Part 10

3.7K 112 0
                                    

မ အတွက်
အပိုင်း (၁၀)
#မအတွက်စပိုက်ကာ

“မောနင်း..မ..”
နှင်း..အိပ်ယာထက်မှာ မှိန်းနေရင်း..ယာလေး က အနားမှာရပ် ပြောတော့ မျက်လုံးဖွင့်လိုက်ရသည်..။
“ဘယ်အချိန်ရှိပြီလည်း..”
“၈ နာရီလေ..စောပါသေးတယ်..မ အိပ်ချင်သေးရင် ပြန်အိပ်နော်…”
“အခုမှ ဘယ်လို ပြန်အိပ်လို့ ရတော့မှာလည်း..အိပ်ပျော်နေတာ လာနိုးပြီးတော့..”
ယာခေါင်းကုတ်နေရုံက လွဲ ပြီး ဘာဆက်လုပ်ရမှန်းမသိ…။
“မ ပြန်အိပ်မယ်ဆို..ယာ လိုက်ကာပြန်ပိတ်လိုက်မယ်လေ..”
“တော်ပါပြီ…ဆို..”မမ က ငေါက်ရင်း ရေချိုးခန်းထဲ၀င်သွားတော့..ယာ စောင်တွေခေါက်ပြီး သိမ်းလိုက်သည်..။
“မ..ဒီမှာ.” ယာ လှမ်းပေးတဲ့ တာဝါကို ယူပြီး မျက်နှာသုတ်လိုက်သည်…။
“မနက်မုန့် ဘာစားချင်လည်း..မ..”ယာ အတွက် မနက်မုန့် ၀ယ်ပေးဖို့ မေးရတာ နေ့တိုင်းတာ၀န်တစ်ခုမို့ မေးမိသည်..။
“အင်း..မုန့်ဟင်းခါး..”
“အခန်းကိုယူလာပေးရမလား..မ..”
“ကောင်းတာပေါ့..အောက်မှာ လူတွေ အများကြီး..နေရ စားရ ကြပ်တယ်..”
ယာ လှေကားက ပြေးဆင်းလာပြီး မီးဖိုခန်း တန်း၀င်သွားလိုက်သည်..။
“နာနီမြ..ယာ ၀ယ်လာတဲ့ မုန့်ဟင်းခါးရော..”ယာ ပန်းကန်ထဲ ထည့်ပြီး ခုံပေါ်တင်ခဲ့တာ အခုတော့ မရှိတော့ဘူး..
“ဧည့်သည် တစ်ယောက် စားသွားတယ်လေ..”
“ဟင်…”
ယာ ကားမောင်းနေပေမဲ့ စိတ်က မရှည် ၉နာရီ ဖြစ်တော့မယ်….မမ က ဒီဆိုင်က မုန့်ဟင်းခါးပဲ စားတက်တာ..ကုန်သွားရင်တော့..သေပြီ…။
“ဒေါ်ကြီး..မုန့်ဟင်းခါး…တစ်ပွဲ…လောက်..ရအုံးမလား..”
“အောင်မလေးဟယ်..နင် ကြည့်ရတာ မောလိုက်တာ..ရမယ် ဘဲဥ ထည့်မလား..”
“အရင်…အတိုင်းပဲ..”
“ကားကို လမ်းမှာ ဒီတိုင်းရပ်ခဲ့လို့ မြန်မြန်လေး…”
“ပြေးလာလို့ မောနေတာကိုး ဟီး..တွေ့လား..ဒါ ငါ့ ဖန်လေးလေ..ဟီး…”
မုန့်ဟင်းခါးသည် အဒေါ်ကြီးက ဘေးမှာ ထိုင်စားနေတဲ့ သူတွေကို ကြွားရင်း..မုန့်ဟင်းခါး ပိုပိုသာသာ ထည့်ပေးလိုက်သည်..။
“နာနီမြ..ဘေးကို..ဘေးကို..”
“ကောင်လေးရယ် ဘာတွေလောနေတာလည်း..ချွေးတွေ သံတွေ ထွက်လို့..”
နာနီမြက ပြောလို့ မပြီးသေးပေမဲ့ ယာ ကတော့ မုန့်ပန်းကန်ကိုင်ပြီး..လှေကားပေါ်ပြေးတက်နေပြီ…။
“မ…မ…ရပြီ…” ယာ အခန်းထဲရောက်သွားတော့ မ က အ၀တ်အစားလဲပြီး ဆိုင်သွားဖို့ အဆင့်သင့် ဖြစ်နေပြီ…။
“မ မုန့်ဟင်းခါးရပြီ..”
“ဟား..ဟား…ယာယာ…နင် ကို မထင်ဘူးသိလား..ပညာပြတက်သားပဲ..”
“ယာ မ အတွက် မုန့် ဟင်းခါး သွား၀ယ်နေရလို့ နောက်ကျ…”
“တော်ပြီ..မစားတော့ဘူး..ဆိုင်သွားမယ်..ကား အဆင့် သင့် သွားလုပ်ထား..”
