မ အတွက်
အပိုင်း (၆)
#မအတွက်စပိုက်ကာ“မမရေ…မမ…”
နှင်း..အခန်းထဲမှာ လိုင်နာဆွဲနေရင်း ချော်ပြီး အကုန်ပေပွ ကုန်ပြိလေ…
“၀င်ခဲ့..ယာလေး..တံခါးစေ့ထားတာ..”ယာ တံခါးတွန်း၀င်ဖို့ လုပ်ပြီးမှ ငယ်ငယ်က အဖြစ် ပြန်သတိရတာနဲ့
“မမ…ယာ အောက်မှာစောင့်နေမယ်..”
ပြောပြီး လှေကားကနေ ပြန်ပြေးဆင်းလာခဲ့လိုက်သည်..။
“ယာလေး..၀င်လာပါဆို..”
နှင်းတံခါးဖွင့်တော့ ဘယ်သူမှ မရှိ..။
ဒီကောင်လေး ဘယ်ရောက်သွားပြန်ပြီလည်း..နှင်း အောက်ထပ်ဆင်းသွားရမှာမို့ မိတ်ကပ် လိမ်းဖို့ ပြန်ထိုင် လိုက်သည်..။
.
“ယာလေး..ဒီနေ့ စောလှချည်လား..”
“အင်း..မမ ကို စောင့်နေတာ..”
“အကိုကြီး က လည်း စောကြီး ထွက်သွားတယ်နဲ့ တူတယ်..ယာလေး တွေ့လိုက်သေးလား..”
“၇ နာရီ လောက်က ထွက်သွားတာ တွေ့လိုက်တယ်..”
“ဟုတ်လား..ကျေးဇူးပဲ..ယာလေး..”
တောက်…နှင်းလှေကားမှရပ်နားထောင်နေတာ..ချောင်းနားထောင်တာလည်း..မဟုတ်..ခိုးနားထောင်တာလည်းမဟုတ်ရပဲ..ပိုက်ဆံအိတ်စစ်ရင်း..မတော်မဆ ကြားမိသွားတာ..ဒါပေမဲ့ ဒေါသထွက်ရတာ နှင်း..
ယာလေး..တဲ့..ဒင်း က ဘာကိစ္စ အဲလို ခေါ်ရတာလည်း..ဟိုကောင်လေး ကကော ဘာကိစ္စ စကားပြန်ပြောနေတာလည်း..။
“ယာလေး..သွားမယ်..”
“ဟင်..မမ..”ယာလေး လို့ ဆောင့်ခေါ်လိုက်တဲ့ အသံကြောင့် ယာ ရင်တုန်သွားသည်..။
မမ က ဘီဘီ နဲ့ မျက်နှာချင်းဆိုင်တာနဲ့ ဒီလို ခက်ထန်မာကျောသွားတာ သိပေမဲ့..အခုကတော့ ယာ ကို ပါ အမြင် မကြည်တာ..။
“နှင်း..ဆိုင်သွားတော့မလို့လား..”
“အေး..”နှင်း ကျောခိုင်းပြောပြီး..ဖိနပ်ထုတ်လိုက်သည်..ယာလေးကလည်း ကားဆီ ရောက်သွားပြီ..ဒီကောင်လေး ဆက်ထိုင်နေကြည့်ပါလား..တစ်ခါတည်း ထုရိုက်မိတော့မှာ..။
“မမ..”
“ဘာလည်း..”ဆောင့်ထူးလိုက်တဲ့ အသံကြောင့် ယာ စကားတောင် ဆက်မပြောရဲတော့..။
“ဘီဘီ နဲ့ မရော နဲ့”
“အင်း..သူက နိုင်ဦးတို့ ဘယ်အချိန် ထွက်သွားလည်း လာမေးလို့ ပြန်ပြောလိုက်တာပါ..”
“နောက်ဆို မသိဘူးပြောလိုက်..”နှင်း မျက်လုံးတောင့်ကပ်ကြည့်လိုက်တော့ ကားဘေးတံခါးကိုကြည့်ပြီး နှုတ်ခမ်းစေ့တိတ်ကျသွားတဲ့ ကောင်လေး..ဘာလည်း..စိတ်ကောက်သွားတာလား..စိတ်မကောင်းဖြစ်တာလား..။နှင်းလည်း အခုလို အခြေအနေ ကို တကယ်မကြိုက်ပါ…ယာလေး ကိုတော့ ဒီလို မဆက်ဆံသင့်ပါဘူး…သူက ကိုယ်အတွက်ချည်း အလိုက်တသိ ကူညီနေတဲ့သူ…
“ယာလေး.စောစောက အပေါ်တက်လာသေးတယ်မလား..”နှင်း စကားကို အတက်နိုင်ဆုံး ညင်ညင်သာသာ ပြောလိုက်သည်..။
“အင်း..မမ ကိုပြောစရာရှိလို့..”
