Part 11

3K 119 1
                                    

မ အတွက်
အပိုင်း (၁၁)
#မအတွက်စပိုက်ကာ

“အဲတော့ နင်က လိုက်သွားမယ်ပေါ့..”
“အင်း..”ယာယာ ခေါင်းငြိမ့်လိုက်ပေမဲ့ကျောခိုင်းပြီး အ၀တ်တွေ ထည့်နေတာလှည့်မကြည့်တော့ နှင်းဒေါသထွက်ရပြန်သည်..…လူကို မခန့်လေးစား..ပြေးထု ချင်လိုက်တာနော်…။
“မေ ကလည်း ဒီမှာ လာနေပါဆိုတော့ မနေဘူး..ကျွတ် အလုပ်က ရှုပ်အုံးမယ်..”
မမ အပြစ် ပြောနေတာ ယာ ရဲ့ တစ်ဥိးတည်းသော အမေ ယာ ဘ၀ရဲ့ အဖေဆိုလည်း ဟုတ်ပါသည်..။
ယာ ငယ်ငယ် ကတည်းက အဖေ မရှိတော့ အမေ တစ်ဦး သာ မိဘပါ…။
ယာ စိတ်နဲ့ ယာဆို ဒီမြို့မှာလည်း လာနေဖြစ်မှာ မဟုတ်ဘူး..မေ ကို တစ်ယောက်တည်း ထားခဲ့တာ ယာ စိတ်မချရပါ…။
ယာ..အခြေအနေ ..မမေးပဲ..ဒရိုင်ဘာလုပ်ဆိုတဲ့ အမိန့်ချလိုက်လို့ ယာ ဒရိုင်ဘာဖြစ်ခဲ့သည်..။
မမ အတွက် အန္တရယ်ရှိလို့ စိုးရိမ်ရလို့ အလုပ်တွေ ၀င်ကူရင်း..အလုပ်ကိစ္စတွေပါ ယာ အလုပ်…
ယာ ဆိုတာ မမ အတွက်ချည်း …
မမ ကတော့ ယာ ခံစားမှုကို ငဲ့ တောင် မကြည့်…။
“မသွားလို့ မရဘူးလား..”
“အင်း..”
“ယာယာ..နင် အင်း တစ်လုံးပဲ ပြောတက်တော့လား ဟမ်..”
“ယာ က ဘာပြောရမှာလည်း..မ မေးနေလို့ ပြန်ဖြေနေရတာလေ..”
“စကားအရိပ်အကဲ တောင် မသိတော့ဘူးလား..” အရင် က နှင်း မျက်လုံးကြည့်ပြီး ဘာလိုလည်း အတက်သိတဲ့ သူက အခုကျတော့ ဘာပြောတာလည်းတောင် သဘောမပေါက်တော့ပြန်ဘူးလေ…
“ယာ မေ ကို အရမ်းစိတ်ပူနေလို့ပါ..မ ဘာပြောချင်တာလည်း..ဟင်..”
“မသွားနဲ့လို့ပြောချင်တာ..”
“မေ တစ်ယောက်တည်း..”
“နိုင်ဦးကို သွားခေါ်ခိုင်းလိုက်မယ်..”
“မေ လိုက်မှာ မဟုတ်ဘူး…”
“နင် ဖုန်းဆက်ပြောလိုက်ပေါ့…”
“ယာ သွားရင် မ အဆင်ပြေအောင် ကိုနိုင်ဦးကို စီစဉ် ခိုင်းထားတယ်…ဒရိုင်ဘာ မိန်းကလေးတစ်ယောက်လည်း ရပြီ..တောက်တိုမယ်ရခိုင်းဖို့ ကောင်မလေးတစ်ယောက်လည်း ရောက်မယ်..မ အဆင်ပြေမှာပါ..”
“ကျွှတ်…”
နှင်းကရော သူကို ဒါတွေ ခိုင်းဖို့ အတွက်တားနေလို့လား..
အိမ်က အလုပ်သမား သွားရင် အခက်အခဲဖြစ်မှာ စိုးလို့ မသွားပါနဲ့ ပြောနေတဲ့ ပုံစံ ဖြစ်နေတာလား..။
“အလုပ်ကိစ္စ..မှာ နင်..”
“အလုပ်ကိစ္စတွေလည်း နုနု ကိုသေချာမှာခဲ့တယ်…စာရင်းတွေပါ တစ်ခါတည်း အပ်ပြီးသား..ပါပါ စာရင်းကို ည ကျမှ  ပေးတော့မယ်..မ စာရင်းတွေ ကုတင်ပေါ်မှာ..”
နှင်း ဘာပြန်ပြောရမှန်းတောင် မသိတော့..တကယ် အားလုံး အစီအစဉ် လုပ်ပြီးမှ သွားမှာလား..
တော်လိုက်တာ…သူ့ ဦီးလေး ဖုန်းဆက်တာ နေ့ခင်း ၃နာရီ…
အခု ည ၇ နာရီကို အားလုံးအဆင့်သင့် ဖြစ်အောင် ဘယ်လို လုပ်လိုက်ပါလိမ့်…။
အလုပ်ဆိုတာလည်း အသေးအမွှားက စပြီး..နိုင်ငံခြားကိုပစ္စည်း တင်ပို့  အထိ ..အားလုံး လုပ်ပြီးသား..