မမ ဘာတွေကို အထင်လွဲပြန်ပြီလည်း..အရင်က ပြသာနာ ထဲ မပါအောင် အမြဲရှောင်နေလို့ ရပေမဲ့..အခုတော့ ယာ ကို ဦးတည်ပြီး…
“သွားလေ..ဘာရပ်လုပ်နေတာလည်း..”
အမြဲတမ်းယာလေး..ဆိုပြီး နူးနူးညံညံ ခေါ်တက်တဲ့ မမ အခုတော့ သူစိမ်းတွေလိုပါပဲ..။
ယာ အောက်ထပ် ဆင်းလာတော့..မေ က အခန်းထဲက ထွက်လာသည်..။
“ယာယာ..နိုးနေပြီလား..”
“အင်း..မေ..ခုမ နိုးတာလား..”
“အေးး..ညကအိပ်မပျော်ဘူး..မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ..”
“ယာ မမ ကို ဆိုင်သွားပို့ပေးလိုက်အုံးမယ်..”
“ဟင်..အလုပ်မနားဘူးလား…”
“နားစရာမလိုပါဘူး.မေရယ်..”
“လုပ်လိုက်ရင်လည်း အထူးအဆန်းးတွေ မနေ့က မင်္ဂလာဆောင်တယ်. ..”
“ဒါ ရန်ကုန် စတိုင်လ်မေရဲ့..”
“သိပါဘူး..ဟယ်..”
.
နှင်း..ဒေါသထွက်သည်..အစက တန်ဖိုးမဲ့ မှာ စိုးခဲ့ပေမဲ့ ယာလေးတော့ မပါလို့ ထင်ခဲ့တာ…
ယောင်္ကျားတွေ အားလုံးတူတူပဲ ဆိုတာ မေ့သွားခဲ့တာ နှင်း အမှားတစ်ခုပါ..
မနက်တိုင်း ၇နာရီ ဆို မုန့်ရောက်နေတက်တဲ့ ယာလေး..
အခုတော့ ၉နာရီတောင် ပြန်မရောက်သေးဘူး..ပညာပြတက်နေပြီဆို မှားလိမ့်မယ်..
ယာယာ ဆိုတာ တကယ်တော့  ပါပါ လူမှန်း သိလိုက်ချိန်မှာ နှင်းနောက်ကျသွားပြီလေ..။…
ဒေါသထွက်မိတာ မနက်စောစောစီးစီး..မို့ သတိုးသမီးလောင်း ဆိုတာတောင် မေ့သွားရသည့် ဘ၀..။
“ပြီးပြီလား..ယာယာ..”မမ က လှေကားက ဆင်းလာရင်း ယာ ကို လှမ်းမေးသည်..။
“အင်း..”
“သမီး အလုပ်သွားမလို့လား..”
“ဟုတ်..ဆိုင်ကို ပစ္စည်းသစ်တွေ ၀င်မှာမို့လို့ပါ မေ..
ည အိပ်ပျော်ရဲ့လား..ဟင်..”
“ပျော်ပါဘူးကွယ်မိုးလင်းခါမှ..အိပ်ပျော်သွားတာ..”
“အိပ်ယာ ပြောင်းလို့ ဖြစ်မယ်..မေပြန်လဲ နေနော်..နှင်း သွားလိုက်အုံးမယ်..”
ယာ ပြုံးမိသည်..မမ စကားကောင်းပြောတာ အခုလောလောဆယ် တစ်အိမ်လုံးမှာ မေ တစ်ယောက်ပဲရှိတော့သည်..။
“မ အရမ်းလှတယ်..”ယာ ကားမောင်းနေရင်း မမ ဘက်သို့ လှည့်ပြီး ပြောလိုက်သည်..။
မမ ဆီက စကား ပြန်မလာတော့..ဘာ ဆက်ပြောရမှန်းမသိ..
“မ နေ့ခင်း အိမ်ပြန်လာမလား..ဟင်..”
နှင်း ဘာမှ မပြောချင်လို့..ပါးစပ်ပိတ်ထား တာတောင် မေးနေတာ အပြီးနိုင်..
ဒေါသထွက်နေတာ..အတင်းလိုက်ပြီးမေးနေတဲ့ သူ့မေးခွန်းတွေကြောင့်..
“ဘာလည်း..” မမ ဆီက စကားသံ ထွက်လာတော့.ယာ ၀မ်းသာသွားသည်..။
“မ..နေ့ခင်း ပြန်လာရင် ကားလွတ်ဖို့....”
“ငါ က ဘာလို့ ပြန်ရမှာလည်း..”
“ဟို..ထမင်းစားဖို့..အဲ မဟုတ်ဘူး..နေ့ခင်းအားရင်..ဟာ..မဟုတ်ပါဘူး..ယာ ပြောတာ နေ့ခင်းထမင်းစားဖို့ ပြန်ရင်လေ..”
နှင်း ရယ်ချင်တာကို မြိုသိပ်ထားရတာ ကြာကြာခံမည်တော့ မထင်ပါ..
