Part 15

3.1K 103 0
                                    

မ အတွက်
အပိုင်း (၁၅)
#မအတွက်စပိုက်ကာ

ယာ အလုပ်လုပ်နေတာ စိတ်ကမပါ.မမ က ဆိုင်လည်း မသွားဘူး..အရင်လိုလည်း မဟုတ်ဘူး..
အမြဲ တမ်း အခန်းထဲမှာပဲနေတော့တာ..ပါပါ ရိုက်ပြီးတဲ့ နေ့ကတည်းကပဲ..။
ယာ လည်း ဒီနေ့ထိ ပါပါ ဘာလို့ရိုက်တာလည်း အဖြေရှာလို့ မရပါ..။
“ဆရာ..ကား က ၁၂ နာရီ ၀င်မယ်ပြောတယ်..”
“အေး..ပန်းစာ ယူထားလိုက်..”
“ဟုတ်ကဲ့..ဆရာ…ပြန်မလို့လား..”
“အေး..”
“နေကပူ ကားကကြပ်အုံးမယ် ဆရာ..”
“ညနေ အတွက် ကားရှာတာ ရပြီလား..”
“ဟုတ်ကဲ့.ရှာနေတုန်း.”
“ကျွတ်..ဒီလိုဆို ကတိပျက်တော့မှာပဲ..”
ယာ လမ်းပေါ်ရောက်တော့ နေပူတာတစ်မျိုးကားကြပ်တာတစ်မျိုးနဲ့အလုပ်ကိစ္စ တစ်မျိုး စိတ်ရှုပ်လာသည်…။
ဖုန်းကို ထုတ်ပြီး အိမ် ဖုန်းကိုခေါ်လိုက်သည်..။
“မေဖူးလား…”
“ဟုတ်…”
“မမ ရော ဆိုင်သွားလား…”
“မသွားဘူး..အကိုလေး..အခန်းထဲမှာပဲ..”
“မနက်က ဘာစားထားလည်း..”
“ဘာမှ မစားသေးဘူး..အခန်းလော့ ချထားလို့ ပို့လို့လည်း မရဘူး“
ယာ ဖုန်းချလိုက်တော့ မီးပွိုင့်နားက မာလာဟင်းဆိုင်ကို သတိရသွားသည်..။
မမ ကြိုက်တာ ၀ယ်သွားရမယ်…
“တီ..တီ..တီ…”
“$...!...* $..”
ကားဟွန်းသံတွေနဲ့ ဆဲဆိုသံတွေကို လက်ပြရင်း ကားပေါ် အမြန်တက်ပြီး ကားစက်နိုးရသည်..။
ကားမောင်းပြီးမှ သက်ပြင်းချရသည်…။
ယာ ဘက်ကမှားတော့လည်း ဆဲဆိုခံနေရတာင် စိတ်မဆိုးချင်ပဲ ပြုံးမိသည်..ဒါ မမ အတွက်…။
“အယ်..အကိုလေး ပြန်လာတာလား..”
“အေး..ရော့ ..ပန်းကန်ထဲ ထည့်ထားလိုက်..”
“ဟုတ်..”
ယာ အထုတ်လှမ်းပေးခဲ့ပြီး…လှေကားကို ပြေးတက်သွားလိုက်သည်..။
ပါပါ အခန်း၀က သော့တွဲ ထဲမှာ မမ အခန်းသော့ကို ယူပြီး အခန်းတံခါးဖွင့်ရသည်…။
“ဟာ..မ...”
ယာ နှုတ်ဖျားက တိုးတိုးလေးရေရွတ်ရင်း.အနားပြေးသွားမိသည်…
“မ…မငိုပါနဲ့ တော့ မရယ်..”
မမ ဆီက ရှိုက်သံ သဲ့သဲ့ ထွက်လာပြီး..ယာ ကို မော့ကြည့်တော့  ငိုလွန်းလို့ နီနေတဲ့ မျက်၀န်းတစ်စုံ…
ယာ စီးကျလာတဲ့ မျက်ရည်ကို လက်ချောင်းနဲ့ တို့ ဖယ်ပေးလိုက်သည်..။
“မ..ဘာစားပြီးပြီလည်း..”
“မ..စား..ချင်…ပါဘူး.:””
“အင်း..”