“မ ဆိုင်ပဲ သွားနော်..ပွဲရုံကို တစ်ယောက်တည်း မသွားပါနဲ့…”
နှင်း အဖြေမပေးတာကို သက်ပြင်းချပြီး..အ၀တ်တွေ ဆက်ထည့်နေသည်..။
.ဒီပုံစံဆို တကယ်သွားမှာပေါ့ ဘယ်လိုမှလည်း တားမရ..
ယာ အ၀တ်အစားတွေ ထည့်ပြီးလို့ ဘီဒိုတံခါးပိတ်တော့ တံခါးမှန်ကတစ်ဆင့် စိုက်ကြည့်နေတဲ့ မ မျက်၀န်းတစ်စုံ..
ဘာကိုဆိုလိုတာလည်း သိပေမဲ့ ယာ မလိုက်လျောနိုင်ပါ…။
ဖိုင် နှစ်ခုကို ယူပြီး အောက်ထပ်ဆင်းလာခဲ့လိုက်သည်…။
“ပါပါ…”
“အော်..ကောင်လေး..လာ..”
“ဒီမှာ စာရင်းပါ..” ယာ လှမ်းပေးတဲ့ ဖိုင်ကို ယူပြီး ခုံပေါ်တင်ရင်း..
“တနင်္ဂနွေမှလေ..”
“ယာ အိမ်ခဏ ပြန်မလို့..မေ နေမကောင်းလို့..”
“ဟင်..ဘယ်လိုဖြစ်တာလည်း..”
“နေ့ခင်းက ဦးလေးဖုန်းဆက်တာ မူးလဲလို့တဲ့..မေ  အရင်ကတည်းက သွေးအားနည်းတက်တာ..”
“ဟာ..သွားရမယ်..နှင်းပါ ခေါ်သွားလိုက်..”
“နှင်း…ဘီဘီ သွားခေါ်လိုက်..”
နှင်းလှေကားထိပ်မှာ ရပ်နေတာမို့ အားလုံးကြားပြီးသားပါ…
ဘီဘီ တက်လာတာ မစောင့်ပဲ နှင်း ဆင်းလိုက်သည်..။
“ပါပါ..ခေါ်တယ်ဆို..”
“အင်း ..ထိုင်..”
နှင်း နီးရာခုံမှာ ၀င်ထိုင်လိုက်သည်…။
“ကောင်လေး..အမေ နေမကောင်းဘူးတဲ့..”
“နှင်းသိပါတယ်..”
“ကောင်လေးနဲ့ လိုက်သွားလိုက်..”
“ဟင်.ပါပါ နှင်းလိုက်သွားရင် အလုပ်တွေကဘယ်လိုလုပ်မလည်း..ပြီးတော့ ဆိုင်ကလည်း ရှိသေးတာ...”
“ပိုက်ဆံက ဘ၀မဟုတ်ဘူး..နှင်း..”
“နှင်း ..မလိုက်နိုင်ဘူး..”
မမ နဲ့ ပါပါ ပြသာနာစတော့မယ်ဆိုတာ ယာ သိလိုက်သည်…။
“မမ လိုက်လို့မဖြစ်ဘူး ..ယာ ည ကားနဲ့ သွားမှာ..”
“အိမ်က ကားနဲ့ မသွားဘူးလား..”
“ကား မမောင်းချင်လို့ပါ..”
“ကောင်းတယ်..နှင်းလည်း အဲဒါနဲ့ပဲ သွား..”
“ပါပါ..နှင်း မလိုက်ဘူး..ပြောပြီးသားနော်..”နှင်း အသံမြင့်ပြောလိုက်တော့…ပါပါ က ယာဘက်ကို လှည့်ပြီး..
“ မမောင်းချင်ရင် နိုင်ဦးကို ပို့ခိုင်းပေးရမလား..”
“ရပါတယ်..ယာ နေလို့သိပ်မကောင်းတော့ ကားကြီးက ပိုပြီး သက်သာတယ်..”
“အေး..မင်း လည်း ဂရုစိုက်အုံးနော်..အခုတလော ပင်ပန်းထားတာ..သွား..အချိန်ရတုန်း အိပ်ပျော်အောင် အိပ်လိုက်..”
ယာ ခေါင်းငြိမ့်ပြီး ထ ထွက်လာခဲ့သည်…အရင်ကဆို မမ ကို ကာပြောပြီး တစ်ခါတည်း အပေါ်ခေါ်လာမှာ..အခုတော့ မေ ကို စိတ်ပူတာ နဲ့ ခေါင်းကမခံနိုင်အောင် ကိုက်နေပြီ…။
“ကဲ..နှင်း မလိုက်ဘူးဆိုလည်း..သူ သွားဖို့တော့ ပြင်ဆင်ပေးလိုက်အုံး..သွား..”
နှင်း..အခန်းထဲရောက်တော့ ကုတင်မှာ တကယ်အိပ်နေပြီ..။
သိတယ်..မနက်ကတည်းက မပြောပေမဲ့ သူ့ဟာသူ ဆေးသောက်နေတာ တွေ့မိလိုက်တာ…ဒီကသိလို့ တားနေတာကို..တစ်ခွန်းမကျန်ပြန်ပြောပြီး..မသိရင် ကိုယ်က သူ့ကို ခိုင်းဖက်ကြီးလို ဆက်ဆံ နေတာကျနေတာပဲ…ဟွန့်..ငယ်ငယ် တုန်းကအတိုင်း ပြောမကောင်း ဆိုမကောင်း လေး..။
အ၀တ်အစားလဲ ပြီး ရေချိုးခန်းထဲက ထွက်လာတော့..တီရှပ် တစ်ထည်နဲ့..