“အေးလေ..ဘာလို့ အောက်ပြန်ဆင်းသွားလည်း..”
“မမ ကြားရင် ပျော်မှာ သိလို့..”
“ဟား..ဟား…ဘာအကြောင်း မို့လို့လည်း..” မမ ရယ်လိုက်တော့ မှ ယာ လည်း စိတ်သက်သာရသည်..။
“မမ ကုန်တွေ ၁၇ ရက်နေ့ အကုန်တင်ရမယ်…”
“ဘယ်လို..”
“ဟုတ်တယ်…ယာ ဟိုဘက်နဲ့ ချိတ်လိုက်တာ..သူတို့ က ၂၅ ပေးမယ်တဲ့..အကုန်ယူမှာ..”
“ဟယ်….၀မ်းသာလိုက်တာ..ဟား.ဟား..ယာလေး..အရမ်းတော်တာပဲကွာ..” မမ က ယာ ပါးကို လက်တစ်ဖက်နဲ့ လှမ်းဆွဲပြီးပြောတော့ ဘယ်လောက်ပျော်နေမှန်း..
သိလိုက်ပြီး..ယာ လည်း..ပျော်လာသည်ဒ.ါပေမဲ့ ရင်ခုန်မှုက ဘာလို့ကပ်ပါလာပါလိမ့်.။
“ပါပါ ဆီ သွားရင် ကောင်းမယ်..”
“မမ ဆိုင်ကို သွားမယ်ဆို..”
“မသွားတော့ဘူး..”
မမ က ပေါ့ပါးနေတဲ့ စိတ်ကြေင့် ဖုန်းနှိပ်တာလည်း သွပ်လွန်းနေသည်..။
“ပါပါ ဘယ်မှာလည်း..ဟင်..ပွဲရုံ ကို လာမလို့..”
“အွန့်..ပါပါ ကလည်း နည်းနည်း ပါးပါး ပြောဘူး..”
“ဒါပဲ..”
မမ က နှုတ်ခမ်းစူပြီး ဖုန်းချလိုက်တော့ ယာ ပြုံးလိုက်မိသည်..။
“ဘာဖြစ်လို့လည်း..မမ..”
“ပါပါ က ရုံမှာ မရှိဘူးတဲ့..”
မမ က ကားကို ဆိုင်သွားဖို့ ပြန်ကွေ့ လို့ရမဲ့ လမ်းကြောင်းရှာနေသည်..။
ရင်တွေခုန်နေတယ်..ညီမလေးသိရဲ့လား..
အိမ် ပြန်ချိန် မင်း အကြည့်နဲ့ ဆုံမိတဲ့ အခိုက်မှာ..
ဖွင့် မပြောရဲတဲ့ ကို အဖြစ်တွေက ညီမလေး အတွက်ပါကွာ..”
ဖုန်းသံ က မပြီးသေးပေမဲ့ ယာ အမြန်ကိုင်လိုက်သည်..။
“ဟလို..”
“အေး..ဟုတ်တယ်..ဘာထူးလို့လည်း..”
“ဟုတ်လား..ငါ လာခဲ့မယ်..ဘယ်နေ့လည်း..အေး..ဒါပဲလေ”
ယာ ဖုန်းချပြီး မမ ဘက်ကိုကြည့်တော့ မမ က သူ့ အတွေးနဲ့ သူ ပြုံးနေတုန်း..။
“ယာလေး..မမ ဆိုင်ပြောင်းဖွင့်ရင် ကောင်းမလားလို့..”
“…မမ က ဘာဆိုင်ဖွင့်ချင်လို့လည်း..”
“မမ ဆိုင်က အခု ပစ္စည်းတွေပါ တစ်ဆင့်ရောင်းတော့ အလှပြင်ဆိုင် မဟုတ်တော့ သလိုပဲ..အဲဒါ အလှပြင်တာကို ဖြုတ်ပြီး ပစ္စည်းပဲ ေ၇ာင်းရင် အဆင်ပြေပါ့မလား..”
“ကောင်းမှာပါ..တစ်ခုတည်း ဆိုတော့ ပို အာရုံစိုက်လို့ ရတာပေါ့..”
“အိုကေ…”မမ က ခေါင်းငြိမ့်ပြီး ထောက်ခံသည်..။
.
“ကြွလာပါပြီ..ကိုယ်တော်..” ယာ လက်ဖက်ရည်ဆိုင်ထဲ မရောက်ခင်ကတည်းက အောင်အောင်က လှမ်းအော်သည်..။
“မင်းကို စောင့်တာ အာရုံတက်ကတည်းက..အခု သန်းခေါင်ယံ ရောက်တော့မယ်..”
