( 47 )

19.5K 1.8K 13
                                    

{ unicode }

" မင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာတွေ့လို့ မနှိုးတော့တာ "   မော့ကျင်းရှန်းက အသံတိတ်ရယ်သည်။

ဘေးဘက်မှ အန်တီချန်ဟာလည်း ပန်းပွင့်ဖူးလေး ပွင့်အာသွားသကဲ့သို့  ကျီးနွမ်ရဲ့နှုတ်ခမ်းပါးထက် အပြုံးတစ်ပွင့်ဖြစ်တည်သွားတာကို မြင်၏။သူမ ဘာမှမပြောဘူးဆိုရင်တောင် ဒါဟာ အသံတိတ်ပီတိဖြစ်နေတာပဲ။

"   မင်း...မနက်စာရော စားပြီးပြီလား? "

" မပြီးသေးဘူး "
ကျီးနွမ်က ပန်းကန်လုံးထဲက ဆန်ပြုတ်ကို မွှေပြန်၏။

ချက်ချင်းပင် မော့ကျင်းရှန်းအသံက တင်းမာလာသည်။
" အန်တီချန်က မနက်စာပြင်မပေးဘူးလား? "

" လုပ်ပေးတာပေါ့။ ကျွန်မ အခုစားနေတာလေ။ နောက်ကျမှ နိုးလာတာမလို့ တန်းစားရုံပဲ  အဆင်သင့်..."
စားချင်သောက်ချင်စိတ်ရှိမနေတာက သူမရဲ့ပြဿနာ။ အန်တီချန်အပြစ်ဖြစ်အောင်  လွှဲမချနိုင်ပါဘူး။

"  အင်း အဲ့ဆိုလဲ ကောင်းကောင်းစား၊ မနေ့ညကဖြစ်ခဲ့တဲ့ဟာတွေကို အရမ်းလျှောက်တွေးမနေနဲ့ ...နောက်ကျ အဲတာတွေ အကုန် ကိုယ်ဖြေရှင်းလိုက်မယ် " 

ဒါဆို သူက သူမ ထမင်းစားပြီးမပြီး လာစစ်တာပေါ့? နောက်ပြီး နှစ်သိမ့်လိုက်သေး?

ချက်ချင်းဆိုသလို ကြောင်ပေါက်လေးတစ်ကောင်ဖြစ်သွားသလို ခံစားလာရ၏။ ဘယ်လိုကြောင်လဲဆို' အူး ´ဆိုအော်ပြီး အမွေးလေးတွေ အပွတ်ခံနေရသည့်အတိုင်း။ အန်တီချန် ဟိုဘက်သွားနေတုန်း အခွင့်အရေးကို အမိအရယူရင်း  တိုးတိုးလေးပြောလိုက်သည်။
"  ကျွန်မကြောက်တာက တခြားမဟုတ်ဘူး...ဒီသုံးရက်အတွင်းမှာ ကျွန်မရဲ့စားချင်သောက်ချင်စိတ်က ကောင်းမှာမဟုတ်ဘူး။ အဲ့တော့ ရှင်ကျွန်မကို ကောင်းကောင်းစားစေချင်သောက်စေချင်တယ်ဆိုရင် စောစောပြန်လာခဲ့ " 

မော့ကျင်းရှန်း : "…"

အဲ့တာ​ဘာသဘောလဲ?? သူ  မရှိရင် သူမကကောင်းကောင်းမစားနိုင်ဘူးလား??

အရင်ကတော့ ကျီးနွမ်က သူ့ကိုဆိုအမြဲ ပေ၈၀၀လောက် ခွာနေခိုင်းခဲ့တာမလား။ အခုကျတော့ အရမ်းချွဲပြနေတယ် ။

① Young Master Mo, Are You Done Kissing?Where stories live. Discover now