ပြောတော့ နေမကောင်းဘူးဆိုပြီး..နှင်း မနေနိုင်လို့ ဘီဒိုထဲက အနွေးထည် ထုတ်လိုက်သည်..။
“ရော့ ဒီမှာ..အပေါ်အကျီ င်္ ထပ်၀တ်အုံး..”
“ဟင်”
မမ က ယာ အတွက် စိတ်ပူတာလား..အကျီ င်္တောင်ထုတ်ပေးနေတော့ ယာ ကြည်နူးမိသည်..။
“ဘာလည်း..မ၀တ်တက်တော့ဘူးလား..”
“မဟုတ်ပါဘူး..”
ယာ အနွေးထည်ကို ယူပြီး ၀တ်လိုက်ရင်း..
“မ…ပါပါ စကားနားထောင်နော်..တစ်ယောက်တည်း ဘယ်မှ မသွားနဲ့နော်..အလုပ်ကိစ္စ အကုန်လုံး နုနု လုပ်လိမ့်မယ်..မ မသွားနဲ့နော်..”
“ဘာလည်း..နင်ရဲ့ မိတ်တွေ လုမှာ စိုးလို့လား..” ယာလေး ဘာပြောချင်တာလည်း သိပေမဲ့ မကျေနပ်မှု ထပ်ပေါင်းပြီး မေးလိုက်သည်.။
“အဲလို မဟုတ်ပါဘူး..မရယ်..ယာ စိတ်ပူလို့ပါ..”
“ယာယာရေ ..သွားမယ်လေ..”
နိုင်ဦး က အောက်ထပ်က လှမ်းခေါ်တော့..ယာလေးက အထုတ်ကောက်ယူပြီး..
နှင်း ကို ပြန်ကြည့်သည်…အို..ဒီကောင်လေး ဘယ်လိုမျိုးကြည့်နေတာလည်း..
ယာလေးရဲ့ အကြည့်တွေထဲမှာ နှုတ်ဆက်တဲ့ အကြည့်မျိုး မပါခဲ့ဖူးတော့
နှင်း စိတ်မကောင်းဖြစ်လာသလိုလို.ဘာကြောင့်ပါလိမ့်.။
“သွားတော့မယ်..လိမ်လိမ် မာမာနေနော်..”
“အောင်မယ်..သူကပဲ..”
“ဟား..ဟား..”
လှေကားကနေ ဆင်းသွားတဲ့ ယာလေးကို ကြည့်ရင်း..
စိတ်တွေကလည်းရှုပ်လိုက်တာနော်….။
မှန်ထဲမှာပေါ်နေတဲ့ ပုံရိပ်ကိုငေးရင်း..အချိန်ကြာကြာ စဉ်းစားမရမှန်း သိတော့
မှန်တင်ခုံ အောက်က  အထုတ်ကို ဆွဲ ထုတ်လိုက်သည်..။
လှေကားက ပြေးဆင်းရင်း
“နေအုံး..နိုင်ဦး..”
“ဟင်..”
နှင်းကို အားလုံး ဝိုင်းကြည့်နေမှာ သိပါတယ်..အထူးသဖြင့် တီမြနဲ့ ဘီဘီ ကြိတ်ရယ်နေကြမှာလေ..။
“သွားမယ်..ပါပါ နှင်းသွားပြီ..”
“ဟမ်..အေး..သွား.သွား..”
ယာလေးကတော့ နှင်း ကားဘေးတံခါးဆွဲဖွင့်ပြီး ၀င်ထိုင်ကတည်းက နှင်းကို ကြည့်နေတာ မျက်တောင်တောင် ခတ်ရဲ့လား မသိ…
သူလုပ်တော့မှ ပိုနေရခက်သည်..အရှေ့က နိုင်ဦးကလည်း တမှောင့်..
ချောင်းချည်း ဆိုးပြနေတော့တာ..။
ယာ မမ လိုက်လာတယ်ဆိုပေမဲ့ ကားဂိတ်ထိလိုက်ပို့တာလား အိမ်ထိ လိုက်မှာလား သေချာ မသိတော့..ဘယ်လိုမေးရမလည်း.
“မ လက်မှတ် ဘယ်လိုလုပ်မလည်း..”
“ဟာ ဟုတ်သားပဲ အချိန်ကပ်နေတော့ ..”
“ရှိတယ်..”
“ဟင်..” နှစ်ယောက်စလုံးဆီက ထွက်လာတဲ့ ဟင် ကြောင့်..နှင်း အပြင်ဘက်ကို ငေးကြည့်နေရသည်..ရှက်ဖို့ကောင်းလိုက်တာနော်…။
မမ က ယာ နဲ့ တူတူ လိုက်မယ်ဆိုတော့ ယာ ပျော်လိုက်တာ..ဒါပေမဲ့..မ အဆင်ပြေပါ့မလား..။
.
“နိုင်ဦး..ပါပါ ကို သေချာ ဂရုစိုက်နော်..”
“မပူပါနဲ့..အေးအေးဆေးဆေး..ချစ်ကြနော်..”
“အယ်…”
နှင်း..ကားပေါ်ပြေးတက်လိုက်သည်..တော်တော်လေးပြောရဲနေတာ..နိုင်ဦးတော့ နေအုံး..အိမ် ပြန်ရောက်မှ တွေ့မယ်…။
“ခုံမတူရင် မ ရှေ့မှာ ထိုင်လိုက်နော်..”