“သောက်ပိုတွေ..” ယာ ရှေ့မှာချထားတဲ့ ဘယ်သူလက်ကျန်မှန်း မသိတဲ့ လက်ဖက်ရည် တစ်၀က်ကျန်တဲ့ ခွက်ကိုမော့ချလိုက်သည်..။ူ
“မင်း ဆိုသည်မှာလည်း..တစ်နေ့တစ်နေ့ တ မ တည်း မ နေတာ ဘယ်နေ့ မနိုင်လို့ ပိသေမလည်း မသိဘူး..”
“ဟေ..ယာယာ က မ နေတာလား..ဘာတွေလည်း..”
“ဟား..ဟား…သူ မနေတာလား…ဟား..ဟား..ယာယာ ပြောလိုက်လေကွာ..”
“တော်ကြပါကွာ..နန္ဒ ငါ ပြောထားတာ ဘယ်လိုလည်း..”
“သိပ် မလွယ်ဘူး..ဒါပေမဲ့ ဆရာတစ်ယောက်က တော့ လုပ်ပေးလို့ရတယ်တဲ့ ငါ လည်း မသေချာသေးဘူး..သူများပြောတာလေ..”
“ဘာတွေလည်း..”
“ဒီကောင် ကျောင်းပြောင်းဖို့ အိမ်ထောင်စုပြောင်း မရလို့..”
“မင်း..သေချာရင် ငါ ကို ဖုန်းဆက်လိုက်နော်..”ယာ အားကိုးတကြီး ပြောမိသည်..ဒီတိုင်း နေတာထက် ကျောင်းတစ်ဖက်က တက်နေရင်အချိန်တန်ဘွဲ့ရမှာပါ..အလုပ်ကလည်း မမ ကိုဆိုင်ပို့ သွားခေါ်ဒါပဲ တစ်နေကကုန် ငုတ်တုတ်ထိုင်နေရတာ ယာ အတွက်တေတာ့ အချိန်ဖြုန်းနေသလို ဖြစ်နေသည်.. .။
“ကဲ..ပြောပါအုံး..စောနက..မ အကြောင်းလေး..”
“မမ က ငါ့ အစ်မလိုပါပဲကွာ..ဒီကောင် ပါးစပ်အားလို့ ဟိုတစ်ခါလည်း စိတ်ဆိုးပြီးပြီ..”
“အယ်..အယ်…မမ တဲ့..ခ်ခ်..မောင်ကလည်း..ကွာ..လူလည် တောင်ပေါ်သားလေး..ခ်ခ်..” ယာ ရင်ဘတ်ကို နန္ဒက မိန်းမလိုထုပြီး ပြောနေတော့ ကြက်သီးတောင်ထသည်..ရွံစရာတွေ..။
“ဖလပ်ရှာလေးတွေ ဆိုမှ စိတ်၀င်စားတာ..”
“အဲလိုမှပေါ့..မင်း မမ ဆိုတာကြီးနဲ့ ငြိကြည့် မင်းနဲ့ ငါ သေခန်းပြတ်ပဲကွာ..”
“ဟား..ဟား.အောင်အောင် .မင်းက အဲဒီ မမ ကို ခရရှ် နေလို့လား..”
“သေ..ဒီလောက်အပေါက်ဆိုး ရုပ်ဆိုး..အိုကြီးအိုမ ကို ခရရှ် စရာလား..အွတ်စ်…ဖွဖွ လွဲပါစေ..”
အောင်အောင်က မမ ကို ခါနေတော့..ယာ မနေနိုင်တာနဲ့..။
“ဟား..ဟား…ဟိုကလည်း..မင်းကိုဆို ..မတွေ့ချင်ပါဘူးတဲ့..”
“မင်း..ရဲ့ အစ်မလိုပဲဆိုတော့ မင်းက ယောက်ဖပေါ့ကွာ..ဟုတ်ဖူးလား..နော် ယောက်ဖ..”နန္ဒ က အနားတိုးလာပြီး ယာ ပခုံးကိုဖက်ပြီး ယောက်ဖ ချည်းခေါ်နေတာ..မရပ်..။
“ဒီကောင်ကို.ပြန်ဆိုတာ မပြန်သေးဘူး..အဲဒီ မိန်းမ ရွှေစိတ်တော်ညိုမှာ သေအာင်ကြောက်နေတာ..”
“ငါ အထင်တော့ ခိုင်းလို့ကောင်းလို့..မောင်လေး လုပ်နေတာ..ပြီးရင် ကန်ထုတ်မှာ..ဒီ နွားလေးကို ပြောရင် အဲလို..ဟုတ်ပါဘူး..မမ က ဂလိုမျိုး ဟုတ်ပါဘူးနဲ့..နန္ဒ မင်းလည်းပြောအုံး..”အောင်အောင်ပြောနေတဲ့ ရန်တွေ့သံကြောင့် ယာ ရယ်နေမိသည်..။
“ယာယာ မင်းကလည်း အောင်အောင် ပြောသလိုကြီးဆို မဟုတ်သေးဘူးနော်..မင်းပြောတော့ အစ်မလိုပဲဆိုကွ..”နန္ဒက ပါ ၀င်ပြောလာတော့သည်..။
“အေးလေ..”