ယာ လက်ပေါ်ကိုကျလာတဲ့ ရေစက်ကြောင့် ..
“ဟာ..မ..ခေါင်းလျှော်ထားတာလား..”
မ က ပြန် မဖြေပဲ ငေးနေသည်..။
မ ဆံပင်ဖျားတွေကို ယာ ကိုင်ကြည့်လိုက်တော့ ..
“မ..ခေါင်းရေမသုတ်ဘူးလား..နေမကောင်းဖြစ်တော့မှာပဲ..မရယ်..”
ယာ တာဝါ ပြေးယူပြီး ကုတင်ပေါ်ထိုင်လိုက်သည်..
“ယာ သုတ်ပေးမယ်နော်..”
ခွင့်တောင်းသလိုမျိုး အသိပေးလိုက်တော့လည်း မမ ဆိက တုန်ပြန်မှု မရှိ..
မ ဆံပင် ဖျားလေးတွေကို တာဝါထဲ ထည့်ပြီး ဖြေးဖြေး ချင်းရေခြောက်အောင်.သုတ်ပေးနေမိသည်..။
“မမ အပေါ်ပိုင်းသုတ်မယ်နော်..”
“အင်း..”
ယာ နောက်က သုတ်ပေးရင် ရပါရဲ့ နဲ့ .မမ ရှေ့ဒူးထောက်ပြီး သုတ်လိုက်တော့.. ယာ ရင်ဘတ်နား မမ မျက်နှာ ရောက်သွားသည်..။
တကယ်တော့ မ ခွင့်ပြုရင်  ထွေးပွေ့ထားပြီး အားပေးချင်တာ…ပါ..မရယ်..။
မမ က ယာ ရင်ဘတ်ပေါ်ခေါင်းမှီချလိုက်သည်..
“ယာလေး..မမ ဘာမှားတာလည်းဟင်..”
“မရယ်…”
“မသိဘူးမလား..မမ လည်း မသိသေးဘူး..”
“ပါပါ က စိတ်ဆိုးတုန်းမို့ပါ..”
“မမ ကို ပါပါ တစ်ခါမှ မရိုက်ဖူးဘူး..အခု၇ိုက်တော့လေ..ပါပါ ကို စိတ်မဆိုးပါဘူး..မမ ကို မမ မုန်းတယ်..ဘာတွေမှားသွားလည်း တွေးမရတဲ့ ဦးနှောက်ကို လည်း မုန်းတာပဲ..”
“မေ့လိုက်ပါတော့ မရယ်..တစ်ပတ်တောင်ကျော်နေပြီ..နေ့ခင်းကို ယာ ပြန်ရင် ဆိုင်ပို့ ပေးခဲ့မယ်လေ..”
“မသွားချင်ပါဘူး..”မ အသံတွေက အားဖျော့နေတော့..
“မ မနက်ကတည်းက ဘာမှ မစားသေးဘူးမလား..”
“စားပါတယ်..”
“လိမ်ပြန်ပြီ…”
“မနက်က ယာလေး ကိုယ်တ်ိုင် မုန့်ဟင်းခါး အတင်းကျွေးသွားတာလေ..”
“မှတ်မိသားပဲ..”
“မမှတ်မိရအောင် ငါ ကရူးနေလို့လား..” မမဆီက ဒေါ သ သံလေးကို ငိုရှိုက်သံ ထက် ပို တမ်းတမိနေတာပါ..။
“ဟား..ဟား...”
“ကောင်စုတ်လေး..”မမ က နားရွက်လိမ်တော့ ယာ အော်ရယ်မိသည်…။
မမ သာ စိတ်ပြောင်းသွားမယ်ဆို ယာ အသားတွေနာကျင်ပါစေ....။
“ရပြီ..အစိုတော့ ကျန်သေးတယ်..ဒရိုင်ယာနဲ့ မှုတ်ပေးရမလား..”
“နေပါစေ..” ယာ လက်ထဲက တာဝါ ကို စင်ပေါ်လှမ်းပစ်လိုက်ပြီး..
“မ..ခဏ..”
ပြောပြီး ပြေးဆင်း သွားတဲ့ ယာလေးကို ကြည့်ရင်း နှင်း မျက်ရည်တွေ ပြည့်လာပြန်သည်…
ဒီအ်ိမ်မှာ နှင်း နဲ့ စကားပြောတာဆို ယာလေး တစ်ယောက်တည်း..
