မ အတွက်
အပိုင်း (၂၁)
#မအတွက်စပိုက်ကာ“အဲဒါ ဘာလုပ်နေတာလည်း..’
“ဟင်..ဘာမှ ဟုတ်ဘူး..”
နှင်း ရေချိုးပြီး အခန်းထဲ ၀င်လာတော့ ဘောပင်နဲ့ ဘာတွေရေးနေမှန်း မသိတဲ့ ယာလေး နောက်ကနေ လှမ်းပြောလိုက်တာ.....။
လန့် သွားရအောင် ဘာ မဟုတ်တာတွေလည်း မသိ ..
ရည်းစားစာရေးနေတာလား...အခုတလော..မ အရမ်းလှတယ်လို့လည်း မပြောတော့ဘူး..အသစ်တွေ့နေတာလား..ငယ်ငယ်ချောချောလေးတွေ တွေ့ပြီး နှင်းက အဖွားအို ပေါက်စ ဖြစ်နေပြီလား...
ဘာမှ ဟုတ်ဘူး..ဆိုပြီး ကိုယ်နဲ့ ကွယ်ပြီး ဆက်ရေးနေတာ..
ဘောပင်အောက်က စာရွက်ကို ဆွဲယူလိုက်တော့စာရွက်သေးသေးလေးမှာ စာလုံးသေးသေးလေးတွေနဲ့ ရေးထားတာ..
“မ...ဟာ..မဟုတ်ဘူး..အဲဒါ..ပြန်ပေးပါ..”
“မပေးဘု..”
“မ..” ယာ လှမ်းယူဖို့ လုပ်တော့ မမ က ကုတင်ပေါ်က ဆင်းပြေးပြီ..ယာ အမြန်ခုန်ထ လိုက်ပြီး..မမ နောက်လိုက်ရသည်..။
“ဘာဖြစ်နေတာလည်း..ဘာတွေလည်း..”
“မဟုတ်ဘူး..ဒီတိုင်းရေးနေတာ..”
“ဒါဆို..ငါဖတ်လို့ရတာပဲလေ..”
“မရဘူး..မ ဖတ်လို့ မဖြစ်ပါဘူး..”
ယာ ကုတင်ခေါင်းရင်းနား ရောက်တော့ မမ က ခြေရင်းနားရောက်သွားပြန်သည်...။
စာကို ဖတ်မိပြီး..ည ကျ အခန်းထဲ လာ မအိပ်နဲ့ ပြောရင်တော့...ယာတွေးရင်း ရင်တုန်မိသည်..။
“မ..ပြန်ပေးပါ မရယ်...”
“ဟအေး...:”ဘာလည်းသေချာမသိပေမဲ့ ယာလေး စိတ်ရှုပ်နေတဲ့ ပုံစံလေး ကို အခုမှ မြင်ဖူးတာမို့ ထပ် စနေမိသည်..။
ယာ စိတ်ညစ်လာပြီ..မမ ငယ်ငယ် ကတည်းက စ စရာ တစ်ခု ရသွားရင် တစ်နေ့ကုန်အောင် ရစ်တော့တာ..
အခုလည်း စာကို မဖတ်သေးပဲ ထောင်ပြလိုက်ပြေးလိုက်နဲ့ ယာ စိတ်တွေ ကနာမငြိမ် ဖြစ်အောင် လုပ်နေတာ..
ရအောင် ဖမ်းဖို့ ကြိုးစားလည်း လွတ်အောင်ပြေးမှာ ပဲ အခုတောင် ကုတင်ကို ပတ်နေတာ ၈ ပတ်ရှိပြီ...
ယာခြေထောက်နား လာတိုးတဲ့ ပိုးဟပ်ကြောင့်
“မ..ပိုးဟပ် ကြောက်လား..”
“ဟင်...”မေးခွန်းကို မဖြေပဲ မျက်လုံးလေး ဝိုင်းသွားတဲ့ မမ ကြောင့်..
“ကြောက်တယ်လား..ဟေး..ဟေး..”
“ဘယ်မှာလည်း..ဘယ်မှာလည်း....”
ခြေထောက်ကို ငုံ့ကြည့်လိုက် နံရံကို ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ မမ
“စိတ်ကို ငြိမ်ငြိမ်ထားနော်...”
“အင်း..ဘယ်မှာလည်း...”
“မ ခေါင်းပေါ်မှာ..”
“အား......”
ခေါင်းက ပတ်ထားတဲ့ တာဝါ ကြီးကို ဆွဲ ယူ လွှင့်ပစ်လိုက်ပြီး...အသည်းတွေယားမိသည်..
“ရှိသေးလား..”
“အမ်း..”
“အား...”
မမ က အော်ပြီး ယာ ဆီပြေး ဖက်လိုက်တာ လက်မောင်းတောင် အောင့်သွားသည်..။
စီစဉ်ထားတဲ့ အတိုင်း မ လက်ထဲက စာရွက်ပိုင်းလေးကို ပြန်လုဖို့ ပေမဲ့..