“အဲလောက်လုပ်ပေးဖို့ လိုလို့လား..”
“လိုတာပေါ့..မမ က ငါ ငယ်ငယ် ကတည်း က ငါ့ အပေါ်ကောင်းလာတာ..မမ အခုငါကို လိုတဲ့ အချိန်မှ ငါ ကျောခိုင်းပြီး မထွက်သွားချင်ဘူး..”
“မမ က အစ်မ လို ဆိုတာ သေချာပါတယ်နော်.ဟေ့ယောင်..” နန္ဒက အရစ်ရှည်ပြီး စစ်ဆေးပြန်ပြီ..။
“သေချာပါတယ်ဆိုမှာကွာ..”
“အိုကေ..ယောက်ဖကြီး..ဘာစားမလည်း..မှာလေ..ယောက်ဖ..”
“တေချင်းဆိုး..”
.
“နှင်း..ပါပါ နဲ့ စကားပြောချင်လို့..”
နှင်း ထမင်းစားတော့ ပြောမလို့ကလည်း ဘီဘီ ကဘေးမှာမလို့ မပြောချင်..TV ကြည့်တော့လည်း ဒင်းက ဘေးမှာ..အခု အိပ်ခါနီးထိ ဘေးမှာ..ဘယ်မှာလည်း..ပါပါနဲ့နှင်း.စကားပြောရမဲ့အချိန်တွေ..မနေနိုင်တဲ့ အအဆုံး သွားခေါ်လိုက်ရတာ နှလုံးသားကတော့ နာကျင်ပါသည်..။
ပါပါ က နှင်း အခန်းဆီ လိုက်လာသည်..။
“ပြောလေ..နှင်း..”
“နှင်း..၁၇ ရက်နေ့ ပဲ အကုန် ထုတ်ရမယ်..”
“ဟင်…စျေးကကော..”
“၂၅”
“ဟာ..ဟုတ်ကော..ဟုတ်ရဲ့လား နှင်းရယ်”ပါပါ မယုံတာ အပြစ်မှ မဟုတ်တာ..နှင်းတောင် ယာလေးပြောတုန်းက မယုံခဲ့ဘူးလေ..။
“ဟုတ်တယ်…ယာလေး..က တရုတ်နဲ့ ချိတ်ပြီး ဒါရီုက်ရောင်းလိုက်တာ..”
ဦးနိုင်..ပြုံးမိသည်..ဒါဆို သူ ရတဲ့ သတင်းတွေက အမှန်တွေပဲ…
ဒီကောင်လေး ဦးဆောင်လုပ်ရင်..နှင်း ပါစရာ မလိုတဲ့ အတွက် စိတ်ပူစရာ နည်းသွားပါပြီလေ..။
“နှင်း..ရော..ကောင်လေးကို..ဘယ်လောက်ပေးမလည်း.”
“ဟင်…နှင်း မစဉ်းစားထားဘူး..”
“ဟား..ဟား..နှင်းရယ်…သီဟ ကိုတောင်..ပွဲခကော အချိုးကျရော ပေးရသေးတာပဲ..”
“ပါပါ က ဘယ်လိုပေးချင်လည်း..”
“အခု အမြတ်ရဲ့ ၂ ပေးလိုက်..”
“ဟင်..”
“များတယ်ထင်လို့လား..သီဟ ကို နှင်း ပေးလိုက်ရတာ ၄ နော်..”
“အဲတုန်းက မသိလို့ပေါ့ သိလို့ကတော့..”
“ပြီးတာတွေ ထားလိုက် စီးပွားရေးလုပ်ရင် စိတ်ဆိုးလို့ မရဘူး လည်သူစားကြေးပဲ..ကောင်လေး က စျေးကွက်သိသွားတာတောင် နှင်း ကို ပေးတာလေ..”
“အင်း…နှင်း ပေးလိုက်ပါမယ်..”
“အိုကေ..အိပ်တော့လေ..၁၁ နာရီ ဖြစ်တော့မယ်..အပျော်လွန်ပြီး မအိပ်ပဲ မနေနဲ့ အုံး..”
“ဟဲဟဲ..ပါပါ ကလည်း..”
နှင်း ကုတင်ပေါ်အိပ်နေပေမဲ့ အိပ်မပျော်ပါဘူး..ယာလေး ကို ၂ ပေးရမှာ..တွေးကြည့်တော့ များနေသလိုလို..
သူ ဒီလောက် ပိုက်ဆံတွေ အများကြီး ရရင် နှင်း ဆီက ထွက်သွားပြီး..ကိုယ်တိုင် ၀င်လုပ်ရင် ဘယ်လို လုပ်မလည်း..ဟူး…စိတ်ရှုပ် လိုက်တာ..ပျော်နေတာတောင် ပျောက်သွားပြီ..။
.