ဘယ်သူနဲ့ မှ မပြောချင်ပါ..
ပါပါ ဘာလို့ နှင်းကို ရိုက်တာလည်း စဉ်းစားမရတာ.
ပါပါ က ခရီး သွားပြီ…။
နှင်း နဲ့ မတွေ့တော့ ဖုန်းဆက်ပြီး နှင်း ဘာမှားလို့လည်း ဆိုပြီး မမေးချင်ပါ..
ဘီဘီ လည်းခေါ်သွားလို့လား မသိဘူး မတွေ့မိဘူး..
နှင်းမှာ တွေးလိုက် ၀မ်းနည်းလိုက် ငိုလိုက်နဲ့အရမ်းပင်ပန်းနေပါပြီ..
ယာလေးက အနားမှာ အမြဲ လိုအပ် တာ အဆင့်သင့် လုပ်ပေးနေတော့ လူ က စိတ် မခိုင်နိုင်..
သူ့ကို တွေ့တိုင်း နှင်းကို နားလည် တာ သူ တစ်ယောက်တည်းပါလားလို့ တွေးပြီး ပို ငိုချင်လာသည်..
သူ အနားမှာ မရှိချိန်မှာလည်း တစ်ယောက်တည်းလို့ ခံစားရပြီး ငိုမိပြန်သည်..
ယာလေး အလုပ်သွားရင်လည်း..အလုပ်ကနေ ဖုန်းပြန်ဆက်တာ ခဏခဏ
ဘာလို့ ဒီလောက်သိတက်နေတာလည်း ယာလေးရယ်..
နှင်းကတော့ ယာ လေး အပေါ်မှာ မကောင်းခဲ့ဘူး..ယာလေးကို လူတွေ၇ှ့မှာ လည်း အနိုင်ကျင့်တယ်..
“ဆရာကြီးက စိတ်ဆိုးမှာပေါ့ ကိုယ့်ယောင်္ကျားကို ဖိနပ်ကန်ပြီး သိမ်းခိုင်းတာလေ..ဟိုကောင်လေးက လည်း လုပ်ရှာတာပဲ…”
မနက်က နှင်း အောက်ဆင်းတုန်း လှေကားနားက ကြားလိုက်ရတဲ့ အသံ အချို့ကို ပြန်ကြားယောင်မိတော့..
“ဟာ….”
ပါပါ စိတ်ဆိုးတာ ဒါပဲ…..
နှင်း ဘာလို့ အစကတည်းက မတွေးမိပါ့လိမ့်နော်..။
.
ယာ အောက်ထပ်ဆင်းလာတော့ မီးဖိုခန်းမှာ ဘယ်သှူမှမရှိ…
မေဖူးလည်း အော်မခေါ်ချင်..
ထမင်းထည့်ပြီး ဆီနဲ့ နယ်လိုက်ရသည်...မမ  အကြီုက်က တစ်မျိုးလေး မာလာဟင်းနဲ့ စားမယ့် ထမင်းဆို ဆီနဲ့ မှ စားတက်သည်..။
ယာ ထမင်း ပန်းကန်နဲ့မာလာဟင်း ပန်းကန်ကို ကိုင်ပြီး လှေကားက တက်လာတော့ မမ က အပြင်ရောက်နေပြီ…။
“မ….အပြင်မှာ စားမလား..”
“ယာလေး..ယာလေး..မမ သိပြီ ပါပါ လေ မမ ကိုရီုက်တာ ယာလေးကြောင့်..” မမ က ပျာပျာ သလဲ ပြောပေမဲ့
“ဟင်..”ယာ ခေါင်းကြီးသွားသလို..ရင်ဘတ်ထဲမှာလည်း ဝုန်းဒိုင်းကြဲကုန်သည်…။
“ဘာလို့လည်း....မ..”
“ယာလေးကို စားပွဲထိုးလုပ်ခိုင်းတာ ပါပါ အရမ်းစိတ်ဆိုးသွားတာ..”
“မဟုတ်ပါဘူး..”
“ဟုတ်ပါတယ်ဆို..”မမ အသံက မာလာတော့ ယာ ထပ်မပြောရဲ အခုလောလောဆယ် မ စိတ်မဆိုးသေးတာပဲ ကျေးဇူးတင်ရမည်..