သူ့ဟာသူပြောပြီး စိတ်ဆိုးမှာကြောက်နေတဲ့ ပုံစံလုပ်ပြနေတာလား..
“မပြန်ဘူး..”
“ပြန်မယ်ဆို..ဖုန်းဆက်လိုက်နော်…ကိုနိုင်ဦးလာကြိုလိမ့်မယ် သိလား..မ မနက်စာ မစားပဲ မနေနဲ့နော်..”
“နင်က ဘယ်ကိုလည်း..”
“မေ နေ့ခင်းကားနဲ့ ပြန်မယ်ဆိုလို့ ယာ လိုက်ပို့ပေးမလို့..”
“ဘာ..စောစောကပြောပေါ့ဟယ်..”နှင်း မသိလို့ ဒီတိုင်းထွက်လာခဲ့တာပါ..
“ယာယာ…အိမ် ပြန်မယ်..”
“ဟင်..ဘာကျန်ခဲ့လို့လည်း..မ..”
“မရှည်နဲ့..”
“ယာ..မေ့ဖို့ လိုအပ်တာတွေ တစ်ခါတည်း သွား၀ယ်မယ်..”
“ဟင်..မေ ဖို့..”
“အင်း..မေ ဘာတွေ ကြိုက်လည်း ငါမသိသေးဘူး..”
နှင်း..ယာလေးကို မကျေနပ်ပေမဲ့ ယာလေး အမေဖြစ်သူကိုတော့ သံယောဇဉ် ရှိပါသည်..
တစ်ယောက်တည်း ရှိတဲ့ သားလေးကို အဝေးပို့ ထားရတာ..အဆင့်အတန်း မတူလို့ သူ့မှာ စိတ်မချ ဖြစ်နေသေးသည်..။
အခုတော့ နှင်း က မေ့ သမီး ဖြစ်နေပြီး..ယာယာ က ပါပါ သားဖြစ်နေပြီလား..
“မ ဒီနေ့ အရမ်းလှနေတယ်..”
ကျွတ်ပြောပြန်ပြီ..ဒါချည်းပြောနေတာ ဘယ်နှစ်ခါ ရှိနေပြီလည်း.နှင်း..ဘာမှ ထူးပြီး မပြင်ခဲ့ပါဘူး..။
..
“ယာယာ..ဘေးက မိတ်ကပ်ဘူး ရွေ့ခိုင်းတာလေ..အိုး..”
ပါပါ က နှင်းကို ပွဲရုံနဲ့ ပတ်သက်တာ ဘာအလုပ်မှ မလုပ်ရဘူးဆိုတဲ့ အမ်ိန့်ထပ်ဆင့် ကျလာတော့..
ဒေါသတွေက ယာလေး ဆီသို့ အကုန်ပို့လိုက်သည်..။
ယာ ကို နှင်း ကြည့်မရလို့ မနက်ကတည်းက တစ်ခုစီ ခိုင်းနေပေမဲ့ အားလုံးလုပ်ပေးနေတော့ သနားမိသည်..။
ကုတင်တွေ လည်း မနိုင်ပဲ နဲ့  ရအောင်ရွေ့တာ..ပြီးတော့ အရင် အတိုင်းပဲ ပြန်ထားခိုင်းတော့လည်း..
“မ ကလည်း “ လို့တောင် တစ်ခွန်း မပြောပဲ ပြန်လုပ်ပေးနေတာ..သိတက်လွန်းလှသည်..။
“ဒါလား..မ..”
“ဟုတ်တယ်..”
“ရပြီလား..”
“အင်း..ရပြီ..တော်တယ်..”
မမ က ကျေနပ်သွားသလို ပြုံးရင်း ယာ ခေါင်းကို လှမ်းပုတ်တော့..ရင်ထဲက လှပ်ပြီး ပျော်မိသည်..။
မမ ဆီက ဒီလို ပုံစံမျိုးလေး မရတော့ တာ မင်္ဂလာဆောင်ပြီး ကတည်းက…။
မမ က မှန်တင်ခုံမှာ ထိုင်နေလို့..ယာ ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး..မမ ကို မှန်ထဲ က တစ်ဆင့် ငေးကြည့်နေမိသည်..။
မမ က နှုတ်ခမ်းနီကို အပေါ်နှုတ်ခမ်းပါး အနားတွေသေချာ သပ်ဆိုးလိုက်ပြီး..နောက်တစ်ရောင် ထပ်ဆိုးသည်..။
မမ နှုတ်ခမ်းလေးတွေကို လိုက်ကြည့်နေရင်း….ရင်ခုန်နှုန်းက မြန်လာသည်..။
“.. ပါပါ ဆီ မသွားဘူးလား..”
“မဟုတ်ပါဘူး..မကြည့်ပါဘူး..”
“ဘာလည်း..ဟ..”
“ဟင်..”မမ ဘာမေးလိုက်တာလည်း..ယာ က မလုံမလဲ ဖြစ်ပြီး ဘာတွေ ပြန်ဖြေမိတာလည်း…ကျွတ်…ယာယာ မင်းကတော့လေ…။
“မမ ဘာပြောလိုက်တာလည်း..”