ယာ ကားရှေ့ ကြည့်နေရင်း အိတ်ထဲက ကဒ်ကို ယူလိုက်သည်..
“မမ ဒီ မှာ ကဒ် လုပ်ခဲ့ပြီ..”
“အင်း..”
“ယာ နာမည် နဲ့ မမ လုပ်ခိုင်းတာနော်..ဟုတ်လား..”
“ဟုတ်ပါတယ်ဆို..ဘာလို့ ခဏခဏ မေးနေတာလည်း..ယာလေးရယ်..”
“…ယာ က မမ အလုပ်ကိစ္စတွေနဲ့ ရောပြီး မှားမှာ စိုးလို့..”
“မမှားဘူး..နောက်မှာ ပိုက်ဆံတွေပါတယ်..ယာလေး အကောင့်ထဲ ထည့်ထားလိုက်..”
“ဟင်..ဘာလို့လည်း..မမ..”
“မမ ပြောတာလေးကို ပြန်မမေးပဲ လုပ်လိုက်ပါလား..”
ယာ ကားမောင်း ရင်း ဘာမှ ဆက်မပြောပဲရပ်လိုက်ပေမဲ့..ဦးနှောက်ကတော့ မရပ်ပဲ ဆက်စဉ်းစားနေမိသည်..။
“ပါပါ ဆီမှာ ပဲတွေ ကုန်ပေမဲ့..ဟို ဘက်က ပို့ရင် ဆက်ယူမယ်လို့ ပြောတယ် မလား..ယာလေး...”
“အင်း..မမ ဆီမှာ မရှိတော့ဘူးလေ..”
“မရှိတာနဲ့ လက်ပိုက်ကြည့်နေရမှာလား…ရှာ၀ယ်မှာပေါ့ကွာ…”
“ဒီမှာ ၀ယ်ရင်..အဆင်မပြေဘူး..ထင်တယ်…သူ့ စျေးကွက်နဲ့ သူ ရှိပြီးသား..ပါပါ ကို ပြောကြည့်ပါလား မမ”
“မပြောချင်ပါဘူး..ပြောဖို့ လည်း အချိန်မရဘူး…တောက်…”
ယာ ဘေးလှည့်ဖို့တောင် မရဲတော့လို့ ရှေ့ ကို ပဲ မျက်တောင်မခတ်ကြည့်နေရသည်..။
“ဟာ..အောင်အောင်ကားပါလား..”
ယာလေး.အသံကြောင့်တွေးနေတာ ရပ်ပြီး သူ့ အကြည့် သွားရာ ကို ကြည့်တော့..ကားဘော့နပ်ကို ဖွင့် ပြီး ကား ဘေးမှာ မတ်တက်ရပ်နေတာ ဟိုကောင်…။
ယာလေး က ကား အရှိန်လျော့ပြီး..နှင်းဘက်ကို ခွင့်တောင်းသလို လှည့်ကြည့်သည်..။
“သွားကြည့်လိုက်လေ..ကားရပ်လို့ မရရင် မမ ဆက်မောင်းသွားလိုက်မယ်..”
“ယာ ခဏပါပဲ..မမ မသွားနဲ့ အုံးနော်..”
ယာလေး က ကားစက်မသပ်ပဲ.. ထွက်သွားတော့ နှင်း လည်း နေရာ မပြောင်းပဲ ဆက်ထိုင်နေလိုက်သည်..။
“အောင်အောင်..မင်း ကား ဘာဖြစ်တာလည်း..” အောင်အောင်က အသံကြားတော့ လှည့်ကြည့်ပြီး..
“သူလား..ရေလို နေတာလေ..”
“ထိုးရပ်သွားတာလား..”
“အေးကွာ..နေက ပူ လူ က သေတော့မယ်..”
ယာ လည်း..ဘာလုပ်ပေးရမှန်းမသိ..အောင်အောင် ကတော့ မျက်နှာ တစ်ခုလုံးနေပူလို့ နီရဲနေသည်..။
“မင်း..ဘော်ဒါတွေကို ဖုန်းဆက်ကြည့်ပါလား..”
“ခေါ်ထားတာ ကြာပြီ..ရန်ကုန်ဘော်ဒါ ဆိုတာ ဒါပဲလေ..” အောင်အောင် က ကားဘီးကို ခြေနဲ့ကန်လိုက်သည်.။
နှင်း ကားထဲက ကြည့်နေတာ တစ်ယောက်က ခေါင်းကုပ်..တစ်ယောက် မျက်နှာ သပ်နဲ့..အဆင်မပြေဘူးဆိုတာ သိလိုက်သည်..။
မဆိုင်ပေမဲ့ ယာလေး ကြာနေမှာ စိုးလို့ ဖုန်း နံပါတ်တစ်ခု ကို ခေါ်လိုက်သည်..။
“ကို မျိုး လား..နှင်းပါ..ကားပျက်သွားလို့..ခု ဘယ်မှာလည်း ဟင်..”
