( 41 ) ကားတံခါးတွေ လော့ခ်ကျသွားပြီ!

19.9K 1.9K 19
                                    

edit---ကျီးမုံ့ရန်ရဲ့ dress က ယွမ်တစ်သိန်းပါနော် မှားရေးမိလို့ ပြန်ပြင်ပြီးပါပြီ😁

{ unicode }

" အော် အဲဒါ ငါမနေ့ညတုန်းက မအိပ်ခင် silent mode ပြောင်းလိုက်လို့ ဖုန်းသံမကြားလိုက်ရဘူး " ကျီးနွမ်ဟာ တည်တည်ငြိမ်ငြိမ်ပင်။

ကျီးမုံ့ရန် အံကြိတ်ပြီး " နင်ငါ့ကို ရှောင်ထွက်ဖို့ကြိုးစားနေတာပဲ. . . ဟုတ်တယ်မလား ? ! "

ကျီးနွမ်ဟာလည်း ချက်ချင်းပင် ခနဲ့တော့၏။
" ငါက နင့်ကိုဘာဖြစ်လို့ ရှောင်ထွက်ချင်ရမှာလဲ? ဒီနှစ်တွေမှာ ငါအမြဲ နင့်ကိုပဲနေရာပေးခဲ့တာမဟုတ်ဘူးလား ညီမလေးရဲ့ ငါ့ဘဝရဲ့ဦးစားပေးအနေနဲ့လေ?? အဖေက ငါတို့နှစ်ယောက်ထဲပဲ စျေးဝယ်ထွက်စေချင်တာတောင် မှ ငါနင်လိုက်ချင်တာကို မငြင်းခဲ့ဘူး "

" မမ နင်ငါ့ကို ရှောင်နေတယ်ဆိုတာ အသိသာကြီး! တကယ်လို့ ငါ နင်တို့နောက်ကိုလိုက်လာတာက အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင်လည်း အိမ်မှာထဲက တန်းပြောပါလား?
အခုကျမှ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?! "

နေ့တဝက်လောက်စောင့်လိုက်ရပြီးနောက် ကျီးမုံ့ရန်သွက်သွက်ခါအောင် ရူးသွားရှာပြီ။

" မုံ့ရန် နင့်စကားတွေ လွန်နေပြီ။ အရင်တည်းက ငါနင့်ကို အပြင်ထွက်ဖို့ခေါ်တိုင်း နင်နောက်မကျတဲ့အချိန် ရှိခဲ့ဖူးလို့လား? ငါနင့်ကို စောင့်ရတာဆိုတာလည်း ၂နာရီလောက်ပဲ! အခုနင် ငါတို့ကို ခဏလေး ရှာမတွေ့ရုံနဲ့ ဘာကိစ္စစိတ်ဆိုးဒေါသထွက်နေရတာလဲ? "

" မဟုတ်ဘူး စိုးရိမ်နေတာ! နင်နဲ့အစ်ကိုကျင်းရှန်း ဒုက္ခတွေ့နေမှာစိုးလို့! "
ကျီးမုံ့ရန်က ကြီးကြီးကျယ်ကျယ်ဖြစ်စေဖို့တော့ ရည်ရွယ်ထားပုံမရဘူး။ ချက်ချင်းပင် စကားပြောင်းသွား၏။

" ဘာဒုက္ခလဲ? ဒီလိုပြောလို့ ငါ့ကိုအပြစ်မတင်နဲ့နော်. . .အခုတလော နင်ပိုပိုထူးဆန်းလာတယ်"

အတွင်းဒဏ်ရာရသကဲ့သို့ ကျီးမုံ့ရန် အရူးတစ်ပိုင်းဖြစ်နေပြီ။ ကျီးနွမ်စကားတွေဆုံးတော့ သူမ သွေးအန်လုနီးနီး ဖြစ်သွားရသည်။ ထို့နောက် အံကြိတ်ပြီး မထုံတတ်တေး အမူအရာဖြင့် " အကြာကြီးစောင့်နေရပြီးတော့ ငါ အရမ်းစိုးရိမ်လာတာမို့လို့ ပြောမိတာ..."

① Young Master Mo, Are You Done Kissing?Where stories live. Discover now