“ပါပါ ဆီ မသွားဘူးလားလို့..”
“အော်..အင်း..ဒီနေ့ ကုန်ချဖို့ ရှိလို့..”
“တစ်နေ့ကုန် အိမ်မှာပဲပေါ့..”
“မ နဲ့ လိုက်ခဲ့မယ်လေ..”
“မလိုက်ရပါဘူး..”
“ဟင်…”
“တော်ပြီဟယ်..ဆက်မပြောချင်တော့ဘူး..ကျွတ်…”
မမ က မှန်တင်ခုံ က ထလာပြီး ယာ ဘေးမှာ ပစ်လဲချလိုက်သည်..။
‘ငါ သွားလည်း..နင်က ပါပါ ကိုတိုင်မှာပဲလေ..”
ယာ နားထဲ ခါးလိုက်တာ..မမ အမြဲတမ်း..ယာလေးနဲ့ မမ ပဲ ပြောနေကျက အခုတော့ နင် နဲ့ ငါ သုံးတော့ ယာ ရင်ထဲ ၀မ်းနည်းမိ သလိုလို..ဖြစ်လာသည်..။
“မ စိတ်ညစ်နေလားဟင်..”
“ဟုတ်တယ်…ယောင်္ကျား ရတော့မှ ငါ့ ဘ၀ ပိုဆိုးသွားသလိုပဲ..”
ယာ နားထောင်နေရင်း မခံစားနိုင်လို့..ယောင်ပြီး ကုတင်ပေါ်က ထလာမိသည်…။
မှန်တင်ခုံမှာ တင်ထားတဲ့ မိတ်ကပ်ဘူး နဲ့ အလှပြင် ပစ္စည်း အပြည့်ကို ကြည့်ရင်း..
“မ အလှပြင်ပေးချင်သေးလား..”
“ဘာလည်း..”
“ငယ်ငယ် က ယာ ကို အလှပြင်ပေးချင်လို့ အရုပ်တွေ ၀ယ်ပေးခဲ့တာလေ..”
နှင်း စိတ်ရှုပ်နေတာလျော့ပြီး မျက်နှာမှာ အပြုံး သမ်းလာသည်…။
ကလေးဘ၀ဆိုပေမဲ့ သူ နမ်းလိုက်ချိန်က တကယ်စိတ်ဆိုးမိတာ…
သူ့ကို နှိမ်သလိုဖြစ်ပြီး အရုပ်နဲ့ ပစ်ပေါက်မိလို့ပါ..။
ပါးစပ်နဲ့ တောင်းပန် ဖို့က နှင်း ပါးစပ်က တောင်းပန်ပါတယ်လို့ ပြောမထွက်တာနဲ့..အရုပ်ကလေးတွေ ၀ယ်ပေးပြီး ကစားကွင်းလည်း လိုက်ပို့ ပေးခဲ့တာလေ……ဒါကို သူက ။
“ယာ စောင့်နေတာ..မ  အဲနေ့ က ပြန်မလာတော့.. စိတ်မကောင်းဖြစ်သေးတယ်…အကြွေးကြီး တစ်ခုလိုပဲ.ခံစားရတယ်..”
“ဟား.ဟား..အကြွေးလို ဖြစ်နေတယ်ဆိုတော့ အခု ဆပ်လိုက်ပေါ့..”
“အခု…”
“အင်း..”
မမ က ကုတင်ပေါ်က ထလာပြီး ခုံပေါ်က အလှပြင် ပစ္စည်းတွေကို သိမ်းကျုံးယူခါ ကုတင်ပေါ်ပြောင်းတင်သည်..။
“ယာ အဲတာတွေ..ဒီယူလာ..”
ယာလည်း..ခုံပေါ်က ကျန်တဲ့..ဘူးတွေ ကို လက်နဲ့ ဆန့်သလောက်ယူပြီး ကုတင်ပေါ်ချလိုက်သည်..။
“ရပြီ..လာ..အိပ်..”
“ဟင်..”
မမ က ကုတင်ပေါ်ထိုင်လိုက်ပြီး ယာ ကို ကုတင်ပေါ်မှာ အိပ်ခိုင်းသည်..။
ဘာလုပ်မှန်းမသိပေမဲ့ မ အမိန့် အတိုင်း လှဲချလိုက်သည်..။
“ခေါင်းနည်းနည်းမော့..”
ယာ မော့ ပေးပြန်တော့ မမ က အလိုမကျပြန်ဘူး..
“..အဲလောက်မော့တော့..ပါးဘက်ကို ဘယ်လိုမြင်မလည်း..’
“မဟုတ်သေးပါဘူး’
ယာ အလိုမကျတဲ့ မမ စိတ်တိုင်းကျ လှည့်ပေးနေတာ ကုတင် တစ်ပတ်ပြည့်တော့မည်..။
မမ ပေါင်ပေါ် ခေါင်းတင်လှဲအိပ်လိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်…။
“ဟဲ့ကောင်လေးး အာ..ဒီလိုကြီးတော့ မဟုတ်..”