ခြေထောက်နားက ပိုးဟက် ကို မမ တွေ့သွားတော့..
အား....
“အယ်..”
ယာ လည်ဂုတ်ကို လက်နှစ်ဖက်နဲ့ ခိုလိုက်တော့ နှစ်ယောက်စလုံး ကုတင်ပေါ်လုံးထွေး ကျသွားသည်..။
မမ က ရေချိုး၀တ်စုံနဲ့ မို့ ရင်ဘတ် ဖြူဖြူလေးတွေကို ယာ မတော်တဆ တွေ့လိုက်ရသည်..။
အကြည့်လွဲ ပစ်လိုက်တော့ မမ ရဲ့ ရေစိုနေတဲ့ ဆံပင်က ရေစက် တချို့ ယာ နှုတ်ခမ်း ပေါ်ကျလာသည်..။
မမ နှုတ်ခမ်းတွေက ပိုးဟက်ကိုကြောက်လို့လား မသိ တုန်ယင်နေသလိုလို..အဲလောက် ကြောက်မယ်မှန်း သိရင် မစ ခဲ့ပါဘူး...
“မ..”
“ဟင်...”
“ကြောက်သေးလား..”
“အင်း..ရှိသေးလား..”မမ က ဖြစ်ပျက်နေတဲ့ အခြေအနေကို သတိမထားပဲ ပိုးဟက်တွေ့တဲ့ နေရာကိုပဲ စူးစိုက် ခေါင်းစောင်းကြည့်နေသည်..။ စက္ကန့်တွေ ကျော်ပြီး မိနစ်ပိုင်း ဖြစ်နေပြီ...။
“မ ယာ ရူးတော့မယ်..”
“ဟင်...”နှင်း ဘာပြောနေလည်း ဆိုပြီး ကြည့်လိုက်တော့မှ..
“အို...”နှင်းအောက်ကနေ မော့ကြည့်နေတဲ့ ယာလေး..နှင်း ဆံပင်အစိုတွေက သူ့ပါးပေါ်မှာ တစ်ချို့ပြီးတော့....
အကျီ င်္ကို လက်နဲ့ ဆွဲစေ့ လိုက်ပြီး အမြန်ထလိုက်ရသည်..။
ခြေထောက်ကို ကုတင်အောက်ကြမ်းပြင်ကို ချလိုက်ချိန်..ခပ်ပျော့ပျော့ တစ်ခု ကို နင်းမိတော့..
အား...
ယာ လက်ထောက်ပြီး ထချိန် ခုန်အုပ်လိုက်တဲ့ မမ ကြောင့်..
နှင်း မျက်လုံးပြူးပြီး ကြောက်စိတ်ကနေ ရင်ခုန် စိတ်ပြောင်းသွားသည်..။
ဒီ တစ်ခါတော့ သူ တောင်းပန် စရာမလို..နှင်းကြောင့်နှုတ်ခမ်း နှစ်စုံ..ထိတွေ့ခွင့် ရသွားတာ..
..အောက်က ပြန်ကြည့်နေတဲ့ မျက်၀န်းကြောင့်
မြန်မြန် လက်ထောက်ပြီး ခွါ လိုက်ရသည်..။
ရှက်စိတ်က တိုးလာတော့ နှုတ်ခမ်းကို ဖိထားမိလိုက်ရင်း ..
ဟူး..အရှက်ပြေအောင် ဘာပြောရင် ကောင်းမလည်း..
အကြောင်းအရာကို ပြန်တွေးမိတော့..စာရွက်က စတာ...
“အင့်..ပြန်ယူ..”
လက်ချောင်းနှစ်ခုကြားရောက်နေသည့် စာရွက်သေးသေးလေးကို ယာလေးဆီ ဦးတည်ပြီး ပစ်လိုက်သည်..။
ယာ ဆီ မရောက်ပဲ မမ အနားမှာပဲ ပြန်ကျသွားသည့် စာရွက်ကို မမ က စိတ်မရှည်စွာ ပြန်ကောက်ပြီး ပစ်ဖို့ လုပ်တော့....
“ဖတ်ကြည့်..”
မမ က မျက်နှာကို တည်လိုက်ပြီး..စာရွက်ကို ကောက်ဖတ်သည်..။
“မ သိလား..မရဲ့ စတ်ာဘယ်ရီ အနမ်းလေးကို လွမ်းတယ်.
အရင်က အရသာ မသိတော့ မတောင့်တမိဘူး.အခုတော့ မနေနိုင်တော့ဘူး..
.မ အိပ်ပျော်နေချိန် ခိုး နမ်းမိအုံးမလို့..ယာ ကတိတွေကြောင့် မြိုသိပ်ထားရတာ...ရူးတော့မယ်.”
မမ က စာ ဖတ်နေရင်း ပါးလေးနှစ်ဖက်က ရှက်သွေးဖြန်းပြီး ရဲတက်လာသည်..။
ထိုင်ရာက ထရပ်လိုက်ပြီး အပြင်ထွက်ပြေးဖို့ ကြံစည်နေမှန်းသိလို့ ကြည့်နေလိုက်သည်..။
တံခါးနား အရောက်..