“ဟာ..ဒါဆို နီးနီးလေးပါပဲ…ကောင်းဆက် နားမှာ…အင်း..မြန်မြန် လေးနော်..နေပူလို့ပါ..”
နှင်း ဖုန်းဆက်ပြီး..၁၀ မိနစ် ကြာတော့..ကိုမျိုးကားရောက်လာသည်..။
“ဟိုကား ကိုမျိုး..”
“အိုကေ..”
“ညီတို့ကား လား..”
အောင်အောင်က ယာ ကို နားမလည် သလို ကြည့်သည်..ယာ လည်း မျက်လုံးနဲ့ မသိဘူးလေ ဆိုတာ မျိုး ပြန်ကြည့်လိုက်သည်..။
“နှင်းဖုန်းဆက် ခေါ်လို့..”
“အော်..မမ လား..”ယာ ပြောလိုက်တော့ အောင်အောင်လည်း သဘောပေါက်ခါ
“ဟုတ်ကဲ့..ကား.မောင်းနေရင်းထိုးရပ်တာ ရေကော ဆီကော ရှိတယ်..အင်ဂျင်ဝိုင်လည်း ရှိတယ်..”
“ညီတို့ တစ်နေရာမှာ စောင့်နေပါလား နေ တအားပူလို့......”
“ဟုတ်ကဲ့..အောင်အောင် လာ..”
“ငါရောလား..”
“အေးလေ..” အောင်အောင်က မမ ကို မခန့်လေစား အမြဲ ပြောပေမဲ့ အခုကျတော့ သူလည်း ကြောက်တာပဲလေ..ဟား..ဟား..။
“မမ..ကျေးဇူး..ဟို အောင်အောင် ကို ခေါ်လို့ ရမလား..နေပူထဲ မှာ ကြာနေပြီ..”
“ခေါ်လိုက်ပါ..”
မမ ခွင့်ပြုလိုက်တော့ အောင်အောင် ကားနား ရောက်တာနဲ့ အချိန်ကိုက်..
“၀င်..ဒိုးမယ်..”
အောင်အောင် က ကားနောက် ၀င်ထိုင်လိုက်ပေမဲ့..မမ ကို ကျေးဇူးတင်ပါတယ်တောင် မပြော..ဒီကောင်..။
“မမ ဆိုင်ပို့ ပေးရမလား..”
“ရွှေရသာ..ကိုသွားမယ်..”
“ဟင်..အိမ်မှာ…အဲ..အင်း..”ယာ အိမ်မှာ ပြန်မစားဘူးလား မေးမလို့ပေမဲ့..မမ အော်မှာ ကြောက်လို့ ဘာမှ မပြောတော့ပါဘူး..။
အောင်အောင် ကားနောက်ကနေ ယာယာ ဖြစ်နေတာ ကြည့်ပြီး မမ ဆိုတာ ကို သောက်မြင်ကပ်သည်..။
ကိုယ်ကားပျက်တာ ကူညီတာရော..ကိုယ်အခု အဲကွန်းနဲ့နေခွင့် ရတာကော..မမ ကျေးဇူးဆိုပေမဲ့..ယာယာ ကြောက်နေရတဲ့ ပုံစံ ကို တစ်စက်မှ မကြိုက်ပါ..သူ ရုပ်ကလည်း အချောကြီး မဟုတ်ပဲ ချေနေတာ..ဟိုမင်းသားလိုကောင် က မ ဘုရား လုပ်နေလို့လေ..။
“ယာလေး..ည က ဘယ်သွားတာလည်း..”
နှင်း တိတ်နေတာ မကြိုက်တာရော..ည ကတည်း မေးချင်နေတာရော..ပေါင်းပြီး မေးခွန်းတစ်ခုဆွဲထုတ်လိုက်တာ..။
“အယ်..ဟို…”
“မှန်မှန် ပြော မညာနဲ့နော်..” မမ က ယာ ဆံပင်း နောက်ကို ဆွဲစု ကိုင်ပြီးမေးတော့.. ယာ ကားမောင်းရင်း ပခုံး ကျုံ ထားမိသည်..။
မမ က ..မေးခွန်းမေးတိုင်း တစ်ခုခု ချိန်းခြောက်ပြီး အမှန်ပြောခိုင်းနေကျလေ..။
အောင်အောင် စိတ်ထဲ မကျေနပ်တာ ပိုသွားသည်..။
ယာယာ ခေါင်းကို ဆံပင်ဆွဲ ပြီးမှ မေးတာ..ဟိုကောင်ကလည်း ငြိမ်ခံနေတာ..ယောင်္ကျား မာန တောင် မရှီဘူးလား…အောင်အောင် စိတ်ပူသည်..ယာယာ က အခုမှ ရန်ကုန် ရောက်တာ အရူးလုပ်ခံနေရတယ် ဆိုတာ ဒီကောင် ဘာမှ သိတာမဟုတ်ဘူး..။
“ည က ကျွန်တော်တို့နဲ့..စကားပြောနေတာ..၁၀နာရီ ဖြစ်သွားတာ..”