“ရပါတယ် မ..ရယ်..လိမ်းသာလိမ်းပါ..”
နှင်း..သူ မျက်နှာကို ကိုင်ရမှာ စိတ်ထဲ တစ်မျိုးကြီး ခံစားနေရသည်…။
ဒီမျက်နှာ..ကို ပဲ ခဏခဏ ကိုင်ခဲ့ဖူးပါတယ်..
ဒီပါးတွေကိုပဲ မညှာမတာ ဆွဲလိမ်ပြီး အမြဲ ချိန်းခြောက်ခဲ့တာလေ..အခုမှ ဘာတွေ…။
“အ…အေးလိုက်တာ…”
“တိုနာလိမ်းလို့ ..ငြိမ်ငြိမ်နေ..”
ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ ကလေးတစ်ယောက်လို ငြိမ်လွန်းလှသည်..။
မျက်တောင်ဖျားတွေက သာမန်ယောင်္ကျားတွေထက် စိပ်ပြီး ရှည်နေတာ အခုမှ သတိထားမိသည်..။
ညာဘက်ပါးရိုးအောက်နားက မှဲ့ နက်ကလေးကိုတော့ ငယ်ငယ်ကတည်း က သဘောကျခဲ့ရတာ…။
မျက်ခုံးထင်းထင်း ပါးရိုး ထောင့်ကျကျနဲ့ နှုတ်ခမ်း အပေါ်နားက. အမွေးငုတ်စိ စိမ်းစိမ်းလေးတွေကြောင့်  ကလေး မဟုတ်ပေမဲ့..
ပြုံးရယ် လိုက်တိုင်း နှင်း အတွက်တော့ ယာ က ကလေးတစ်ယောက်ပြန်ဖြစ်သွားလောက်အောင် ဖြူစင်လွန်းပါသည်..။
ထိုကြောင့်လည်း..လူပျို အပျို ဆိုတာထက် ကလေးတစ်ယောက်နဲ့ ပေါင်းသင်းရသလို ရင်းရင်းနှီးနှီးနေနိုင်ခဲ့တာပေါ့…။
“မ…တကယ် အိပ်ပျော်တော့မယ်…”
“ခဏ ပြီးတော့မယ်…”
ယာ မျက်လုံးဖွင့် မကြည့်ရဲပါ..အထူးသဖြင့် အချစ် မျက်၀န်း နဲ့တော့ .မမ  နဲ့ အကြည့်ချင်း မဆုံရဲပါ..။
မမ ကြောင့် ရင်ခုန်သံ မြန်လာတိုင်း မမ နဲ့ ဝေးရာ ကို ခဏ ထွက်သွားချင်မိသည်…။
“ဒါဒါ…ပြီးပြီ…”
မမ ပေါင်ပေါ်ကနေ အမြန်ထထိုင်လိုက်သည်..။
“ဒီမှာ..လှလား..”
“ဟာ…မ..”မှန်ထောင်ပြတော့..ယာ ရင်ခုန်နေတာ ကြက်ပျောက်ငှက်ပျောက်…
“မရယ်..အား……”
“ဟား..ဟား..လှတယ်နော်..စံပယ်တင်မှဲ့လေးနဲ့..ခ်ခ်..’
မမ မျက်နှာ မှာ အပြုံးတွေပြန်ရောက်လာတာ..ကျေးဇူးတင်မိသည်..။
“မ…အိုး…ယောက်င်္ကျားဆန်ဆန် နဲ့ လှလှပပ  ပြင်ပေးလို့ရရဲ့သားနဲ့..”
“အောင်မယ် ကျားဆန်ဆန် လှလှပပ ပြင်ပေးဖို့ ဟုတ်လား..အလကကားရတာနဲ့ ကျောင်းရှေ့ သွား ပြီးရှိုးပြဖို့မလား..”
“ဟဲဟဲ..ဟုတ်တယ်..ယာ ကို ကြွေနေတဲ့ကောင်မလေးတွေရှေ့တော့ သွားရပ်ပေးရမှာပေါ့..”
“ကောင်းတယ်..”
မမ တကယ် ထင်သွားတာလား…လိမ်းလက်စ မိတ်ကပ်ဘူးတွေကို ပြန်သိမ်းနေတော့ ယာ လည်း ကူသိမ်းပေးလိုက်သည်..။
“အခု ကျောင်း ဘက်လည်း မသွားပါဘူး..လက်ဖက်ရည်ဆိုင်လည်း မထိုင်တော့ဘူး..အောင်အောင်တို့နဲ့ မတွေ့တာတောင် ကြာပြီ..”
“ဘာလို့…”
“မ မကြိုက်တာသိလို့လေ..”
“အဲလောက်ကြီး မချူပ်ချယ်ထားပါဘူး..နင်  စိတ်ချမ်းသာ သလိုနေ..အခု နင်က ပါပါ လူဖြစ်သွားပြီပဲဟာ..”