“မ.”
“ဟင်..”
“ပေးခဲ့အုံးလေ..”
“ဟင်..”ယာ အနားရောက်တော့ မမ ကလှည့်မကြည့်..
“မ...ပေးခဲ့အုံးလို့..”
နှင်း ရင်တွေခုန်လွန်းလို့ ကိုယ်ကိုယ်ကို အမြင်ကပ်မိသည်..။
ဒီ..စာကို ရှည်ပြီး လိုက်လုနေတာ ဟိုက သိလို့ တားနေတာကို..အခုတော့ ဖတ်ပြီးတော့ ဘယ်လို ပြန်နေရမှန်း မသိတော့ပါ..။
“မ..”
“ဘာလည်း..ဘာလည်း..စောနက ပေးပြီးပြီ...ဘယ်နှစ်ခါ လိုချင်နေတာလည်း..ယာယာ နင် မလွန်နဲ့နော်..”
ယာ ကို လှည့်မကြည့်ပဲ မမ က ရှက်ပြီးထင်တာတွေပြောချလိုက်တာ
ယာ ရယ်မိတော့မှာကို မြိုသိပ်ပြီး..
“အင်း..ယာ စာရွက်လေ..မ ပေးလိုက်ပေမဲ့ မ နောက်ကို ပြန်လိုက်သွားတယ်..”
“ဟမ်..”
နှင်း လက်ထဲက စာရွက်လေးကို သူဆီ ကမ်းပေးလိုက်ပြီး မကြည့်ရဲလို့..ဘီဒီု ဆီ လျှောက်သွားလိုက်သည်.။
“မ အကျီ င်္ လဲတော့မလို့လား..ခေါင်းက စိုနေတုန်းလေ..”
“အင်း..”
“ဟာ..မရပါဘူး...လာ ထိုင်..”ယာခြေလှမ်းကြဲနဲ့ မမ အနားကို ရောက်သွားပြီး လက်ဆွဲ ထိုင်ခိုင်းလိုက်ရသည်..။
မ လွှင့်ပစ်ထားတဲ့ တာဝါကို ပြန်ကောက်လိုက်ပြီး..မမ ဘေးမှာ ထိုင်လိုက်တော့ မမ က ကိုယ်လေး ကျုံ့သွားသည်..။
“မ ကလည်း..ယာ ဘာလုပ်မိလို့လည်း..”
“ဘာလည်း..”
“သိဘူးလေ..ယာ ဘေးမှာ ထိုင်လိုက်တာကို.အခုတစ်ခါ ယာ မှားဘူးနော်..မမက ခုန်ပြီး..”
“.တော်..တော်တော့လေ..ေ၇သုတ်ပေးမယ်ဆို..”
“အင်း..”ယာ တာဝါထဲကို မဆံပင်လေးတွေ ကိုင်ပြီး ထည့်လိုက်သည်..။
“ဝိုး..မွေးလိုက်တာ...”
သူပြောလိုက်တာ ပုံမှန်ပေမဲ့ နှင်းက နှလုံးခုန် ရင်တုန်ဖြစ်နေပြီ..။
“ရပြီလား..”
“အင်း..ခဏ..အောက်ဖျားတွေ ကျန်သေးတယ်..”
ယာ မမ ဆံပင် အောက်ဖျားလေးတွေကို ဖြေးဖြေးချင်း ရေသုတ်ပေးလိုက်သည်..။
“မ..ဆံပင်ကို ဘယ်သူတွေ ကိုင်ဖူးလည်း..”
“ဟင်..ဘယ်သူကိုင်ရမလည်း..ငါပဲပေါ့...”
“ဒါဆို..မ ဆံပင်ကို ကိုင်ခွင့် ရတာ..ယာ ပထမဆုံးပေါ့နော်...”
အော်..သူက ဒိကို ဂုဏ်ယူချင်နေတာကိုး..ဘယ်၇လိမ့်မလည်း..သူ့ကြောင့် ရင်ခုန်ရတာတွေနဲ့ တန်အောင်...
“ယာလေးက ပထမဆုံး မဟုတ်ပါဘူး..”မှန်ထဲက တစ်ဆင့် မျက်လုံးဆုံပြီးတော့ ငုံကျသွားခါ လက်က နှေးသွားသည်..။
“အော်..အင်း..”ယာမေးမိတာ မှားသွားသည်...ဒီလို ကြံဖန်ပြီး မမ နဲ့ ပတ်သက်သမျှ ယာ ချည်း ပိုင်ဆိုင်ချင်နေတာ...ဘာကြောင့်မှန်းလည်းမသိ..။
“အရင်က မာမီ ရေသုပ်ပေးတယ်လေ..တီမြလည်း..လုပ်ပေးဖူးတာပဲ..ဆိုင်မှာလျှော်ရင်တော့ ကောင်မလေးတွေ သုပ်ပေးတယ်...”