“သွားပါ ၀င်စမ်းပါ..”
မမ က ထုံးစံ အတိုင်းငေါက်လိုက်ပေမဲ့..ကားထဲက ကြားတဲ့ လူတွေ က လှည့်ကြည့်ကြသည်…။
“ယာခုံဒီမှာ..”
ယာ နေရာရောက်တော့ ထိုင်ချလိုက်သည်..
“ဟိုဘက်၀င်ရမယ်..ခြေထောက်ဖယ်အုံး..”
“ဟင်..မ က ဒီဘေးခုံလား..ဟာ..တော်ပါသေးရဲ့.”
တော်ပါသေးရဲ့ နဲ့ ပြီးတာမှ မဟုတ်တာ ဒီခုံရဖို့ ပိုက်ဆံ တွေ ပိုပေးထားရတာသူမှ မသိတာ..
ခုံမှာ ၀င်ထိုင်လိုက်ကတည်းက…
“မ အိပ်ချင်အိပ်နော်..”
“အင်း...”
“မ..ဗိုက်ဆာ ပြီလား..”
“ထမင်းစားပြီးသားလေ..”
“အင်း..”
“နေရာက ထိုင်လို့ ကောင်းရဲ့လား..ယာ နဲ့ လဲမလား..”
“ကျွတ်..ဘာဖြစ်နေတာလည်း..ယာယာ .”
“ဟီး..…”
“မေ နေမကောင်းဘူးလေ..”
“အင်း..”
နှင်း သတိပေးလိုက်မှ ပြုံးနေရာက ငြိမ်ကျသွားသည်..။
သူ ခေါင်းကိုက်နေတာ သတိရတော့…
“နင်..ဆေးသောက်လာလား..”
“အင်း..”
မမ က ခုံမှာ သေချာပြင်ထိုင်ပြီး စောင်ပါးလေခြုံခါ မျက်လုံးမှိတ်ထားသည်။
“ယာယာ..”
“ဟင်..”
ယာလည်း အိပ်မလို့ မျက်လုံးမှိတ်ထားတာ ပြူးကျယ်သွားသည်..။
“ဘာလို့လည်း..မ..ဘာဖြစ်တာလည်း..”
“ငါကြောက်လို့..”
“ဟင်..ဒီဘက်လာမလား..”
“မလာပါဘူး..အဲဘက်က ပိုဆိုးတယ်..”
“ယာ မအိပ်ပဲ စောင့်နေမယ်လေ..”
“မလိုပါဘူး..ပေးလက်..”
ယာ နားမလည်ပေမဲ့ လက်နှစ်ဖက် ထုတ်ပေးမိသည်..။
ယာ လက်တစ်ဖက်ကို မ က ဆုပ်ကိုင်ပြီး ပြန်အိပ်သည်..။
မ က တကယ့် ကလေးလိုပါပဲ...
ယာ အဖြစ်ကိုလည်း တွေးပြီး ရယ်ချင်လာသည်…
ရန်ကုန်က နေ  အိမ်ပြန်တာ ဒါနဲ့ဆို နှစ်ခါ..
ပထမတစ်ခါလည်း ကျောပိုးအိတ်ထဲက မမ လက်ဆောင်တွေကြောင့် ပိုက်လိုက်..ခေါက်လိုက်နဲ့..စိတ်မချလို့ မအိပ်နိုင်..။
အခုလည်း…မ လက်ကိုကိုင်ပြီး လွတ်လို့လည်း မရ ချလို့မရ..မ က တင်းနေအောင် ဆုပ်ထားတော့ ရေသောက်တာတောင် ယာ လက်တစ်ဖက်တည်းနဲ့ ဖွင့်လိုက် သောက်လိုက်မို့..ဘေးခုံက လူက ရယ်ကြဲကြဲ လုပ်ရင်း ကူ ပေးရသည်..။
တစ်ကားလုံး တိတ်ဆိတ်သွားတော့
ယာ လည်း အိပ်ချင်လာတာနဲ့..ခုံမှာမှီပြီး..မ လက်ကို ကိုင်ရင်း အိပ်လိုက်သည်..။
.
ယာ တစ်ရေးနိုးတော့ ယာ ခေါင်းက မမ ပခုံးပေါ်မှာ မမ ပခုံးနာတော့မှာပဲ…
ယာ သေချာပြန်ထိုင်ပြီး မမ ကိုကြည့်တော့ မမ က နိုးနေသည်..။
“ဟင်..မ မအိပ်ဘူးလား..”
“အိပ်တာပေါ့..”
“နိုးနေတာကြာပြီမလား..”
“မကြာသေးပါဘူး..”
မမ လိမ်တာ ..ပြောလိုက်ချင်ပေမဲ့ ယာ မပြောတော့ပါဘူး..။
မမ အိပ်နေတာကို ယာ နေ့တိုင်းငေးနေတာပဲ..
တစ်နာရီ..တစ်ခါတစ်လေ..နှစ်နာရီ ကြာတဲ့ အထိ ငေးပြီးမှ မမ ကိုနှိုးမိတာ…။
မမ အိပ်ယာထ ပုံစံလေးကို ယာ အလွတ်ရနေပြီ..။
အခုပုံစံ က အိပ်ရာထပုံစံ မှ မဟုတ်တာ…
“မ ပြန်အိပ်လေ..ရောက်ဖို့လိုသေးတယ်မလား..”