“အဲလို မဟုတ်ပါဘူး..မရယ်..ယာ က မ အတွက် စိုးရိမ်ပြီး..”
“တော်တော့..ယာယာ..ဒီကြောင်းတွေ စရင် ငါ ဒေါသ ပြန်ထွက်ရလိမ့်မယ်..”
မမ မျက်နှာက အပြုံးတွေ ပျေက်သွားခါ ပြန်လည် တင်းမာ လာသည်၊…မရယ်…။
.
“နှင်းဆီနက်..မလား..”
“ဟုတ်တယ်..နောက်ကကြည့်ရင်တောင် လှတာကွ….”
“သူ ယောင်္ကျားရပြီးကတည်းက မလာတော့တာ..အခုမှ ပြန်တွေ့ရတော့တယ်..”
“တွေ့ရတော့လည်း ငမ်းရတာပေါ့ကွာ..”
“ဘယ်ကောင် ပိုင်သွားတာပါလိမ့်..တော်တော် ကံကောင်းတဲ့ ကောင်ကွာ..ဟီးဟီး..”
ယာ လက်ဖက်ရည်ဆိုင် ထောင့်ဝိုင်းမှာ ထိုင်နေပေမဲ့ ဘေးဝိုင်းက ပြောသမျှ အကူန် နားထဲရောက်နေတာ ခက်သည်…။
ဒေါသကြောင့် အံကြိတ်ပြီး လက်သီးဆုပ်ထားမိသည်..မမ ကို ခေါ်လာတာကိုက မှားနေတာမလား…
ကိုယ်ရှေ့မှာ မို့လို့ ကြားနေပေမဲ့ တစ်၀န်းလုံး မှာ ယောင်္ကျားတွေက လက်ညိုးထိုးမလွဲ ကျားတို့ ကြီးစိုးရာ နယ်မှာ..မကြည့်ရဘူး.မပြောရဘူးလို့ ပြသာနာ သွားရှာရင်လည်း ဟားစရာဖြစ်ရုံသာ ရှိမည်..။
အဓိက မှားနေတာ မမ…မဟုတ်ဘူး…ယာယာ..။
မမ စိတ်ဆိုးနေတာ..ယာ မခံစားနိုင်ပါ…။
ဒီနေ့ မနက်ကလည်း ငွေချေဖို့ ကိစ္စ ရှိပေမဲ့ မမ ကို တာ၀န်အရ အသိပေးရသေးသည်..။
ပြောပြီးခါမှ ပိုဆိုးသွားခါ..မရဘူး လိုက်မယ်ဆိုတာချည်း..။
ယာ မှာ မမ အမိန့်ပေးခိုင်းစေ လာတိုင်း  ငြင်းဆန်နိုင်ဖို့ရာ..အင်အားမရှိခဲ့ပါ…။
အထူးသဖြင့် မမ ရဲ့ မျက်နှာတည်ကြီးကို ယာ ကြောက်သည်…။
မမ ယာ ကို စိတ်ဆိုးမယ် ဆိုတာ ကို အသိထဲတောင် မခံစားရဲ…။
မမ ကို  နိုင်တဲ့သူ ပါပါ  ကလည်း ခရီးသွားနေတော့ယာ  ကူရာမဲ့ပြီး နောက်ဆုံး မ အလိုကျ ၀င်းထဲ ပို့ပေးရသည်..။
“ယာယာ နင်မလိုက်နဲ့..လက်ဖက်ရည်ဆိုင်မှာစောင့်..”
“ဘာလို့လည်း..မ. တစ်ယောက်တည်း”
“ငါတို့ အတူတူ ဆိုတာ သိသွားရင်..စျေးတင်လိုက်လိမ့်မယ်..”
“အ၀မှာ ကားရပ်စောင့်နေမယ်လေ..”
“ယာယာ….
နင် ငါကို ပါဝါပြနေတာလား..”
“မဟုတ်ပါဘူး…မရယ်..ယာ က စိတ်ပူ….”
ယာ စကား မဆုံးခင် မမ က ကားပေါ်က ဆင်းသွားပြီ..။
တံခါးကို ဆောင့်ပိတ်ထားခဲ့တဲ့ လုပ်ရပ် ကြောင့် ယာ လည်း ဆင်းပြီး လိုက်မသွားရဲတော့ပါ..။
“ယာယာ..မင်းပျောက်နေတယ်နော်…”
၀ကြီးဆိုတဲ့ သူက ယာ ကို တွေ့လို့ ၀င်လာပြီး ခုံဆွဲပြီး ၀င်ထိုင်သည်…။
“ဟုတ်တယ်..”
“ကုန် ငါ ဆီမှာ ရှိတယ်နော်..”
“ကျွန်တော် လက်လွဲပဲ လုပ်တော့တယ်..”
“အေး ကောင်းတယ်..”
“အကိုရော..ဟိုတလောက ထော သွားတယ်ဆို..”
“ဟား..ဟား..ဖြျကတာပါကြာ..”
“မချေးပါဘူးဗျာ..”
