( 38 ) မော့ကျင်းရှန်းကို ကလေးမွေးပေးဖို့။

20.4K 2K 22
                                    

{ unicode }

သူတို့ဘတ်စ်ကားပေါ်မှ ဆင်းခဲ့သည့်နေရာဟာ မြို့လယ်ခေါင်နှင့်ဝေးနေသေးသည်။ဒီတစ်ကြိမ်တွင်တော့ ကျီးနွမ်က ဘတ်စ်ကားရော တက္ကစီရော မစီးတော့ဘဲ...

ထို့အစား မြို့လယ်ခေါင်ထိ လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်၏။

မြို့လယ်ခေါင်သို့ရောက်ရန် ဆယ်မိနစ်မျှသာ လမ်းလျှောက်ရမည်ဖြစ်သော်လည်း ကျီးမုံ့ရန်မှာ ကိုယ့်ကိုယ်ကိုမချုပ်တည်းထားနိုင်လောက်သည်အထိ ဒေါသထွက်လာတော့သည်။

အစမှအဆုံးထိ မော့ကျင်းရှန်းသည် ကျီးနွမ်၏ဆုံးဖြတ်ချက်တိုင်းကို တစ်ကြိမ်တစ်ခါတောင် ကန့်ကွက်ခြင်းမရှိခဲ့။ သူတို့မှာ ကားရှိတယ်။သို့ပေသော်ငြား ထိုကားကိုသုံးဖို့မလုပ်ဘဲ ဘတ်စ်ကားစောင့်စီးခဲ့၏။ အခုလည်း သူတို့က လမ်းလျှောက်ချင်နေပြန်ပြီ!

ကျီးနွမ်ဦးနှောက် အဆက်ပြတ်သွားတာပဲဖြစ်မယ်!

ကျီးမုံ့ရန်ဟာ သူတို့နောက်မှ ဆူဆူပုတ်ပုတ်နှင့် လိုက်လာခဲ့သည်။ သူမခေါင်းမော့လိုက်တဲ့အချိန်မြင်လိုက်ရတာဟာလည်း ကျီးနွမ်က လမ်းလျှောက်နေရင်းဖြင့် မော့ကျင်းရှန်းရဲ့ပုခုံးကို မှီလိုက်တာပင်ဖြစ်နေကာ။ သူတို့စကားပြောနေသည်မှာလည်း တပူးပူးတတိုးတိုးနှင့်ဖြစ်နေတာကြောင့် ဘာပြောနေတယ်ဆိုတာ ဘုရားပဲသိမည်။

ဘုရားဘုရား။ ဒီနေ့တစ်နေ့လုံး သူတို့နှစ်ယောက်ရဲ့ ချစ်တာတွေမေတ္တာတွေ ပြဖို့များ ကျီးနွမ် စီစဥ်ထားသလား?

သူမသာ ကြိုသိခဲ့ရင် သူတို့နောက်ကို လိုက်ခဲ့မည်မဟုတ်သလို သူမထင်ထားခဲ့တာဟာလည်း မော့ကျင်းရှန်းနဲ့ နှစ်ကိုယ်ကြားစကားပြောခွင့်ရနိုင်မယ်လို့ပင်။ ဒါမဲ့ သူမဘယ်အခွင့်အရေးမှ မရှာနိုင်ခဲ့။

အခွင့် မရှိရုံတင်မဟုတ်ဘဲ သူတို့ရဲ့တယုတယအပြုအမူတွေဖြင့် သူမမျက်လုံးတွေကို လောင်ကျွမ်းစေခဲ့သေး၏။

----

ဟိုင်မြို့ မြို့လယ်ခေါင်၏ ပျာပန်းခပ်အောင် စည်ကားလှသည့် စီးပွားရေးလမ်းတွင်။

① Young Master Mo, Are You Done Kissing?Opowieści tętniące życiem. Odkryj je teraz