( 163 )

9.8K 1.2K 27
                                    

Zawgyi

အခန်း ( ၁၆၃ )

" ကိုယ့်ကိုမြည်းခိုင်းတာမလား "
မော့ကျင်းရှန်းသည် အနားချဉ်းကပ်လာသည်။

ကျီးနွမ် ... သူ့ဆီ သပ်သပ် ခေါက်ဆွဲတစ်ပန်းကန်တွန်းပို့ပေးလိုက်၏။ ဤလူသည် ခေါက်ဆွဲပန်းကန်ရော ကျီးနွမ်လက်ကိုပါ ဖမ်းဆုပ်သွားပြီး ရှေ့သို့တိုးကာ ခေါက်ဆွဲဟင်းရည်စားသုံးထားသည့် သူမနှုတ်ခမ်းတို့ကို နမ်းလာသည်။

ကျီးနွမ် : "..."

နှုတ်ခမ်းရှိ အရသာကို စားသုံးပြီးမှ လူကိုလွှတ်ပေးပြီး အကဲဖြတ်လာသည်။
" အဆင်ပြေတယ် ... ဟင်းရည်ကလည်း မွှေးပြီး အရသာရှိတယ် ကောင်းကောင်းလုပ်ထားတာပဲ "

ကျီးနွမ် : "..."

ဤလူသားသည် ခေါက်ဆွဲစားနေစဉ်မှာတောင် လူကို အခွင့်ကောင်းယူတတ်သေး၏။

--

ညသန်းခေါင်တွင် ကျီးနွမ်တစ်ယောက် စောင်တွေဆွဲဖယ်ပြီး ကုတင်ပေါ်မှ ဆင်းသည် ။ သို့ပေမယ့် လှုပ်ရုံရှိသေး အနောက်ကို ပြန်ဆွဲခံလိုက်ရ၏။

ကျီးနွမ် ထိတ်ထိတ်ပျာပျာနှင့်ပြောလိုက်သည်။
" သေလောက်အောင် ပင်ပန်းနေပြီ..."

သူမ၏ခေါက်ဆွဲပြုတ်သည် ထိုကဲ့သို့သောဆေး နှင့် ချက်ပြုတ်ထားခြင်းမဟုတ်သော်လည်း တစ်ညလုံးတိုင် မော့ကျင်းရှန်းအောက်တွင် ဖိထားခံနေရသည် ။ ထိုသို့တစ်ယောက်နှင့်တစ်ယောက် ထိကပ်နေရသည့်အတွက် ကျီးနွမ်မျက်နှာ နီမြန်းလာပြီး ရေထသောက်ဖို့ အတွေး ရလာခဲ့တာဖြစ်သည် ။

သို့သော်လည်း မော့ကျင်းရှန်းသည် အသာလေး ပြန်ဆွဲခေါ်နိုင်ခဲ့၏။ ကျီးနွမ်တစ်ကိုယ်လုံးသည် ယခုချိန်တွင် ဂျယ်လီကဲ့သို့ ပျော့ပျောင်းနေသည် ။ သူ့အောက်မှာ ခန္ဓာကိုယ်လေး ကျုံ့ဝင်နေပြီး တုပ်တုပ်မျှ မလှုပ် ။

" တကယ်ပင်ပန်းတာလား "
သူမနှုတ်ခမ်းတွေကို ထိကပ်လာပြန်၏။

" အင်း...မနက်ဖြန် စတူဒီယိုမှာ လုပ်စရာလေးတွေ ရှိသေးတယ် ။ မနက်ထဖို့အတွက် ရှင်ကျွန်မကို လွှတ်ပေးမှရမယ် ..."
ကျီးနွမ်၏လေသံမှာ မကျေမချမ်းဖြစ်မှု အနည်းငယ် ပါဝင်နေ၏။

① Young Master Mo, Are You Done Kissing?Where stories live. Discover now