( 124 )

10.2K 1.2K 22
                                    

{ Zawgyi }

အခန်း ၁၂၄။ ( အခုချက်ချင်း ကျီးနွမ်ကိုလွှတ်ပေးလိုက် )

ကျီးနွမ် ပြတင်းပေါက်ဘေးမှာ ထိုင်ချပြီး ဒူးပိုက်ထားလိုက်သည်။ မျက်လုံးတွေကတော့ အပြင်ဘက်က မှောင်မည်းနေသည့် ကောင်းကင်ကြီးဆီတွင် မြဲမြံနေ၏။

ဒီအထဲမှာ ပိတ်မိနေရင်း အချိန်တွေဟာ ရပ်တန့်သွားသယောင်။

ထိုခဏ အိမ်အနီးချဉ်းကပ်လာသော ကားသံကြားလိုက်ရသည့်အခါ မြန်မြန်ထရပ်ပြီး တံခါးမကြီးဆီသွားကာ နားကပ်ထောင်လိုက်သည်။

ဒါဟာ တတိယထပ်ဖြစ်သည့်အတွက် ပထမထပ်မှ အသံတွေကို ကြားဖို့ မဖြစ်နိုင်။ သို့ပေမယ့် ပဲ့တင်ထွက်လာသည့် တံခါးဖွင့်သံကိုတော့ ကြားလိုက်ရ၏။ ထိုကနေမှ ခြေလှမ်းသံတို့ဟာ ပထမထပ်ကနေ တဖြည်းဖြည်း တက်လာသလို နီးနီးလာသည်။

ထိုတက်လာသည့် သူကို သူမ ဒီမှာ ပိတ်မိနေတယ်ဆိုတဲ့အကြောင်း အသိပေးဖို့  ကျီးနွမ် တံခါးကို နှစ်ကြိမ်လောက် ထုရိုက်ပစ်လိုက်သည်။

“  တံခါးကို ထုဖို့ရိုက်ဖို့ အားတော့ကျန်သေးတယ်ပေါ့။ အခုလာတဲ့သူကို ကျင်းရှန်းလို့ ထင်နေတာလား ”

မရင်းနှီးပါသောအသံဟာ တံခါးနောက်ဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ အသံကိုနားထောင်ကြည့်ရင်တော့ သက်လတ်ပိုင်းယောက်ျားတစ်ယောက်မှန်း ခန့်မှန်းမိနိုင်သည်။ လေသံမှာ အေးစက်ကာ မနှစ်မြို့မှုတို့ ပါဝင်နေ၏။

တံခါးကို ထုရိုက်နေသည့် ကျီးနွမ်လက်တို့ ချက်ချင်း တုံ့ခနဲ ဖြစ်သွားသည်။

“   ကျီမိန်းကလေး ငါက မော့ကျင်းရှန်းရဲ့အဖေ။ ငါ မင်းကို ဒီတစ်ည ဒီမှာထားထားတာ ဘာအန္တရာယ်မှ ပေးဖို့မဟုတ်ဘူး။ မနက်ဖြန်ကျရင် မင်းလွတ်လပ်မှုကို ပြန်ရလိမ့်မယ် ”

မော့ရှောင်ဇယ်ပြောသည့် လွတ်လပ်မှု ဆိုသောစကားမှာ အဓိပ္ပာယ်တစ်မျိုးပါဝင်နေသည်။

ကျီးနွမ်  ခဏ ငြိမ်နေပြီးကာမှ
“  ဦးလေးက ကျင်းရှန်းရဲ့ဖခင်ဖြစ်တဲ့အတွက် အနည်းဆုံးတော့  ကျွန်မ  ဦးလေးကို အဖေလို့ တပ်ခေါ်ရမှာပဲ။ ကျွန်မက အဖေ့ရဲ့မိသားစုဝင်တစ်စိတ်တစ်ပိုင်းဖြစ်နေပါရက်ရဲ့ ဘာလို့ ဒီလိုပိတ်ထားရတာလဲ ”

① Young Master Mo, Are You Done Kissing?Où les histoires vivent. Découvrez maintenant