( 110 )

14.7K 1.4K 27
                                    

အခန်း ၁၁၀။ ( ငါ့ရင်ထဲ ဝုန်းဒိုင်းကြဲနေပြီ )

ကျီးနွမ် အတန်ငယ်ကြာသည်အထိ သူ့ကို ငေးစိုက်ကြည့်နေတာဖြစ်၏။ နောက်တစ်စက္ကန့်လောက်ကြာတော့ မော့ကျင်းရှန်းက ထပ်နမ်းလာပြန်သည်။

“  ရှင် ဘာဖြစ်လို့ ခဏခဏ နမ်းနေတာလဲ...”

“ နမ်းတာလား? ”
မော့ကျင်းရှန်း၏လေသံမှာ ကျီစယ်ရိပ်တို့ပါ၏။

ဘာလဲ  နောက်တစ်ကြိမ် ထပ်လုပ်ချင်ပြန်တာလား?

ခုနက  အစားကျွေးတာက အားပြန်ပြည့်အောင်လား?

နောက်တစ်ကြိမ်နမ်းပြီးနောက်မှာတော့ သူ သူမကို လွှတ်ပေးလာသည်။ လက်က ခေါင်းကို ထိန်းကိုင်ပြီး နဖူးချင်း ထိကပ်စေကာ။

“  တစ်ခါတုန်းက Mrs.မော့က ပြောတယ်...သူ့ခင်ပွန်းကို တခြားသူ မှန်းခွင့်မပြုဘူးတဲ့ ”
မော့ကျင်းရှန်းဟာ သူမမျက်လုံးတွေထဲ မြတ်နိုးစွာ ငုံ့ကြည့်သည်။ သူ့အနမ်း​မှာ မိန်းမောသွားမိတဲ့ကျီးနွမ်ရဲ့မျက်နှာပေးက သူ့ကို နှစ်ထောင်းအားရဖြစ်စေသည်။
“  အဲ့ဒီလိုမျိုးပဲ ၊ ကိုယ်လည်း Mrs. မော့ကို လာမှန်းတဲ့ဘယ်သူ့ကိုမဆို ယဥ်ယဥ်ကျေးကျေးဆက်ဆံမှာမဟုတ်ဘူး ”

“…”

မော့ကျင်းရှန်းတွင်  ဤကဲ့သို့သော ရက်စက်ဆိုးသွမ်းသည့်ဘက် အမှန်ရှိသည်။ တမင်လုပ်ထားသည်မဟုတ်။

ထို့ပြင် ဒီလူ  ဆိုးသွမ်းတာခံရသည့်အခါ တခြားသူတွေမှာ စိတ်ဆင်းရဲ မဖြစ်လေဘူး။အဲ့ဒီအစား သူမရဲ့ကိုယ်ပိုင်နေရာကို ပိုခိုင်မြဲစေချင်လာသည်။

အစက သူမ နှင့် ရှန်းရီဟန်ကြား ဖြစ်ပျက်ခဲ့သမျှဟာ ရှန်းရီဟန်တစ်ယောက်တည်း၏ပြဿနာဖြစ်သည်။ သူမနှင့်လားလားမျှမဆိုင်။

ကျီးနွမ် သူ့ကိုစိုက်ကြည့်နေရာမှ  သူ့ပုခုံးတို့ကို ဖိကိုင်လိုက်ပြီး ရှေ့သို့တိုးကာ သူ့နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်သည်။ မဲမှောင်သွားသည့်သူ့အကြည့်တွေအောက်မှာပဲ
“ ကောင်းပြီ! ”

သူမစကားတို့မှာ ဟန်ဆောင်မှုကင်းသည်။ ရင်မှာ သိုဝှက်ထားသည့် ကမ္ဘာငယ်လေးကို သူ့လက်ထဲ ပုံအပ်ပေးချင်သည့်သဘောမျိုး။

① Young Master Mo, Are You Done Kissing?Onde histórias criam vida. Descubra agora