“မင်းကတော့..လုပ်ပြီ…”
“ယာယာ..သွားမယ်..”ယာ စကားပြောနေတုန်း မမ ၀င်လာတာ မသိလိုက်…
“ဟင် နှင်းပါလား…”
ယာ စိတ်ညစ်သွားသည်..ယာနဲ့ မမ ကိုတွဲတွေ့တာနဲ့ ဝြကီးတို့ မောင်းထုကြော်ငြာတော့မှ.ာ..ဒါ ဒီလောကရဲ့ ဝှက်ဖဲ..တစ်ခု …။
“ဟဲဟဲ..နှစ်ယောက်က သိနေကြတာလား..”
“မနှင်းဆီနက် ဆီမှာ ကုန်ရှိတယ်ဆိုလို့ ပါ…”
“အော်.. ငါ့ဆီမှာလည်း ရှိတယ်...”
“ကျွန်တော် ဖုန်းဆက်လိုက်မယ်လေ…”
“အိုကေ…”
မမ နဲ့ ယာ အတူတွဲထွက်သွားလို့ မဖြစ်....အခုတောင် မမ ကို လူတွေ……
လက်ဖက်ရည်ဆိုင်ဆိုတာ..စီးပွားရေးလောက ရဲ့ မိန်း သတင်းဌာန
“မနှင်းဆီနက် ကားမှာစောင့်နေပေးပါလား..ကျွန်တော်..ဒီမှာ နည်းနည်း..”
“အော်..အဟင်း..ရပါတယ်..သွားပြီနော်..ကို ဝြကီး..”
“ဟဲဟဲ…ယာယာ တို့လုပ်လိုက်ရင်တော့ ကွာ မြွေဟောက်ကိုမှ…နှင်း က မာန အရမ်းကြီးတာ..မင်းအခုလုပ်လိုက်တာ ချိုးသလိုကြီး…”
“ကို ဝြကီးပဲ ကုန်ရှိတယ်ဆို..”
“အော်..အေး..၂သောင်း ထဲပါ…မင်း အကုန်ယူမယ်ဆို စျေး တစ်ခု ဖြတ်လိုက် ငါ ကြက်သွန်လှောင်ချင်လို့..”
“အင်း..ကျွန်တော်..ည ကျ အကြောင်းပြန်မယ်..”
“ယာယာ အပိုင်ခူပ်ကွာ..ဒီမိန်းမ ကျော်တာ ခွတာ များနေပြီကွ..အရင်တုန်းက သီဟ ချိန်ထားတာ.သူ့မောင် ဆိုတဲ့ကောင်၀င် နှောက်လို့ ..”
“စီးပွားရေးပါဗျာ..သူကျော်တာ ခံရတာ ကိုယ် ညံ့လို့သာ သဘောထားလိုက်..”
“မသာလေး..”
“သွားပြီ…”
“ည ဖုန်းဆက်အုံးနော်..ငါ တစ်ဖက်ကို ပြောရအုံးမယ်..”
ယာ လမ်းပေါ်ရောက်တဲ့ အထိ နောက်က အပိုင်ချူပ် ဆိုပြီး အော်နေတဲ့ ဝြကီး…
မမ ဘာလို့ ဒီလိုတွေနဲ့ ပတ်သပ်နေတာလည်း…မ ရယ်…။
..
ယာ ကားထဲရောက်တာနဲ့…
“ယာယာ ဒါ ဘာလည်း..နင် သပ်သပ် ပညာ ပြလိုက်တာလား..”
“ယာ ဘာလုပ်လို့လည်း..”
“နင်..ငါ့ကို ကားမှာ သွားစောင့်လို့ပြောလိုက်တာလေ..”
“ဟန်ဆောင်လိုက်တာ ပါ မရယ်..မ နဲ့ ယာ ကိုတွဲသိသွားရင်..မ အတွက် အန္တရယ်ပိုများမှာ စိုးလို့ပါ..”
“ကျွတ်..ဘာတွေကို ဒီလောက်ဖြစ်နေတာလည်း…ပါပါ လည်း တူတူပဲ..စီးပွားရေးလုပ်နေတာလေ..သခိုးလို ပုန်းလျိုးဝှက်လျိုးနေရမှာလား..”
“မ က စည်းကျော်ပြီး လုပ်ထားတာ များတယ်လေ…မ သွားကျော်လိုက်တဲ့ သူတွေကလည်း..ဝံပုလွေ အုပ်လိုပဲ..နောက် မပတ်သပ်ပါနဲ့ မရယ်..နော်..နော်လို့..”ယာ ပြောမရမှန်းသိနေပေမဲ့ တောင်းဆိုကြည့်မိသည်..။
“မလုပ်ရင် ဘယ်က ပိုက်ဆံရမလည်း..ငါ ပိုက်ဆံလိုတယ်..”
“မ အတွက် ယာ ရှာပေးနိုင်ပါတယ်..”
“ယာယာ..ငါ က နင်ပေးမှကျွေးမှ နေနိုင်မဲ့ ပုံ ဖြစ်နေတာလား..”