“မ..လာလေ..စားမယ်..”
“၀ရန်တာမှာ စားမယ်..”
“နေအရမ်းပူနေတယ်..မ…”
“ကျွတ် ဘယ်လို လုပ်မလည်း..အခန်းထဲပဲ ယူလာတော့..”
ယာ ပန်းကန်တွေကို စားပွဲပေါ်တင်လိုက်တော့..မမ က ခုံမှာ ၀င်ထိုင်သည်..။
“ဝိုး..ဗိုက်ဆာနေတာနဲ့ အတော်ပဲ..”
ယာ ရယ်လိုက်မိသည်..အစောကပဲ ဗိုက်မဆာဘူးတဲ့..
“ဘာလည်း..”
ယာ ခေါင်းခါလိုက်တော့..မမ က မျက်မှောက်ကြုံပြီး ကြည့်သည်..
“ အရမ်းချစ်ဖို့ကောင်းတယ်..”
“ဟင်..မမ လား..”
“ဟုတ်ဘူး..မ နောက်က အရုပ်မလေး..”
“ကောင်စုတ်လေး..”
“ဟာ..မ မေးလို့လည်း ဖြေရသေတယ်..”
“မပြောနဲ့တော့..”
“မ ပြီးရင် အ၀တ်အစားတစ်ခါတည်းလဲနော်..ယာ ဆိုင်ပို့ ခဲ့မယ်..”
“အင်း..”
မမ က အခုကျပြန်တော့ စကားနားထောင်ပြီး လိမ်မာတဲ့ ကလေးတစ်ယောက်လို…
နှင်း စားနေရင်း ပါပါ သတိရတာနဲ့..
“ပါပါ ဘယ်တော့ ပြန်လာမလည်းဟင်..”
“နက်ဖြန်ညနေ လောက် ရောက်မယ် ..”
“ပါပါ နဲ့ စကားပြန်ပြောရတော့မယ်..”
မမ က သူ့စိတ်ထဲ အဖြေသေချာသွားပြီးနောက်တော့..တိမ်ကင်းသော လလို မျက်နှာက ကြည်လင်နေတော့သည်..
ဟူး..ပါပါ လာရင် ထပ်မဆူပါစေနဲ့..ဆုတောင်းရင်း..ယာ ပန်းကန်တွေ မီးဖိုခန်းထဲ ပြန်ပို့ရသေးသည်..။
.
“အင်း..ကိုသီဟ ပြောတာ နှင်းသဘောပေါက်ပါတယ်..”
“ဟုတ်တယ်…မသိပါဘူး..ဒါ နှင်းကိစ္စ..”
ယာ လှေကားကို  တက်ရင်း မမ ဖုန်းပြောသံ ကြောင့် ခြေလှမ်းတွေ နှေးကျသွားသည်..။
မမ ဘာလို့ သီဟနဲ့ အဆက်အသွယ်လုပ်နေတာလည်း…။
ပါပါ သိရင် စိတ်ဆိုးအုံးမယ်…
ယောင်္ကျားတစ်ယောက် နဲ့ မမ ဖုန်းပြောနေရင်တောင် ယာ မခံစားနိုင်ပါ…။
မ နဲ့ ယာ တူတူသွားရင်းလာရင်း ယောင်္ကျားလေး အသိတွေ မတော်တဆ တွေ့လို့ နှုတ်ဆက်ကြရင်တောင်..ယာ မ လက်ကို ခွင့်မတောင်းပဲ ဆုပ်ကိုင်ထားမိသည်..။
“မ..ရေ..သွားမယ်…”
ယာ လှေကားအောက်ကနေ အသံကျယ်အော်လိုက်တော့..မမ က ဖုန်းပြောတာရပ်ပြီး အခန်းထဲ ၀င်သွားသည်..။
ယာ လည်း လှေကားက ဆက်တက်လာပြီး..အခန်းထဲ လိုက်၀င်တော့ မမ က..
“ဟဲ့ …..”
“ဆောဒီး..ဆောဒီး..”
ယာ..မျက်နှာတွေ ထူပူ သွားသည်..အခန်းတံခါးကို မှီပြီး ငြိမ်ငြိမ်လေး ရပ်နေပေမဲ့…ငြိမ်ကျ မသွားတဲ့ ရင်ခုန်သံကို ဒေါသထွက်မိသည်…။
“အယ်..ရဘူး..”