“ဟင်..ဒါဆို..ယောင်္ကျားလေးတွေမှာ ယာ ပထမဆုံးပဲ...”
“ဟဲ့..ယောင်္ကျားတကာကို ခေါင်းကိုင်ခိုင်းရအောင်..ငါ့ကို ဘယ်လို မိန်းမ ထင်နေလည်း..နင်ကိုလည်း မလုပ်ခိုင်းဘူးနော်..တော်ပြီ ကိုယ်ဟာကို လုပ်မယ်..:”
မမ က ပြောရင်း ယာ လက်ထဲက တာဝါကို ဆွဲလုနေသည်..။
“ပြီးသွားပြီ..ရက်စ်...ယာ ပထမဆုံးနော်..အရမ်းချစ်တယ်...”
နှင်း အမြန်ထလိုက်ပြီး..အ၀တ်အစားတွေယူခါ ရေချိုးခန်းထဲ ၀င်လဲ လိုက်သည်..။
အ၀တ်အစားလှဲပြီး ပြန်၀င်လာတော့..
ယာယာ ရှေ့ကဘူးလေးတစ်ခုထဲ မှာ စာရွက်လိတ်ကလေးတွေ ပြည့်လုနေပြီ..။
“.ရေးတာ မြန်လိုက်တာ ပုလင်းတောင် ပြည့်တော့မယ်..”
“ဟင်..အင်း..ရေးတာတွေက ကြာလှပြီမရဲ့..မ နဲ့ စတွေ့တဲ့ နေ့ကတည်းက ရေးရတာလေ..”
“အမ်..”
“နင် တော်တော် ရေးတာ ဝါသနာပါတာပဲ ဒိုင်ယာရီ ဆိုလည်း စာအုပ်နဲ့ရေးပါလား အခုက သေးသေး ကွေးကွေး.လေးတွေ..”
“ယာ က မ နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ရင်ဖွင့်ထားတာ..အကြောင်းအရာတွေ အများကြီး တစ်ခါဖတ်ချင်ရင် တစ်လိပ်ထုတ်ဖတ်လိုက်တယ်..ခံစားရတာ ဘယ်လိုလေးမှန်းမသိဘူး..”
“ငါ မကောင်းကြောင်းတွေမလား..ပေး..အကုန်လုံး ငါဖတ်ရမယ်..”
နှင်း ကုတင်ပေါ် တက်တော့..ယာ က လက်ကာ ပြီး..
“စောနက စာထက် ကြမ်းတာတွေ ပါတယ်နော်..”
“ဟမ်..”
နှင်း ကုတင်ပေါ်က ပြန်ဆင်းပြီး ခေါင်းဖြီးနေလိုက်သည်..။
“သွားဖို့ လုပ်လေ..”
“ဟုတ်..”
ယာ ပုလင်းကို စိတ်မချပေမဲ့ ဒီ တိုင်းထားခဲ့လိုက်သည်..မမ မဖတ်ရဲတော့ပါဘူး..။
အကျီ င်္ နဲ့ ဘောင်းဘီ ကို ဘီဒို ထဲက ထုတ်ပြီး ကုတင်ပေါ်တင်လိုက်သည်..။
နှင်း လိုက်ကြည့်နေတာ..တစ်နေ့လာလည်း အပေါ်ဆုံးက အကျီ င်္ ထုတ်ပြီး ၀တ်သွားသည်..ဘယ်တော့မှ အကျီ င်္ ရွေးတာ မတွေ့ လူငယ်ဖြစ်ပြီး အလှအပ မကြိုက်တောင် စတိုင်ကျကျ နေသင့်သည်..။
အသက်က ငယ်ငယ် လေးကို လူကြီး ပုံစံဖြစ်သလိုနေနေတာ...
“ဖယ်..နင်မှာ ဒီ အကျီ င်္ တစ်ထည်တည်း ရှိတာလား..”
မမ က ယာ ရှေ့ ၀င်ရပ်ပြီး ယာ အကျီ င်္ လှမ်းထုတ်သည်..
“ကျွတ်..မမှီဘူး..ယာ ထုတ်စမ်း..အဝါရောင်အောက်က..”
မမ အမိန့်ပေးတဲ့ အတိုင်း ထုတ်လိုက်သည်..။
“အဲဒါ မဟုတ်ဘူး..အဝါပါဆို..”
“ဟာ..မဟုတ်ဘူးလေ..အဝါတောင် နင်မသိဘူးလား..”
“ဒါ အဝါလေ..မ ရဲ့..”
“အဝါအောက်က လို့ ပြောတယ်လေ..”
“တော်ပြီ...”
“ဟဲ့..ချစမ်း..လက်ပြန်နာလိမ့်မယ်..”