“ဟားဟား…ရောက်ပြီတဲ့..”
“ဟင်..”
“ယာယာ စိုးရိမ်ရတယ်နော်…”
“အဲ..အဲဒါ…”ယာလေးက ခေါင်းကုတ်ပြီး တ အဲအဲ ဖြစ်နေတော့ နှင်း ရယ်နေမိသည်….။
.
“ဟယ် ယာယာ မလာပါနဲ့ သေချာပြောလိုက်ရဲ့နဲ့..အယ်..နှင်းလည်းလိုက်လာတာလား..လာ..လာ”
“မေ ဘာလို့ အောက်ဆင်းနေတာလည်း..”
“ခုမှ ဆင်းတာပါ..”
“မေ ကလည်း..”ယာယာ ဆိုသည်မှာ လက်ထဲက အထုတ်မြေကြီးပေါ် ပစ်ချပြီး..အမေ ကိုပြေးဖက် ငိုနေတော့တာ ကလေးလည်းမဟုတ်ပါပဲနဲ့.. ဘေးက မိန်းမတောင်  သတိထားရဲ့လား…
ဒီကောင်လေးနဲ့..ခက်လိုက်တာ..
ကလေးတစ်ယောက်လို ရှိုက်ပြီးငိုနေတဲ့ ယာလေးကို ကြည့်ရင်း နှင်းလည်း စိတ်မကောင်းဖြစ်မိသည်..။
သူ့ အမေ ကို ဒီလောက်စိတ်ပူနေတာလား.. နှင်းက သူ့ အတွက် စိုးရိမ်လို့ တားမိတာပါ..။
“ကဲတော်ပါတော့ ယာယာ ရယ်..လွမ်းတက်လိုက်တာ..”
“မေ…မေ…မေ့…လဲ..တုန်းက ဘယ်သူ တွေ့…တာလည်း..” ရှိုက်ရင်း..မေးနေတာမို့ နှင်း ရင်ထဲ စို့လာသည်..။
“နင့် ဦးလေးပေါ့..ဟဲ့..လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ ပဲ..”
“မေ….” ငိုပြန်ပါပြီ..ဒီကောင်လေးတော့ ..ဘယ်လိုပြောမှ ရပ်မှာလည်း..။
“ယာယာ နင် မိန်းမ ရှေ့မှာတောင် ..ကလေးလို လုပ်နေအုံးမှာလား..”
“အင်း..”
“ယာ..သိတော့လေ…ဘာတွေ လုပ်ရမှန်း မသိတော့ဘူး..အရေးကြီး လာတော့ မေ နဲ့ ယာ အရမ်းဝေးနေမှန်း သိလိုက်ရတယ်..”
“ကဲပါ..အခုရောက်လာပြီပဲ..၀င် ..သမီးကို အထုတ်တွေ သယ်ပေးလိုက်အုံး..”
“မ..၀င်လေ..ယာ အိတ်ယူလာခဲ့မယ်..”
နှာခေါင်းတွေရော မျက်လုံးတွေရော နီနေတဲ့ ယာလေးက နှင်းကို မျက်လုံးချင်း မဆိုင်ပဲ အိတ်တွေကိုကောက်နေတော့..
နှင်းလည်း အိမ်ထဲ၀င်ခဲ့လိုက်သည်..။
တစ်ထပ်အိမ်လေးမို့ အခန်း၂ခန်းကို ကန့်ထားသည်..မီးဖိုခန်းကို မြင်နေရသည်..။
ယာလေး နေတဲ့အိမ်ပဲ နှင်း စဉ်းစားမိတော့ ရင်ထဲနွေးလာသည်..။

“ထိုင်..သမီး..”
“ဟုတ်..မေ နေသာရဲ့လား..”
“အကောင်းပါပဲ.သွေးပေါင်ကျတုန်းလေး မိုက်ခနဲ့ ဖြစ်သွားတာကို....ဘာကိစ္စ ဒီကောင်လေးကို သွားပြောတယ် မသိဘူး..”
“မေ ရယ်..ယာလေးမသိရရင် ပို စိတ်မကောင်းဖြစ်မှာပေါ့..”
“ဟုတ်ပါတယ်..သူ ကိုယ်က အသဲနုတာ…သမီးတော့ စိတ်ညစ်သွားမှာပဲ..”
“မညစ်ပါဘူး..မေရဲ့..နှင်း က  ဒီကို တစ်ခါ မှ မရောက်ဖူးသေးလို့..နည်းနည်းအေးတယ်နော်..”
“အို အေးတယ် မခေါ်ပါဘူး..အခုက ဒီမှာအအေးလျော့နေတာ. သမီး အေးရင် အနွေးထည် ၀တ်ထားနော်...”
“မေ..ယာ  သွားလိုက်အုံးမယ်..” ယာ အခန်းထဲက ထွက်လာပြီး အိမ်ပြင်ထွက်သွားသည်..။
“ဟဲ့..ဘယ်လည်း…”
“ခဏပဲ..”
“နေအုံး ဟဲ့..သမီးကို ခေါ်သွားအုံးလေ..”
“နှင်း မေနဲ့ အတူနေချင်လို့ပါ..”
“ကျေးဇူးပါကွယ်..သမီးလေးက သိတက်လိုက်တာ..”
