( 10 ) မော့ကျင်းရှန်းရှေ့မှာ အသေကောင်လိုနင်လုပ်နေတုန်းပဲလား?

26.5K 2.3K 19
                                    

{ unicode }

ယွီဥယျာဥ်ထဲကထွက်လာနေပေမဲ့လည်း ကျီးမုံ့ရန်ရဲ့စိတ်ကတော့ သံသယတစ်ပွေ့တစ်ပိုက်နှင့်ဖြစ်နေသေးသည်။

ဖြစ်နိုင်တာက အရင်နေ့တုန်းက သူမက အဝတ်ပါးပါးလေးဝတ်ပြီး မော့ကျင်းရှန်းဆေးမိနေတဲ့အချိန်ကို အခွင့်ကောင်းယူမယ်လို့ ကျီးနွမ်သံသယဝင်သွားတာများလား?

ဘာလို့ သူမရဲ့စိတ်သဘောထားက အဲဒီလောက်ကြီးပြောင်းလဲသွားရတာလဲ?

မော့ကျင်းရှန်းက ဝေးဝေးရောက်အုံးမှာ မဟုတ်ဘူးလို့တွေးမိတော့ သူမဘေးကိုတချက်လှည့်ကြည့်လိုက်တယ်။သူ့ကိုဖုန်းခေါ်ဖို့ သူမရဲ့ဖုန်းကိုထုတ်လိုက်တယ်။

သူမက ဒီကိုကားမောင်းလာခဲ့တာမဟုတ်ဘူး ပြီးတော့ ကျီမိသားစုအိမ်က မော့စီးပွားရေးလုပ်ငန်းကို သွားတဲ့လမ်းမှာပဲဖြစ်တဲ့အတွက် သူမသာ မော့ကျင်းရှန်းကို အိမ်လိုက်ပို့ပေးဖို့ပြောရင် သူငြင်းမှာမဟုတ်ဘူး။

သူ့ကားထဲမှာထိုင်ဖို့ အခွင့်သာပြီဆိုရင်တော့ ကျီးနွမ်အကြောင်းတွေ သူ့ကို ကောင်းကောင်းပြောပြရမယ်။

ဖုန်းက အချိန်အကြာကြီး မြည်နေတယ်။ကျီးမုံ့ရန်ဟာလည်း အရှုံးမပေးဘဲ ဆက်ခေါ်တယ်။ရုတ်တရက်ဆိုသလိုပဲ သူမရဲ့နောက်ကနေ ဖုန်းမြည်သံကို ကြားလိုက်ရတယ်။

သူမ အလွန်အံ့သြပြီး လှည့်ကြည့်လိုက်တော့ ကျီးနွမ်က လက်ထဲမှာ မော့ကျင်းရှန်းရဲ့အနက်ရောင်ဆဲလ်ဖုန်းကို ကိုင်ပြီး လမ်းလျှောက်လာနေတာကို မြင်လိုက်ရတယ်။

သူ့ဖုန်းက တကယ်ကို ကျီးနွမ်လက်ထဲမှာပဲ!

တစ်ချိန်ထဲမှာပဲ ကျီးမုံ့ရန်ရဲ့ပုံစံက အဆုံးမရှိအောင် ရယ်စရာကောင်းလှသည်။

သူမက အဲဒီနေရာမှာ တောင့်တောင့်ကြီးရပ်နေတော့ ကျီးနွမ်က ဂရုမစိုက်စွာပြောလိုက်တယ်။" နင့်ခဲအိုက ကုမ္ပဏီသွားဖို့ အလောကြီးနေတာလေ။သူ့ဖုန်းကိုတောင်မှ မယူသွားဘူး။သူ့မှာ အစုံလိုက်ရှိနေလို့ တော်သေးတာပေါ့ မဟုတ်ရင် ငါ သူ့ရဲ့လက်ထောက်ကိုဆက်သွယ်ပြီး လာယူခိုင်းရဦးမှာ..."

① Young Master Mo, Are You Done Kissing?Where stories live. Discover now