“ရတယ်.မ စိတ်တိုင်းကျတာ .မြန်မြန်ယူလိုက်..”သူချီမြှောက်ထားလို့ အကျီ င်္ မြန်မြန် ဆွဲထုတ်လိုက်ရသည်..။
ဘယ်လိုကောင်လေးလည်း..အရမ်းရဲလာတာ...။
“အင့် ၀တ်...”အကျီ င်္ ကို ပေးလိုက်တဲ့ အထိ မချသေး..”ချတော့လေ..”
“ဟင့်အင်း..”
“ယာယာ...”နှင်းအော်လိုက်မှ ချပေးတော့သည်...
လက်က အနာ သွေးပြန်ထွက်ပလား..မသိ..သူ အကျီ င်္ ချွတ်တော့ မျက်တောင်မခတ် လိုက်ကြည့်နေမိသည်..။
”ဖယ်အုံး..အဲဒါကြောင့် ပြောနရတာ..အနာက ပျောက်သေးတာမဟုတ်ဘူး..အရမ်းကဲနေတယ်နော် ယာယာ..”
“ချစ်တာကိုး..”
“ကျွတ်..ဟိုဘက်လှည့်နေ..”
“မျက်လုံးမှိတ်ထားမယ်လေ..”
“ငြိမ်ငြိမ်နေ..”ယာ မျက်လုံးမှိတ်ထားချိန် မမ ရေမွေးနံ့လေးက နှာခေါင်းနား ဝေ့လာသည်..။
“မ..ယာ ကို အဖြေပေးဖို့ လုပ်ဦးနော်..”
“ဘာ..”
“ဟုတ်တယ်လေ..ယာ မ ကို ချစ်တဲ့ အကြောင်းတွေ မြဲ ပြောနေတာပဲ မ ကတော့ ပြန်မပြောရသေးဘူး..”
“နင့် ဘယ်သူ ပြောခိုင်းလို့လည်း..”
“မသိဘူး..ချစ်တယ်..မ လည်း ယာ ကို ပြန်ချစ်..မ ချစ်တယ်အဖြေပေးလိုက်လို့ နှစ်ယောက်စလုံး ချစ်သွားပြီးရင်..ကလေးတွေ မွေးကြမယ်..မနဲ့ တူတဲ့ သမီး တစ်ယောက်ယာ နဲ့ တူတဲ့ သား တစ်ယောက်ပေါ့..ပြီးရင် ခရီးတွေ တူတူ သွားကြမယ်..အောင်အောင်တို့ကတော့ အားကျနေလိမ့်မယ်..ဟား..ဟား..မ ကို ယာ့ အနားမှာပဲ အမြဲထားမယ်..ဘယ်သွားသွားလည်းခေါ်သွားမယ်..ည ဘက်အိပ်ရင် မ ကို ဖက်ပြီးအိပ်မယ်..မ နဲ့ ယာ အသက်တွေ ကြီးသွားတဲ့ အထိတူတူနေကြမယ်..ယာက အသက်ကြီးပြီး တုန်တုန်ချိချိဖြစ်နေလည်း မ အတွက်တော့ မုန့်ဟင်းခါး ၀ယ်ပေးမှာပါ..မ..ကြားလား..”
ယာ မျက်လုံး ဖွင့်ကြည့်တော့ ဘယ်သူမှ မတွေ့
နှင်း အခန်းအပြင်က ကြားနေပေမဲ့..အခန်းထဲက အရိပ်က ရွေ့လာတော့ မီးဖိုခန်းဘက် ထွက်လာခဲ့သည်..
“ဟာ..မ..ဘယ်တုန်းကတည်းက ထွက်သွားတာလည်း..”
“အကျီ င်္ ကြယ်သီး တက်ပြီး ထွက်လာတာလေ..”
“ယာ စကားပြောနေတာ ..”
“ငါမှ မသိတာ..ဘာတွေ ပြောမလို့လည်း”
“ဘာမှ မဟုတ်ပါဘူး..”
ခေါင်းရမ်းပြီး ထွက်သွားတော့ နှင်း တစ်ယောက်တည်း ၇ယ်နေမိသည်..။
အဖြေတောင်းတာလည်း ကြောက်စရာကောင်းလိုက်တာ...အဖြေပေးမိတာနဲ့ ကလေးနှစ်ယောက်ကလည်း မွေးပေးရအုံးမယ်..ဘယ်သွားသွား လိုက်ပေးရအုံးမယ်..ညဘက်ဆိုလည်း အသက်ရှုကြပ်ရအုံးမယ်..ရပါလိမ့်မယ်..အဲဒီ အဖြေ ...စောင့်....
“မ သွားမယ်လေ..”
“အင်း..”
နှင်း တံခါးနားရောက်တော့ ဖိနပ်ကို သေချာ ချထားတာ..တွေ့တော့ ပြုံးလိုက်မိသည်..။
“မ..” လက်လှမ်းပေးနေတော့နှင်း လက်ထည့်ပေးလိုက်သည်..။
“အိတ်ပါပေး..”