နှင်းလိပ်ပြာမလုံ …လာခါနီးတုန်းက ပြသာနာ ရှာ ခဲ့တာလည်း နှင်းပဲ…။
ယာ ခဏ ကြာတော့ ကားတစ်စီးနဲ့ ပြန်ရောက်လာသည်..။
“မေ ဦးလုံ ခေါ်နေတယ်..”
“ဟေ..အခုလား..နက်ဖြန်မှ လာမယ်ပြောလိုက်…”
“မရဘူး..ကားပါလွတ်လိုက်တာ..”
“ဘာဖြစ်ပြန်ပလည်း..”
“မ လည်း လာလေ..”
နှင်းလည်း ကားထဲ ၀င်ထိုင်လိုက်သည်…။
.
“ယာယာ နင်ကို ငါ ကောင်းကောင်း ပြောနေတယ်နော်..”
မေ က ဆေးပိုက်ထိုးသွင်းတုန်းက ငြိမ်နေနပြီး ၁၅မိနစ်လောက်ကြာတော့ စလာပြီ…။
“မေ ကလည်း အားဆေးလေး သွင်းတာ ဘာဖြစ်နေတာလည်း..”
“ဒါ တစ်ထုတ်ကို ၄နာရီလောက်ကြာမှာ ငါက ဘာလုပ်နေရမှာလည်း..”
“အိပ်ချင်အိပ်နေ..”
“ယာယာ..အခုဖြုတ်..”
“မ..လာမြန်မြန် ပြေးမယ်..” ဘေးမှာ ရပ်နေတဲ့ မမ လက်ကိုဆွဲရင်း အခန်းထဲက ပြေးထွက်လာခဲ့လိုက်သည်..။
“ဟင်..”
ဆေးသွင်းနေတဲ့ အမေကို ထားခဲ့ပြီး..
နှင်းကို လက်ဆွဲပြေးတော့ နှင်းလည်း ဘာမသိနဲ့ လိုက်ပြေးမိသည်…။
အို ဘယ်လိုတွေ ဖြစ်ကုန်တာလည်း…နှင်းမှာ ရောက်ပြီး နာရီပိုင်း ရှိသေးတယ်..သူ့လက်ကိုင်ပြီး ပြေးလွှားနေရတာ မဟုတ်သေးပါဘူး..။
ပြေးတာ နည်းနည်း လှမ်းတော့မှ..နှင်း လက်ကို ဆွဲပြီး သစ်ပင်အောက်က ခုံမှာ ၀င်ထိုင်သည်..။
“ဘာတွေဖြစ်တာလည်း..ယာလေး..”
“မေ ကို အဲလို မှ မလုပ်ရင်မရဘူး..ဆေးသွန်းဖို့ စိတ်မရှည်ဘူး..”
“တစ်ယောက်တည်း ထားခဲ့တာတော့မကောင်းဘူးထင်တယ်..”
“ဦးလေးလည်းရှီတယ်..ခဏနေ..မေကြောက်ရတဲ့ ဦးလုံလည်း ရောက်တော့မှာ..ယာ အနား မှာ ရှိနေရင်..မေ ပြောရမှာ မဟုတ်ဘူး..”
“အမေ ကို လိမ်ခေါ်ပြီး ဆေးသွန်းပေးတာ ကုသိုလ်ရပါ့မလား..”
“မရလည်းနေပါစေ..အဓိက ကုသိုလ် ရဖို့ မဟုတ်ပါဘူး..မေ နေကောင်းဖို့ပဲလေ…”
တွေးတက်လိုက်တာ…သူတွေးသမျှ အမှန်…
နှင်း အိမ်ထဲမှာ ထိုင်နေတုန်း အနားရောက်လာပြန်သည်.. ခြံထဲက အလုပ်တွေကော..ပစ္စည်းလိုတာ သွား၀ယ်တာကော အားလုံးကို အချိန်တိုအတွင်း စီစဉ် လုပ်ကိုင်နိုင်တဲ့ ယာလေးရဲ့ အရည်အချင်းကို နှင်း အထင်ကြီးမိသည်..။
“မ ဗိုက်ဆာပြီလား..”
“မဆာပါဘူး..”
“ညာပြန်ပြီ…”
“ဘာလည်း…”မမ က မကြည်သလို ကြည့်ပြီးမေးတော့ ယာ ဆက်မပြောရဲတော့ပါ…။
အခု ချိန်က မမ ရဲ့ မနက်မုန့် စားမဲ့ အချိန်လေ…။
တစ်ခါတစ်လေ မနက်မုန့် မုန့်ဟင်းခါး အသုပ် ..တစ်ခုခုစားပြီး..၁၀နာရီ ဆို ကော်ဖီနဲ့ ပေါင်မုန့် ၊ကွတ်ကီး တို့ စားတဲ့ အချိန်ပဲ.. အချိန်တွေက နာရီ ကြည့်စရာတောင် မလိုလောက်အောင်
ယာ အလွတ်ရနေတာ မ နဲ့ ပတ်သက် သမျှ…အားလုံး…။
“ဘာစားကြမလည်း..”
“မသိဘူး..လွယ်တာပေါ့..”
“နေအုံး..မီးဖိုချောင်မှာ ဘာရှိလည်း..မွေ ကြည့့်လိုက်အုံးမယ်..”
“မလုပ်တက်ပဲလျှောက်မလုပ်နဲ့အုံးနော်…” ယာ ၀င်လာတော့ မမ က လှမ်းအော်သည်..။
“ယာ ပါ ..”