နောက်က ယာလေး သူငယ်ချင်းက ၀င်ပြောတော့ နှင်း ဘာမှ ဆက် မပြောတော့
သူငယ်ချင်း ကို ထိလို့ ဖြစ်နေလိုက်တာ..ကို့မောင်လေး..ဆံပင်ဆွဲတာ သူ အပူလား..ဟွန့်..။
.
“အောင်အောင်လည်း..မှာလေ..”
“အင်း..”
နှင်း က အကြီးမို့လို့ မကောင်းတက်တာနဲ့စကားစပြောလိုက်သည်..။
“ကြက်ဆီထမင်း တစ်ပွဲ..မမ က မုန်ညှင်းထမင်းပေါင်း..မလား..အောင်အောင်ကရော..”
“မုန့်ညှင်း ထမင်းပေါင်း..”
“ဟား..ဟား…စားနိုင်မှာ မဟုတ်ဘူး..မောင်လေး..တစ်ခြားဟာ.မှာလေ..”
အောင်အောင်ရွဲ့ပြီးမှာလိုက်တော့…မမ က ၀င်တားရသည်..။
“အဲဒါဆိုလည်း ကြက်ဆီ ထမင်းပဲပေးတော့..”
အောင်အောင်က မကြည်မလင်ရုပ်နဲ့ အရှက်ပြေပြန်ပြင်လိုက်ရသည်။
“ယာယာ မင်း ကျောင်းကို မလာနဲ့တော့..”စားနေရင်း…အောင်အောင် ထပြောလိုက်တဲ့ ဘာမှန်းမသိတဲ့ စကားကြောင့်..ယာ ခေါင်းထောင်သွားသည်..။
“ဘာလည်း..”
“မင်း မသိသေးဘူးလား.ကျောင်းမှာ မင်းက နာမည်ကြီး..”
“သောက်..အဲ…အပိုတွေမပြောစမ်းနဲ့ကွာ..”
အောင်အောင် မမ ကို တစ်ချက်ကြည့်ပြီး..
“ဒီမှာကြည့်…ဒါ မင်း လာတဲ့နေ့က ၀တ်လာတဲ့ အကျီ င်္မလား.”
“အေး..ဟုတ်တယ်…ဘယ်သူက ရီုက်ပြီး တင်လိုက်တာလည်း..”
“မင်း ကို လိုက်နေတဲ့ ကောင်မလေးတွေလေ..”
“ဟ..ပြောင်းပြန်ကြီး..”
“အေးဆို..တစ်ယောက်က မေးဘောက်မှာပြောတာ အောက်က ထောက်ခံတဲ့ သူ များသားကွ..စွန်ချက်..”
အောင်အောင် က မမ ကို တစ်ချက် ကြည့်တော့ ယာ လည်း လိုက်ကြည့်မိသည်..မမ က စားတာမပျက်သလို တွေးတာလည်း မပျက်..။
နှင်း စားနေရင်းတွေးနေတာ..ကိုသီဟ ကိုများဖုန်းဆက်ကြည့်ရင်ကောင်းမလားလို့..ပါပါ ကို ပြောတာထက် သူကို ကုန်ရှာခိုင်းတာ ပိုကောင်းမလား..ပါပါ ကလည်း ကိုသီဟ ဆို ဘာလို့ငြင်းနေတာလည်း မသိဘူး..ကျွတ်..စိတ်ညစ်လိုက်တာ..ဒီ တစ်ကွက် သာ ရ ရင် တစ်ခါတည်း ပွဲသိမ်းမှာ…ဟူး..နှင်း ရေယူသောက်လိုက်ရသည်..။
အောင်အောင် ကြည့်နေတော့ နှင်း မျက်ခုံးပင့်မိသည်.. ဘာလည်း လို့မေးဖို့ ပါးစပ်ကမအားတော့ မေးငေါ့မေးမိသည်..။
“ယာယာ က ကျောင်းမှာ ဖိုးစွန်ဗျ..”
“ဟင်..ဟုတ်လား…ယာလေး က ကျောင်းပြောင်းလို့ရပြီလား..”
“ဒီမှာလေ..ကျွန်တော်ဆီ လာတုန်းကပုံ fb မှာ နာမည်ကြီးနေတာ.ဒါတောင် မျက်နှာ မပါသေးဘူး...”