နှင်း အသစ်ချူပ်ထားတဲ့ အကျီ င်္က နောက်ဇစ်မို့ ဘယ်လိုမှ ဆွဲ မရပါ..ဇစ်က ကြပ်နေတော့ ပိုဆိုးသည်…
ပြန် ချွတ်ပြီး အသစ် တစ်ထည် ၀တ်ဖို့ လည်း မိတ်ကပ်နဲ့ဆံပင် က  ပြင်ပြီးသွားပြီ…ကျွတ်..
ကြီုးစားပြီး လက်လှမ်းပေမဲ့ မမှီ..မှီ ပြန်တော့လည်း ဆွဲချမရ..နှင်း ဇစ်ဆွဲနေတာ မြင်တော့ ထွက်ပြေးသည့်..အနားမှာ ရှိနေတဲ့သူပဲ..
“ယာလေး..ရေ..”
“ဟင်..”တံခါး၀မှာ မှီရပ်ပြီး ပုံမှန်ဖြစ်အောင်အသက်ရှုဖို့  ကြိုးစားနေတဲ့ ယာ ခေါင်းထောင်သွားသည်..။
“မ..ခေါ်လား..”
“အင်း..”
“၀င်လာမယ်နော်..”
ယာ အခန်းတံခါး တွန်းပြီး ၀င်လိုက်တော့ မမ က မှန်ရှေ့မှာရပ်နေတာ..
“ယာလေး..ငါ့ကို ဇစ်ဆွဲ ပေးပါလား..”
“ဟင်..အင်း..”ယာ အနောက်ကို သွားပြီး..ဇစ်ဆွဲတော့ ကြပ်နေသည်…
နှင်းလည်း မနေတက်ပါ..ယာလေးကို ခေါ်ပြီးမှ မေဖူးခေါ်သင့်မှန်းတွေးမိသည်..။
လုံခြုံနေပေမဲ့ ကျောကအောက်ခံကြီးတော့ သူတွေ့မှာပဲ…အိုး..ကြာလိုက်တာ…။
“ယာလေး..မရဘူးလား..”
ယာ နဖူးချွေးပြန်လာပြီ..ဒါပေမဲ့..ဆွဲမရ..
“ကြပ်နေတယ်..မ..ခဏ..”
ယာ အံဆွဲထဲက ပလာယာ အသေးယူပြီး ဇစ်ကို ဆွဲချလိုက်သည်…။
“ရပြီ…”
“ဟူး..တော်ပါသေးရဲ့..”နှင်း အခုမှ အသက်ရှုလို့ ရတော့သည်..ဒီကောင်လေးနဲ့ အမြဲတူတူ နေလာပေမဲ့..အခုတော့..
“မ..၀ လာလို့လား သိဘူး..”
“၀လာစရာလား..ဇစ် မကောင်းတာ..”
မမ ကမှန်ထဲက ကြည့်နေတာ မေ့ပြီး ယာ ပြုံးလိုက်မိတာ
ရလာတဲ့ လက်ဆောင်က လက်မောင်းကို လိမ်ဆွဲ ခံလိုက်ရခြင်း…။
လက်မောင်းနေရာက ကြွက်သားတွေ ကို လိမ်မရတဲ့ အဆုံး မမ က လက်သည်းနဲ့ထိုးဖိ လိုက်သည်..။
မမ ပေးတဲ့ နာကျင်မှု လက်ဆောင်ကို ယာ ရယ်မောရင်း ခံယူလိုက်သည်..
အပေါ်အောက် အပွင့် ဆင်လေးတွေကို လိုက်ဖက်စွာ ချူပ်၀တ်တက်တာ မမ ရဲ့ ဖက်ရှင် တစ်ခု..
ကျစ်ဆံမြီးကို ဘယ်လို ကျစ်လိုက်လို့ ရိုးရိုး မဟုတ်ပဲ  ဆံထုံးလိုဖြစ်နေတာလည်း မသိ..။
ခေါင်းမှာ ဘာမှ မပန်ပေမဲ့ နှင်းဆီပုံ ရင်ထိုးလေးကိုတော့ အကျီ င်္ မှာ သေချာ ဂရုစိုက် ထိုးနေသည်…

မအတွက်Where stories live. Discover now