“ဟား..ဟား..” မမ အိတ်ကို လှမ်းယူလိုက်တောက မမ က ရယ်နေသည်..။
အချိန်ရတာနဲ့ အောင်အောင်ဆီသွားပြီး အခြေအနေ တိုးတက်မှုတွေကို အစီအရင်ခံရမည်..။
မမ လက်ကို တစ်ဖက်က ကိုင်ပြီး အိတ်ကို တစ်ဖက်လွဲ ရင်း ယာ လမ်းလျှောက်ရတာ လေပေါ်မြှောက်နေသလိုလို..
လှေကားဆင်းပြီး ကားဆီသွားတော့..
“ဟာ..နှင်းလေး မလား..”
“အယ်...ကိုပိုင်..”
“ဟာကွာ..အရမ်းလှ သွားတာ မမှတ်မိဘူး ဖြစ်နေတယ်..”
“ဟဲဟဲ...ကိုပိုင် လည်း ခန့်လာပါတယ်..”
ယာ မမ လက်ကို ပိုပြီး ဆုပ်ကိုင်လိုက်ပေမဲ့..ထိုလူက တော့ လက်ကို မကြည့်..မမ မျက်နှာက မျက်လုံး မခွါ ပါ..။
“ပြောတာပါ.ကွာ..အနှင်းက မေ့နေပြီမလား..”
“တိုက်ဆိုင်ရင်တော့ သတိရပါတယ်.အချစ်ဦးမို့လို့ အပြီးမေ့ဖို့တော့ မလွယ်ဘူးလေ..အဟက်.”
မမ စကားကြောင့်ယာ ရင်ထဲ ပူလောင်သွားရသည်..။
“အွန့် အဲတုန်းက အရမ်းဆိုးတဲ့ဂျစ်တူးမလေးနော်..အခုရော..”
“တူတူပါပဲ..”
“အခုချိန်ဆို ကိုယ် ဒဏ်ခံ နိုင်နေပါပြီ..ဘယ်လိုလည်း..စဉ်းစားပေးပါလား..အချစ်ဦးလောက် ဘယ်သူမှ မကောင်းဘူးနော်..”
“ဟား..ဟား..”
“ရပြီ.အခု သူက ယောင်္ကျား ရှိနေပါပြီ..”
ယာ ကြားဖြတ်ပြောလိုက်ပြီး..မမ လက်ကို ဆွဲပြီးထွက်လာခဲ့လိုက်သည်..။
ကားထဲ ရောက်တာနဲ့ မမ က
“ယာယာ....”အသံတုန်အောင်အော်လိုက်လို့ ဒေါသအရမ်းထွက်နေမှန်းသိပါသည်..။
ဒါပေမဲ့ ယာမှ မခံစားနိုင်တာ....
“နင် ဘာလုပ်တာလည်း..”
“သူပြောနေတာ..ယာ မခံစားနိုင်လို့..”
“နင်လုပ်ရပ်က ငါ့ သိက္ခာကို ထိခိုက်တယ်နော်..ယာယာ..နောက်အဲဒါမျိုးး မလုပ်မိစေနဲ့ ငါ အရမ်း စိတ်ဆိုးတယ်..”
“ယာက..”မမ ဘက်ကို လှည့်ပြီး ပြောဖို့ ရည်ရွယ်လိုက်ပေမဲ့
ခုံကို မှီပြီး..မျက်လုံးမှိတ်ထားတာနဲ့ ယာ လည်း ဘာမှ မပြောတော့ပါ..။
“မ..”
ယာ တိုးတိုးလေး ခေါ်လိုက်တော့ မ က မျက်လုံးဖွင့်ကြည့်ပြီး..
“ဟင်..ဒါ.ပါပါ အိမ် မလား.”
“ဟုတ်တယ်..ပါပါ နေမကောင်းလို့..”
“နင်ကို ဘယ်သူ ပြောလည်း..”
“ဘိဘီ ပြောတာပါ..”
“တော်လိုက်တာ..” ဒေါသထွက်စရာ ပြန် စလာပြီ...
“တကယ်နေမကောင်းဖြစ်နေတာ မရဲ့..”
နှင်း ကားတံခါးကို ဆောင့်တွန်းဖွင့်ပြီး ဆင်းလိုက်သည်..။
“အယ်..တကယ်လာတယ်တော့..ယောင်္ကျားကို အမိန့်ပေးခိုင်းမှ ရတော့တယ်..”
နှင်း ဒေါသကို မြိုသိပ်ထားပေမဲ့ မရ..
“ဘီဘီ..ဒါ ဘာစကားလည်း.”
“ကိုကြီး နင်ကို ခေါ်တာ မလာဘူးလေ..ယာယာ ကို ခေါ်လိုက်မှပဲ ပါလာတော့တယ်”
“ယာယာ က ဘာမို့လို့ငါက သူ့ စကားနားထောင်ရမှာလည်း.လည်း..ငါ့ အဖေ နေမကောင်းဘူးပြောလို့..”
“မနေ့ကလည်း အဲလိုပြောတာပဲလေ..လာလို့လား..”