“ဝိုးး…တယ်ဟုတ်ပါလား..ယာလေး…ဒါတောင်..ဒီရှပ်အပွကြီးတွေ ဖျက်နေသေးလို့ မဟုတ်ရင်တော့...”
မမ က ရှပ်အကျီ င်္လက်ကို လက်နဲ့ ဆွဲပြီး ပြောသည်..။
အောင်အောင်ဇဝေဇ၀ါ ဖြစ်သွားသည်.. ယာယာ ကို တကယ် စိတ်မ၀င်စားတာပဲ..ဒါဆို ဒီကောင်က တစ်ဖက်သပ်ကြီးလား…။
“အယ်..နှင်းဆီနက် မလား…”
ခုံနားရောက်လာပြီး သေချာမေးတဲ့ အတွဲကို အားလုံး တစ်ပြိုင်နက် ကြည့်မိသည်..။
“ဟင်..ဟယ်..ကောင်းပြည့်..”
“ရက်စ်..”
“ဒေလီ..ဒါ ကိုရဲ့ ဖက်စ်လပ်..လေ…”
ပြောလိုက်တဲ့ လူရဲ့ စကားကြောင့် ယာ ထမင်းဆက်မစားနိုင်တော့..ဒီလူကလည်း မမ ရဲ့..
“ဟုတ်..နာမည် ခေါ်လိုက်ကတည်း ကသိပါတယ်..”
“ဟား.ဟား..နင်တော့ ငါ့ အတင်းတွေ ပြောထားတာသေချာပြီ..”
“ဟဲ…ဟဲ…နစ်နာသူက ငါလေ..”
“ဒီကလေးက..” ကောင်းပြည့် က ယာလေးကို လက်ညိုးထိုးပြတော့..
“ယာလေး..ငါ မောင်လေး..ဟိုဘက်က.မောင်လေး သူငယ်ချင်း အောင်အောင်..”
မောင်လေးဆိုပြီးသေချာ မိတ်ဆက်တော့ အောင်အောင် အထင်တွေ မှားနေမှန်းသိလိုက်သည်..။
“နင် မှာ မောင်လေး ရှိတာ ငါ့တောင် မပြောဘူး..”
“ဟဲ့ .ငါတောင် ပြန်တွေ့တာ တစ်လလောက်ပဲရှိသေးတာလေ..”
“အိုကေ..ဖုန်းနံပါတ်မပြောင်းဘူးလား..ဖုန်းဆက်လိုက်မယ်..”
“အား…”ကောင်းပြည့် အပြောမတက်မှုကြောင့် ဗိုက်လိမ်ဆွဲတာခံလိုက်ရသည်..
“ဟာ..ဟား..”နှင်းအော်ရယ်လိုက်တော့ ဒေဝီက ရှက်သွားသည်…ကောင်းပြည့်ကတော့ ဗိုက် ကို လက်နဲ့ အုပ်ထားဆဲ..။
“တို့ပြန်တော့မယ်..နင် အဆင်ပြေရဲ့လား..ငါတို့ ဘီဘီ အကြောင်းကြားတယ်..”
မမေးသင့်ပဲ မေးလိုက်တဲ့ မေးခွန်းတစ်ခုကြောင့် ယာ မမ အတွက် စိတ်ပူမိသည်…မမ ဒေါသထွက်နေပါပြီ အပြုံးတစ်ခုရဲ့ အောက်က ဒေါသကို ယာ ပဲ တွေ့သည်..ဘယ်သူမှ မတွေ့..။
“အဟင်း..အမှန်အတိုင်း ပြောရရင်တော့ မပြေဘူးဟ..ဒါပေမဲ့ ငါ သည်းခံနေတယ်လေ..”
“အေးဟာ..နင်ပြောသလိုပေါ့ ဘ၀မှာနေတက်ရင် ကျေနပ်စရာပေါ့ အများကြီး မတွေးနေနဲ့..နင် အရင်တိုင်း လှနေတုန်းပဲ..”
“အယ်.နင်ပြောမှ အဟက်..”
မမ က ထွက်သွားတဲ့ အတွဲကို ကြည့်နေပြီး..သူတို့ ဆိုင် အပြင်ရောက်သွားမှ…
“တောက်….ဂွက်..”
ရေခွက်ကို ဆောင့်ချလိုက်လို့ ခုံပေါ်ကို ဖိတ်ကုန်သည်..။
အောင်အောင် က မျက်နှာပြောင်းသွားပြီး ယာ ကို လှမ်းကြည့်သည်. ယာ က မသိဘူးဆိုတဲ့ အထာနဲ့ ပခုံးတွန့်ပြလိုက်သည်.။...........
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
တစ်နေ့တစ်ပိုင်းပဲ တင်ရတာ 💔
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အလုပ်နဲ့မို့ ရတဲ့ အချိန်လေးပြေးရေးရလို့ပါနော် 💪
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
YOU ARE READING
မအတွက်
Random"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...