( 25 ) ဆေးက....တစ်ခုခုတော့မှားနေတယ်

22.5K 2.1K 19
                                    

{ unicode }

" ကလေးမ...နင်ဘာကိုမှ ရည်မှန်းချက်မထားခဲ့ဖူးသလို ကုမ္ပဏီကိုလည်း တစ်ခါမှစိတ်မဝင်စားခဲ့ဖူးဘူးနော်။ဒါက ထားပါတော့...အဖေ နင့်ကိုအတင်းအကျပ် မလုပ်ခိုင်းခဲ့ဘူး။ နင်လက်ထပ်ပြီးတည်းက တစ်ချိန်လုံး စိတ်ထိခိုက်လွယ်နေတာ။ နင်စိတ်မပြေဘူးဆိုတာ ငါသိပါတယ်...ဒါပေမဲ့ ဒီလိုကိစ္စကိုတော့ ရွှတ်နောက် နောက်မလုပ်သင့်ဘူး! "

" အဖေ သမီးကိုယုံပါ။ ဒီကုမ္ပဏီနှစ်ခုက လာမယ့် နှစ်အနည်းငယ်အတွင်းမှာ အကျိုး အမြတ်ရဖို့ အခွင့်အလမ်းရှိတယ် "

ကျီဟုန်းဝမ် စကားထပ်ပြောတော့မလို့ပဲ...ဒါပေမဲ့ အံ့အားသင့်ပြီးရပ်သွားသည်။

သူ့သမီးက အမြဲတမ်း ခေါင်းမာသည်။သူမအမေဆုံးပြီး သူ နောက်အိမ်ထောင်ပြုလိုက်တည်းက သူ့ကိုအဖေတစ်ယောက်လို တလေးတစား မဆက်ဆံတော့ဘူး။သူခေါ်လိုက်တဲ့အချိန်တိုင်း အတိုက်အခံ မဖြစ်ရတာ ရှားရှားပါးပါး။

ဒါပေမဲ့ အခုနက သူမပြောခဲ့သည့်စကား " အဖေ သမီးကိုယုံပါ " တဲ့။

ထိုသို့ ယဥ်ယဥ်ကျေးကျေး ပြောသည့်စကား သည် ကျီးနွမ် ခါတိုင်းပြောနေကျစကားပြောပုံ မဟုတ်။

ကျီဟုန်းဝမ် တခဏအံအားသင့်သွားပြီးနောက် ထူးမခြားနားသာ ပြန်ပြောလိုက်သည်။
" ကျီအိမ်ကို အခုပြန်လာပြီး သေချာရှင်းပြ။ငါ ဒရိုင်ဘာ လွှတ်လိုက်မယ်! "

" သမီးကို လာခေါ်ဖို့ မလိုပါဘူး။ကိုယ့်ဘာသာ ကားမောင်းလာခဲ့မယ် " ကျီးနွမ်ရဲ့အဖျားကပျောက်နေပြီ။အစပိုင်း သူမပြောင်းလဲသွားပြီးနောက်မှာ ရှားထျန်ဆီသွားလည်ဖို့ စီစဥ်ထားခဲ့သည်။သူမ ဖြေးဖြေးချင်းပဲ..." အရင်အပတ်တုန်းက ရှားထျန် car accident ဖြစ်တာ ခြေထောက်ကျိုးသွားတယ်...အရင်ဆုံး ဆေးရုံကိုသွားပြီး သူ့တွေ့လိုက်ဦးမယ် "

" ကောင်းပြီလေ။ ကားမောင်းနေတဲ့အချိန် သေချာဂရုစိုက်...မေ့မေ့လျော့လျော့ စိတ်လွင့်မနေစေနဲ့ " မတိုင်ခင်က ကျီးဟုန်းဝမ်ရဲ့ လေသံမှာ မာနေသော်လည်း အနည်းငယ်ပျောပျောင်းလာသည်။

ကျီးနွမ် ပြုံးလိုက်ကာ " ၆နာရီမတိုင်ခင် သမီးပြန်လာမယ်...အဖေ...အန်တီချင်ကို သမီးအတွက် စားစရာချန်ထားပေးဖို့​ မမေ့စေနဲ့ဦး "

① Young Master Mo, Are You Done Kissing?Where stories live. Discover now