“ယာယာ ကော..”
“နောက်မှာ လာလိမ့်မယ်..”
နှင်း ဆိုဖာ မှာ ၀င်ထိုင်လိုက်သည်..။
ယာ ၀င်သွားတော့ မမ စိတ်ဆိုးနေမှန်းသိသာ လောက်အောင် မျက်နှာက တင်းလွန်းနေသည်…။
“မ.ပါပါ ဆီမသွားဘူး.လား..”
“နင် ကြွ..”
ယာ ပါပါ အခန်းတံခါးကို ခေါက်ပြီး တံခါးဖွင့် ၀င်လိုက်သည်..။
“ပါပါ နေမကောင်းလို့ဆို..”
“ကောင်းပါတယ်..ဘယ်သူပြောလည်း..”
ဒါဆို ဘီဘီ ညာခေါ်လိုက်တာပဲ…မမတော့ စိတ်ဆိုးနေလောက်ပြီ..။
“မမ လည်း ပါလာတယ်..”
“ပြီးတော့မှ သူနဲ့ပြောမယ်..မင်းထိုင်အုံးလေ..”
“ဟုတ်..”
“ဟိုနေ့က ရန်ဖြစ်တာ၀င်ဆွဲလို့ ဒဏ်ရာရတယ်ဆို..”
“ဟုတ်ကဲ့ နည်းနည်းပါ..”
ပါပါ ဘယ်လိုသိတာလည်း မမေးတော့ပါ..ပါပါ သိချင်ရင် အချိန်ခဏအတွင်းသိနိုင်တာပဲလေ..။
“မဆိုင်တဲ့ ကိစ္စတွေ ၀င်မပါနဲ့.ကိုယ့် အသက်လောက် ဘယ်ဟာမှ အရေးမကြီးဘူး...”
“အခုကလည်း..ယာလက်နဲ့ ထိပြီး ဖြစ်သွားတပါ..”
“နှင်း အကောင့်ထဲက ပိုက်ဆံတွေ ထုတ်လိုက်ပြီး ရင် မင်း အကောင့်ထဲ ပြောင်းလိုက်..”
“ဟင်..အဲဒါ မ အတွက် ယာ ..”
“မင်း မသိသေးတာတွေ ငါသိတယ်..မင်းထည့်ပေးနေတာ အကြောင်း မဟုတ်ဘူး..သူ အခု ဘာတွေ လုပ်နေလည်း သိလား..”
“ဘာဖြစ်လို့လည်း ပါပါ..”ယာ စိုးရိမ်မိပါသည်..။
“ဒီအိမ်ကို တစ်ဖက်လှည့်နဲ့ ၀ယ်ဖို့ ကြိုးစားနေတယ်..”
‘ဟင်..မမ က..”
“ဟုတ်တယ်..ဘီဘီ ကို မကျေနပ်တာနဲ့ ဘာမှ မစဉ်းစားဘူး..သီဟ နဲ့ ရှုပ်ထားတာတွေလည်း ရှီသေးတယ်..”
“ယာမေးကြည့်လိုက်ပါမယ်..”မမ ကို ဆူမှာစိုးလို့ စကားပြောင်းလိုက်ပေမဲ့
“မင်းလည်း မနိုင်ပါဘူး..သူကို လွှတ်လိုက်.”
ယာ အခန်းထဲက ထွက်လာတော့ မမ က ခုံမှာ ထိုင်နေသည်..။
ပါပါဆူအုံးမှာလား…ဒုက္ခပါပဲ..။
“မ..ပါပါ ခေါ်နေတယ်..”
မမ က ခုံပေါ်က ထပြီး အခန်းထဲ ၀င်ဖို့လုပ်တော့ ယာ အနောက်က လိုက်၀င်ဖို့ပေမဲ့..
“နင် နေခဲ့..”
ယာ အခန်း၀မှာ ရပ်ကျန်ခဲ့ရသည်..။
“ပါပါ နေကောင်းရဲ့လား..”
“ကောင်းတယ်..နှင်း ပိုက်ဆံတွေ ယာယာ အကောင့်ထဲပြန်ထည့်ဖို့ မှာလိုက်တယ်..”
“ဘာလို့လည်း ပါပါ..ယာလေးက နှင်းအတွက် ထည့်ပေးထားတာပါ..”
“တစ်ယောက်က စေတနာမေတ္တာနဲ့ လုပ်ပေးနေပေမဲ့ သုံးတဲ့ သူက လမ်းလွဲနေတော့ အဖေ လုပ်သူပါ ၀င်ပါရတာပေါ့..”
နှင်း စိတ်ဆိုးချင်လာပေမဲ့..မြိုသိပ်ပြီး..
“နှင်း က ဘာလုပ်နေလို့လည်း..”
“ဒီအိမ် ၀ယ်ဖို့ ဆိုရင်တော့ လက်လျော့ လိုက်နှင်း..ပါပါ မရောင်းဘူး..အိုကေ..”
