( 81 )

14.3K 1.5K 11
                                    

{ unicode }

ယနေ့ ကျီးနွမ်၏အရှိန်အဝါဟာ အလွန်ခက်ထန်နေပါ၏။ ထိုလူကို လုံးဝ မျက်နှာသာမပေး ၊
ရှားထျန်က အားလုံး နားလည်ပြီမို့  လီမင်အန်းကို အရင် ပြန်စေလိုက်တော့သည်။

သူမတို့ နှစ်ယောက်တည်း အခန်းထဲမှာ ရှိတော့သည့်အချိန်ကျမှ  ရှားထျန်က ဆေးရုံကုတင်ကို လှဲမှီလိုက်ပြီး
“  နွမ်နွမ် နင့်အရှိန်အဝါက တော်တော်ပြင်းတာပဲ! အမေးဇင်း...! ”

ကျီးနွမ်ကတော့ အမူအရာမပျက်။
“  အဲ့တော့ဘာဖြစ်လဲ? ငါအရင်က နင့်ကိုပြောခဲ့တဲ့စကားတွေအကုန် လေထဲ အီးပေါက်ထည့်လိုက်သလိုမျိုး သဘောထားခဲ့တာလား?  ”

ကျီးနွမ် သူမကို စိတ်ဆိုး ဒေါသထွက်ပြီး  ဒီလို ဆူလာမယ်လို့ ထင်မထားတဲ့အတွက် ရှားထျန် မျက်နှာလေး ညှိုးကျသွားသည်။
“ ငါ..ငါမမေ့ပါဘူးဟာ။ အဲ့လီမင်အန်းဆိုတဲ့လူက ငါ့နားကပ်နေတာ တော်တော်ကြာပြီ! ဒါမဲ့ ငါသူနဲ့ အရမ်းမရောပါဘူး !  ”

“  အဲဒါဆို သူက ဘယ်လိုဖြစ်လို့ မနက်အစောကြီး ဒီရောက်နေတာလဲ ? ”

“  လွန်ခဲ့တဲ့ရက်တုန်းက ငါ့ဆေးရုံစရိတ်တွေရှင်းဖို့ သူ ဒီကိုလာခဲ့တယ်ကွာ။ အဲ့မှာ ငါတို့စကားနည်းနည်းပါးပါးပြောဖြစ်သွားကြတယ်ပေါ့။
အဲ့ဒီနောက်ပိုင်း သူငါ့ဆီဆက်တိုက်လာလည်တော့တာပဲ။ ဒီလူကြည့်ရတာ အထက်တန်းလွှာတွေလိုပဲ လူကြီးလူကောင်းပီသပါတယ်။ နောက်ပြီး စာနာထောက်ထားတတ်တဲ့စိတ်လည်းရှိသေးတယ်။ သူက ဒီလိုမျိုးကောင်းပေးတော့ ငါလဲ ဘယ်လိုငြင်းရမလဲ မသိဖြစ်သွားတာ။ ဒါမဲ့ ငါကျိန်ရဲတယ်....ငါ သူ့အပေါ် ဘာခံစားချက်မှ မရှိဘူး။ နောက်ပြီး ငါတို့နှစ်ယောက် သိတာကလဲ ရက်ပိုင်းပဲရှိသေးတယ်။ ဒါမဲ့ ငါကြည့်ရသလောက်တော့ သူက သိပ်မဆိုးဘူးလို့ ထင်တာပဲ”

“  သူ နင့်ကိုလိုက်နေတယ်ဆိုတာတော့ ဝန်ခံလိုက် ၊ဟုတ်တယ်မလား? ”

ရှားထျန်ပုံက ဆရာအဆူခံနေရသည့် မူလတန်းကျောင်းသူလေးနှယ်၊
“  ထင်တာပဲ…”

အတန်ငယ်ကြာသည်အထိ ကျီးနွမ်တစ်ယောက် စိတ်ဆိုးမပြေသေးသည်မို့....
“  စိတ်မဆိုးပါနဲ့ဟာ၊ ငါတို့ကြားမှာ ဘာခံစားချက်မှ မဖြစ်တည်သေးဘူး! သူက S City ကို ဒီနေ့ နေ့လည်ခင်းမှာ ဖလိုက်နဲ့သွားမှာ၊ အဲဒါကြောင့် လေဆိပ်ကိုမသွားခင် ငါ့ဆီခဏဝင်လာရုံပဲ။
သူကလည်း တန်းပြန်မလို့ပါပဲ၊ ဒါမဲ့ ငါက ရုတ်တရက်ကြီး သန့်စင်ခန်း ဝင်ချင်လာတာမလို့ သူက ငါ့ကိုကူပြီးလိုက်ပို့ပေးတာ။ ဒါမဲ့ သူက အပြင်မှာ စောင့်ကျန်ခဲ့တာ ငါကျိန်ရဲတယ် နွမ်နွမ်
ငါတို့နှစ်ယောက် ထိလဲမထိဘူး ၊ နီးနီးကပ်ကပ်ရင်းရင်းနှီးနှီးလဲ မနေခဲ့ဘူး!   ”

① Young Master Mo, Are You Done Kissing?Wo Geschichten leben. Entdecke jetzt