“အေးပါ…”
“ဟီး..”
နှင်း တစ်ယောက်တည်းထိုင်ရတာ ပျင်းတာနဲ့..အခန်းတစ်ခုကို  ၀င်သွားလိုက်သည်..။
“ဟင်…” သစ်သားတန်း သုံးဆင့် မှာ ဒိုင်းတွေ ကလပ်တွေ…ဂုဏ်ပြု မှတ်တမ်းလွှာတွေ  ကလည်း နံ့ရံ တစ်ကွက် အပြည့် နီးပါး…
ယာလေး ရထားတဲ့ ဆုတွေပဲ..စာတော်ရဲ့သားနဲ့ ဘာလို့ တတိယနှစ်မှ စားမေးပွဲ ကျရတာလည်း မသိ..
ဟွန့်..မိန်းကလေးတွေ လိုက်ငမ်းနေလို့ နေမှာပေါ့…။
ငယ်ငယ် က ဆုယူနေတဲ့ ဓာတ်ပုံလေးတွေတော့ ကောက်ယူကြည့်မိသည်..။
ပါးစပ်ကလေး ဟ ပြီး ပို့စ်ပေးနေတာ ဘယ်လိုလေးလည်း..ဆံပင်က လည်း ကတုံးဆံပင်ပေါက်ကလေး..
ဟုတ်ပါတယ်..ဒီအရွယ်တုန်းက နှင်းတို့ ဆီ လာတာ ..ဟီ သေးသေးလေး..ချစ်ဖို့ကောင်းလိုက်တာ..
ဘေးက တိုင်ကို လက်နဲ့တန်းရင်း ငယ်ငယ်က အရပ်နဲ့ အခုအရပ် ယှဉ်ကြည့်မိသည်..။
“မ..ဘာလုပ်..”
“မာမီ..”
“ဟား..ဟား..လန့်တက်လား…မသိခဲ့ဘူး..”
“မလန့်ပါဘူး..ယောင်တာ..ဒီပုံလေးတွေ့တော့ ယာလေး ငယ်ငယ်က အကြောင်း သတိရလို့..သဘောင်္ လိုချင်ရင်မှီ အောင်ယူလို့ ပြောတာကို မယူနိုင်ဘူးလေ..ပုပုသေးသေးလေး..”
ယာ ပြုံးရင်း…မမ အနားကို လျှောက်သွားလိုက်ပြီး…
“အခုရော..မ..”
ရှေ့မှာ သူရပ်နေတာကို မော့ကြည့်နေရတာ..
“ဟွန့်..ကြွားချင်တာလား..”
“တိုင်းကြည့်ပါအုံး..”
“အင်း..ငယ်ငယ်တုန်းက တိုင်ရဲ့ ဒီလောက်..အခု…”
နှင်း ညာဘက်လက်က ငယ်ငယ် အရပ်လို့ ဆိုပြီး မှတ်ထားတာကို ယာ က လက်အောက်မှာ ဆောင့်ကြောင့်၀င်ထိုင်လိုက်ပြီး..
“တွေ့လား..အရင် အတိုင်းပဲ…”
“ဟား..ဟား…ဟုတ်တယ်..”နှင်း ယာလေး ဆံပင်တွေကို နောက်ကနေ ဆွဲစုပြီးမြောက်လိုက်တော့ လူပါ ကြွ လာသည်..။
“မ စားလို့ရပြီ လာခေါ်တာ..”
“ဘာလည်း..”
“အိုဗာတင်း ခေါက်ဆွဲ..”
“ဘာကြီးတုန်း အဲဒါ..”
“ဒီဒေသ အစားအစာလေ..အိုဗာတင်းနဲ့ မားမား ခေါက်ဆွဲ ရောပြုတ်တာလေ..”
“ဟင်..စားလို့ ကောင်းပါ့မလား..”
“စားလည်း ကြည့်ပါအုံးမရဲ့..”
ယာ ရယ်ချင်တာ မြိုသိပ်ထားပြီး ပန်းကန်ကို ခုံပေါ်တင်ပေးလိုက်သည်..။
“ဟွန့် အနံ့ကလည်း..”
မမ က နှာခေါင်းရှုံ့ ရင်း တစ်ဇွန်း ခပ်စားသည်..။
“ဝိုး..ကောင်းတယ်..”
တူတွေရော ဇွန်းတွေရောနဲ့ ပူနေတာကို မရပ်ပဲစားနေတာ..
“မ ယာ အတွက် တစ်လုပ်..မ…ဖြေးဖြေး..နင်နေမယ်..”
“ဝါး..မထင်လောက်အောင်..ကောင်းတယ်..”
“ယာ ဖို့တောင် မချန်ထားဘူး..” ပန်းကန် အခွံကို ကြည့်ရင်းပြောတော့.မမ က
“ထပ်လုပ်စားလေ..”
“အဲဒါယာ အတွက် မ အတွက် က ခေါက်ဆွဲ ရိုးရီုးပြုတ်ပေးထားတယ်လေ..ဟိုဘက်မှာ..”
“ကောင်းလိုက်တဲ့ အကြံ..မမ ကတော့ အိုဗာတင်း မပါတာ စားပေါ့ ဒီလိုလား..ဟား..ဟား..အခုတော့ ယာလေး ပဲ စားလိုက်တော့ မမ ဗိုက်ပြည့်သွားပြိ..”