“မဟုတ်ဘူး..မဟုတ်ပါဘူး..မ ပိုက်ဆံလိုတယ်ဆိုလို့..”
“ငါလိုတဲ့ ပိုက်ဆံ နင်ပေးနိုင်တယ်ပေါ့..အဲလိုလား..”
“မ လိုချင်သလောက်မရှိနိုင်ပေမဲ့..ယာ ရှိသမျှ ပေးပါမယ်..”
“ဟား..ဟား..ငါ လို ချင်တာ…၃သောင်း..”
“ဟင်..”
“ဒရိုင်ဘာ တစ်ယောက်မှာ ဒီလောက်ရှိရင်..ငါ အထင်ကြီးမိမှာပဲ ယာယာ..”
ယာ သိမ်ငယ်သွားသလို စိတ်မကောင်းဖြစ်သလို ၀မ်းနည်းလာသလ်ို ခေါင်းစဉ်တပ်မရပေမဲ့ဘာကြောင့်မှန်း မသိ ရင်ထဲ ဆို့နစ်လာသည်…။
အလုပ်တွေကို လူများတွေထက် သုံးဆလောက်ပိုလုပ်နေမိတာ..မ အတွက်ပါ ဆိုရင် ရော မ က အသိအမှတ်ပြုပမလား.အသေအကြေ.ကြိုးစားနေပေမဲ့  မမ လိုသလောက် ယာ ဆီမှာ မရှိတော့…
ကား ကို ဂရုစိုက်မောင်းနေပေမဲ့ မျက်လုံးတွေ၀၀ါးလာသည်..ငယ်ငယ်တုန်းက လို ခံစားချက်မျိုး ပြန်ဖြစ်လာတော့ တစ်နေရာ တစ်ချောင်ချောင်မှာ တိတ်တိတ်လေး ကြိတ်ငိုနေချင်သည်..။
ကားရှေ့ကိုပဲ စိုက်ကြည့်နေပေမဲ့ …ယာ ဆိုတာ ဘာတိုးတက်မှုမှ မရှိပါလား…။
နှင်း..ဒေါသကြောင့် ထွက်သွားတဲ့ စကားလုံးက လွန်သွားမှန်း ငြိမ် ကျသွားတဲ့ ယာလေး ကြောင့်သိလိုက်သည်..။
ကျွတ်..ဒေါသထွက်အောင်..စကားအရမ်းများတာ ..ပြီးရင်..နှင်းပဲ စိတ်မကောင်းတွေ ဖြစ်ရတော့သည်..။
ပြောလိုက်တဲ့ စကားတွေက နှင်းမာန ကို ထိခိုက်လွန်းလို့ မခံချင်..အရင်က ကိုယ့်လက်အောက်မှာနေလာပြီး အခုမှ သူဆီက လက်ဖြန့်ပြီးတောင်းသုံးရမယ် ဆိုတာ အတွေးထဲတောင် လက်မခံနိုင်ပါ…။
အသံတိတ် လွန်းလို့ မျက်လုံးတောင့်ကပ် ကြည့် လိုက်တော့  ရှေ့ကို ပဲ ကြည့်နေတာ
စိတ်မကောင်းဖြစ်ပြန်ပြီလား..ပျော့ညံ လိုက်တာနော်..နှင်း ဒီလို ယောင်္ကျားမျိုးကို အားကိုးဖို့ မပြောနဲ့ စိတ်ကူးနဲ့တောင် မယဉ်ဖူးဘူး..
ယောင်္ကျားတစ်ယောက်ဖြစ်ပြီး..ရန်ရှာခံရမှာလည်း ကြောက်သည်..။
ငေါက်ရင်လည်းကြောက်သည်..
အော်ရင်လည်းကြောက်ပြန်ပြီ..
နှင်း..စိတ်ဆိုးပြီဆို ရှေ့မှာ မနေရဲတော့ဘူး. နိုင်ဦးနဲ့..ကားချိန်းမောင်းပြန်ပြီ..
ပါပါ ဆူမှာလည်း ကြောက်ရပြန်ပြီ..
လူက ယောင်္ကျား ပီပီသသပုံစံ အရပ် က ၆ပေကျော်..စိတ်က ဘာလို့ ယောင်္ကျားမပိသတာလည်း..နှင်းလည်း မစဉ်းစားတက်…။
အရင်ကတော့ ကလေးတစ်ယောက်လို ဆက်ဆံမိပြီး သူကြောက်နေတာလေးကို သဘောကျသည်..။
အခုလို နှင်းဆီနက်..ယောင်္ကျားအနေနဲ့.ဆိုရင်တော့ ဒီပုံစံက ဘယ်လိုမှ မဖြစ်နိုင်ပါ..။

..........
မရေးတက်ပဲဝါသနာအရရေးသူမို့
အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာရေးမကောင်းတာသိပေမဲ့
မနေနိုင်လို့ရေးမိနေတုန်းပါပဲ💔😭💪📖
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖
နည်းနည်းနောက်ကျသွားတယ်🙏

Love u all ❤

မအတွက်Where stories live. Discover now