နှင်း တည်ငြိမ်အောင်ကြိုးစားပေမဲ့ မရ..
“ဒါပြောဖို့ပဲလား ပါပါ..”
“ဟုတ်တယ်..”
“ပါပါ က ဒီအိမ်ကိုလည်း ဘီဘီ အတွက်ပဲမလား..”
“အေးပေါ့..”
“ပါပါ….”
ပြည့်တက်လာတဲ့ မျက်ရည်ကို မတားဆီးနိုင်လို့ ကျောခိုင်း တော့..
‘သီဟ နဲ့ နှင်း လုပ်နေတာတွေ ဘောင်ကျော်နေပြီနော်..”
“နောက်တစ်ခါ သီဟ ဆိုင်ကို မလာစေနဲ့..”
ပါပါ ဘယ်လိုသိတာလည်း ဟိုကောင် အရင် ၀င်ပြီး ကုန်းတိုက်သွားတာ ဟုတ်တာတွေကော မဟုတ်တာတွေကော..တိုင်ချင်တာမှန်သမျှ ပြောသွားတာလား…။
ယာယာ နင် လွန်သွားပြီ….
ကိုသီဟ နဲ့ အလုပ်တူတိုင်း နှင်း ကိုပါ မလုပ်ဖြစ်အောင် လိုက်နှောင့်ယှက်နေတာ..
နှင်း အလုပ်လုပ်တာ ကို လိုက်တားဆီးနေတာ..
ငါ ယောင်္ကျားဆိုပြီး မဏ္ဍိုင် တက်ပြချင်နေတာ…
နှင်းရဲ့ ကိုယ်ရေးကိုယ်တာ အထိ လိုက်၀င်ပြောနေရအောင် သူက ဘာလည်း...
တစ်သက်လုံး လက်အောက်မှာ နေလာပြီး အခု အမိန့်ပေးချင်နေတာ…
ပြောရင် နှင်းက နားမထောင်လို့ အခု ပါပါ ကိုပါ ဆူခိုင်းနေတာမလား..။
တစ်ချိန်လုံး နှင်း ကို မလွန်ဆန်ခဲ့ပဲ အမိန့်အောက်မှာနေလာပြီး..
အခုမှ ဆရာလို လာလုပ်နေတာ..တွေ့မယ်..ဘဝမေ့တာများသွားပြီ..။
“နှင်း..ထမင်းစားသွား..”
“စားပြီးပြီ နှင်း ပြန်တော့မယ်..”
အခန်းထဲက ထွက်လာတော့ အ၀ မှာ စိတ်ပူတဲ့ မျက်နှာနဲ့ ရပ်စောင့်နေတာ…
တော်တယ်..ယာယာ..။
“ပြန်မယ်..”
နှင်း ကားနားရောက်တဲ့ အထိ သူက ဘီဘီ နဲ့ စကားပြောနေတုန်း..
“ယာယာ…”နှင်း အော်လိုက်မှ လှည့်ကြည့်ပြီး..
“ဟုတ်..လာပြီ..”
ကားသော့ဖွင့်မှ မမ ကို ၀င်လို့ ရမှာမို့ ယာ ပြေးထွက်လာလိုက်သည်…။
“လာ တံခါးလာဖွင့်ပေး..”
ယာ အမြန်ဖွင့်ပေးလိုက်တော့ မမ က ၀င်ထိုင်သည်..။
ယာ တံခါး ပြန်ပိတ်ပေးလိုက်ပြီး ကားကို ပြန်ပတ်
ခါ ကားထဲ ၀င်ရသည်..။
မမ အရမ်း စိတ်ဆိုးနေတာ သိလို့ စကားမပြောပဲ ကားကို ပဲ ဂရုစိုက်မောင်းရင်း..မမ ဘက်ကို တစ်ချက် လှည့်ကြည့်မိသည်..။
အိမ်ပေါ်ရောက်တော့ မမ က အခန်းတံခါးကို ကျယ်လောင်စွာ ပြန်ဆောင့်ပိတ်ပြီး အခန်းထဲ ၀င်သွားသည်..။
ငိုနေပြီလား..ယာ စိတ်ပူရင်း အခန်းထဲ ၀င်လိုက်မိသည်..။
“မ…”
မမ ရဲ့ မျက်၀န်း တွေက ကြောက်ဖို့ကောင်းလောက်အောင် စိမ်းကားအေးစက်လွန်းနေသည်။.............
နက်ဖြန် ဇာတ်သိမ်း မယ်နော်
Happy ❤ or sad 💔
တစ်ခုခုဖြစ်ဖို့ စဉ်းစားနေတယ် 😅
ရေးရသေးဝူး 😥
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသား မကောင်းတော့
ဖတ်ရတာလည်း ကောင်းမှာဟုတ်ပါဘူး 🙏😭
သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all
ESTÁS LEYENDO
မအတွက်
De Todo"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ... သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်... ဒါတွေ အားလုံး မ အတွက်... ငါ စွန့် လွှတ်ထားတယ်.."😭...