ယာ ခေါက်ဆွဲ စားဖို့ မကျန်ပေမဲ့ ပျော်နေပါသည်…မမ က နင် ငါ မပြောပဲ မမ နဲ့  ယာလေးလို့ ခေါ်လိုက်တာ..ယာ စိတ်ထဲ ပျော်လွန်းလို့ ထ ခုန် ချင် သည်…။
.
“ယာ စောင်က ဒါပဲလား..”
“အင်း..”
“ကျွတ် ဒုက္ခ ပါပဲ စောင်တောင် အလုံအလောက်မရှိပါလား..”
“တိုးတိုး ပြောပါ မရယ်..မေ နိုးသွားလိမ့်မယ်…”
နှင်း..ယာ ပြောတော့မှ အသံလျော့ ဖို့ သတိရသည်…။
“ငါ အရမ်းချမ်းနေတာ..”
“မ ခွင့်ပြုရင် ယာ ဖက်အိပ်ပေးမယ်လေ..”
“ဘာ…နင်....နင် အခွင့် အရေးယူချင်တာလား..” သူ့ရဲ့ စေတနာ စကားမှန်းသိပေမဲ့ နှင်းမှာ ရင်တွေခုန်ပြီး မလုံမလဲ ဖြစ်ရင်း မပြောသင့်တာပြောမိသွားသည်
“မဟုတ်.မဟုတ်ပါဘူး..ယာ ရိုးရိုးသားသားပြောတာပါ..”
“နင့် စောင်ပါပေး..မရသေးဘူး..နင် အောက်မှာ အိပ်နော် တက်မလာနဲ့…”
“အင်း..”
ယာ အခန်းထဲက ထွက်ပြီး ဘီဒီု သွားဖွင့်ကြည့်တော့လည်း ဘာမှ မရှိ..
“ယာယာ..ဘာဖြစ်လည်း..”
“ဘာမှ မဖြစ်ပါဘူး..မေ..ချမ်းနေလား .ယာ စောင်လာ ေ.ပးမလို့.”
“ယာယာ ရယ်..ငါ က နေနေကျလေ..နှင်း တော့ အေးနေမှာပဲ..စောင်မလောက်ရင် ငါ့စောင်လာယူပေးလိုက်..”
“ရပါတယ်..မမ က ဟိုမှာလည်း အဲကွန်းဖွင့်မှ အိပ်ပျော်တက်တာ. မေ ဗိုက်ဆာလား..ယာ မုန့် ယူပေးရမလား.”
“မဆာပါဘူး..အိပ်တော့မယ်..သွား..နင်လည်း..၀င်တော့..”
ယာ အခန်းထဲ ပြန်ရောက်တော့ သက်ပြင်းချမိသည်..စောင်အပို သွားရှာမိတာ မေ နဲ့ တည့်တည့် တိုးရတယ်လို့…။
မမ အော်လိုက်လို့ မေ နိုးသွားတာလား…ဟူး…။
“မ အိပ်နေပြီလား..”
စောင်သုံးထည်ခြုံတာတောင် ကွေးအိပ်နေတဲ့ မ ကို ကြည့်ရင်း ရင်ထဲမကောင်းပါ…။
မနက်ဖြန် စောင် အရင် သွားရှာ ၀ယ်ရမယ်…။
အခင်းကလည်း အေးလိုက်တာ..။
ယာ အနွေးထည် ထူထူ ၀တ်ပြီး.. ကုတင်ဘေးမှာ ဒီတိုင်း လှဲ အိပ်ရင်း ကုတင်ပေါ်က စောင်ထုတ်ကလေးကို ငေးနေမိတာ မျက်လုံးက မှေးကျလာသည်..။
“ဟင်..”
ယာ အိပ်ရာနိုးတော့ နွေးလိုက်တာလို့ တွေးမိပြီး မျက်လုံးဖွင့်တော့ ကိုယ် ပေါ်မှာ စောင် သုံးထည် စလုံးရောက်နေသည်..။
မမ နိုးတော့ ယာ ကို ပြန်ခြုံပေးသွားတာလား..မမရော..ကုတင်ပေါ်ကြည့်မိတော့ မရှိ..ထမလို့ လုပ်လိုက်တော့ တစ်ယောက်ယောက်ဆွဲထားသလို..
“ဟာ”
စောင်သုံးထည်စလုံးဖယ်လိုက်တော့ အောက်ဆုံးမှာ ယာ ရဲ့ သခင်မ..
ယာ ရင်ဘတ်ထဲကို ခေါင်းစိုက်တိုးပြီး လက်တွေက ယာ အကျီ င်္ ရင်ဘတ်စ ကို ဆုပ်ကိုင်ရင်း အိပ်ပျော်နေသည်…။
စောင်တွေ ကို ပြန်ခြုံလိုက်ပြီး ပို နွေးသွားအောင် တိုးဖက်ပေးချင်ပေမဲ့…မ.. ခွင့်ပြုလာမဲ့ တစ်နေ့..….။

..........
စာက ဒီနေ့ ရှည်သွားတယ် 😥
မရေးတက်ပဲဝါသနာအရရေးသူမို့
အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာရေးမကောင်းတာသိပေမဲ့
မနေနိုင်လို့ရေးမိနေတုန်းပါပဲ💔😭💪📖
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖
နည်းနည်း နောက်ကျသွားတယ်🙏

Love u all ❤

မအတွက်Where stories live. Discover now