယ်လို ဖြစ်နိုင်မှာလည်း..။
တွေးနေရင်း ဖုန်း၀င်လာတော့ နှင်း စပီကာဖွင့်ပြောလိုက်သည်..။
“ဟလို…”
“နှင်းဆီနက်..ကိုယ်ပါ..”
“ပြော..ဂျွန်မိုး..”
“ဟဲဟဲ..လွမ်းလို့..” တစ်ဖက်က ပြောလိုက်တဲ့ ယောက်င်္ကျားသံကြောင့် ယာ နှလုံးခုန်နှုန်း မြန်လာသည်..။
“နင် လွမ်းတိုင်း ဖုန်းခေါ်ရအောင်..ငါ က နင့်ရည်စားလား..”
“မဟုတ်ပေမဲ့..Ex လေကွာ..”
“အခုဘာဖြစ်လို့ ဆက်တာလည်း မြန်မြန်ပြော ငါမအားဘူး..”
“ကိုယ် အဆင်မပြေဘူးကွာ..စိတ်တွေက နှင်းဆီမှာပဲ ရောက်နေတယ်…တွေ့ချင်တယ်..”
“ငါ အဆင်ပြေတယ်…အဆင်မပြေတာနင်ဆိုတော့ အဆင်ပြေအောင် ကိုယ့်ဟာကို ကြိုးစားနေ..”
“နှင်း..ကိုယ် သေတော့မယ်..မင်း အရမ်းရက်စက်တယ်ကွာ..”
“ဟား..ဟား..အသစ်လေးရှိရင် ကောင်းမှာပဲလို့ တမ်းတတာ ဘယ်ပါးစပ်လည်း..”
“ဒါလေးပြောတာနဲ့ လမ်းခွဲစကားပြောတာ မင်းလွန်လွန်းတယ်..”
“ဂျွန်မိုး..ရစ်မနေနဲ့..ငါ က အရမ်းအလိုက်သိတက်တယ်..ငါကို လည်း အလိုက်သိတာပဲကြိုက်တယ်..အိုကေ..”
“မရဘူး..ကိုယ်မနေနိုင်ဘူး.လွမ်းတယ်..ရူးတော့မယ်..ကိုယ်ကို အပြစ်ပြောပြီး..မင်းကျတော့ ဝေးနေတဲ့ ခဏလေးအတွင်း..ကောင်တစ်ကောင်နဲ့ တပူးပူးတတွဲတွဲ...”
“ငါ့ အကြောင်းလေ..ဒါပဲ..သစ်ခွဖြူနဲ့ အဆင်ပြေပါစေ.နင်တို့လိုက်တယ်..”
မမ က ဖုန်းချလိုက်ပြီး..ကားကို ဂရုစိုက်မောင်းနေသလို..ရှေ့ကိုပဲ စိုက်ကြည့်နေသည်…။
“မမ ယာ ကြောင့်လား..”
“ဘာလည်း..”
“မမတို့ အခုလို.”
“အလကားတွေပါ..မရရင်သေပါတော့မယ်နဲ့ ပြီးတော့ ဘယ်သူက ဘယ်လိုဆိုပြီး သရေကျပြနေတာ..”
“မမ ရော အဆင်ပြေရဲ့လား..”ယာ မမ အတွက် တကယ်စိုးရိမ်ပါသည်..မမ ခံစားနေရရင်..
“ဟား..ဟား..လွမ်းစရာမရှိဘူး…မမ အသက်က ရည်းစားနဲ့ ကွဲပြီး ထိုင်ဆွေးနေရမဲ့ အရွယ်မှ မဟုတ်တော့တာ..၀မ်း ဂိုး တူး ကမ်..”
မမ ရဲ့ ရယ်မောပြီးပြောသွားတဲ့ စကားလုံးတစ်ချို့မှာ ယာ အတွက် ရင်မောစရာတွေပါ၀င်နေသည်..။...........
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
တစ်နေ့တစ်ပိုင်းပဲ တင်ရတာ 💔
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အလုပ်နဲ့မို့ ရတဲ့ အချိန်လေးပြေးရေးရလို့ပါနော် 💪
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖
ဟီး ဒီနေ့ တင်တာ
နည်းနည်းနောက်ကျသွားတယ်နော် 🙏😂Love u all ❤

JE LEEST
မအတွက်
Overig"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...